ပသျှူးသာကူ
ပသျှူးသာကူ
မြန်မာ နှစ်ကူး သင်္ကြန်အခါ နီးလာပြီမို့။ သင်္ကြန်တွင်း လုပ်စားနိုင်ဖို့ ရည်ရွယ်ပြီ သင်္ကြန်မုန့်လုပ်နည်းတွေကို အထူးတင်ဆက်ပေးသွားပါ့မယ်။ အရင်နှစ်က တင်ဆက်ပြီသား သင်္ကြန်မုန့်လုပ်နည်းတွေကိုလည်း ပိုမိုလွယ်ကူပြီ စားလို့ကောင်းတဲ့နည်းတွေနဲ့ ပြန်အသစ် မိတ်ဆက်ပေးသွားပါ့မယ်။ သင်္ကြန်တွင်း သင်္ကြန် မုန့်တွေလုပ်စားရင်း စိတ်ဧ။် ကျန်းမာခြင်း၊ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေလို့ Wutyee Food House မှ ဆုတောင်းပေးလိုက်ပါတယ်…
ဒါကေတော့ ပသျှူးသာကူးလေးပါ။ ပသျှူးသာကူက ရိုးရိုးသာကူလိုပဲ လုပ်ရတာပါ။ တချို့က ကန်စွန်းဥကိုပြုတ်ပြီ ထည့်တဲ့အတွက် ပိုပြီ ချိုပြီ စားလို့ကောင်းပါတယ်။ ၀တ်ရည်ကတော့ ကန်စွန်းဥအစား အာလူးကို ပြုတ်ပြီ ထည့်ထားပါတယ်။ ပသျှူးသာကူရဲ့ ထူးခြားချက်က ရိုးရိုးသာကူထက် ပိုချိုတဲ့ အရသာကို ရရှိမှာပါ။ လုပ်နည်းလေးကို တူတူလုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ သာကူစေ့ – ၄၀၀ ဂရမ် (သာကူ အစိမ်းရောင်ထုပ်)
၂။ သကြား – ၄၀ကျပ်သား
၃။ အုန်းနို့နှစ် – ၂၀၀ ဂရမ်
၎။ အာလူး – ၆လုံး (အလုံးကြီး)
၅။ ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ပြုလုပ်နည်း
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ အာလူးများကို ရေဖြင့် နူအောင်အထိ ပြုတ်ပေးပါ။
၂။ အာလူးများ နူသွားမှ အခွံနွာပြီ လက်မ၀က်အရွယ် အတုံးလေးများ တုံးထားပေးပါ။
၃။ ထို့နောက် သာကူကျိုပါမည်။ သာကူကျိုရန်အတွက် ဒယ်အိုး ၁အိုးထဲသို့ ရေ(၂လီလီတာ) ခန့်ထည့်ပေးပါ။
၂။ ထို့နောက် ရေပွက်ပွက်ဆူလာမှ သာကူများကို ထည့်ပြီး အဆက်မပြတ်မွှေပေးနေပါ။ သာကူစေ့များကို မပြဲစေပါနှင့်။ မမွှေပေးပါက သာကူစေ့များကပ်သွားပါလိမ့်မည်။
၃။ ပြီနောက် သကြားများထည့်ပေးပါ။ သာကူထဲမှ အဆံလေးများ မရှိတော့လျှင် ရပါပြီ။
၎။ ထို့မှ ပြုတ်ထားသော အာလူးများ၊ အုန်းနို့နှစ်များထည့်ကာ ရောမွှေလိုက်ပါ။
၅။ ပြီလျှင် အပေါ်မှ အုန်းသီးလေးများဖြူးပြီ ပသျှူးသာကူကို ပူပူလေး သုံးဆောင်နိုင်ပါပြီ…
34 comments
  1. a mike sar par lar…ta kar ma ma eat buu tae buu….
    • chowutyee says:
      ရိုးရိုးသာကူနဲ့ တူတူပါပဲ၊ ကန်စွန်းဥ(သို့) အာလူးပါတာကလွှဲရင်.. ပြီတော့ သူက ပိုချိုတယ်.. ကိုယ်လည်း လုပ်စားကြည့်လေ.. 🙂
  2. မြတ် says:
    ညီမလေးေ၇ စားလို့အရမ်းကောင်းတယ်
    အမစိတ်ထင်တာ သာကူကစိမ်းနေတာလားလို့ ဘာထည့်ထားတာလဲဟင်
    အမကို ထမနဲလုပ်နည်းလေးပြောပြပေးပါအုံးနော်
    ကျေးဇူးတင်လျှက်
    • chowutyee says:
      သာကူ အစိမ်းရောင် အထုပ်ကို သုံးထားလို့ပါ။ တခြားဘာမှ ထပ်မထည့်ထားပါဘူး မမြတ်။ ဟုတ်ကဲ့ ထမနဲလုပ်နည်းတင်ပေးလိုက် ပါမယ်.. 😀
  3. ကောင်းမယ့်ပုံလေးညီမရေ.. အာလူးနဲ့လုပ်ရတာအခုမှသိတယ်..ကျေးဇူးနော်
  4. mintmon says:
    why those r green colour?
    It’s look nicer than regular 🙂
    Thanks.
    • chowutyee says:
      သာကူအစိမ်းရောင်ထုပ်ကို သုံးထားလို့ပါ။ သာကူ အစိမ်းရောင်လေးနဲ့ဆိုတော့ ပိုလှသွားတယ်။ City Mart မှာဝယ်လို့ရပါတယ် sis 🙂
  5. wlphyu says:
    Is it pandan sago?
  6. Su Myat says:
    မ၀တ်ရည်ရေ သာကူကစိမ်းနေသလားလို့
    တခြားဘာထည့်ထားသေးလဲလို့
    • chowutyee says:
      သာကူ အစိမ်းရောင်ထုပ်လေးနဲ့ လုပ်ထားတာပါ ညီမ။ တခြားဘာမှ မထည့်ထားပါဘူး။ သာကူ အစိမ်းရောင်ထုပ်လေးတွေ City Mart မှာဝယ်လို့ရပါတယ်… 🙂
  7. ခင်ယမုံ says:
    ညီမလေးရေ.
    အစ်မ ခရီးသွားနေတာနဲ့ညီမလေးရဲ့အစားအသောက်လေးတွေနဲ့ဝေးသွားတယ်..
    ခရီးပန်းလာတာနဲ့ ညီမလုပ်ထားတာလေးကိုပဲ အမောပြေစားသွားပြီနော်..
    ကောင်းလိုက်တာ..နောက်ထပ်လုပ်စားအုံးမယ်..
    ကျေးဇူးညီမလေး
    🙂
  8. baloo says:
    “၄၀ကျပ်သား”, do you have conversion to lbs or kg? thaks
  9. Borar says:
    ၀.၆၆ ပိသာ က ၁ ကီလို နဲ့ညီပါတယ်..
    ၀.၆၆ ပိသာဆိုရင် ၆၆ ကျပ်သား
    ၄၀ ကျပ်သားဆိုရင်.. ၀.၆၁ ကီလိုဂရမ်နဲ့ ညီပါလိမ့်မယ်…
  10. yupar says:
    a ma . yay .. thank Q .. shan mont nyin chin lote nee lay tin pya pay par oom naw .. arr pay nay par tal 🙂
  11. zawmike says:
    AMA
    Just question??? Why this pashue sagu is light green colour did u put ant colouring????Bcoz i try to cook this dessert but i didn’t get green colour??
  12. tinzar says:
    အမ
    အုန်းနိ့ က ဘယ်အချိန် ထည့်တာလဲ….ပြောပြ ပေးနော်…..
    • chowutyee says:
      သာကူစေ့များ ရပြီဆိုလျှင် ပြုတ်ထားတဲ့ အာလူးနဲ့ အုန်းနို့ကို ထည့်ရမှာပါ.. 😛
  13. Hunniko says:
    အမ ရိုးရိုး သာကူကျို နည်းလေးပြောပြပေးပါ…
    ထားလျက်ခဲနဲ့ ကျိုနည်းလေးသိချင်လို့
    • admin says:
      ရိုးရိုးသာကူကျိုချင်ရင် ပသျှူသာကူထက် သကြားကို လျှော့ထည့်ပြီ ချက်ရုံပါပဲ။ ချက်နည်းက တူတူပါပဲ..
  14. Ei Ei Khine says:
    city mart
    မှာရောင်းတဲ့ ဖါလူဒါကျောက်ကျောလုပ်နည်းသိရင်ပြောပေးပါအုန်း
    ညီမ လေး။အဲဒီမှာအ ရာင် ကိုဘာသုံးရလဲ။ကျေးဇူးပါ ။
  15. ချက်ကြီး says:
    အစ်မရဲ့ post တွေထဲက အချက်အလက်တွေကို ကျွန်တော် apk ရေးချင်ပါတယ်…
    အားပေးချင်တဲ့ သဘောကို ဦးတည်ပါတယ်
    အစ်မနာမည်နဲ့ပဲရေးမှာပါ…
    ရေးပြီး အစ်မဆီမှာပဲ apk download link ပြန်တင်ပေးပါမယ်…
    လူကြိုက်များတဲ့ ချက်ပြုတ်နည်း post link လေးကို reply လုပ်ပေးစေလိုပါတယ်…
    • admin says:
      Bro ရေ Wutyee Food House ဟင်းချက် Mobile App က ၀တ်ရည် ကိုယ်တိုင်ထုတ်ဖို့ ရှိပါတယ်။ အခမဲ့ဖြန့်ဝေပေးဖို့ပဲ ရည်ရွယ်ထားတာပါ။ ဒါကြောင့် apk တော့ တခြားသူကို မထုတ်စေချင်ပါဘူး။ အဲဒီအတွက် နားလည်ပေးပါနော် bro.. 🙂
      အားလုံးကို ခင်မင်လေးစားစွာဖြင့်
  16. မျိုးမြင့်​​အောင်​ says:
    အမ​ရေ စာအုပ်​​တွေကို download ဆွဲလို့မရဘူးလားဟင်
Leave a Reply to Ei Ei Khine Cancel reply
Your email address will not be published. Required fields are marked *