ကူဖီ မလိုင် (Kulfi)
ကူဖီ မလိုင် (Kulfi)
ပူနွေးတဲ့ ရာသီမှာ အမောပြေ ကူဖီမလိုင် လေးအိမ်မှာပါ လုပ်စားနိုင်အောင်ပါ။ အိန္ဒိယ ရေခဲချောင်းဖြစ်တဲ့ ကူဖီမလိုင်မှာ ရေခဲမုန့်လို ခရင်(မ်)၊ ကြက်ဥတို့ မပါဝင်ပါဘူး။  ကူဖီမလိုင် လုပ်ရာမှ ပျစ်သွားအောင် ခရင်(မ်) မထည့်ပဲ ဆန်မှုန့်ကို ထည့်ထားပါတယ်။ ရန်ကုန်မှာ စားနေကျ ကူဖီမလိုင်နဲ့တော့ အရသာသိပ်မတူပါဘူး။ ဘာကြောင့်လည်း ဆိုရင် ရန်ကုန်မှာ ၀ယ်စားနိုင်တဲ့ ကူဖီမလိုင်အများစုက နို့ဆီနဲ့ လုပ်ထားလို့ပါ။ ၀တ်ရည် ခုလုပ်တဲ့ အိန္ဒိယစတိုင် စစ်စစ် ကူဖီမလိုင်က နွားနို့ရယ်၊ သကြားရယ်၊ ဖာလာအနံ့လေးနဲ့လုပ်တာမို့ ချိုစိမ့်ပြီ အိန္ဒိယရနံပလေးပါ သင်းစေပါတယ်။ ဒါပေမယ့် လုပ်တဲ့အခါ အချိန်တော့ ပေးပြီ လုပ်ဖို့ လိုအပ်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ နွားနို့ (full fat milk) – ၁ လီတာ
၂။ သီဟိုဌ်စေ့ (သို့)  ဗန်ဒါသီး – စားပွဲတင်ဇွန်း ၃ဇွန်းစာ (မညက်တညက် ထောင်းထားပေးပါ)
၃။ ဆန်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
၎။ သကြား – စားပွဲတင်ဇွန်း ရဇွန်း
၅။ ဖာလာမှုန့် – လက်ဖက်ရည်ဇွန်း တ၀က် (သို့) ဖာလာမှုန့်အစား ဖာလာစေ့များကို ထောင်းထည့်လျှင်လည်း ရသည်။
ပြုလုပ်နည်း
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲသို့ နွားနို့ (၁လီတာ)ကို လောင်းထည့်လိုက်ပြီ မီးနည်းနည်းဖြင့် ဆူအောင် တည်ထားပေးပါ။
၂။ နွားနို့ပူလာပြီဆိုမှ (ဆန်မှုန့်၊ ထောင်းထားသော သီဟိုဌ်စေ့ (သို့)  ဗန်ဒါသီး) တို့ကို နွားနို့နည်းနည်းဖြင့် ခွက်တစ်ခုထဲတွင် အရင်ဖော်ပြီမှ ဒယ်အိုးထဲ လောင်းထည့်ပြီ ရောမွှေလိုက်ပါ။
၃။ ချိုစိမ့်အောင် သကြား(စားပွဲတင်ဇွန်း ရဇွန်း)ကို ထည့်ပြီ ရောမွှေလိုက်ပါ။
၎။ နွားနို့ တ၀က်လောက်ပဲ ကျန်သည်အထိ ၁နာရီခန့် မီးနည်းနည်းဖြင့် တည်ထားရမည်။ နွားနို့ပေါ်မှ  အမြုပ်များ၊ မလိုင်ဖတ်များတက်လာလျှင် ဆက်မွှေပေးနေပါ။
၅။ နွားနို့လည်း တ၀က်လောက်ကျန်သည့်အချိန်မှ အနံ့အတွက် ဖာလာမှုန့်လေးများ ထည့်ရောမွှေပေးပြီ မီးပိတ်ထားလိုက်ပါ။
၆။ ပြီလျှင် ကူဖီမလိုင်အိုးကို လုံးဝအေးသွားသည်အထိ အအေးခံထားပါ။
ရ။ ပြီနောက်မှ ကူဖီမလိုင်များကို မိမိကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲသို့ လောင်းထည့်ပေးပြီ ၂နာရီခန့် ရေခဲသေတ္တာ ခဲသောနေရာတွင် ထည့်၍ ခဲထားပေးပါ။
၈။ ကူဖီမလိုင်မသုံးဆောင်မှီ ခေတ္တမျှ ရေခဲသေတ္တာထဲမှ ၅မိနစ်ခန့် အရင်ထုတ်ထားပေးပါ။
၉။ ပြီမှ ကူဖီမလိုင်အေးအေးလေးကို မိမိကြိုက်နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ…
88 comments
  1. waiphone says:
    စားပွဲတင်ဇွန်းဆိုတာ ဘယ်လိုဟာမျိုးကို ပြောတာလဲဟင်
    ဓာတ်ပုံလေးရိုက်ပြီးပြလို့ ရမလား
    လက္ဘက်ရည်ဇွန်းဆိုတာကိုလည်း ဘယ်လိုအရွယ်ကိုပြောတာလဲ
    ပြီးတော့ ရေခဲသတ္တော ဘယ်အထပ်ကို ထည့်ရမှာလဲ
    ရေခဲတဲ့ အထပ်လား
    ပုံမှန် အသီးအရွက်ထည့်တဲ့ အထပ်လား သိချင်လို့ပါ။
    • chowutyee says:
      ဘယ်လို ရှင်းပြရမှန်းတောင် သိတော့ဘူး… စားပွဲတင်ဇွန်း(1 tbs) နဲ့ လက်ဘက်ရည်ဇွန်း(1 ts) ကို ခွဲခြား သိချင်ရင် http://www.gourmetsleuth.com/images/measuring_spoons.jpg မှာ တချက်ကြည့်လိုက်ပါနော်… ရေခဲခဲတဲ့အပေါ်ဆုံးထပ်မှာ ထည့်ပေးရမှာပါ.. လုပ်စားကြည့်ပါနော်.. 🙂
  2. စားလို့ကောင်းမှာဘဲ …လုပ်ကြည့်အုံးမယ်.
    ကျေးဇူးနော်ညီမလေး
    • chowutyee says:
      ဟုတ်ကဲ့ မစန္ဒကူးမေ လုပ်စားကြည့်ပါမ.. လုပ်ရတာ မခက်ဘူး၊ အချိန်ပဲ နည်းနည်းကြာတာရယ်.. ကျေးဇူးနော်.. 😛
  3. lay lay nge says:
    Thanks you so much. I’ll try at home 🙂
  4. Thanks ma, I like it.
  5. ကျေးဇူးပဲဝတ်ရည်ရေ
    နွေပူပူမှာရင်အေးတဲ့စားစရာလေးဖန်တီးနိုင်ဖို့ လမ်းပြပေးလို့ပေါ့
  6. waiphone says:
    ကျေးဇူးပါပဲဗျာ..
    လုပ်ကြည့်လိုက်ပါဦးမယ်
  7. jewel says:
    မဝတ်၇ည်လုပ်ပြတော.လည်းလွယ်လွယ်လေးလိုပဲ။နွေပူပူမှာကူဖီလေးနဲ.မျက်နှာလုပ်လိုက်အုန်းမယ်။ကျေးဇူးပါနော်
  8. moemoe says:
    ကျေးဇူးပဲကွယ် …..စားချင်နေတာ ၄နှစ်လောက်ရှိပြီ….
  9. ခင်ယမုံ says:
    ညီမလေးရေ..
    အစ်မငယ်ငယ်ထဲက အရမ်းကိုကြိုက်ခဲ့တာ..
    အခုတော့ ကိုယ့်ဟာကိုယ်လုပ်စားတော့မယ်..
    ဖာလာစေ့က အဝါရောင်လေးကို အပြင်က အခွံလေးပါတယ်တယ်မှလားဟင်.?
    အစ်မမှားမှာစိုးလို့ပါ..
    ကျေးဇူး ညီမလေး
    🙂
    • chowutyee says:
      ဟုတ်တယ် မခင်ယမုံ ဖာလာစေ့က စိမ်းဝါလေး၊ အခွံထဲက အစေ့လေးကို ထောင်းပြီ အနံ့၊ အရသာအတွက် နည်းနည်းလေး ဖြူးရုံပဲ။ လုပ်စားကြည့်ပါနော် မရေ.. thanks 😀
  10. တစ်ခါမှလုပ်မစားဖူးသေးဘူး ဝတ်ရည်ရေ။
    ကြိုးစားလုပ်လိုက်အုံးမယ်နော် နည်းပညာလေးအတွက်ကျေးဇူးပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    • chowutyee says:
      အန်တီတင့် လုပ်စားကြည့်ပါနော်… ၀တ်ရည်ကလည်း အထူးကျေးဇူးပါ… 🙂
  11. yuki says:
    ဝတ်ရည်ရေ..မေလ်းဖွင့်လိုက်တော့ ကူဖီမလိုင် လို့ တွေ့လိုက်တော့ အရမ်းကိုပျော်သွားတာ..ဒီတပတ်စနေ အမျိုးသားက ကြာဇံကြော်မယ်ဆိုတော့ တို့လည်း ဝတ်ရည်ရဲ့ ကူဖီမလိုင် နဲ့ လက်စွမ်းပြန်ပြရတော့မယ်လေ..ကျေးဇူးတင်တယ် ဝတ်ရည် ရေ…နို့ကူဖီမလိုင်ကိုငယ်ငယ်လေးထဲက အရမ်းကြိုက်တာ..နောက်လည်းအချိုပွဲတွေများများတင်နော်…
  12. Ant. says:
    • chowutyee says:
      ဆန်မှုန့်က အစိမ်းမှုန့် ထည့်ရမှာပါ.. 🙂
      • maythuzaw says:
        ကျေးဇူးပဲအမ!ဆန်မှုန့အကျက်နဲ့လုပ်တော့မလို့..မနက်ဖြန်လုပ်စားမယ်ဗျ
  13. မိုးမိုးစံ says:
    ဟုတ်တယ်နော်
    ဆန်မှုန့်ကအစိမ်းမှုန့်လားအကျက်မှုန့်လား..
    သေချာကိုလုပ်စားကြည့်မှာမို့ပါ…..
    • chowutyee says:
      ဆန်မှုန့်က အစိမ်းမှုန့်ကို သုံးရမှာပါ။ လုပ်စားကြည့်ပါနော်.. 🙂
  14. lay lay nge says:
    ဆန်မှုန့်က အစိမ်းလား အကျက်လား မသိလို့ ။ အစိမ်းတထုပ်ဝယ်လာလိုက်တယ်။
    သီဟိုစေ့ အဖြူရောင်ကရော အစိမ်းပဲလား မ၀တ်ရည်။ အကျက်ကလေ နီညိုရောင် ကြီး။
    ဘယ်ဟာသုံးရမလဲ ပြောပြပေးပါအုံး 🙂
    • chowutyee says:
      ဆန်မှုန့်က အစိမ်းမှုန့်ပါ။ သီဟိုစေ့က အဖြူရောင် အစိမ်းကိုပဲ မညက်တညက် ထောင်းပြီ ထည့်ရမှာပါ.. လုပ်စားကြည့်ပါနော်
  15. သဲသဲ says:
    thz…. wut yee….. i like it. 🙂
  16. ငယ်လေး says:
    ကူဖီးမလိုင်ကို အရမ်းကြိုက်၏… လုပ်စားကြည့်လိုက်အုန်းမယ်..
    မ၀တ်ရည်ရေ.. ကျေးဇူးပါ.. 😀
  17. Mu Yar says:
    ညီမရေ
    လုပ်စားကြည့်မယ်နော် ကျေးဇူးတင်ပါတယ်။
    ဖြစ်နိုင်ရင် အမကို မုန့်ကျွဲသဲလုပ်နည်းလေးပေးပါလားဟင်။ အမက ဗမာမုန့်အားလုံးကို အရမ်းကြိုက်တယ်။ အချို့ကို မလုပ်တတ်သေးဘူး
    မမူယာ
    • ငယ်လေး says:
      ဟာ.. မမူယာပြောမှပဲ…သတိရတော့တယ်.. ငယ်လေးလဲ မုန့်ကျွဲသဲ အရမ်းကြိုက်တယ်..
      မ၀တ်ရည် အဆင်ပြေရင်… မုန့်ကျွဲသဲ လုပ်နည်းလေး သင်ပေးပါလား….
      စားချင်လာပြီ… 😀
      • Mu Yar says:
        ညီမငယ်လေးရေ
        အမတို့ အကြိုကိချင်းတူတယ်နော်။ အဖော်ရသွားပြီ။ မုန့်လုပ်နည်းရရင် စမ်းလုပ်ကြည့်ကြမယ်နော်
        • ငယ်လေး says:
          ဟုတ်ကဲ့ မမူရာ… လုပ်နည်းလေး သိတာနဲ့ လုပ်အုန်းမှာ.. 😀
          • Mu Yar says:
            ဟယ် ညီမ-ငယ်လေး
            online မှာ၇ှိနေတာလား။ ဘယ်မှာနေတာလဲဟင်။
            မမက ယပလက်နဲ့ယာတဲ့ မမူယာနော် 🙂
    • chowutyee says:
      မုန့်ကျွဲသဲ တော့ ၀တ်ရည်ကိုယ်တိုင် တခါမှတော့ ကိုယ်တိုင် လုပ်စားဖူးသေးဘူး။ လုပ်စားကြည့်ပြီတာနဲ့ ချက်နည်းနဲ့တကွ တင်ပေးလိုက်ပါ့မယ်နော်..
  18. zawminpaing says:
    အစ်မရေ ကျတော်လုပ်စားချင်တယ် ဒါပေမဲ့ ကျတော်တို့ဆီမှာ ဖလာမှုန့်ဆိုတာမရှိဘူးအစ်မ အဲဒါမထည့်ရင်ရော အခြားဘာကိုထဲလိုရမလဲ နောက်ပြီး ဆန်မှုန့်ဆိုတာက ဘာလိုလုပ်ရလဲမသိဘူး ရှင်းပြပေးပါလားအစ်မရယ် မစားရတာ 2 နှစ်ကျော်လောက်ရှိတော့ စားချင်လွန်းလို့ပါ အစ်မရယ် ကျေးဇူးတင်ပါတယ်
    • admin says:
      ဖလာမှုန့်က အနံ့အတွက် ထည့်တာ။ သူမထည့်လည်း ကူဖီလုပ်လို့ရပါတယ်။ နို့တည်ထားတာ ပူလာမှ ဆန်မှုန့်က ထည့်ထားရမှာပါ… လုပ်စားကြည့်ပါနော်.. 🙂
  19. yoe lay says:
    မ၀တ်ရည်ကျေးဇူးကြောင့် ကူဖီးလုပ်တတ်သွားတယ် .. စားလို့အရမ်းကောင်းပါတယ်.. ခုဆို နေ့တိုင်းနီးပါးလုပ်စားဖြစ်နေလို့ဝိတ်တက်လာမှာတောင် စိုးရတယ် 😛
  20. phyu says:
    ၂ ကြိမ် ရှိပြီလုပ်စားတာ အရမ်းကြိုက်တယ်
  21. Bera says:
    Thank you so much how to make Kulfi.
    Our family will make it at weekends.
    I think it will delicious.You can reply me.Thank you so much ma Wutyee.
    Bye Bye
  22. Bera says:
    Thank you for u r cooking. Now i am still attending at school.And then i have holiday or weekends i usually cook u r meals and snack together with my family.
  23. nitar says:
    sis.. where can I get ဖလာမှုန့် ?
    • admin says:
      ဖာလာမှုန့် ၀ယ်မရရင်။ ဖာလာကို အခွံဖယ်ပြီ အစေ့ကို ထောင်းပြီ သုံးလည်းရပါတယ်
  24. Aye Yu Maw says:
    မမရေ မိုးကျတော့ မှဒီမုန့် ကိုတွေ့ တယ်
    ကျေးဖူးနော်မမ မုန့် လုပ်နည်းတွေရှာရင်းနဲ့ တွေ့ တာ
    မနက်ကျလုပ်စားကြည့် မယ်။
  25. Aye Yu Maw says:
    မ၀တ်ရည်ရေ မုန့် ကမခဲဘူး။အစ်မလိုမဖြစ်ဘူး။ဘာလိုနေလဲမသိဘူး။
    အရသာကတော်တော်ကောင်းတယ်။အစ်မပုံထဲကလိုမဖြစ်ဘူး။ပျော့ စိစိနဲ့ ။
    • admin says:
      ရေခဲသေတ္တာအပေါ်ဆုံးထပ်မှာ ၂နာရီလောက် ထည့်ထားရင် ခဲပါတယ်..
  26. mya kay khaing says:
    တစ်ခါမှလုပ်မစားဖူးသေးဘူး အစ်မဝတ်ရည်ရေ။ငယ်ငယ်ထဲက အရမ်းကိုကြိုက်ခဲ့တာ..
    အခုတော့ ကိုယ့်ဟာကိုယ်လုပ်စားတော့မယ်..အမရဲ့ လက်ရာလေးတွေကို အရမ်း အားကျမိပါတယ်…
    နည်းပညာလေးတွေ မျှဝေပေးတဲ့အတွက်ကျေးဇူးပါနော်။
    သားသမီးတွေ အတွက်လည်း စေတနာထားပြီးလုပ်ပေးနိုင်တဲ့ အစ်မလက်ရာလေးတွေကို အကုန်မှတ်ထားပါတယ်..သမီးလေးနှစ်ယောက်ကြီးလာရင် ဖတ်ခိုင်းဖို့ပါ…
    ပြီးပြည့်စုံတဲ့ မိသားစုဘ၀လေးကို အစဥိအမြဲ ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင်….
  27. moon says:
    မမဝတ်ရည်ရဲ့ ကူဖီမလိုင်ကိုကြည့်ပြီးသွားရေကျတာနဲ့မနေ့
    ကလုပ်စားဖြစ်တယ် အရမ်းစားကောင်းတယ်….ညီမကအချို
    ကြိုက်လို့နို့ဆီနည်းနည်းထည့်လိုက်တယ်..နည်းလေးကိုမျှဝေ
    ပေးလို့ ကျေးဇူးအများကြီးတင်တယ်နော်…:)
  28. […] ကူဖီ မလိုင် (Kulfi) […]
  29. Lue says:
    မ၀တ်ရည်ရေ..လုပ်စားကြည့်ပြီးပါပြီ။အရသာကကောင်းပါတယ်။ ဖာလာအနံ့တော့နည်းနည်းလေးပြင်းတယ်။ ရန်ကုန်မှာရောင်းတဲ့ နို့ဆီနဲ့လုပ်တဲ့ ကူဖီမလိုင်မျိုး (သို့) ရွှေပုစွန်က ကူဖီမလိုင်လုပ်နည်းမျိုးသိရင်ပြောပြပေးပါလား။
    ကျေးဇူးတင်ပါတယ်နော် 🙂
  30. ကူကူး says:
    လုပ်စားလိုက်တယ် ကောင်းလိုက်တာဗျ ငိုလည်းငိုချင်တယ် အရင်ကသာသိခဲ့ရင် ကျွန်တော့်အဖေကို လုပ်ကျွေးလိုက်ပါတယ် သူအရမ်းကြိုက်တာဗျ ကျေးဇူးပါနော်
    • admin says:
      ဟုတ်။ မိဘကို လုပ်ကျွေးချင်စိတ်စေတနာကို လေးစားမိပါတယ် bro 🙂
  31. angela says:
    thanks so much ma wutyee i just knew your website!!very useful one..
    by the way i want to know what is “FILAR MONT” in this kufee post
    • admin says:
      ဖာလာမှုန့် = ဖာလာမှုန့်အစား ဖာလာစေ့များကို ထောင်းထည့်လျှင်လည်း ရပါတယ်။ ဖာလာစေ့က အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင် တမျိုးပါ။ City Mart မှာ အိန္ဒိယ ဟင်းခတ် အမွှေးအကြိုင်တန်းမှာ ၀ယ်လို့ရပါတယ်
  32. toe toe wai says:
    Dear sister wutyee, i would like to know the recipes of soft ice-cream and hard ice-cream. I request to give me if you have these recipes. Thank you so much.
  33. Khin says:
    အခုလိုတင်ပေးတာကျေးဇူးပါနော်။
  34. Chit Phue says:
    မ၀တ်ရည်ရေ…
    သီဟိုစေ့တို့ ဗန်ဒါစေ့ တို့ မထည့်ရင် ကူဖီးလ်မလိုင် ဖြစ်ပ့မလားဟင်… အဲ့ဒါတွေ မကြိုက်လို့…
    • Chit Phue says:
      မ၀တ်ရည်ရေ… အော်ဇီမှာ ဆန်မှုန့် ရှာမတွေ့တာနဲ့… ညီမလေ… ကိတ်မုန့်ဖုတ်တဲ့ ဂျုံမှုန့်တွေ ထည့်ပြီး လုပ်လိုက်ပီ အခု… ဘယ်လိုရလာမလဲတော့ မသိသေးဘူး…. မစားရတာလည်း ကြာတာနဲ့ ဖြစ်ချင်ရာ ဖြစ် လုပ်လိုက်ပီ အစ်မရေ…
    • admin says:
      ဟုတ် ဖြစ်ပါတယ်။ ကူဖီမှာ တချို့လည်း မထည့်ပါဘူး.. လုပ်စားကြည့်ပါနော်..
  35. Chit Phue says:
    ဖြစ်တော့ ဖြစ်သွားတယ် မ၀တ်ရည်ရေ… ဒါပေမယ့် ဂျုံမှုန့် အလုံးလေးတွေတော့ စားတဲ့အထဲမှာ ပါလာတယ်… ဒါပေမယ့် ကောင်းပါတယ်… ကျေးဇူးပါ…
    • admin says:
      ဂျုံမှုန့်တွေ မကျေရင် ဇကာနဲ့ စစ်ပြီ ခြေပြီ ထည့်ရင် အဆင်ပြေမယ် sis…
  36. minmin says:
    ပုံထဲက ပြထားတဲ.အတိုင်း ရေခဲသတ္တာထဲက ထုတ်ထားတာ..
    အဲလို ပျော်ပြီး ပျော့ မနေဘူး..
    ပူတင်းကြီးနဲ. သွားတူနေတယ်..
    ဘာမှားသွားလဲ မသိဘူးဗျ..
    နို့ နည်း လို့လား.. ဆန်မှုန့်များသွားလို့လား..
    ကျေးဇူးတင်ပါတယ်..
  37. saw khine says:
    power point နဲ. သေသေချာချာ လုပ်ပေးထားရင်ကောင်းမှာဘဲ။ ။
  38. khaing says:
    Ma WutYee,
    Is the rice powder raw or fried? I mean “a seinn lar, hlaw lar”. Can I use Ready made San Hlaw?
  39. Jane says:
    When having different painting provide contractors who can help.
    The business information on the company’s breakeven that matters.
    Decide on the job. That’s when you show your home improvement experience for your special status.
    Where customers comes to remodeling services to the bare minimum, and
    making the consumers realize what is right for customer’s home.
    Since you have a light color over longer distances.
    Though some investment is worthwhile to ask through the project.
  40. Jason says:
    Thank You Ma Wut Yee
Leave a Reply to Thant Zin Oo Cancel reply
Your email address will not be published. Required fields are marked *