ကြက်ကောင်လုံးကင်

 ကြက်ကောင်လုံးကင်

ပါတီပွဲတိုင်းမှာ မပါမဖြစ် ကြက်ကောင်လုံးကင် လေးပါ။ အကင်ဆိုလျှင် ကြက်တောင်ပံ၊ ပေါင်၊ ဆီဘူးကို ကင်စားတာများပါတယ်။ ဒါပေမယ့် ခုတော့ ကြက်တစ်ကောင်လုံးကို လွယ်လွယ်နဲ့ကင်ပြီ စားလို့ အရမ်းကောင်းမယ့် နည်းလေးကို ညွှန်လိုက်ပါရစေ။ ဟင်းခတ်အမွှေးအကြိုင် အရသာကြောင့် သူမှာ တခြား ကြက်ကင်တွေနဲ့ မတူတဲ့ ထူးခြားချက်လေးတွေ ရှိပါတယ်။ ချက်နည်းလေး ကြည့်လိုက်ရအောင်…

 

ပါဝင်ပစ္စည်းများ [Ingredients]

  • ကြက် [Whole Chicken]               ♦ ၁ကောင် (၃ပေါင်-၄ပေါင်)
  • ဆား [Salt]                                ♦ လက်ဖက်ရည်ဇွန်း ၄ဇွန်း
  • ခနော ကြက်သားမှုန့် [chicken pdr] ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • တရုတ်အမွှေးအကြိုင် [Chines Five Spieces] ♦ လက်ဖက်ရည်ဇွန်း ၄ဇွန်း

  • သကြား [Sugar]                          ♦ လက်ဖက်ရည်ဇွန်း ၃ဇွန်း
  • ငရုတ်ကောင်းမှုန့် [Black pepper]    ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဂျင်း [Ginger]                             ♦ ၃ပြား (ထူထူ လှီးပေးပါ)
  • ကြက်သွန်ဖြူ [Garlic]                     ♦ ၂မွှာ (ပါးပါးလှီးပေးပါ)
  • ကြက်သွန်မြိတ် [Spring onion]       ♦ ၂ခု (အစိမ်းအပေါ်ပိုင်းကို ဖြတ်ပြီ အဖြူပိုင်းကို ချန်ထားပါ)
  • နှမ်းဆီ [Sesame oil]                     ♦ စားပွဲတင်ဇွန်း ၃ဇွန်း

 

ကြက်ကင်နည်း [Grill Recipes]

၁။ အရင်ဆုံး ကြက်သားကို ရေခဲဖျော်ထားပေးပါ။ ပြီးလျှင် ကြက်သားကို ဇကာတစ်ခုထဲမှာပဲ ဖြစ်ဖြစ် ပြန်အခြောက်ခံထားပါ။

၂။ ကြက်ကင်အတွက် လိုအပ်မည့် (တရုတ်ဟင်းခတ်၊ ဆား၊ ကြက်သားမှုန့်၊ သကြား၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ရောမွှေထားလိုက်ပါ။

၃။ ပြီလျှင် ရောမွှေထားသော ဟင်းခတ်မှုန့်များကို ကြက်သားအတွင်းပိုင်းထဲသို့ တ၀က် ထည့်လိုက်ပါ။

၎။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်တို့ကို ကြက်သားအတွင်းပိုင်းထဲ ထည့်ပေးပါ။

၅။ နှမ်းဆီများကို ကြက်တကောင်လုံးပေါ်သို့ စုတ်တံဖြင့် သုတ်ပေးပါ။

၆။ ပြီမှ ကျန်သည့် ဟင်းခတ်မှုန့် တ၀က်ကို ကြက်တစ်ကောင်လုံးပေါ်သို့ ဖြူးပေးပါ။

ရ။ ကြက်သားကို စကင်လို့ရပါပြီ။ ကင်မည်ဆိုလျှင် လျှပ်စစ် Grill-Oven(သို့) မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။

၈။ ကြက်သားတဖက်ကို ၄၅မိနစ်ဖြင့် ကြက်တကောင်လုံးကို ၁နာရီခွဲခန့် ကင်ပေးပါ။

၉။ အရသာမွှေးပြီ စားလို့ကောင်းတဲ့ ကြက်ကောင်လုံးကင်ကို စားသုံးနိုင်ပါပြီ…

Tip: ကြက်ကောင်လုံးကို ချက်ချင်း မကင်သေးပဲ၊ အရသာများဖြင့် နှပ်ပြီမှ ကင်လျှင် ပိုမိုကောင်းမွန်သည်။

—————————————————————————————————-

23 comments

  1. Yumon says:

    စားချင်စရာကြီးပါလား.. ၀တ်ရည်ရေ… စားလိုက်ရလို့ ကတော့……

  2. hmone gyi says:

    kha lae sar mal…. 😀

    • admin says:

      haa sar tawe par my lovely twin yay!! ကိုယ်ကို အပြင်မှာပါ ကျွေးချင်တာ.. 😛

  3. nitar says:

    sis..where can i get တရုတ်အမွှေးအကြိုင် [Chines Five Spieces] ?

    • admin says:

      City Martမှာ ၀ယ်လို့ရပါတယ်။ Chinese Five Speices လို့ မေးဝယ်လို့ရပါတယ်

  4. ခင်ယမုံ says:

    မွှေးနေမှာပဲညီမလေးရေ..
    စားလို့ကောင်းလိုက်မယ့်ဖြစ်ခြင်း ..
    🙂
    ဖြေးဖြေးချင်းလုပ်စားမယ်နော်..
    ကျေးဇူး

    • admin says:

      ဟုတ်ကဲ့ မခင်ယမုံ၊ စားလို့ကောင်းတယ်.. 🙂

  5. Ei Phyo says:

    အမရေ oven နဲ့ကင်ရင် temperature ဘယ်လောက်မှာထားရမှာလဲ

  6. ku ku says:

    တခုအကြံပေးချင်ပါတယ် လိုအပ်တဲ့ပစည်းက တချို့နိုင်ငံတွေမှာမရှိလို့ မှာဝယ်ချင်ပါတယ်၊မှာယူပစည်းများဝန်ဆောင်မှုပေးနိုင်ရင် နိုင်ငံတကာရောက်များဟင်းကောင်းကောင်းများကိုယ်တိုင်ချက်ပြုတ်စားနိုင်ပါမည်၊မှာလဲမှာယူချင်ပါသည်၊

    • admin says:

      ဟုတ်ကဲ့ ၀တ်ရည်လည်း အားလုံးကို ဟင်းကောင်းချက်စေချင်ပါတယ်။ နောက်ဆို မြန်မာဟင်းလျာတွေ ကမ္ဘာက သိတော့မှာမို့၊ အလွယ်တကူ နိုင်ငံတကာမှာ ၀ယ်လို့ရတော့မှာပါ.. 😛

  7. […] ကြက်ကောင်လုံးကင် […]

  8. myintmyatshwetwe says:

    like

  9. PannMyat says:

    sis, oven နဲ့ဆို temperature နဲ့ time သိချင်လို့

    • admin says:

      Oven နဲ့ဆို ၂၀၀ ဒီဂရီနဲ့ အချိန်က တော့ တူတူပါပဲ…

  10. sweety says:

    microwave နဲ့ကင်မယ်ဆိုရင်ရော အပူချိန်ဘယ်လောက်နဲ့ထားပြီးအချိန်လယ်လောက်နဲ့က်ရပါမလဲ

    • admin says:

      ကင်မယ်ဆိုရင် ၂၀၀ ဒီဂရီနဲ့ မိနစ် ၄၀ခန့် ကင်ပေးပါ။… 🙂

  11. Zwe Maung says:

    မမ ဆီလာလည်ရတာ တော်တော်ဗဟုသုတ

  12. Zwe Maung says:

    မမ ဆီလာလည်ရတာ တော်တော်ဗဟုသုတရလို့ ကျေးဇူး

Leave a Reply

Your email address will not be published. Required fields are marked *