ဘဲသား ကော်ရည်ခေါက်ဆွဲ
ဘဲသား ကော်ရည်ခေါက်ဆွဲ (၁၀ယောက်စာ)
ဒါကတော့ ဘဲသား ကော်ရည်ခေါက်ဆွဲလေးပါ။ အရင်က ၀တ်ရည် အဒေါ်ချက်တဲ့ ဘဲသား ကော်ရည်ခေါက်ဆွဲက အရမ်းကောင်းလို့ နံမည်ကြီးပဲ။ ဒါကြောင့် ခုအဒေါ်ဆီက ချက်နည်းတောင်းပြီ ၀တ်ရည် ကိုယ်တိုင် ချက်ထားတာပါ။ လုပ်ပုံအဆင့်ဆင့်လည်း သေချာရေးပေးထားပါတယ်။ နွေရာသီ အားလပ်ရက်များ မိသားစုနဲ့တူတူ လုပ်စားနိုင်အောင်ပါ။ ချက်နည်းကို ကြည့်ရအောင်…
ဘဲကော်ရည်အတွက် ပါဝင်ပစ္စည်းများ
  • ဘဲသား – တခြမ်း (အထဲမှ ကလီစာများကို သန့်စင်ပြီသား)
  • မှိုခြောက် – ရခု (ရေနွေးဖြင့်ပြုတ် ထားပေးပြီ အရှည်လှီးထားပါ)
  • ပဲလိပ် – ၅ကျပ်သား (လက်မအရွယ်လေးများ ပိုင်းထားကာ ရေစိမ်ထားပေးပါ)
  • ပန်းခြောက် – ၅ကျပ်သား (ရေစိမ်ထားပေးပါ)
  • ကြက်ဥ အကာ – ၃လုံး (ကြက်ဥအနှစ်များကို ဖယ်ပြီ အကာများ ခလောက်ထားပါ)
  • ကော်မှုန့် – ရ၀ ဂရမ် (ရေဖြင့် ဖျော်ထားပေးပါ)
  • ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၅ဇွန်း
  • ဆား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၄ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၅ဇွန်း
  • တရုတ်မာဆလာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ကော်ရည်ခေါက်ဆွဲနှင့် တွဲဖက်သုံးဆောင်ရန် ပါဝင်ပစ္စည်းများ
  • ခေါက်ဆွဲ – ၅၀ ကျပ်သား
  • ကြက်သွန်ဖြူ – ၅ခု (နှုတ်နှုတ်စဉ်းပြီ ကြက်သွန်ဖြူ ဆီချက် လုပ်ထားပေးပါ)
  • ပဲပင်ပေါက် – ၁၀ကျပ်သား (အမြှီးများ ဖယ်ပြီ ရေနွေးဖျော်ထားပေးပါ)
  • ကြက်သွန်မြိတ် – ၅စည်း (အရှည်လေးများ လှီးကာ ရေနွေးဖျော်ထားပေးပါ)
  • ကန်စွန်းရွက် – ၁စည်းတ၀က် (နွင်းပြီ ရေနွေးဖျော်ထားပေးပါ)
  • ငပိ – လက်တဆုတ်စာ
ပြုလုပ်နည်း ။ ငရုတ်သီးစိမ်း ၆ထောင့်ကို ငပိနှင့် ရောထောင်းပြီ  သံပရာသီး (၁လုံး) ညှစ်ထည့်ကာ ရေအနည်းငယ်ဖြင့် ခပ်ပျစ်ပျစ်လေး ခွက်တစ်ခုထဲတွင် ဖျော်ထားပါ။
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ဘဲသားများကို ရေဖြင့် သန့်စင်အောင် ဆေးပြီ အတုံးကြီးများ တုံးကာ ဆား(စားပွဲတင်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ဖြင့် ရောနုယ်ထားပါ။
၂။ ထို့နောက် ဒယ်အိုးကြီးတစ်ခုထဲ ရေ(၅လီတာ)ထည့်ကာ ပွက်အောင်အထိ တည်ထားပေးပါ။
၃။ ရေဆူလာလျှင် ဘဲသားများကို ထည့်ကာ နူအောင်အထိ အဖုံးအုပ်၍ ၂နာရီခန့် တည်ထားပေးပါ။
၎။ ဘဲသား နူသွားပြီဆိုမှ ဘဲသားများကို ပြန်ဆယ်ကာ အသားနွင်းပေးပါ။
၅။ ပြီနောက် ဘဲပြုတ်ရည်အိုးထဲ ရေနွေး(၁လီတာ) ထပ်ထည့်ကာ ပွက်အောင် ပြန်တည်ထားပါ။
၆။ ဘဲပြုတ်ရည်များ ဆူလာလျှင် အသားနွင်းထားသော ဘဲသား၊ မှိုခြောက်၊ ပဲလိပ်၊ ပန်းခြောက်များကို ရောထည့်မွှေပေးပါ။
ရ။ ထို့နောက် အရသာအတွက် (တရုတ်မဆလာ၊ ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်) များ ထည့်မွှေလိုက်ပါ။
၈။ အရသာ အနေတော်သွားပြီဆိုလျှင် ဖျော်ထားသော ကော်ရည်များကို ဇွန်းဖြင့် ပြန်မွှေပြီ ဆူနေစဉ်အတွင်း ဖြည်းဖြည်းခြင်း လောင်းထည့်ပါ။
၉။ ဘဲသာကော်ရည် မပျစ်မကျဲ ဆူအောင်တည်ထားပေးပါ။
၁၀။ အရမ်းပွက်ပွက်ဆူလာမှ ခုနက ခနောက်ထားသော ကြက်ဥအကာများကို ဖြည်းဖြည်းခြင်း လောင်းထည့်ကာ မွှေပေးပါ။
မှတ်ချက် ။      ။ ဆူလာမှ ကြက်သာအကာများ ထည့်ပါ၊ မဟုတ်လျှင် ကော်ရည် နောက်သွားပါလိမ့်မည်။
၁၁။ ဘဲသား ကော်ရည်ရပြီဆိုလျှင် သုံးဆောင်ရန် ပြင်ဆင်ပါတော့မည်။
၁၂။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲ တစ်ယောက်စာ ခေါက်ဆွဲဖတ်၊ ရေနွေးဖျော်ထားသော (ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ကန်စွန်းရွက်)ထည့်ပေးပါ။
၁၃။ ပြီမှ အပေါ်မှ ဘဲသားကော်ရည်လောင်းထည့်ကာ ငပိ၊ ကြက်သွန်ဖြူ ဆီချက်တို့ဖြင့် အရသာရှိသော ဘဲသားကော်ရည်ခေါက်ဆွဲကို သုံးဆောင်နိုင်ပါပြီ…
60 comments
  1. yummy yummy wanna eat now heee…look really delicious
  2. nandar says:
    ပုံကြည်တာနဲ့ တင် စားချင်စိတ်ပေါက်လာပြီ။
    ညီမလေး….ကျေးဇူနော်…
    အမ လုပ်စားမယ်…
  3. Min Min says:
    looks really delicious..wanna eat right now!! 😀
  4. နည်းနိဿယလေးယူသွားတယ် ဝတ်ရည်ရေ။
    ဒီတစ်ခေါက် ဝတ်ရည်လာလည်ရင် လုပ်ကျွေးဘို့း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    • chowutyee says:
  5. နောက်တစ်ခေါက် ရန်ကုန်လာရင် သေချာပေါက် ဝတ်ရည်ဆီလာပြီသာမှတ်
    အဲဒီခါကျ အများကြီး ကျွေးရမယ်နော်။း)
    ကော်ရည်ခေါက်ဆွဲ ကြိုက်တယ်။ စားချင်တယ်
    • chowutyee says:
      မချောရေ ဒီတစ်ခါ ၇န်ကုန်လာရင် တကယ်ချက်ကျွေးမှာ… ခုတောင် ပါဆယ်နဲ့ပို့ပေးလို့ရရင် ပို့ပေးချင်ပါတယ်. 🙂
  6. မြတ် says:
    ကော်ရည် ခေါက်ဆွဲအရမ်းကြိုက်တယ် ၊ မနက်တိုင်းဈေးထဲမှာဝယ်စားနေကျ အခုတော့ မစားရတာကြာပေါ့ ၊ ၀တ်ရည်ဆီက နှစ်ပွဲစားသွားတယ်နော်၊ ပြန်လာရင် ၀တ်ရည်ဆီလာပြီး ထပ်စားအုံးမယ်၊ အဲဒီအခါကျရင် တကယ်ကျွေးနော် ၊ အခုတော့
    ရှလွတ်
    ကျေးဇူးဘဲညီမလေး
  7. ကုကူ says:
    ကော်ရည်ကြိုက်တဲ့ ကုကူနဲ့တော့ အဲမှာ စတွေ့တာပဲ … ဘဲသားမရှိလို့ ကြက်သားနဲ့ပဲ ချက်စားကြည့်တော့မယ် … ကျေးဇူးတင်ပါတယ် အစ်မရေ ….
    • chowutyee says:
      ကူကူရေ လုပ်စားကြည့်နော်။ ကြက်သားနဲ့လုပ်စားလည်း အဆင်ပြေပါတယ်။ ကျေးဇူးနော် 🙂
  8. ခင်ယမုံ says:
    ကော်ရည်ခေါက်ဆွဲလုပ်နည်းလေးကို အစ်မလိုက်ရှာနေတာ အတော်ပဲ ညီမလေးရေ..
    အမြန်ဆုံးလုပ်စားမယ်နော်..
    ကျေးဇူးညီမလေး
    😀
    • chowutyee says:
      ဟုတ်ကဲ့ မခင်ယမုံ လုပ်စားကြည့်ပါအုန်းနော်။ ၀တ်ရည်လည်း ကော်ရည်ခေါက်ဆွဲ သိပ်ကြိုက်တာ၊ တော်တော် စားကောင်းတယ် မ.. Thanks also 😀
  9. khin thandar says:
    Sis …how to cook ငါး ဆန်ပြုတ် ? When I feel not feeling well, I wanna eat this one. Btw share black and pepper crabs recipes and way to cook for me.
    thanks.
    • chowutyee says:
      sis yay ငါးရံ့ ဆန်ပြုတ် လုပ်နည်းလေး ရေးပေးလိုက်မယ်နော်..
      ငါးရံ့ ဆန်ပြုတ်
      ၁။ ငါးရံ့(၅ကျပ်သား) ကို အရေခွံဖယ်ပြီ အရိုးမပါအောင် အသားနွင်း၍ ပါးပါးလှီးပါ။
      ၂။ ထို့နောက် ဆန်(နို့ဆီဘူး တ၀က်)ကို ရေနှစ်ကြိမ်ဆေး ပေးပြီ ရေကို ဆန်(၄ဆ)ထည့်ပေးပါ။
      ၃။ ဆန်ကိုနူးအောင် တည်ပြီ ဆန်နူးလာမှ ငါးရံ့သားများကို ထည့်ပေးပါ။
      ၄။ အရသာအတွက် ပဲငံပြာရည်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့်(အနည်းငယ်)၊ ကြက်သွန်မြိတ်(အနည်းငယ် ပါးပါးလှီးထားသော) ဖြူးပေးပြီ ကြက်သွန်ကြော်လေးများဖြင့် သုံးဆောင်နိုင်ပါတယ်။
  10. khin thandar says:
    thanks …sis
  11. Cathy says:
    ကော်မုန့်က Tapioca Starch ကိုပြောတာဟုတ် , မမ ?
  12. baby lay says:
    ငပိကငပိစိမ်းလားငပိထောင်းလားအမ
  13. Thiri says:
    မ၀တ်ရည်ရေ..တခုလောက်မေးချင်လို့ပါ ..ကော်ရည်ခေါက်ဆွဲမှာ ကော်ရည်တွေက အေးရင် ကျဲသွားတတ်တယ် .. အဲ့ဒါကို အပူပြန်ပေးရင်လည်း မပျစ်တော့ဘူး ပူတာပဲရှိတော့တယ်..အဲ့ဒါ အေးသွားတဲ့ ကော်ရည်ကို ဘယ်လို ပျစ်အောင်လုပ်ရမလဲ အမ ဆီမှာ နည်းလေးရှိရင် သိပါရစေ..
    သီရိ
    • admin says:
      ဟုတ်တယ်။ ညီမ။ အေးသွားရင် ကော်ရည်က ကျဲသွားရော။ ပျစ်အောင် ကော်မှုန့်ကိုရေနဲ့ ဖျော်ပြီ ဆူနေချိန် ထပ်ထည့်ပေးရပါတယ်.. ကျေးဇူးနော်
  14. ko thet says:
    good.i try ဘဲသား ကော်ရည်
  15. moeaye says:
    ဘဲသားက အကောင် အကြီးကြီးတွေဘဲ ၀ယ်လို့ရလို့ ၀က်နံရိုးနဲ့ ချက်စားတာ .. အဲဒါလည်းစားကောင်းတယ်
    ကျေးဇူးပါ ညီမ ၀တ်ရည်
    ငြိမ်းချမ်းအေးမြပါစေ
  16. Theri says:
    Dear Ma Wut Yee,
    Why are you very smart in cooking? I just find your website. I like your cooking. I also can cook many dishes. But now I have to learn your dishes from you. I am very interested in cooking many dishes with many styles for my family. And also I am very interested in decoration for preparing plates with very stylishly. I do not like no taste dishes and no stylish. But sometime I am very lazy to cook and prepare dishes. So we want go out and eat outside. Anyhow many thanks.
    Theri
  17. Zin says:
    ညီမရေ၊ ငပိအစားဘာထည့်လို့ရမလဲ။ အရမ်းလုပ်စားချင်ပေမဲ့ ငပိမစားတော့အခက်တွေ့နေတယ်။ ကျန်တာအားလုံးထည့်ပြီး ငပိမထည့်ရင်ရောအရသာကောင်းဦးပါ့မလား။း)
    • admin says:
      ငပိ မပါလည်း၊ ဒီအတိုင်း ဘဲသားကော်ရည်ခေါက်ဆွဲ စားလို့ကောင်းပါတယ် အစ်မ.. 🙂
  18. Thiri says:
    ဝတ်ရည်ရေ
    ဒီနေ့
    ညနေစာကော်ရည်ခေါက်ဆွဲချက်နေပြီ။
    တစ်ခုလောက်အကူညီပေးနိုင်မလား။
    မျှစ်ချဉ်ကိုဝက်သား/ငါးနဲ့ချက်တာအပြင်ဘယ်လိုချက်လို့ရသေးလဲလို့
့ကူညီပေးပါဦးနော်။
  19. ဖြူ says:
    ကျေးဇူးမဝတ်ရည် ဒီတပတ် Sunday
    တော့ကော်ရည်ချက်ပြီ အရမ်းစားချင်လာလို့ :p
  20. Soe Pye says:
    ကော် ရည် ခေါက် ဆွဲ အားပေးသွား ပါ သည်။ မန္တလေးမြီးရှည် မှာထည့် တဲ့ ကော်ရည် လုပ် နည်း နဲ့ ဂျုံ လုံးကြော် နည်း share ပေးလို့  ရ မလား ရှင်။ Thank you so much.
    • admin says:
      ဟုတ်ကဲ့။ နောက်ပိုင်း ကြိုးစားတင်ပေးပါ့မယ်..
  21. wyityi win says:
    Plz let me share this web , i interest in cooking
  22. May Yeelin says:
    Hi Ama,
    I would like to know some of the ingredient in English. what is recipe called in English? I live in New York but can’t seem to find in any restaurant since I don’t know the name. Please translate the following in English.
    Thank you much
    ပဲလိပ် – ၅ကျပ်သား (လက်မအရွယ်လေးများ ပိုင်းထားကာ ရေစိမ်ထားပေးပါ)
    ပန်းခြောက် – ၅ကျပ်သား (ရေစိမ်ထားပေးပါ)
    ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၄ဇွန်း
    တရုတ်မာဆလာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
    တရုတ်မာဆလာ – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  23. cheerry says:
    thanks so much , wutyee…
  24. Sandar says:
    ခဏခဏတော့ ချက်စားတယ်။ ဒါပေမယ့် ဝက်သားနဲ့။
    အခုလောက် ပစ္စည်းမစုံဘူး။
    စုံစုံလင်လင်နဲ့ တခါလောက် ချက်ကြည့် လိုက်ပါမယ်။
    ကျေးဇူးနော်။
    • admin says:
      ဟုတ်ကဲ့ ချက်စားကြည့်ပါနော်။ အရမ်းစားကောင်းပါတယ်.. 🙂
  25. Aye Sandar Mtint says:
    ကော်ရည်ခေါက်ဆွဲကိုအရမ်းကြိုက်တယ်
  26. swe mar says:
    ထိုင်းအစားအစာ ကွေ့သရို လုပ်နည်း သိချင်ပါတယ်
    ကျေးဇူးတင်ပါတယ်
  27. thandaryi says:
    ချက်စားရဒါအရမ်းအဆင်ပြေပါတယ်။
  28. Myo gyi says:
    Best place for me
Leave a Reply to thandaryi Cancel reply
Your email address will not be published. Required fields are marked *