ကြက်သား ဒန်ပေါက်
ကြက်သား ဒန်ပေါက် (၈ယောက်စာ)
မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက် လေးပါ။ ရန်ကုန်မှာ စားနေကျ ဒန်ပေါက်တွေနဲ့ အရသာ၊ အနံ့မတူပေမယ့် ပိုလို့တောင် စားကောင်းပါတယ်။ မြှောက်ပိုင်း အိန္ဒိယစတိုင် ဒန်ပေါက်က အရသာက နည်းနည်းစပ်ပေမယ့် ဆီလည်း မများတာမို့ ကျန်းမာရေးနဲ့လည်း ပိုညီညွတ်ပြီ လုံးဝ မအီပါဘူး။ ကြက်သားကို ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ အသားကလည်း အရမ်းကိုနူးအိပါတယ်။ ချက်တာလည်း ထင်သလို မခက်ပဲ လွယ်လွယ်နဲ့ လုပ်စားနိုင်မှာပါ။ ကြက်သား ဒန်ပေါက်ချက်နည်းလေးကို ခုပဲ ကြည့်လိုက်ရအောင်…
ဒန်ပေါက်တွင် ပါဝင်ပစ္စည်းများ
  • ဒန်ပေါက်ဆန် (basmati rice)            ♦ နို့ဆီဘူး ၄လုံး (CityMart တွင် ၀ယ်ယူနိုင်သည်)
  • ဇီယာစေ့                          ♦ စားပွဲတင်ဇွန်း ၃ပုံ၁ပုံ
  • သီဟိုစေ့                          ♦ စားပွဲတင်ဇွန်း ၂ဇွန်းစာ
  • Saffron                          ♦ စားပွဲတင်ဇွန်း ၃ဇွန်း
မှတ်ချက် ။ ။ Saffron ဒန်ပေါက်ချက်ရာမှ အရောင်အတွက်ထည့်သော ပစ္စည်းဖြစ်သည်။ ရန်ကုန်မှာ ရှာမတွေ့တာမို့ ၀တ်ရည်ချက်တဲ့ ထဲတွင် ထည့်မချက်ထားပါ။
ကြက်သားနုပ်ထားရန် ပါဝင်ပစ္စည်းများ
  • ကြက်ပေါင်                          ♦ ၆ခု (ထက်ပိုင်းပိုင်း ထားပါ)
  • ဂျင်း                                     ♦ လက်တဆစ် (ထောင်းထားပါ)
  • ကြက်သွန်ဖြူ                      ♦ ၂ခု (ထောင်းထားပါ)
  • ကြက်သွန်နီ                        ♦ ၃လုံး (ပါးပါးလှီးပါ ကြော်ထားပါ)
  • ဒိန်ချဉ် (yoghurt)            ♦ ၁ခွက်စာ
  • ဆီ (oil)                              ♦ စားပွဲတင်ဇွန်း ၅ဇွန်းစာ
  • လေညှင်း (cloves)           ♦ ၂ခု
  • ဖာလာစေ့ (cardamon)   ♦ ၄ခု
  • ဇာပွင့် (Javetri)                ♦ ၃ခု
  • ကလာဝေရွက် (bayleaf)  ♦ ၂ခု
  • သစ်ဂျပိုး                               ♦ ၁ခု
  • ဇီယာ (cumin)                   ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဇီယာမှုန့် (cumin pdr)     ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • နံနံစေ့မှုန့် (coriander pdr)    ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးမှုန့် (chilli pdr)         ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်းမှုန့် (tumeric pdr)        ♦ စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းလုံး (အမဲ)             ♦ စားပွဲတင်ဇွန်းတ၀က် (မညက်တညက် ထောင်းထားပါ) (black pepper corn)
  • ငရုတ်သီးစိမ်း (green chilli)    ♦ ၆ခု (စိတ်ပေးပါ)
  • ဆား (salt)                                  ♦ စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • မာဆလာ (masala)                   ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • ပူစီနံ (mint)                                ♦ ၁စည်း (ပါးပါးလှီးပါ)
  • နံနံပင် (coriander)                   ♦ ၁စည်း (ပါးပါးလှီးပါ)
မှတ်ချက်။ ။ အိန္ဒိယ ဟင်းခတ်အမွှေးအကြိုင်များကို CityMart တွင် ၀ယ်ယူနိုင်ပါသည်။
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ထက်ပိုင်းပိုင်းသော ကြက်သားများကို ထည့်လိုက်ပါ။
၂။ ပြီမှ ကြက်သားမှအပ နုပ်ထားရန် ပါဝင်ပစ္စည်းများ အားလုံးကို ဇလုံထဲသို့ ထည့်ပြီ သမအောင် ရောနုယ်ထားလိုက်ပါ။
၃။ သမအောင် ကြက်သားကို နုယ်ပြီလျှင် ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နုပ်ထားပေးပါ။
၎။ ကြက်သားကို နုပ်ထားစဉ်အတွင်း basmatic ဆန်ကို နာရီဝက်ခန့် ရေစိမ်ထားပေးပါ။ (မှတ်ချက် ။။ ရေစိမ်ပေးထားမှ ဒန်ပေါက် ထမင်းချက်ရာမှ ကောင်းပါမည်)
၅။ နာရီဝက် ရေစိမ်ပြီလျှင် ဇကာဖြင့် ဆန်များကို ရေပြန်စစ်ပေးပါ။
၆။ ထို့နောက် ဒယ်အိုးတစ်အိုးထဲသို့ ရေများထည့်ပြီ ဆူလာလျှင် ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(စားပွဲတင်ဇွန်း၂ဇွန်း)၊ ဇီယာ(စားပွဲတင်ဇွန်း ၃ပုံ၁ပုံ) ထည့်မွှေပေးပါ။
ရ။ ပြီမှ ဆန်များကို လောင်းထည့်ပြီ ဆူလာသည်အထိ တည်ထားပေးပါ။
မှတ်ချက် ။ ။ ဒန်ပေါက်ဆန်ချက်ရာတွင် ကျက်သည်အထိ မတည်ရပဲ၊ တ၀က်ပဲကျက်သည့်အနေထားထိသာ တည်ရမည်။
၈။ ဒါကြောင့် ဆူလာလျှင် ၁မိန်ခန့် ထပ်တည်ပြီ ဆန်များ တ၀က်ကျက်လျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ထားပေးပါ။
ဒန်ပေါက် ချက်နည်း
၁။ ခုကြက်သား ဒန်ပေါက် စချက်ပါတော့မည်။
၂။ ဒယ်အိုးတစ်ခုထဲသို့ နုပ်ထားသော ကြက်သားများကို အရင်ထည့်ပြီ ခင်းထားလိုက်ပါ။
၃။ ကြက်သားအပေါ်မှ ဆန်များနှင့် သီဟိုစေ့များကို ခင်းလိုက်ပါ။
၎။ ထို့နောက်အပေါ်မှ နံနံပင်(အနည်းငယ်)၊ ကြက်သွန်နီကြော်၊ ငရုတ်သီး(ဆီချက်) (သို့) Saffron (စားပွဲတင်ဇွန်း ၃ဇွန်း) ဖြူးပေးပါ။
၅။ ပြီနောက် အဖုံးအုပ်ကာ (မီးပြင်းပြင်းဖြင့် ၅မိနစ်၊ မီးအသင့်တင့်ဖြင့် ၁၅မိနစ်၊ မီးနည်းနည်းဖြင့် ၁၀မိနစ်ခန့်) အားလုံး  စုစုပေါင်း နာရီဝက်ခန့် တည်ထားပါ။
၆။ ကျက်ပြီဆိုလျှင် ဒန်ပေါက်ထမင်း နှင့် ကြက်သားများကို ဖြည်းဖြည်းခြင်း ဇွန်းဖြင့် သမအောင် ရောမွှေလိုက်ပါ။
ရ။ မြှောက်ပိုင်း အိန္ဒိယစတိုင် ကြက်သားဒန်ပေါက်ကို သုံးဆောင်နိုင်ပါပြီ..
126 comments
  1. i wanna eat now…look so yuummy..so clever my twin….yep indian biryani is better than myanmar dan pout as it is a little bit spicy…. Saffron is good for coloring the rice….
  2. cho cho chit says:
    မမ .. ချက်နည်းလေးတွေပေးတာကျေးဇူးပါနော်..ကြိုးစားချက်ကြည့် ပါအုံးမယ်..
    • chowutyee says:
      ချက်စားကြည့်နော် sis.. စားနေကျ အရသာနဲ့မတူဘူး ပိုစားကောင်းတယ်.. 😀
  3. Khaing Zar Aung says:
    Thanks for your share how to cooking.
    I’ll try to cook like your way…:)
  4. ခင်ယမုံ says:
    ညီမလေးရေ..ကျေးဇူး
    အဆာပလာလေးတွေ အရင်ဝယ်ပြီးစုလိုက်အုံးမယ်..
    အဲဒါတွေက တစ်နေရာစီမှာဝယ်ရမှာ..
    ပြီးမှသေသေချာချာကိုချက်စားမယ်..
    အခု ညီမလေးချက်ထားတာကို အစ်မရော အစ်မအမျိုးသားပါ အကုန်စားသွားပြီ..
    😀
    • chowutyee says:
      ဟုတ်ကဲ့ မခင်ယမုံ.. ၀တ်ရည်လည်း ၀ယ်ဝယ်ပြီ စုထားတာ။ Ocean Market မှာတော့ အကုန်လုံးနီးပါးရတယ် မလုပ်ကြည့်နော်..
  5. daw lay says:
    ပုံနဲ့တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
  6. yumon says:
    တော်လိုက်တာ ၀တ်ရည်ရေ
  7. nandar says:
    ကျေးဇူ..ညီမလေး
    ပုံကြည့်တာနဲ့ တင်ဗိုက်စာလာပြီ…..
    အလုပ်ပိတ်တဲ့ နေ့  လုပ်စားကြည်မယ်နော်…
    • chowutyee says:
      ဟုတ်ကဲ့ လုပ်စားကြည့်ပါ မရေ.. စားလို့ အရမ်းကောင်းတယ်.. 😀
  8. eithet says:
    that looks delicious , nyi ma lay
    • chowutyee says:
      Thanks a lot Ma Ei Thet!! 😀 အရမ်းစားကောင်းတယ် မအိသက်၊ အားရင် လုပ်စားကြည့်ပါနော်.. 😛
  9. စံစံ says:
  10. မြတ် says:
    India market မှာသွားပြီး ပစ္စည်းအရင်စုပြီးမှ ဘဲချက်ရတော့မယ် ၊
    အခုတော့ ညီမရဲ့ဒန်ပေါက်ကိုအ၀စားပြီး၊ ပါဆယ်ပါ ထုတ်သွားတယ်နော်
    ကျေးဇူးတင်လျှက်
  11. နွေဦး says:
    အစ်မ တင်ထားတဲ့ပုံလေးကြည့်ပြီး အရမ်းကိုစားချင်သွားပြီ။ ဒီတပတ် လုပ်စားကြည့်လိုက်ဦးမယ်…..
  12. Saw Thandar says:
    ကျေးဇူးပါ ညီမလေးရယ် အမက ကိုယ်တိုင်ချက်ရတာ ၀ါသနာပါတယ် သိလား
  13. Chit Pyone Maung says:
    အမ ရဲ့ ချက်ပြုတ်နည်းတွေ ကြည့်ပြီး ဆိုင်တောင် ဖွင့်လို့ရပီ…
    ကျေးဇူးပါပဲ..
    မလေးရှားရောက်သူတွေအတွက် ဝမ်းသာစရာ webside လေးတစ်ခုပေါ့။
    ဖိတ်ခေါ်ပြီး ချက်ကြွေးရမှာလဲ ရှက်မိပါရဲ့…
    ကျွန်တော်ချက်တတ်တာဆိုလို့ ဘဲဥကြော်ပဲ ရှိတယ် ဟီးဟီး 😛
  14. lin kyaw says:
    saffron အစား yellow color additives ကို သုံးလို့ရပါသည်။
  15. ko lay says:
    စားသွားတယ်ဗျို့
    အလုပ်ပိတ်မှ ကိုယ်တိုင် စမ်းကြည့်မယ်
  16. […] April 3, 2012 ကြက်သား ဒန်ပေါက် […]
  17. nayoonaw says:
    ဒါပေါက်ချက်နည်းကိုသိရတဲ့အတွက် ကျေးဇူးတင်ပါတယ်.
  18. tulsi says:
    ama
    i m fan of ur page and i try so many recipe from ur page
    i got myanmar font from ur page where it is written as zaw gyi font ya yu par!!!
    but now myanmar font in my laptop suddenly disappear
    if u still have that link please share me ama
    thank u very much
  19. Yin Yin says:
    မ Wutyee ရေ ကျေးဇူ: တင် လိုက်တာ။ Spices ဘေး မှာ English လို ဘာ သာ ပြန် ပေးထားလို့။
  20.ဲJunelay says:
    မမလုပ်ထားတာ အရမ်းရမ်းစားချင်တာပဲ ^_^ အရမ်းလည်းကြိုက်တယ်
  21. zaw myo aye says:
    အရမ်းမိုက်တယ်ဗျာ-ကျွှန်တော်ကဒီလိုဆိုက်တွေကိုသိချင်တာဗျ
    အမဒီထက်မကအောင်မြင်ပါစေ
  22. nang says:
    thanks.wishes for you all the best.
  23. စံစံ says:
    အရမ်းစားလို့ကောင်းမယ့်ပုံဘဲနော်။ ပစ္စည်းတွေအရင်ဝယ်စုလိုက်ဥိးမယ်။ ဒါပေမဲ့ဝတ်ရည်ရယ် ရန်ကုန်ကလို ကြက်သားဒန်ပေါက်(နီလာဒန်ပေါက်)နဲ့ အနီးစပ်ဆုံးတူနိုင်မယ့်ချက်နည်းလေး တင်ပေးလို့ရရင် တင်ပေးပါလား။ ကျေးဇူးတင်ပါတယ်။
  24. oo myo says:
    ဒံပေါက်ထဲမှာ ထောပတ် ဘာ လို့မထည့်တာလဲ ခင်ဗျ။ လူကြီးတွေသွေးတိုး နှင့်မတည့် လို့ မထည့်တာ လို့တော့မဖြေပါနဲ့
    • admin says:
      ဒီဒန်ပေါက်က ရန်ကုန်မှာ ရောင်းတဲ့ ဒန်ပေါက်မျိုးမဟုတ်ပါဘူး။ အိန္ဒိယစတိုင် ဒန်ပေါက်ပါ။ သူချက်နည်းမှာ မပါလို့ပါ..
      • saw gerald says:
        ညီမလေးဝတ်ရည်ခင်ဗျား…ကျွန်တော်ရန်ကုန်မှာရှိစဉ်ကဆိုရင်..most of my community are Muslim, so i like their taste ,for example ဟိုအ၇င်တုန်း
        က(၁၀)ထပ်ရုံးနားမှာရောင်းနေကြတဲ့မဆထာဘုရင်..(နောက်ပြီးကြက်အရည်ခွံ
        ကြက်အတောင်ပံ..ကြက်ချေထောက်..ကြက်နှလုံး)အဲ့တာတွေကိုခုတ်ထစ်ပြီးတော့..အပေါ်ကနေပဲဟင်းရည်လိုဟာမျိုးထင်တယ်..ဆမ်းလိုက်တယ်လေ..ဆနွင်းတွေနဲ့ချက်ထားလားတော့မသိဘူးဝါတာကတော့ဝါထိန်းနေတာဘဲ..မွေးလည်းမွေ.စားလို့လဲသိပ်ကောင်းတယ်..အဲ့ဒီသူတို့ပဲဟင်းချက်တဲ့အခါမှသူတို့သုံးတဲ့မဆလာနှင့်အခြားအမွှေးအကြိုင်ပစ္စည်းများနှင့်ချက်ပုံချက်နည်းလေးများဖြစ်နိုင်ပါကတင်ပေးချင်ပါတယ်ခင်ဗျာ..အရန်းလဲကျေးဇူးတင်ပါတယ်..
        • admin says:
          ဟုတ်ကဲ့။ ကြက်သားသုပ် လုပ်နည်းလေး မကြာခင် တင်ပေးပါ့မယ်
  25. wai lay says:
    နေ့တိုင်းဝင်ကြည့်ရလောက်ကောင်း နေပါတယ်။ အမ အားရင်ဖျော်ရည်လုပ်နည်း သင်ပေးပါနော်။
    • admin says:
      ဟုတ်ကဲ့။ တင်ပေးပါမယ်။ ကျေးဇူး၊ နောက်လည်း လာလည်ပါအုန်း.. 🙂
  26. MaMa says:
    ဒီဆိုဒ်ရဲ့ လိပ်စာက DVB မှာတောင်ပါလာတယ်။
    အရင်ကတော့ ၀င်ကြည့်ဖူးပါတယ်။
    ခု DVB မှာ ကြော်ငြာတာတွေ့လို့ ထပ်လာကြည့်တာ။
    ရှဲပေးတာတွေအတွက် ကျေးဇူးအများကြီးတင်ပါတယ်။
    • admin says:
  27. Aye ei ei Aung says:
    I like this
  28. Nay lin tun says:
    I like ur website, thanks you အမ
  29. Nan Phyu says:
    အမနည်းအတိုင်း ချက်စားကြည်.တာ
    တော်တော် အဆင်ပြေတယ်။ အရမ်းလည်းစားကောင်းတယ်
    ကျေးဇူးနော်။
  30. soemyint says:
    စားလို့ ကောင်းမဲံ့ ဒါန်ပေါက်ပဲံ
  31. Ei Phyo says:
    အမရေ ဆန်တည်တာကရေဆူပီဆိုတာနဲ့၁မိနစ်ပဲထပ်တည်ရမှာလား။ ကြက်သားကိုအောက်မှာခင်းပီးဆန်ကိုအပေါ်မှာတင်ပီးစချက်တဲ့အချိန်ကျရင်အောက်ကအိုးမကပ်အောင်ရေထည့်စရာလိုသေးလားဟင်အမ? ဖြေပေးပါနော် ချက်စားကြည့်မလို့အားလုံးဝယ်ပီးသွားပီ :). Thz so much
    • admin says:
      ဟုတ်တယ် ညီမ ၁မိနစ်ပဲ ထပ်တည်ရမှာ။ ဆန်က တ၀က်ပဲ ကျက်ဖို့ လိုသေးတယ်။ ကြက်သားကို အောက်မှာ ထပ်ခင်းပြီ ချက်ရင် ရေထပ်ထည့်ဖို့မလိုဘူး။ အိုးကပ်မှာ ပူစရာမလိုပါဘူး၊ Non-stick ဒယ်ပြားနဲ့ဆို အဆင်ပြေပါတယ်. .ကျေးဇူး လုပ်စားကြည့်နော်
  32. nandar says:
    မဝတ်ရည်ရေ. ကြက်သားပေါ်ထမင်းအုပ်ပြီးရေမထည့်ရတော့ဘူးလားဟင်။
    • admin says:
      ထည့်စရာ မလိုဘူး sis. ၀တ်ရည်လည်း မချက်ခင်က စိတ်ပူနေတာ။ တကယ်ချက်ကြည့်တော့ မလိုဘူး။ ဒီနည်းအတိုင်းချက်ရုံပဲ
  33. […] ကြက်သား ဒန်ပေါက် […]
  34. ayeyumaw says:
    မမ ဒန်ပေါက်အရမ်းကောင်းပဲ။ချက်ရတာလည်းမခက်ဘူးနော်။မေမေက မမ ကိုအရမ်းကျေးဇူးတင်တယ်တဲ့ ။
    ညီမကို မမ ကသင်ပေးလို့ တဲ့ ။ ညီမကဟင်းချက်ရတာအရမ်းဝါသနာပါတယ်။မမ နားကနည်းတွေယူပြိး
    ချက်ကျွေးတာ အားလုံးကြိုက်ပဲ။မမဒီထက်မကအောင်မြင်ပါစေနော်။ကျေူးဇူးလည်းတင်ပါတယ်။ညီမကကြက်သားမုန့် နည်းနည်းထည့် လိုက်တယ်။အရသာလေးလေး လေးဖြစ်သွားတယ်။
  35. su pyae thu says:
    အမ ကြက်သားနှပ်ထားတာကိုအောက်မှာခင်းပီး ဆန်ထည့်တော့ ရေထည့်ရမှာလား
    • admin says:
      ရေ ထည့်စရာမလိုဘူး။ ကြက်သား ဒိန်ချဉ်နဲ့ နုပ်ထားတာမို့ ခဏလေးနဲ့ ကျက်တယ်… 🙂
  36. yi mon says:
    ကြက်သားတွေခင်းပီး ဆန်တွေတင်တဲ့အခါ ရေထည့်ရသေးလား အမ
    • admin says:
      ရေထပ်ထည့်ဖို့ မလိုဘူး။ မီး အတိုးအမြင့်က ချက်နည်းထဲမှာ ရေးထားတဲ့ အတိုင်း အတိအကျလုပ်ရင်ရပြီ…
  37. Ko Phyo says:
    ကြက်သားဒံပေါက် က ဟင်းခတ်အချိုမှုန့်တစ်ခုမှမပါဘူးနော်
    မထည့်လို့ဖြစ်တယ်မဟုတ်လားဟင်
    • admin says:
      ဟုတ်ကဲ့၊ ဆားပဲ ထည့်ထားတာ။ အကယ်၍ ထည့်မယ်ဆိုလည်း လက်ဖက်ရည်ဇွန်း ၁ဇွန်း(ဟင်းခတ်မှုန့်) ထည့်လို့ရပါတယ်။ မထည့်လည်း ရပါတယ်။.. 🙂
  38. Wai Wai says:
    Great Cooking fri!
  39. Wai Wai Phyo Ei says:
    Looks Really Yummy!
  40.ွှTin Tin Su says:
    ကျေးဇူးတင်ပါတယ်။ လက်တွေ့ ချက်ကြည့်လိုက်အုံးမယ်နော်။
  41. ayeaye says:
    ဟင်းချက်ဝါသနာပါသူလေးပါချက်နည်းအသစ်တွေ့တိုင်းလဲချက်စား ကြည့်ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်နော်
  42. yamin htun says:
    အမရေ….ကျေးဇူးတင်ပါတယ်…ညီမကဟင်းချက်ဝါသနာပါပြီး အိမ်မှာလဲတနေ့တမျိုးချက်စားနေကျပါ…. စားချင်တဲ့ဟင်းရှိရင် ချက်ရမှာမကြောက်တော့ပဲ..အမwebsiteထဲဝင်ကြည့်ပြီး..ချက်နေတာ.. အရမ်းအဆင်ပြေပြီးစားလို့ကောင်းပါတယ်….ဒါ့ထက်မက..ဟင်းလျာတွေအများကြီးတင်နိုင်ပါစေနော်…..
    • admin says:
      ပေးတဲ့ ဆုနဲ့ပါစေ sis ရေ။ အားပေးနေတယ်ဆိုလို့ ၀တ်ရည်ကလည်း ကျေးဇူးပါနော်..
  43. Eimon says:
    Thanks a lot for ur recipes sis! You are the best! Since we are living abroad, we really miss our traditional burmese food..and you are our savior! 🙂
  44. kkk says:
  45. may dadar says:
    Ma Wutyeeေ၇ ဇာပွင့်နဲ့ နာနတ်ပွင့်ကတူတူဘဲလာဟင်း
    • admin says:
      ဇာပွင့် နဲ့ နတ်နတ်ပွင့် မတူပါဘူး sis.. ဇာပွင့်က Javitri လို့ ခေါ်ပါတယ်။ နာနတ်ပွင့်ကို Star nut လို့ ခေါ်ပါတယ်.. 🙂
  46. Sitt Naing says:
    ပုံတွေကြည့်ပြီး..ဗိုက်တွေအရမ်းဆာလာပြီဗျာ….
  47. khin san yee says:
    Thank you for your share how to cook.Today I cooked Biryani but no good.I found your web side so next time I will try to cook. aunty ksy
  48. khin san yee says:
    Dear Thamee,
    I want to your reply mail.
    love,
    aunty ksy
  49. khin san yee says:
    Thamee,
    Thank you for your reply.
    with love,
    ksy
  50. khin san yee says:
    Thamee,
    I looking for ၀က်သနီချက်နည်။ . I don’t find it so you don’t have it. I want to know.
    love,
    aunty ksy
  51. Nyein says:
    မဝတ်ရည်
    saffron ကုန်ဈေးတန်း မှာရပါတယ်
  52. Jill says:
    1. Is there a Myanmar version of Dan bauk? If there is, could you please oblige?
    2. By the way when you mentioned Kalaway leaves translated as bay leaves. I do not think they are the same. Bay leaves looks like leaves with one central vein and small ones arising from the central vein on the both sides. The leaves in your photos look rounder and have about 5 veins coming out from the stalk of the leaf. I am not sure what it is called for I have to have an English name to buy.
    3. Also I do not like the masala in bottles bought from the shops where I live. I like to mix myself if I could to resemble the ones from Myanmar, can you help by giving me a recipe?
    Sorry to be bothering you with so many questions.
  53. Thu says:
    Ku chat sar nay dae .. Ma pi Tay bu.. Bae loe pone San htut lar ma lae sait Pu nay dal .. Thank you AMA !!
  54. Jill says:
    I shall be most grateful if you can include the formula of masala from Yangon. The masala I could get here loses the smell very quickly. I like to do on my own if possible.
    Thanks
    Jill
  55. Meedone says:
    နှပ်ထာတဲ့ကြက်သားကို အောက်မှာထားပြီး ဆန် ကို အပေါ်မှာအုပ်ပြီး နာရီဝက်လောက် တည်ထားတော့ အောက်ကကြက်သားမတူးဘူးလား ?
  56. Jill says:
    Can you send me a photo of the bay leaves you use here?
    Thanks
    Jill
  57. စန္ဒာ says:
    Saffron ဆိုတာမြန်မာလိုကုဏ္ကမံလို့ခေါ်တယ်
    လို့ဖတ်ဘူးတယ်။
  58. maayeayezaw says:
    ချက်နည်းလေးသိပြီမို့ ချက်စားကြည့် လိုက်ပါအုံးမယ်။
  59. Lone Lone Lay says:
    မြန်မာဒံပေါက်ချက်နည်းလေးတင်ပေးပါနော့်
    ချန်ပီယံ စင်ကာပူဒံပေါက်ချက်နည်လေးပါတင်ပေးပါ
    ကျေးဇူးတင်ပါသည်
  60. Lone Lone Lay says:
    ငါးခေါင်းဟင်ချိုချက်နည်းကိုပါ တင်ပေး
    စေချင်ပါသည်။
    ဝတ်ရည်ဒီထက်ပိုပြီးအောင်မြင်ပါစေ။
    • admin says:
      ပေးတဲ့ ဆုနဲ့ ပြည့်ရပါစနော်။ ကြိုးစားပြီ တင်ပေးပါ့မယ်.. 🙂
  61. It wasn’t work in the beginning, when Nature was on your side, drugging you with excitement and ecstasy.
    To cope with this problem, you will have to keep few things or guidelines in perspective as these guidelines
    will help you to choose the best Sex Chatroulette room available over internet.
    Let’s examine some of the main factors that contribute to the development of cysts,
    and then the best things we can do to avoid them.
  62. khaing su mon says:
    အမဟင်းချက်သင်တန်းဖွင့်လားဆိုတာသိပါရစေ။
    ညီမအရမ်းတက်ချင်လို့ ပါ။
    အမရဲ့ ဟင်းချက်နည်းတွေကိုအရမ်းသဘောကျလို့ပါ။
    အကြောင်းပြန်ပေးပါနော်အမ
  63. မမွန် says:
    ဆိုင်မှာဝယ်မစားတော့ဘူး
    ဝတ်ရည်ရဲ့ဟင်းချက်နည်းတွေကြည့်ပြီးအိမ်မှာဘဲချက်စား
    တော့မယ်
  64. Myo gyi says:
    အိမ်ရှင်မလက်စွဲ website
  65. ko aung says:
    ဝင်ကြည့်ဖြစ်တာ၃ရက်လောက်ပဲရှိအုန်းမယ်နောက်ကျသွားတယ်saffronဆိုတာမသိဘူးအမည်တွေမသိရင်ဘယ်မှာကြည့်ရမလဲခင်ဗျမနေ့ကရွှေညာင်ပင်ကြက်သားသုတ်လုပ်စားဖြစ်တယ်သမီးနဲ့ဇနီးတောင်အထင်ကြီးသွားတယ်အရမ်းကိုကျေးဇူးပါမဝတ်ရည်အမသိတာလေးတွေဖြေပေးပါခုဘယ်နိုင်ငံမှာလဲ
  66. ko aung says:
    ဝင်ကြည့်ဖြစ်တာ၃ရက်လောက်ပဲရှိအုန်းမယ်နောက်ကျသွားတယ်saffronဆိုတာမသိဘူးအမည်တွေမသိရင်ဘယ်မှာကြည့်ရမလဲခင်ဗျမနေ့ကရွှေညာင်ပင်ကြက်သားသုတ်လုပ်စားဖြစ်တယ်သမီးနဲ့ဇနီးတောင်အထင်ကြီးသွားတယ်အရမ်းကိုကျေးဇူးပါမဝတ်ရည်အမသိတာလေးတွေဖြေပေးပါ
  67. KMmyint says:
    အရမ်းဝမ်းသာပါတယ်။တောမြို့ဆိုတော့
    ဒန်ပေါက်ကောင်းမစားရဘူး ကိုယ်တိုင်
    ပဲဖေါက်းတော့မယ်။ကျေးဇူးပါ
  68. Hkangda says:
    ကြက်​သားသပ်​သပ်​ ဒံ​ပေါက်​ထမင်းသပ်​သပ်​ ချက်​လို့ရလားအစ်​မ
  69. နိုင်နိုင်း says:
    အမ မြန်မာလက်ဖက်ရည်ဖျော်နည်းလေးတင်ပေးလို့ ရမလား
Leave a Reply to admin Cancel reply
Your email address will not be published. Required fields are marked *