တူနာ ပန်ကိတ်

တူနာ ပန်ကိတ်

ကိုရီးယား ဟင်းရံဖြစ်သော တူနာပန်ကိတ်ကို အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်တာမို့ ကြိုက်နှစ်သက်ကြမှာပါ။ ၀တ်ရည်ကတော့ နေလည်စာအစာပြေ အဖြစ် လုပ်စားဖြစ်တာပါ။ လုပ်ရတာလည်း အရမ်းလွယ်ပါတယ်။ ကျန်းမာရေးလည်း ညီညွှတ်ပြီ ထမင်းနဲ့ပဲတွဲစား၊ အစာပြေပဲ စားစား ကောင်းမွန်ပါသည်။ တူနာပန်ကိတ် ချက်နည်လေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • တူနာစည်သွပ်ဘူး (tuna can)   ♦ ၂ဗူး
  • ကြက်သွန်နီ (onion)               ♦ ၄ဥ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ (gralic)              ♦ ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

  • ဆား (salt)                         ♦ လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် (black pepper)♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်ဥ (egg)                      ♦ ၂လုံး
  • နှမ်းဆီ (seasame oil)            ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဂျုံမှုန့် (flour)                       ♦ စားပွဲတင်ဇွန်း ၂ဇွန်း

ပန်ကိတ် လုပ်နည်း

၁။ အရင်ဆုံး တူနာကို စည်သွပ်ဗူးထဲမှ မထုတ်ခင် စည်သွပ်ဗူးထဲမှ ပါသောအရည်များကို စစ်ထုတ်လိုက်ပါ။

၂။ ပြီမှ တူနာများကို လက်ဖြင့်ဖွချေပြီ ဇလုံတစ်ခုထဲ ထည့်လိုက်ပါ။

၃။ ပြီလျှင် ဇလုံထဲသို့ ပါဝင်ပစ္စည်းများ ဖြစ်သော (တူနာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ကြက်ဥ၊ နှမ်းဆီ၊ ဂျုံမှုန့်) တို့ကို ထည့်ပြီ လက်ဖြင့် သမအောင် ရောနယ်လိုက်ပါ။

၎။ ရောနုယ်ထားသော တူနာများကို ပုံတွင်ပါသည့်အတိုင်း အ၀ိုင်းပြားလေးများ လုပ်ပေးပါ။

၅။ ထို့နောက် ဒယ်ထဲဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ခန့်ထည့်ပြီ တူနာများကို အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။

၆။ ကျက်လျှက်ပြန်ဆယ်ထားပေးပြီ တူနာပန်ကိတ်ကို နေ့လည်အစာပြေအဖြစ် သုံးဆောင်နိုင်ပါပြီ…

27 comments

  1. ta kar ma ma eat buu buu…tal tal kaung mae pone bae naw… lote sar kyi own mal

  2. Aye myat says:

    I will try it..look like delicious

  3. tin tin hla says:

    koung ba koung ba…thz wut hmone

  4. ခင်ယမုံ says:

    ညီမလေး..
    တူနာစည်သွပ်ဗူးက အထဲမှာ အနှစ်တွေနဲ့ချက်ထားပြီးသားလား..အနှစ်မပါပဲ ချက်ဖို့အဆင်သင့်လုပ်ထားတာလား ?
    ကြည့်ရတာမွှေးပြီးစားလို့ကောင်းမှာပဲ..
    လုပ်စားမယ်ညီမလေး
    ကျေးဇူး
    🙂

    • chowutyee says:

      စည်သွပ်ဗူးထဲက တူနာက တ၀က်ပဲ ကျက်သေးတယ်။ ရိုးရိုး တူနာစည်သွပ်ကို ၀ယ်ရမှာပါ၊ ဟင်းချက်ထားတဲ့ တူနာဗူးတွေ မဟုတ်ဘူး.. လုပ်စားကြည့်နော် မခင်ယမုံ.. 🙂

  5. zarni says:

    လုပ်စားကြည့်တော့မယ် မမရေ တူနာဆိုကြိုက်တယ် တူနာနဲ့လုပ်လို့ရတာလေးတွေတင်ပေးပါဦးနော်

  6. Leo Mark says:

    အာလူး ကက်သလိပ်လို မျိုးလေးပဲနော်… တူးနား ကက်သလိပ် လို့ခေါ်ပြီးနာမည် တစ်မျိုးနဲ့ လုပ်စားအုံးမှ ပဲ ဟီးးး

    • chowutyee says:

့ဟားဟား။ တူနာ ကကတ်သလိပ် နံမည်လေးလည်း ဆိုးဘူး ကောင်းသားပဲ။ လုပ်စားကြည့်နော်

  7. sumyat says:

    Thank ma wutyee I will try
    it today.

  8. sumyat says:

    How about salmon I Don’t have tuna right now.

  9. […] May 7, 2012 တူနာ ပန်ကိတ် […]

  10. Ah Pan says:

    ညီမရေ ကျေးဇူးနော်။
    တူနာ က တူနာငါးမဟုတ်ဘူးနော်။ တူနာ သတ်သတ်ရှိတာလား။
    မသိလို့ ရှင်းပြပေးပါနော်။

    • admin says:

      တူနာဆီသွပ် ရယ်ဒီမိတ်ဘူးလေးတွေ ရှိပါတယ်.. 🙂

  11. nan says:

်မနက်ဖြန်လုပ်ကြည့်မယ်

  12.ိd.mya win says:

    ဟင်းနာမည်မသိပါ။ မြေအိုးနဲ့ချက်တာ။အရည်သောက်ဘဲ။တို့ဟူး ပျော့၊အရည်ကချဉ်စပ်လေးမပျစ်မကျဲနဲ့၊သောက်လို့အရမ်းကောင်းတယ်။ချက်နည်း၊ပါဝင်တဲ့ဟာတွေပြောပြပေးပါ။ဟင်းနာမည်ပါပြောပေးပါ။ကိုရီးယားမှာစားခဲ့လို့၊thanks

  13. Chit Phue says:

    အခုလေးတင်ပဲ ကြော်ပြီးသွားပါပြီရှင်…
    ဒါနဲ့ မ၀တ်ရည်ရေ… ညီမ မျက်နှာမှာတော့ ဆီပေါက်ရာ ၃ခုဖြစ်သွားတယ်…
    ဟိုဖက် ဒီဖက် လှန်တဲ့အချိန်မှာ… ညီမ ခက်ရင်းနဲ့ ထိုးလိုက်မိတာ… ဆီတွေ ထ ပေါက်ပါလေရော…
    စားကောင်းပါတယ်… ဒါပေမယ့် ဆားနည်းနည်းငံတယ်…

Leave a Reply

Your email address will not be published. Required fields are marked *