နာနတ်သီး ထမင်းကြော်

နာနတ်သီး ထမင်းကြော်


ထိုင်းစတိုင် နာနတ်သီး ထမင်းကြော်လေးပါ။ နာနတ်သီးရဲ့ အချိုအရသာနဲ့ ကြက်သား၊ ပုဇွန်ရဲ့ အရသာပေါင်းစပ်မှုကြောင့် အလွန်စားလို့ကောင်းပါတယ်။ စားချင်စဖွယ်လည်း ကောင်းပြီ လုပ်ရတာလည်း လွယ်တာမို့၊ လုပ်နည်းကို ကြည့်လိုက်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ ချက်ပြီသား ထမင်း – ၃ယောက်စာ

၂။ နာနတ်သီး – ၁လုံး (မှည့်ရမည်)

၃။ ကြက်ရင်ဗုံသား – ၁၀ကျပ်သား (အတုံးသေးလေးများ တုံးပါ)

၎။ ပုဇွန် ဘော်ကျိဒ် – ၁၀ကျပ်သား ( အခွံနွှာပြီ အတုံးသေးများ တုံးပါ)

၅။ ပုဇွန်ခြောက် – စားပွဲတင်ဇွန်း ၂ဇွန်းစာ

၆။ ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ

၇။ ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း

၈။ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

၉။ ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

၁၀။ ကြက်သွန်မြိတ် – စည်းတ၀က် (ပါးပါးလှီးပါ)

၁၁။ နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ၊ အပေါ်မှ ဖြူးရန်)

၁၂။ ငရုတ်သီးထောင့်ရှည် – ၁ထောင့် (အစေ့ထုတ် ပါးပါးလှီးပါ၊ အပေါ်မှ ဖြူးရန်)

၁၃။ ၆။ ကြက်သွန်နီ – ၁လုံး (အ၀ိုင်းပါးပါးလှီးပြီ ကြော်ထားပါ)

 

ပြင်ဆင်နည်း

၁။ မချက်ခင် နာနတ်သီးကို အလယ်မှ ထက်ပိုင်း ပိုင်းလိုက်ပါ။

၂။ ပြီလျှင် နာနတ်သီး အတွင်းသားကို ဓားဖြင့် ပတ်ပတ်လည် လှီးကာ ဇွန်းဖြင့် ကော်ထုတ်လိုက်ပါ။

၃။ ပြီမှ ထိုနာနတ်သီး အသားများကို အတုံးလေးများ တုံးပေးပါ။

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သား နှင့် ပုဇွန်ကို ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) စီဖြင့် နုယ်ထားပေးပါ။

၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ကို ထည့်ပြီ ဆီပူလာလျှင် ကြက်သား၊ ပုဇွန်များကို ထည့်ကြော်ပေးပါ။

၃။ ကြက်သား၊ ပုဇွန် ကျက်ပြီဆိုမှ (ထမင်း၊ ပုဇွန်ခြောက်၊ ငါးငံပြာရည်၊ ပဲငံပြာရည်၊ သကြား) တို့ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၎။ ပြီမှ နာနတ်သီး၊ ကြက်သွန်မြိတ်များ ထည့်ပြီ  ၂မိနစ်၊ ၃မိနစ်ခန့် ထမင်းကြော်ကို ဆက်ကြော်ပေးပါ။

၅။ ပြီနောက် မီးပိတ်ပြီ နာနတ်သီးထမင်းကြော်များကို နာနတ်သီးထဲသို့ ထည့်လိုက်ပါ။

၆။ ထို့နောက် အပေါ်မှ နံနံပင်၊ ငရုတ်သီးထောင့်ရှည်၊ ကြက်သွန်ကြော်များဖြူး၍ သုံးဆောင်နိုင်ပါပြီ…

19 comments

  1. မြတ် says:

    မြင်တာနဲစားချင်နေပြီ ၊ အရသာလည်းအရမ်းကောင်းမှာဘဲနော်၊
    လွယ်လဲလွယ်မယ်နဲ့တူတယ်၊ မိသားစုအားရက်တရက်တော့လုပ်စားအုံးမယ်
    အခုတော့ စားပြီ ပါဆယ်ပါဆွဲသွားတယ်နော်
    ကျေးဇူးတင်လျှက်

  2. ခင်ယမုံ says:

    ညီမလေးရေ
    အစ်မ ခဏခဏကြော်စားဖြစ်တယ်..
    အခုလည်း ညီမလေးပြောသလိုထပ်ကြော်စားမယ်..
    ညီမလေးကြော်ထားတာကို အစ်မကစားချင်တာ..ပိုကောင်းမယ်ဆိုတာသေချာတယ်..
    ကျွေးမှာလား..
    🙂

  3. Su Myat says:

    မြင်တာနဲ့တင်စားချင်နေပြီ အမရေ..
    ဒီပိတ်ရက်မှာလုပ်စားကြည့်လိုက်ဦးမယ်..

  4. nandar says:

    ညီမလေး …အမ ထိုင်းဆိုင်မှာသွားစားတာ စားလို့ ကောင်းတယ်…
    ညီမ ကြော်တာလေးက ပိုကောင်းမယ်ထင်တယ်…
    စားချင်လိုက်တာ…

  5. mike hla gyi lar…a pyan sar bae…eat chin tal 🙂

  6. hlahla says:

    good to read and make more new way. like very much.

  7. […] April 7, 2012 နာနတ်သီး ထမင်းကြော် […]

  8. Ei Snow says:

    အိုးဟို မိုက်ပြန်ပြီပေါ့ကွယ်… အင်းလျားလိတ်မှာစားခဲ့တာကို ပြောလို့ မပြီးဘဲ တဖွဖွဖြစ်နေတာကို အိမ်မှာလုပ်ကျွေးလို့ ရပြီမို့ ၀တ်ရည်ကို ကျေးဇူးတင်ပြီးရင်းတင်ပါတယ်ရှင်… ပြီးတော့လေ မ၀တ်ရည် ချက်နည်းတွေနဲ့ ချက်ထားတာလေးတွေကို မ၀တ်ရည်ကို ကျွေးချင်ပါသေးတယ် ၁ရက်ရက်တော့ မ၀တ်ရည် အချိန်ပေးနိုင်ရင် ကြိုးစားချက်ကြည့်ပြီး ထမင်းစားဖိတ်အုံးမယ် လို့ စဉ်းစားမိပါတယ် ကျေးဇူး

    • admin says:

      ဟုတ်ကဲ့ ခုလို ထမင်းစားဖိတ်ကျွေးချင်တယ်ဆိုလို့ စေတနာနဲ့ကို ၀တ်ရည်က ကျေးဇူး အများကြီးတင်ပါတယ်.. 😛

  9. ခင် says:

    မဝတ်ရည်ရေ………မြန်မာဟင်းချက်နည်းလေးတွေလဲ တင်ပေးပါဦး……

    အမရဲ့ ဆိုဒ်လေးကို အရမ်းသဘောကျပါတယ်…..ဓာတ်ပုံတွေလဲ အကုန်မြင်ရတယ်…

    အားပေးလျက်ပါ…(မျှဝေခွင့်လဲ ပေးပါနော် :D)

    • admin says:

      ဟုတ်ကဲ့ မြန်မာ ချက်ပြုတ်နည်းတွေ ကြိုးစားပြီ များများ တင်ပေးပါ့မယ်နော်..မျှဝေခွင့်လည်း ပေးပါတယ် sis ကျေးဇူးပါ

  10. […] နာနတ်သီး ထမင်းကြော် […]

  11. အ၇မ်းကောင်း

Leave a Reply

Your email address will not be published. Required fields are marked *