ဆတ်သားဟင်း

ဆတ်သားဟင်း

ပါဝင်သောပစ္စည်းများ

၁။ ဆတ်သားခြောက် – ၁ထုပ်

၂။ ခရမ်းချဉ်သီး – ၅လုံး (အရှည်လိုက်လှီးပါ)

၃။ ကြက်သွန်ဖြူ – ၃မွှာ (နုပ်နုပ်ဆင်းပါ)

၎။ ကြက်သွန်နီ – တခြမ်း (နုပ်နုပ်ဆင်းပါ)

၅။ ငရုတ်သီးစိမ်း – ၅ခု (၂ခြမ်းခွဲ)

၆။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း

၇။ နံနံပင် – လက်တဆုပ်စာ

၈။ ငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ ဆတ်သားခြောက်ကို ရေ ၁နာရီလောက်ရေစိပ်ထားပေးပါ။

၂။ ဒယ်ထဲဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ ကြက်သွန်နီ အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။

၃။ ပြီးလျှင် ငရုတ်သီးမှုန့် ထည့်မွှေပေးပြီး ခရမ်းချဉ်သီးအားလုံးကို ထည့်မွှေလိုက်ပါ။

၎။ ရေကို ခရမ်းချဉ်သီးမြှပ်ရုံထည့်ပြီး ခရမ်းချဉ်သီး နူးအိသည်အထိ တည်ပေးပါ။ လိုအပ်ပါက ရေထပ်ထည့်ပါ။

၅။ ခရမ်းချဉ်သီးအနှစ်ရပြီးဆိုလျှင် ငရုတ်သီးစိမ်း နှင့် ရေစိပ်ထားသော ဆတ်သားခြောက်များကို ထည့်တည်ပေးပါ။

၆။ ငံပြာရည်၊ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်မွှေပေးပါ။

ရ။ ပြီးလျှင် ဆတ်သားမြှပ်သည်အထိ ရေထည့်၍ တည်ထားပေးပါ။ ရေခန်းလျှင် နောက်တစ်ရေထည့်၍ ၄ကြိမ်ခန့် ဆတ်သားနူးအိသည်အထိတည်ထားပေးပါ။

၈။ ဆီပြန်လာလျှင် နံနံပင်ကို အုပ်ပေးပါ။

၉။ စားချင်စဖွယ် အရသာကောင်းသော မြန်မာဆတ်သားဟင်းကို ရရှိပါပြီး။

ဟင်းအကြောင်း

– ဒီဆတ်သားဟင်းချက်နည်းကို ၀တ်ရည်အမေ ဆီကမေးပြီး ချက်ထားတာပါ။ ဆတ်သားဟင်းက ၀တ်ရည် ကြိုက်နှစ်သက်သော ဟင်းများထဲက တစ်ခုဖြစ်ပါတယ်။ ချက်ရတာ အချိန်ကြာပေမယ့် တကယ့် အရသာတွေ့ပြီး အနံသင်းတဲ့ ဟင်းတစ်ခွက်ပါ။

5 comments

  1. Hmone Gyi says:

    that is my favourite curry but i don’t have dry lamb at the moment 🙁

    • chowutyee says:

      နောက်တခါ လူကြုံရှိမှ ကိုယ်အတွက် ဆတ်သားခြောက်တွေ ထည့်ပေးလိုက်မယ်…. 🙂

  2. […] January 15, 2010 ဆတ်သားဟင်း […]

  3. ကိုထိုက် says:

    သိုးသားကိုလဲဒီအတိုင်းချက်ရင်ရသလားအမ သိုးသားချက်နည်းဆိုပြီးတင်ထားတာမတွေ့လို့ပါခင်ဗျာ့…

Leave a Reply to chowutyee Cancel reply

Your email address will not be published. Required fields are marked *