အီတလီစတိုင် Lasagna ခေါက်ဆွဲ

အီတလီစတိုင် Lasagna ခေါက်ဆွဲ

အီတလီ စတိုင် Lasagna ခေါက်ဆွဲက အရသာအရမ်းကောင်းမွန်ပါတယ်။ ခေါက်ဆွဲအလွှာ ၄လွှာကနေ ၅လွှာထိ ပြုလုပ်ကြပါတယ်။ ခေါက်ဆွဲတထပ်ခင်းပြီတိုင်း အမဲသားဆော့ရယ်၊ ချိစ်ရယ်၊ အထပ်ထပ် ခင်းထားတာမို့ အရသာ အရမ်းကောင်းပေမယ့် ချိစ်ကြောင့် အီတာနဲ့ Lasagna တခုလုံးကုန်အောင် မနည်းအားယူ စားရမှာပါ။ Garfield ကာတွန်းကား ကြည့်ဖူးသူတိုင်း Garfield အကြိုက် Lasagna ခေါက်ဆွဲကို သိကြမှာပါ။ ခုတော့ ၇န်ကုန်မှာလည်း ဆိုင်တွေမှာ Lasagna တစ်ခုကို ၄၈၀၀- ၅၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်ပေမယ့် အိမ်မှာ လုပ်စားတာပိုပြီ ဈေးသက်သာပြီ ပိုလည်း စားလို့ကောင်းတာမို့ အားလပ်ရက်တွေမှာ လုပ်စားနိုင်ဖို့ပါ။ ၀တ်ရည်ကတော့ Lasagna ၆ယောက်စာ လုပ်ထားပါတယ်။ လုပ်နည်းလေးကို ကြည့်ရအောင်…

Lasagna တွင် ပါဝင်ပစ္စည်းများ

၁။ Lasagna ခေါက်ဆွဲ- ၁ဗူး (၅၀၀ ဂရမ်)

(Lasagna ခေါက်ဆွဲMartket Place (ဓမ္မစေတီလမ်း CityMart) တွင် ၀ယ်ယူနိုင်ပါသည်)

၂။ Bolognese Sauce

၃။ Ricotta ချိစ်                        – ၁၆အောင်စ

၃။ တရုတ်နံနံပင်                       – စားပွဲတင်ဇွန်း ၂ဇွန်းစာ

၅။ ကြက်ဥ                              – ၁လုံး (ခလောက်ထားပါ)

၎။ Mozzarella ချိစ်                   – ၃၀၀ ဂရမ်

(Mozzarella cheese ၊ Ricotta cheese ကို Martket Place (ဓမ္မစေတီလမ်း CityMart) တွင် ၀ယ်ယူနိုင်ပါသည်)

Bolognese Sauce ပါဝင်သောပစ္စည်းများ

  • အမဲသား                            – ၃၀ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • ခရမ်းချဉ်သီးဆော့                  – ၁၈၀ ဂရမ်
  • ခရမ်းချဉ်သီးအနှစ်                  – ၂၀၀ ဂရမ်
  • မုန်လာဥနီ                           – ၂ခု (နှုတ်နှုတ်စဉ်းထားပါ)
  • ပင်စိမ်း                              – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ (ပါးပါးလှီးပါ)
  • ကြက်သွန်နီ                         – ၂လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ                        – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • Oregano၊ Thyme                – လက်ဖက်ရည်ဇွန်း ၁ဇွန်းစီ

(အနောက်တိုင်း ဟင်းခတ်အမွှေးအကြိုင်များကို Martket Place (ဓမ္မစေတီလမ်း CityMart) တွင် ၀ယ်ယူနိုင်ပါသည်)

  • ငရုတ်ကောင်းမှုန့်                   – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • တရုတ်နံနံပင်                       – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား                                 – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား                             – စားပွဲတင်ဇွန်း ၂ဇွန်း

အမဲသားဆော့ ချက်ပြုတ်နည်း

၁။ အရင်ဆုံး အမဲသားဆော့ချက်ရန် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ဆီသပ်ပေးပါ။

၂။ ပြီလျှင် နှုတ်နှုတ်စဉ်းထားသော အမဲသား၊ မုန်လာဥနီတို့ကို ထည့်ပေးပါ။

၃။ အရသာအတွက် ခရမ်းချဉ်သီးဆော့၊ ခရမ်းချဉ်သီးအနှစ်၊ ဆား၊ သကြားတို့ထည့်ကာ ရေ(၁ခွက်) ထည့် ရောမွှေပေးပါ။

၎။ အမဲသားကျက်သွားမှ ပင်စိမ်း၊ တရုတ်နံနံ၊ ငရုတ်ကောင်းမှုန့်၊ oregano၊ thyme တို့ကို အပေါ်မှ ဖြူးပေးပါ။

၅။ အမဲသားဆော့ချက်ပြီပြီဆိုလျှင် Lasagna ခေါက်ဆွဲလုပ်ပါတော့မည်။

Lasagna ခေါက်ဆွဲ လုပ်နည်း

၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ricotta  ချိစ်၊ ကြက်ဥ၊ တရုတ်နံနံတို့ကို ရောမွှေထားပါ။

၂။ ထို့နောက် ဗန်းတစ်ခုထဲတွင် ချက်ထားသော အမဲသားဆော့(၁ခွက်ခွဲ) ခန့်ကို ခင်းလိုက်ပါ။

၃။ ပြီမှ ပထမဆုံးအလွှာမှာ Lasagna ခေါက်ဆွဲပြား ၃ခုကို ခင်းလိုက်ပြီ အပေါ်မှ Ricotta ချိစ်များ၊ Mozzarella ချိစ် ပြားများ ခင်းပေးပါ။

၎။ ပြီလျှင် ဒုတိယအလွှာတွင် Lasagna ခေါက်ဆွဲပြား ၃ခုကို ထပ်ခင်းပြီ အမဲသားဆော့နဲ့ ခြစ်ထားသော ချိစ်များ ဖြူးပေးပါ။

၅။ ထို့နောက် တတိယအလွှာအတွက် Lasagna ခေါက်ဆွဲပြား ၃ခုခင်းပြီ Mozzarella ချိစ်ပြားများ ခင်းပေးပါ။

၅။ ထိပ်ဆုံးအလွှာကိုတော့ Lasagna ခေါက်ဆွဲပြား ၃ခုကို ထပ်ခင်းပြီ အမဲသားဆော့နဲ့ ခြစ်ထားသော ချိစ်များ ဖြူးပေးပါ။

၆။ ထို့နောက် ဗန်း အပေါ်မှ သတ္တုပြား (aluminum foil) ကို အုပ်လိုက်ပြီ Oven ထဲထည့်ကာ ၁၉၀ ဒီဂရီဖြင့် အပေါ်မီး၊ အောက်မီးနဲ့ ၃၅မိနစ်ခန့် ဖုတ်ပေးပါ။

ရ။ ပြီလျှင် သတ္တုပြားကို ဖယ်ပြီ နောက်ထပ် ၂၅မိနစ် ထပ်ဖုတ်ပေးပါ။

၈။ Lasagna ကို ရပြီဆိုလျှင် ၆ပိုင်းပိုင်းကာ ပူပူလေး သုံးဆောင်နိုင်ပါပြီ…

27 comments

  1. mi mi says:

    i will try…thz…sis

  2. phyu thant says:

    စားချင်စရာကြီး …သရေတွေကို ကျလာပီ ..

  3. ခင်ယမုံ says:

    Lasagne ကိုအရမ်းကြိုက်တယ်ညီမလေး..
    အမြဲဝယ်စားဖြစ်တယ်..
    တစ်ခါမှတော့မလုပ်ဖူးဘူး..အခုတော့ညီမလေးပြောသလိုလုပ်ကြည့်မယ်နော်..
    ကျေးဇူးညီမလေး
    🙂

  4. thida says:

    oh ,look delicious and I will try it.Thanks alot.

  5. Hnin Ei Khaing says:

    လုပ်စားကြည့်အုံးမယ်…..စိတ်ဝင်စားလာပီ……

  6. kha lae eat chin tar kyar pe….ko lote pay ma bae eat top mal hee 😉

  7. Lasagna ကိုကျောင်းတုန်းကလုပ်စားဖြစ်ပါတယ်။ အခုတော့မစားရတာကြာသွားပြီ။ အစတုန်းက တစ်ခါမှကိုမစားဖူးတဲ့အပြင် နာမည်တောင် ဘယ်လိုထွက်ရမှန်း မသိဘူး။ နောက်တော့မှ လာစညာ လို့ခေါ်တာတဲ့ဆိုပြီး ချက်တော့မှ စားဖူးပြီး ကြိုက်သွားတာ။ တော်တော်လေးစားယူရတယ် အီလို့။ အခုမစားရတာကြာတော့ လွမ်းသလိုလိုတောင်ရှိတယ်။ အခုလိုတင်ပေးထားတာကိုကျေးဇူးတင်ပါတယ် အရင်က အတိတ်တွေကိုပြန်သတိရအောင်လုပ်ပေးလို့ပါ။

  8. တစ်ခါမှ မတွေ့ဘူးသေးတဲ့ အစာမို့ စိတ်ဝင်တစားလေ့လာ ဖတ်ရှု မှတ်သားသွားပြီ ဝတ်ရည်ရေ။ နည်းလေးအတွက် ကျေးဇူးပါနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

  9. ၇တနာ says:

    ပီဇာဆိုင်တွေမှာတွေ.တွေ.နေတာဝယ်မစားဖြစ်ဘူး။မစားဘူးလို.။မဝတ်၇ည်ချက်ပြမှအ၇မ်း
    ကိုစားချင်သွားတယ်။တော်တော်စားကောင်းမဲ.ပုံပဲ။ဒီနေ.ပဲလုပ်စားလိုက်တော.မယ်။ဝေမျှ
    တာကျေးဇူးပါ…….

  10. i will try it, thanks sister

  11. […] May 3, 2012 အီတလီစတိုင် Lasagna ခေါက်ဆွဲ […]

  12. Ko Sai says:

    Bite Town Sar Lar P.. Galu

  13. Mai says:

    Is that ok to make with Microwave instead of Oven. I only have Microwave and I really like Lasagna.

  14. ​ကျော်​ရင်​ဦး says:

    Ricotta cheeseဆိုတာဘာချိစ့်​လဲသိချင်​ပါတယ်​မမဝတ်​ရည်​။

  15. U than Tun says:

    I like very much for your cooking method and thank a lot.
    May success for a longtime and get high success.

Leave a Reply

Your email address will not be published. Required fields are marked *