ဂျပန် ဖက်ထုပ်ကြော်

ဂျပန် ဖက်ထုပ်ကြော်

ဂျပန် ဖက်ထုပ်ကြော်လေးပါ။ ပုံရော၊ လုပ်ပုံလုပ်နည်းရော ကိုရီးယား ဖက်ထုပ်(မန်ထို)နဲ့ အတော်တူပါတယ်။ ဒါပေမယ့် အထဲမှာထည့်ထားတဲ့ အစာပလာတွေကတော့ မတူပဲ။ ဂျပန် ဖက်ထုပ်မှာ အသားနှင့်ဂေါ်ဖီထုပ်ကို အစားသွပ်ထားပြီ ထူးထူးခြားခြား ငရုတ်သီးမှုန့်ကြောင့် ခပ်စပ်စပ် အရသာကိုပါ ထူးခြား ရရှိမှာပါ။ ထို့ပြင် ဂျပန်ဖက်ထုပ်က မန်ထိုထက်လည်း လုပ်ရတာ ပိုလွယ်ပါတယ်။ ဒါကြောင့် ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ [Ingredients]

  • ဖက်ထုပ်ရွက် [wandon sheet] ♦ ၂၀ရွက် (အ၀ိုင်း)

မှတ်ချက် ။ ။ ဖက်ထုပ်ရွက်အ၀ိုင်းမရှိပါက လေးထောက်ဖက်ရွက်ကို အ၀ိုင်းပုံ လှီးဖြတ်လိုက်ပါ။

  • ၀က်သား (သို့) ကြက်သား       ♦ ၂၀ကျပ်သား (နှုတ်နှုတ်စဉ်းပါ)
  • တရုတ်မုန်ညှင်းထုပ်               ♦ ၁ခွက်စာ (အရှည်လိုက် ပါးပါးလှီးပါ)

  • ကြက်သွန်နီ [onion]             ♦ တ၀က် (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ [garlic]            ♦ ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • ပဲငံပြာရည် အကြည်              ♦ စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား [sugar]                  ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ [sesame oil]            ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်သီးခြောက်                  ♦ ၃တောင့် (ညက်အောင် ထောင်းထားပေးပါ)

ဖက်ထုပ် လုပ်နည်း

၁။ အရင်ဆုံး ဇောက်ပန်းကန် တစ်ခုထဲတွင် နှုတ်နှုတ်စဉ်းထားသော ၀က်သား(သို့) ကြက်သားများကို (မုန်ညှင်း၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သကြား၊ ငရုတ်သီးခြောက်မှုန့်) တို့ကို သမအောင် လက်ဖြင့် ရောနုယ်လိုက်ပါ။

၂။ ပြီမှ ဖက်ရွက် တစ်ရွက်ကို ယူ၍ နုယ်ထားသော အစာ(စားပွဲတင်ဇွန်း ၁ဇွန်း)ကို အလယ်တွင် ထည့်လိုက်ပါ။

၃။ ပြီလျှင် ဖက်ရွက် ဘေးနှုတ်ခမ်းသားများကို ရေအနည်းငယ်စီ စွတ်လိုက်ပါ။

၎။ ထို့နောက် ဖက်ရွက်ကို တ၀က် ခေါက်လိုက်ပြီ ပုံတွပါသည့်အတိုင်း ပုံဖော်သွားပါ။

၅။ ထို့နည်းအတိုင်း ကျန်ဖက်ထုပ်များကို ထုပ်သွားပေးပါ။

၆။ ဒယ်ထဲသို့ ဟင်းရွက်ဆီ(စားပွဲတင်ဇွန်း တ၀က်) ခန့် ဒယ်အိုးဆီပေရုံ ထည့်ပေးပါ။

ရ။ ဆီပူလာမှ ဖက်ထုပ်တ၀က်ကို အရင်ထည့်ကြော်ပေးပါ။

၈။ ဖက်ထုပ်အောက်ပိုင်းများ ပုံတွင် ပြထားသည့်အတိုင်း အညှိရောင်သန်းလာမှ ရေ(ခွက် တ၀က်)ခန့် ထည့်ပြီ အဖုံးပြန်အုပ်ပြီမှ ချပေးပါ။

၉။ ရေခမ်းသွားလျှင် ဂျပန်ဖက်ထုပ်များကို ပန်းကန်ထဲသို့ ပြန်ဆယ်ထားပေးပါ။

၁၀။ ဖက်ထုပ်များ ရပြီဆိုလျှင် ဂျပန် tarkayaki ဆော့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

37 comments

  1. ခင်ယမုံ says:

    ညီမလေးရေ..
    ဒီတစ်ခါဈေးသွားရင် ဖက်ထုပ်ရွက်ဝယ်လာပြီးလုပ်စားမယ်..
    ညီမရေပြုတ်လိုက်ပေမယ့်လည်း အနားသားလေးတွေပြဲထွက်မသွားဘူးနော်..
    ကျေးဇူးညီမလေး
    🙂

    • admin says:

      ဟုတ်ကဲ့ မခင်ယမုံ။ လုပ်စားကြည့်ပါနော်.. ကျေးဇူး

  2. tin tin myaing says:

    ဆီနဲ့ကြော်တာမဟုတ်တဲ့အတွက် ကျန်းမာရေးအတွက်ပိုကောင်းတာပေါ့နော်
    ကျေးဇူးပါနော်

    • admin says:

      ဟုတ်တယ်။ ဆီနည်းနည်းနဲ့ ကြော်ထားတော့ မ၀တော့ဘူးပေါ့… 🙂

  3. Khin Pyone Nwe says:

    ကျေးဇူးတင်ပါတယ် မ၀တ်၇ည် ထန်းလျက်နဲ.လုပ်တဲ.ခေါက်မုန်. နည်းလေး၇ှိ၇င် သိပါ၇စေ။

    • admin says:

      ဟုတ်၊ နောက်ပိုင်း မြန်မာမုန့်လုပ်နည်းတွေပါ တင်ပေးသွားပါ့မယ်..

  4. Winn Aung says:

    ဖော်ပြပေးလို့ကျေးဇူးပါ
    လုပ်စားကြည့်မယ်။ ကောင်းမှာသေချာတယ်
    နောက်ထပ်ရှိသေးရင် ဝေမျှပါဦး

  5. Yu Yin Htun says:

    အရမ်းအရမ်းကျေးဇူးတင်ပါတယ် အိမ်မှာချက်စားနေကျတွေက ဒါတွေချည်းထပ်နေတော့ အသစ်ဆန်းလေးတွေ လုပ်စားချင်နေတာ ခုတော့ အရမ်းကိုအဆင်ပြေသွားပါပြီ ကျေးဇူးကမ္ဘာပါ.. 😀

  6. နုသိဂီင်္လွင် says:

    ဖက်ထုပ်ကြော်အရမ်းကြိုက်ပါတယ် ကိုယ်တိုင်မလုပ်တတ်လို့ ခက်နေတာ…
    ဒီနည်းလေးလုပ်ကြည့်ပြီး တော်တော်ဟန်ကျသွားတယ် …:)

  7. အားပေးသွားတယ်နော်အမ

  8. အန်တီလေး says:

    အမြဲအားပေးနေတယ်၊ခုမှကွန်မန်ပေးရတာဟင်းလေးတွေဆက်တင်ပေးပါအုံး

  9. အန်တီလေး says:

    မောင်သက်တန်.ဆိုက်မှကြည်.ရင်းသတင်းကြားရတာစိတ်မကောင်းပါဘူး
    အမေ၊အမ၊နှမကိုယ်ချင်းမစာလုပ်ရက်လိုက်ကြတာ၊ကိုယ်ကောင်းရင်
    ခေါင်းဘယ်မှမရွေ.ပါဘူးဘုရားသိနတ်သိဘလော.ဂါတွေသိခင်တဲ.အန်တီလေး

    • admin says:

      ခုလိုအားပေးတာ ကျေးဇူးတင်ပါတယ် အန်တီလေး.. 🙂

  10. မိုးပွင့် says:

    အမသတင်းကြားရတာစိတ်မကောင်းပါဘူးဒီလိုလူတွေလဲရှိသေးတယ်နော်

    • admin says:

      ဟုတ်တယ် ညီမရေ။ လူတွေကတော့ အမျိုးမျိုးပေါ့လေ။ ဘာပဲဖြစ်ဖြစ် ကျေးဇူးပါနော် 🙂

  11. Su Myat says:

    အိမ်မှာလုပ်ကြည့်တာအဆင်ပြေတယ်အမရေ..
    စားလို့လဲကောင်းတယ်
    အင်းလေးဖက်ထုပ်ကြော်နဲ့တူတယ်နော်အမ

  12. eiphyu says:

    အရမ်းကောင်းတဲ့ ဟင်းချက်နည်းတွေကို သိရတဲ့ အတွက် ကျေးဇူးတင်ပါတယ်..

  13. eiphyu says:

    အရမ်းကောင်းတဲ့ ဟင်းချက်နည်းတွေကို သိရတဲ့ အတွက် အရမ်းကျေးဇူးတင်ပါတယ်.။

  14. eiphyu says:

    နောက်လဲ ဟင်းချက်နည်းကောင်းတွေကို များများတင်နိုင်ပါစေလို့ …..

  15. Ei Snow says:

    ကျေးဇူးပါ ၀တ်ရည်ရေ… ဖက်ထုပ်ပြုတ် ဖက်ထုပ်ကြော်တော့စားဖူးနေတယ် ဒီလိုလေး မလုပ်တတ်ဖူးဖြစ်နေတာ လုပ်စားအုံးမယ်နော်

  16. nilar says:

    အရမ်းကြိုက်ပါသည်။ ဟင်းချက်ရတာလည်းဝါသနာပါတဲအတွက် နောင်ကိုလဲအခုလိုအသစ်အဆန်းလေးတွေ ထပ်တင်ပေးပါအုံးနော် ..ကျေးဇူးတင်ပါတယ်

    • admin says:

      ဟုတ်ကဲ့ အသစ်အဆန်းလေးတွေ ကြိုးစားပြီ တင်ပေးပါ့မယ်

  17. may says:

    sis, please make Japanese Miso soup these time….

  18. cheerry says:

    ညီမလေးရေ…အရင်ကဖက်ထုပ်ကို စားတာကလွဲလို့ နဲနဲလေးတောင် မကျွမ်းကျင်တဲ့အစ်မ အခုတော့ ညီမကျေးဇူးနဲ့ အိမ်မှာ ဖက်ထုပ်ဆရာမကြီးဖြစ်သွားပြီလေ အမှန်ကတော့ညီမအားကိုးနဲ့ပေါ့….နော်

  19. linnmaung says:

    thank လုပ်စားကြည့် လိုက် အုံးမယ်

  20. phyuphyumyint says:

    လုပ်စားကြည့်လိုက်အုံးမယ်နော်။

  21. Moe Phyu Win says:

    ကျေးဇူးတင်ပါတယ်မမ

Leave a Reply

Your email address will not be published. Required fields are marked *