ငါးပုတ်ခြောက် ထမင်းကြော်
ငါးပုတ်ခြောက် ထမင်းကြော် (၂ယောက်စာ)
ပါဝင်ပစ္စည်းများ
၁။ ချက်ပြီသား ဆန် – နို့ဆီဗူး ၁လုံး (အနည်းငယ် မွထားပေးပါ)
၂။ ငါးပုတ်ခြောက် – ၂လက်မအရွယ်
၃။ မုန်လာဥနီ – ၁ခု (အတုံးသေးများ တုံးပေးထားပါ)
၎။ ဘိုစားပဲ – ရခု ( အတုံးသေးများ လှီးပေးပါ)
၅။ ပြောင်းဖူးသေး – ၅ခု ( အတုံးသေးများ တုံးပေးပါ)
၆။ ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
၈။ ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
၉။ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
၁၀။ ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ငါးပုတ်ခြောက်ကို မီးဖုတ်လိုက်၊ ထုလိုက် လုပ်ပေးပါ။ ငါးပုတ်ခြောက်အနံ့ သင်းနံ့ ရလျှင် ရပါပြီ။
၂။ မီးဖုတ်ထားသော ငါးပုတ်ခြောက်များကို အရေခွံဖယ်ပြီ ငါးသားများကို နွင်းပေးပါ။
၃။ ပြီမှ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ကာ ကြက်သွန်ဖြူများ ဆီသပ်ပေးပါ။
၎။ ထို့နောက် မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ဘိုစားပဲ တို့ကို ထည့်ကာ ရောမွှေလိုက်ပါ။
၅။ အရသာအတွက် ဆား၊ ကြက်သားမှုန့်တို့ကို ထည့်ပေးပြီ အရွက်များနူးရန် ရေအနည်းငယ်ထည့်ပါ။
၆။ အရွက်များ နူမှ (ထမင်း၊ ငါးပုတ်ခြောက်) များကို ထည့်ကာ ရောမွှေလိုက်ပါ။
ရ။ အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်လေးများ ဖြူးကာ ငါးပုတ်ခြောက် ထမင်းကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ…
21 comments
  1. nandar says:
    ကျေးဇူတင်ပါတယ် ညီမလေး…
    ထမင်းကြော် ကိုကြည်ြ့ပီး ဗိုက်တောင် စာလာပြီ….
    အမ လုပ်စားမယ်….
  2. ခင်ယမုံ says:
    🙁
    ငါးပုတ်ခြောက်ရှိဘူး ညီမလေးရဲ့..
    စားချင်လိုက်တာ..ညီမလေးကြော်ထားတာကိုပဲ စားပါရစေတော့..
    ကျေးဇူးညီမလေး..
    • chowutyee says:
  3. မြတ် says:
    ငါးပုတ်ခြောက်ထမင်းကြော်က အထူးအဆန်းလေးနော် ၊ စားချင်စရာဘဲ ငါးပုတ်ခြောက် တော့ မရှိဘူး အ၀ဘဲစားသွားတော့မယ်နော်
    ကျေးဇူးတင်လျှက်
  4. စားချင်စဖွယ်ငါးပုတ်ခြောက်ထမင်းကြော်လေးကို
    ဗိုက်ဆာနေတဲ့အခါဆိုရင်အဲဒီနှစ်ယောက်စာကို
    တစ်ယောက်ထဲကုန်အောင်စားနိုင်မယ်ထင်တယ် ဝတ်ရည်ရေး)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
  5. ငါးပုတ်ခြောက် ရှိဘူး
    ငါးပုတ်ခြောက် ပေးရင် ကြော်စားမယ်း))
    ဝတ်ရည်ထမင်းကြော်လေးက အရောင်လေးလည်းလှတယ်တော့
    ချစ်စရာလေး
    • chowutyee says:
      ဟားဟား မချောဆီ ပို့ပေးလို့ရရင် တကယ်ပို့ပေးချင်တာ… ကျေးဇူးနော် 😀
  6. May says:
    a ma download loat lo ya lar ma ti bu? home mhar loat sar chin lo par.
  7. […] March 9, 2012 ငါးပုတ်ခြောက် ထမင်းကြော် […]
  8. အံ့မခန်း says:
    အမေကတော့မ၀တ်ရည်လက်ရာတွေကိုသဘောကျနေပြီ
    တနေ့တမျိုးမရိုအောင်လုပ်ကျွေးနေတာ…မ၀တ်ရည်ကို
    ချီးကျူးနေပါတယ်…..
  9. ayeyumaw says:
    မမ ရေ ကျေးဇူးပါ ။မနက်ကျသားသားထမင်းဘူးအတွက်နည်းလေးတစ်ခုထပ်ရတယ်။
    မမဒီထက်မကအောင်မြင်ပါစေနော်။
  10. sithulin says:
    ကျေးဇူးတင်ပါတယ်။ချက်နည်းအသစ်တင်ပေးပါအုံး
  11. Saw Thet Oo says:
    သိချင်တာတွေအားလုံးကိုတင်ပေးတဲ့အတွက်ကျေးဇူးနော်
Leave a Reply to ချော(အစိမ်းရောင်လွင်ပြင်) Cancel reply
Your email address will not be published. Required fields are marked *