စင်ကာပူစတိုင် ကြက်ဥခေါက်ဆွဲကြော်

စင်ကာပူစတိုင် ကြက်ဥခေါက်ဆွဲကြော်

စင်ကာပူ စတိုင် ကြက်ဥခေါက်ဆွဲကြော်လေးပါ။ ၀က်သား၊ ပင်လယ်စာ၊ တရုတ်မုန့်ညှင်း အစုံအလင်ပါပြီ ချက်ရတာလည်း လွယ်ပါတယ်။ ဒါကြောင့် ချက်နည်းလေးကို ကြည့်ရအောင်…

ပါဝင်ပစ္စည်များ

  • ကြက်ဥခေါက်ဆွဲ – ၃၀၀ ဂရမ်
  • ပုဇွန်ကျား – ၁၀၀ ဂရမ် (အခွံနွှာပြီ အမြှီးချန်ထားပါ)
  • ၀က်သား –  ၁၀၀ ဂရမ် (အရှည်ပါးပါးလှီးပါ)

  • ဂဏန်းချောင်း – ရချောင်း (အစောင်း လှီးပါ)
  • တရုတ်မုန့်ညှင်း – ၁စည်း (၁လက်မအရွယ် ပိုင်းပေးပါ)
  • မုန်လာဥနီ – ၁ခု (အရှည်လှီးပါ)
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ပဲငံပြာရည် (အနောက်) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နံနံပင် – အနည်းငယ် (ပါးပါးလှီးပါ)

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ထို့နောက် ၀က်သား၊ ပုဇွန်ကျား တို့ကို ထည့်မွှေပေးပါ။

၃။ အသားနူအောင် ရေ(၁၀၀ မီလီလီတာ) ထည့်ပေးပြီ ရေအနည်းကျန်မှ ဂဏန်းချောင်းများကို ထည့်လိုက်ပါ။

၎။ ထို့နောက် ခေါက်ဆွဲ၊ မုန့်ညှင်း၊ မုန်လာဥနီ၊ ပဲငံပြာရည်တို့ကို ထည့်ကာ သမအောင် ရောမွှေလိုက်ပါ။

၅။ အရသာ အပေါ့အငံ့ အနေတော်လျှင် ငရုတ်ကောင်းမှုန့်၊ နံနံပင်ဖြူးပေးကာ ကြက်ဥခေါက်ဆွဲကြော်ကို သုံးဆောင်နိုင်ပါပြီ…

13 comments

  1. ခင်ယမုံ says:

    ညီမလေးရေ..
    ခေါက်ဆွဲလေးကကြည့်ရတာနဲ့တင် စားချင်စရာ..
    ချက်စားမယ်နော်..
    ကျေးဇူးညီမရေ..
    🙂

  2. hi
    မ၀တ်ရည် မောင်လေးတို့ဆိုဒ်က ကူးသွားတယ်နော်

    • admin says:

      No Problem bro… တစ်ခုပါပဲ (မ၀တ်ရည်) လို့ရေးမယ့်အစား (wutyeefoodhouse) လို့ အဆင်ပြေရင် ရေးပေးနော်.. ကျေးဇူး..:)

  3. hninzar says:

    မရေ ..ဒီတပတ် ကြော်စားကြည့်မယ်နော် ….စားကောင်းမယ့်ပုံလေးပဲ ။

  4. May says:

    ခေါက်ဆွဲကပြုတ်စရာမလိုပဲ ထည့်ကြော်ရုံလား သိပါရစေ။

    • admin says:

      ရေနွေးဖျော်ပေးပြီမှ ခေါက်ဆွဲက ထည့်ရမှာပါ။ ချက်နည်းရေးတာ မေ့ကျန်ခဲ့လို့.. 🙂

  5. Pann Su says:

    chat kyee oo mel a ma yae … 😀 look so yummy !!

  6. Yamin says:

    မ ရေ.. ကြက်ဥခေါက်ဆွဲက မြန်မာပြည်က အစည်းနဲ့ရောင်းတဲ့ ခေါက်ဆွဲခြောက်ကိုပြောတာပါလား.. US မှာ egg noodle ဆိုတာကို ရှာမတွေ့ဘူးဖြစ်နေလို့ပါ..

  7. yanmyolwin says:

    အစ်မရေခေါက်ဆွဲကြော်လေးကိုသဘောကြလို့ကူးသွားပါတယ်နော်အစ်အိမ်ရောက်ရင်ကြော်စားရမယ်ကျေးဇူးပါပဲနော်။

  8. Snacky says:

    Wutyee ရေ,
    Singapore Hokkeim Mee ကို ရော် ချက် ပေး ပါ လား ? Wuytyee သာ ချက် ရင် တော် တော် ကောင်း မယ်.
    အမ, wutyee site က နေ ဟင်း အတော် စိုး အောင် ချက် ဖြစ် တယ်.
    Thank you so very much Wutyee.
    If I ever come back to Burma, you will be the first one I would like to come & see.
    I won’t be able to cook & eat good Burmese food without your site.
    Thanks again & God bless Wutyee.

Leave a Reply

Your email address will not be published. Required fields are marked *