ဝက်သားလုံးကြော်
ဝက်သားလုံးကြော်
ဇွန်ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာမို့ ကလေးတွေ အတွက် အထူးစပယ်ရှယ် ထမင်းဘူး လုပ်နည်းလေးတွေ ရွေးချယ် တင်ဆက်ပေးသွားပါ့မယ်။ ၀က်သားကို ပါမုန့်ခြောက်ရယ်၊ ဂျုံနဲ့ ကပ်ပြီ အကြွပ်ကြော်ထားတဲ့ ၀က်သားလုံးကြော် လေးတွေပါ။ ထို့ပြင် ကျန်းမာရေးနဲ့ ညီမျှအောင် မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ဘိုးစားပဲ တို့ကို ကြော်ထားတာလေး ထည့်သွင်းထားပါတယ်။ ထမင်းကတော့ ကလေးတွေ အကြိုက် Angry Bird ပုံလေးကို ဖော်ထားတာပါ။ ထမင်းဘူးလေး တူတူပြင်ကြရအောင်…
ဝက်သားလုံးကြော် ပါဝင်ပစ္စည်းများ
  • ၀က်သား – ၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – တစိတ် (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ဝက်သားလုံး ကြော်နည်း
၁။ အရင်ဆုံး ၀က်သားလုံးကြော် အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ) တို့ကို ဇလုံတစ်ခုထဲ သမအောင် ရောနုယ်လိုက်ပါ။
၂။ ပြီလျှင် နုယ်ထားသော ၀က်သားများကို အနေတော် အလုံးလေးများ လုံးလိုက်ပါ။
၃။ ပြီမှ ပြီးလျှင် ပန်းကန်ပြားတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး ၀က်သားလုံးများကို ဂျုံကပ်ပေးပါ။
၎။ ပြီးနောက် ခလောက်ထားသော ကြက်ဥခွက်ထဲ ၀က်သားလုံးများကို နှစ်စိမ်ပေးပြီး ပါမုန့်ခြောက် (breadcrumb) ထည့်ထားသော ပန်းကန်ပြားထဲထည့် ပါမုန့်ခြောက်များ ကပ်ပေးပါ။
ရ။ ဒယ်ထဲ ဆီများများထည့်၍ ၀က်သားလုံးများကို မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပါ။
၈။ ၀က်သားလုံးများ ရပြီဆိုလျှင် ဟင်းရွက်များကို ကြော်ပါ့မည်။
၉။ ဟင်းရွက်ကြော်အတွက် အရှည်လှီးထားသော မုန်လာဥနီ၊ ဘိုစားပဲ၊ ထပ်ခြမ်းခြမ်းထားသော ပြောင်းဖူးသေး တို့ကို အရင်ဆုံး ရေနွေးဖျော်ပေးပါ။
၁၀။ ပြီမှ ပြန်ဆယ်ကာ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) တို့ဖြင့် ရောနုယ်ပြီ ကြက်သွန်မြိတ်များဖြင့် စည်းထားလိုက်ပါ။
၁၁။ ထို့နောက် ဒယ်ထဲ ဆီနည်းနည်းထည့်ပြီ စည်းထားသော ဟင်းရွက်များကို ရေ (အနည်းငယ်)  ထည့်ကြော်ပေးပြီ ပြန်ဆယ်ထားလိုက်ပါ။
၁၂။ ဟင်းရွက်ကြော်ရပြီဆိုလျှင် ၀က်သားလုံးကြော်၊ ဟင်းရွက်ကြော်တို့နှင့် ထမင်းဘူးကို ပြင်လို့ရပါပြီ…
မှတ်ချက် ။       ။ Angry Bird ထမင်းလုပ်ပုံ အဆင့်ဆင့် သိချင်ပါက အောက်တွင် ဆက်ဖတ်ပါ။
Angry Bird ထမင်းပုံဖော်နည်း
၁။ အရင်ဆုံး Angry Bird လုပ်ရန် ထမင်း ၃ပုံ၂ပုံကို ခရမ်းချဉ်သီးဆော့(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ကာ ရောနယ်လိုက်ပါ။
၂။ ပြီလျှင် ခရမ်းချဉ်သီးဆော့နှင့် ရောနုယ်ထားသော ထမင်းကို တြိဂံပုံဖော်လိုက်ပါ။
၃။ ပြီမှ ကျန် ထမင်းဖြူ ၃ပုံ၁ပုံကို Angry Bird တြိဂံအောက်ခြေမှာ ကပ်ပေးပါ။
၎။ ထို့နောက် Angry Bird ပုံကြမ်းရပြီဆိုလျှင် မျက်လုံး၊ မျက်ခုံး အတွက် ရေညှိရွက်၊ ချိစ်ပြားကို အသုံးပြုပါ။
၅။ နှာခေါင်း၊ အမောက်ကို မုန်လာဥနီနှင့် ပုံဖော်ပေးပါ။
45 comments
  1. Wai Lynn says:
    I want to eat… 🙂
    Thanks !
  2. Mon Mon Aung says:
    sis Wutyee! you are very creative. it’s so so lovely… i want to try this one. :))
  3. သက်လေး says:
    စားချင်စရာလေးပါလား… ဗိုက်တောင်ဆာလာပြီ…
  4. myattun says:
    လုပ်တာကတော့ ဟုတ်ပါပြီ–ပြီးရင် ပုံစံပျက်သွားမှာစိုးတာနဲ့ စားရခက် ထားရခက် ဖြစ်နေမှာပဲ-ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်–
  5. mike hla gyi lar…so creative and so clever my twin 😀 sar taugh ma sar yate buu heee
  6. […] May 10, 2012 ၀က်သားလုံးကြော် […]
  7. Hnin Wut Yee says:
    Yummy , Thank you so much .
  8. Hpung says:
    Thank you so much
  9. ခင်ယမုံ says:
    ညီမလေးလုပ်ထားတာချစ်စရာလေး..
    ဝက်သားလုံးကြော်လေးကလည်း မွှေးနေမှာပဲ..
    ဟင်းရွက်ကြော်လေးတွေကလည်း အထုပ်လိုက်လေး..စားချင်စရာ
    လုပ်စားမယ်ညီမလေး
    ကျေးဇူး
    🙂
  10. mya kay khaing says:
    ကလေးတွေအတွက် စိတ်ရှည်ရှည်နှင့်စားချင်စဖွယ်ဖြစ်အောင်စီမံပေးတတ်တဲ့ အစ်မကို အတုယူ အားကျမိပါတယ်…
  11. Su Su Wint says:
    Thank you, I like it too much 🙂
  12. Cho29 says:
    မ.. ဟို angry bird ပုံဖော်ဖို့ အတွက် တြိဂံပုံကိုဘယ်လိုလုပ်လဲဟင်.. နောက်ပြီးနောက်ထပ်၃ပုံ၁ပုံကိုအောက်ခြေမှာဘယ်လိုထည့်လိုက်တာလဲ အမ..
    • admin says:
      ခရမ်းချဉ်သီးဆော့နဲ့ နုယ်ထားတဲ့ ထမင်းကို တြိဂံပုံ အရင်လုပ်ပြီမှ၊ အောက်ခြေက ထမင်းဖြူလုံးလေးနဲ့ ကပ်လိုက်တာပါ။ angry bird ပုံဖော်တဲ့အခါ ထမင်းတွေ လက်မှာ မကပ်အောင် ပလတ်စတစ်ထဲ ထည့်ကာ လုပ်ပေးပါ.. Plz tryi it
  13. STA says:
    ပေါင်မုန့်ခြောက် ကို ဘယ်လိုလုပ်ရမလဲအမ..လုပ်ကြည့်ချင်လို့
    • admin says:
      ပေါင်မုန့်ခြောက်က ကိုယ်တိုင် လုပ်စရာမလိုပါဘူး.. Bread crumb ဆိုပြီ ဆိုင်တိုင်းမှာ ၀ယ်လို့ရပါတယ်.. 🙂
  14. darlay says:
    အမ ! ပုံလေးတွေဖော်ထားတော့ စိတ်ဝင်စားဖို့ကောင်းတယ်..ပုံဖော်နည်းအသစ်တွေကိုလည်းဆက်လက်ဖော်ပြပေးပါအုန်နော်
  15. san san says:
    ညီမလေးရေ ၀က်နံရိုး အချိုချက် ချက်စားတယ် ကျေးဇူးတင်ပါတယ်နော် angry bird နဲ့ piggy လဲ လုပ်တယ် ဒါပေမယ့် ညီမလေးလုပ်တာနဲ့လဲမတူုဘုး 🙂 လူအများစိတ်ကြည်နူး ကျေနပ်စေတဲ့ ဟင်းတွေကို ချက်ပေးတဲ့ညီမလေးလဲ ကြည်နူးချမ်းမြေ့တဲ့ ဘ၀လေး အမြဲပိုင်ဆိုင်နိုင်ပါစေနော် 🙂
  16. Hninn Wityi Ranjitkar says:
    Ma Wutyee,
    Kyan mar chan thar par say.
  17. ninihlaing says:
  18. ကျော်ဝေယံဖြိုး says:
    မဝတ်ရည်ရဲ့သားသမီးတွေကတော့ ကံကောင်းတာပဲ သူတို့အားလုံးအတွက် ဒီတစ်ဘူးစီ ကျောင်းအမီထုပ်ပေးဖို့ဆိုရင် အမ မနက်အစောကြီးထရမှာပေါ့နော်။ စိတ်ရှည်သီးခံသော မိခင်စိတ် အပြည့်ရှိသော မချိုဝတ်အတွက် သားသမီးများကိုယ်စား ဂုဏ်ယူပါတယ်။ မိမိကဲ့သို့ စိတ်ရှည်သီးခံတတ်သော အကြင်နာတရားပြည့်ဝသော ချွေးမများ၏ယောက္ခမ ဖြစ်ပါစေ။ Thank You မဝတ်ရည်….ကိုယ့်ဘာသာ ထုပ်ပြီး ကျောင်းကိုယူသွားဦးမယ်။သူငယ်ချင်းတွေကိုတော့ ငါ့အမေလုပ်ပေးတာလို့ လိမ်ပြီးကြွားမယ်လေ။:D
  19. sansanaye says:
  20. babycow307 says:
    thanks a lot. I Like that.
  21. leo thant says:
    ညီမလေးဝတ်ရည်ရေ….အကိုဝက်အူကိုကြော်စားချင်လို့ပါ။တချိန်ကလေဟာပြင်မောင်မြင့်(ယခုဘုန်းကြီးလမ်းအနောက်လမ်းထဲ)…အဲ့လိုပုံစံမျိုးကိုဆိုလိုတာပါညီမလေး….အရမ်းစားချင်လို့ပြောပြပေးပါနော်။
  22. leo thant says:
    ညီမလေးဝတ်ရည်ရေ….အကိုဝက်အူကိုကြော်စားချင်လို့ပါ။
    တချိန်ကလေဟာပြင်မောင်မြင့်(ယခုဘုန်းကြီးလမ်းအနောက်လမ်းထဲ)…
    အဲ့လိုပုံစံမျိုးကိုဆိုလိုတာပါညီမလေး….
    အရမ်းစားချင်လို့ပြောပြပေးပါနော်။
  23. ကြာညို says:
    ညီမလေးရေ ထမင်းဘူးပြင်နည်း အသစ်တွေတင်ပေးပါဦး ကျေးဇူးအများကြီးတင်ပါတယ်
  24. tain oo says:
    pls!!!
Leave a Reply
Your email address will not be published. Required fields are marked *