ဝက်သားကင်သုတ်
ထိုင်းစတိုင် ၀က်သားကင်သုတ်
ဝက်သား သုံးထပ်သားကို အရင်ကင်ပြီမှ သုတ်ထားတဲ့ အသုတ်လေးပါ။ ပါဝင်ပစ္စည်းအနေနဲ့ ဆန်မှုန့်၊ ပဲငံပြာရည်၊ သကြား တို့နှင့် ရောသုတ်ထားတာမို့ အရသာက တမျိုး ထူးခြားနေပါတယ်။ ထမင်းနဲ့ တွဲဖက်သုံးဆောင်ဖို့ အလွန်သင့်တော်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…
ဝက်သားကင်ရန် ပါဝင်ပစ္စည်များ
  • ၀က်သား – ၃၀၀ ဂရမ်
  • Red Pork seasoning ထုပ် –  တ၀က် ( supermarket မှာ ၀ယ်ယူနိုင်ပါသည်)
ဝက်သားကင်သုတ်ရန် ပါဝင်ပစ္စည်းများ
  • ၀က်သားကင်
  • ကြက်သွန်နီ – ၁ခု (ပါးပါးလှီးပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ် အရှည်လှီးပါ)
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • နံနံပင် – ၁စည်း (ပါးပါးလှီးပါ)
  • သံပရာသီး – ၁လုံး (အရည်ညှစ်ပါ)
  • ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်သီးဆီချက် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆန်အကျက်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲ Red Pork seasoning ထုပ်တ၀က်ကို ထည့်ကာ ရေအနည်းဖြင့် ရောမွှေလိုက်ပါ။
၂။ ပြီမှ ၀က်သားသုံးထပ်သားကို ထည့်ရောနုယ်ကာ ရေခဲသေတ္တာထဲတွင် ၁နာရီခန့် နုပ်ထားပေးပါ။
၃။ ထို့နောက် ၀က်သားသုံးသပ်ထပ်သားကို ကင်ရန် မီးကင်ပြားကို ဆီအနည်းသုတ်ပြီ တဖက်ကို မိနစ် ၂၀နှုန်းဖြင့် မိနစ် ၄၀ခန့် ကျက်သည်အထိ ကင်ပေးပါ။
၎။ ကျက်ပြီဆိုလျှင် ၀က်သားသုံးထပ်သားကင်ကို အရှည်လေးများ လှီးပေးပါ။
၅။ ၀က်သားသုံးထပ်သားကင် ရပြီဆိုလျှင် အသုတ်စသုတ်လို့ရပါပြီ။ အသုတ်သုပ်ရန် ဇလုံတစ်ခုထဲသို့ (၀က်သားကင်၊ ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ငရုတ်သီးဆီချက်၊ ဆန်အကျက်မှုန့်) တို့ကို ရောထည့်လိုက်ပါ။
၆။ ထို့နောက် အရသာအတွက် (ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ထည့်ကာ သမအောင် ရောနုယ်ပြီ ၀က်သားသုံးထပ်သားကင်သုတ် လေးကို သုံးဆောင်နိုင်ပါပြီ…
34 comments
  1. hmone gyi says:
    aww a mike sar bae…. wanna eat 🙂
  2. hlainghteik says:
    ဒို့ကတော့ ၀တ်ရည်တို့ ညီအမနှစ်ယောက်ရေးတဲ့ စာလေးတွေကို ၀က်သားကင်ထက် ပိုကြိုက်နေတယ်. အရမ်းချစ်ဖို့ကောင်းတယ်.
  3. ၀သန် says:
    သို့
    အမရေ
    အမချက်တဲ့ဟင်းလျာတျုင်းကို http://www.4mmnews.co.cc/
    က ကူးယူဖော်ပြနေပါတယ်ဗျ…….ဒီလို တင်ဆက်ပေးတဲ့အမကိုကျေးဇူးအထူးတင်ရှိပါသည်…
    အမ အစီအစဉ်တွေအရမ်းကောင်ပါတယ်ဗျ
    ကူးသွားတဲ့
    မော်ငလေး ၀သန် (http://www.4mmnews.co.cc/)
    • admin says:
      ဟုတ်ကဲ့ ဟင်းချက်နည်းတွေ share တာက share လို့ရပါတယ်.. တခုပဲ Request လုပ်ချင်တာက Reference: wutyeefoodhouse.com ဆိုတာလေးတော့ ထည့်ပေးစေချင်ပါတယ်.. ကျေးဇူးပါ
  4. ခင်ယမုံ says:
    ညီမလေးရေ..
    အစ်မကဝက်သားကို ပြုတ်ပြီးသုပ်စားတာများတယ်..
    အခုညီမလေးပြောသလို ကင်ပြီးမှသုပ်စားမယ်..
    ဒီနေ့ညနေလုပ်စားမယ်..
    ကျေးဇူးညီမလေး
    🙂
  5. phyo says:
    မမ ၀တ်ရည်ရေ…
    မှော်ဆရာလက်များဝင်စားလား မမရယ်…
    အသုံးဝင်လွန်းလို့ အရမ်းကို ကျေးဇူးတင်ပါတယ်
    ဖြိုးကို ထိုင်းအစားအစာ တစ်မျိုးဖြစ်တဲ့ကွေ့ တီယိုလုပ်နည်းလေး အသေးစိတ်တင်ပေးပါလားဟင် မမ..
    အသုတ်နဲ့အရည်နဲ့နှစ်မျိုးလုံးချက်နည်းလေး တင်ပေးပါနော်..
    မမဆိုဒ်ကိုလည်း subscribe လုပ်သွားပါတယ်..စောင့်မျှော်နေမယ်နော် ..
    မမ၀တ်ရည် ပျော်ရွှင်ချမ်းမြေ့ ပါစေ..
    • admin says:
      subscribe လုပ်သွားတယ်ဆိုလို့ ကျေးဇူးပါ ညီမရေ… ကွေ့တီယို လုပ်နည်းလည်း တင်မယ် တင်မယ်နဲ့ ခုထိ မတင်ဖြစ်သေးတာ။ ရှေ့အပတ်ထဲတော့ ကိုယ်တိုင်လုပ်စားပြီ တင်ပေးလိုက်မယ်နော်.. 🙂
      • phyo says:
        မမ၀တ်ရည် ဖြိုး မျှော်နေမှာနော်…
        အီးမေးလ်ထဲရော.. ဒီဆိုဒ်ကရောပေါ့….. 😛
        ကွေ့ တီယိုလုပ်နည်းတင်ပြီးရင် နောက်တစ်ခုထပ်ပူဆာဦးမှာနော်…
        ပျော်ရွှင်ချမ်းမြေ့ပါစေ မမ…
  6. Honey says:
    မရေ…
    Subscribe လုပ်ထားပါတရ်… ကျေးဇူးတင်ပါတရ် မရယ်…. ဟန်နီတအား ၀ါသနာပါတာ…
    • admin says:
      subscribe လုပ်ထားလို့ ၀တ်ရည်ကလည်း အထူးကျေးဇူးပါနော်.. 🙂
  7. အိမ်ရှင်မ says:
    ဖွင့်ကြည့်မိတဲ့ အချိန် ည ၁၁နာရီ ချက်ခြင်းပဲပြေးစားချင်စိတ်ပေါက်သွားပြီး ဆုံးဖြတ်လိုက်တယ် မနက်ဖြန် မိုးလင်းတာနဲ့ နေ့လည်စာအတွက် အဲလိုချက်မယ် ပြီးတော့ ဗိုက်ကားအောင်စားပစ်လိုက်မယ် လို့ပေါ့ ကျေးဇူးပါနှော်…..အခုတော့ ဗိုက်တော်တော်ဆာသွားတယ် ဗိုက်တော်တော်ဆာနေတယ် 😛
  8. azm says:
    Thanks A Lot
  9. ရှင်းရှင်းလင်းလင်း ရေးထားတော့ လိုက်လုပ်ရတာ လွယ်တယ်။ဒီနေ့ လုပ်စားဖြစ်တယ်။ ပုံတွေတင်ထားတယ် အမ အခြား သိချင်တာရှိရင် လည်းမေးမယ်နော်။ ချက်နည်းများ အတွက် ကျေးဇူးပါ။
  10. Thandar says:
    ခုတော့လုပ်စားလို့မရသေးဘူး.အမ သက်သတ်လွတ်စားနေလို့
    စားလို့ရတဲ့အချိန်ရောက်ရင် သေချာလုပ်စားကြည့်မယ်နော်
  11. tun lin says:
    ဒီဝက်သားသုတ်ကို သူတို့က ပဲအကျက်မှုန့်မသုံးပဲ ဆန်အကျက်မှုန့်ကိုဘာလို့သုံးတာလဲခင်ဗျာ
    သိချင်ပါတယ် ကျနော်တို့က အသုတ်ဆိုရင်ပဲမှုန့်ကိုပဲသုံးနေကြမို့ပါ ပိုပြီးကောင်းတာလား ဘယ်လိုအရသာထူးခြားပါလဲ ကျေးဇူးပြုပြီးဖြေပေးပါ ကျေးဇူးတင်ပါတယ်။
    • admin says:
      ပဲအကျက်မှုန့်သုံးရင် စီကပ်ကပ်ဖြစ်မှာမို့ပါ။ ဆန်အကျက်မှုန့်က စီကပ်ကပ် မဖြစ်ပဲ စားလို့လည်း ကောင်းပါတယ်
  12. nge lay says:
    အရမ်းကောင်းတာပဲ………….မမရေ
  13. Taguu says:
    ကျေးဇူးဗျာ အဲဒီ Red Pork seasoning ထုပ် ၀ယ်ပီး ဘယ်လို လုပ်ရင်ကောင်းမလဲ စဉ်းစားနေတာ ဒီတိုင်းကင်စားပီးစားရင်လည်းပျင်းစရာကြီးဆိုပီးလေ ခုတော့ ဆန်မူန့် အရသာနဲ့ သုတ်စားဖို့ မ၀တ်ရည်ဆီက ရပီ
    ဟဲဟဲ ယနေ့တော့ ချစ်ချစ်ဆီက အာဘွားတော့ ရဦးမယ် ဟင်းကောင်းချက်ကျွေးလို့လေ ဟီးးဟီးဒ
  14. Hmwe says:
    မမရေ… ကျေးဇူးတင်ပါတယ်.. ခုနက မတွေ့ဘူးလို့ စာရိုက်ထားတာ ရှာရင်းနဲ့ တွေ့လာလို့ ၀မ်းသာသွားတာပဲ.. မွှေးက မမစာအုပ်ထဲက အတိုင်း ဒီမနက်တောင်မနက်စာကို ၀က်သားပေါင်မုန့် ကပ်ကြော်လုပ်စားသေးတယ်..လုပ်လို့မရသေးတာက နိုင်လွန်ပုဇွန်လေ.. လုပ်တာနှစ်ခါရှိပြီး မာတုန်းပဲ.. ဒလိပ်တုံးသုံးတာလည်းအထာမကျသေးတာလဲပါမယ်.. ကျေးဇူးပါမမ..
    • admin says:
      နိုင်လွန်ပုဇွန်ကို Wheat Starch နဲ့ Topical Flour ရောလုပ်ကြည့်။ မမာစေရဘူး။ ပြီတော့ Wheat Starch နဲ့ Topical Flour ၂ခုလုံးကို CityMart ဂျုံရောင်းတဲ့ အတန်းမှာ ၀ယ်လို့ရယတ်
  15. ayeayekywe says:
    ညီမရေ ရှမ်းနံနံပါထဲ့ရင်ပိုကောင်းတယ်
  16. phyo says:
    ခုလိုဟင်းချက်နည်းအသစ်တွေတင်ပေးတဲ့အတွက်
    ဟင်းမချက်တတ်တဲ့ညီမတို့အတွက် ကျေးဇူပါ အစ်မ
    နောက်လည်း ဟင်းအသစ်တွေတင်ပေးပါဦးနော်
Leave a Reply
Your email address will not be published. Required fields are marked *