ဗီယမ်နမ် ကော်ပြန့်ကြော်

ဗီယမ်နမ် ကော်ပြန့်ကြော်

ဗီယမ်နမ်မှာ လူကြိုက်များတဲ့ Cha Gio လို့ခေါ်တဲ့ ၀က်သား ကော်ပြန့်ကြော်ပါ။ ထိုကော်ပြန့်ကို အချိန်တိုတိုနဲ့ပင် အလွယ်တကူ လုပ်စားနိုင်ပါတယ်။ ဗီယမ်နမ် ကော်ပြန့်ရွက်က ရိုးရိုးကော်ပြန့်ရွက်တွေနဲ့ မတူပဲ၊ ပိုပါးလွှာပါတယ်။

ပါဝင်ပစ္စည်းများ

  • ဗီယမ်နမ် ကော်ပြန့်ရွက် – ၁၀ရွက်
  • ဆန်ကြာဇံ – ၄၀ ဂရမ်  (ရေထဲ ပျော့သည်အထိ စိမ်ထားပေးပါ) (သို့) မုန့်ဟင်းခါးဖတ် – ၄၀ ဂရမ်
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ၀က်သား – ၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)

  • ဂဏန်းချောင်း – ၈ချောင်း (နွင်းပေးပါ)
  • ကြက်သွန်မြိတ် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
  • ပဲပင်ပေါက် – ၁၀၀ ဂရမ် (၂ခွက်) (အမြှီးခြွေပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

 

 ပြုလုပ်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် ကော်ပြန့်ရွက်မှ လွှဲ၍ ကျန်ပါဝင်ပစ္စည်းများ ဖြစ်သော (ဆန်ကြာဇံ၊ ကြက်ဥ၊ ၀က်သား၊ ဂဏန်းချောင်း၊ ကြက်သွန်မြိတ်၊ ပဲပင်ပေါက်၊ ဆား၊ ငါးငံပြာရည်၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

မှတ်ချက် ။ ။ (ဗီယမ်နမ် ကော်ပြန့်ရွက်တွင် ၂မျိုးရှိသည်။ တမျိုးမှာ ရေစိမ်ရန် မလိုပဲ အလွန်ပါးလွှာသည်။ နောက်တမျိုးမှာတော့ ကော်ပြန့်ရွက် ဆံ့သည့် ခွက်ကြီး တစ်ခုထဲသို့ ရေနွေး ထည့်စိမ်ပြီ ပြန်ဆယ်ရသည်။ )

၃။ ၀တ်ရည်သုံးထားသော ကော်ပြန့်ရွက်က အရမ်းပါးလွှာသည်မို့ ရေစိမ်ရန် မလိုပဲ ရိုးရိုးကော်ပြန့်လိပ်သလိုပင် အဆင့်ဆင့်လိပ်သွားလျှင်ရသည်။

၎။ ကော်ပြန့်ရွက်ပေါ်သို့ ရောနယ်ထားသော ၀က်သား(စားပွဲတင်ဇွန်း ၂ဇွန်း) ကို တင်လိုက်ပါ။

၅။ ပုံတွင် ပါသည့်အတိုင်း ကော်ပြန့်ရွက်ကို တဆင့်ချင်း လိပ်သွားပေးပါ။

၆။ ထိုနည်းအတိုင်း တခြားကော်ပြန့်များကို ဆက်လိပ်သွားပေးပါ။

ရ။ ထို့နောက် ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် ဗီယမ်နမ် ကော်ပြန့်လိပ်များကို ကြောပေးပါ။

၈။ အညှိရောင်သန်းလျှင် ကော်ပြန့်လိပ်များကို ပြန်ဆယ်ပေးပြီ ဆော့နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

———————————————————————————————–

23 comments

  1. Su Myat says:

ှဗီယက်နမ်ကော်ပြန့်ရွက်ကိုဘယ်မှာဝယ်လို့ရလဲဟင်….
    Market place မှာဝယ်လို့ရလားအမ..

    • admin says:

      Market place မှာရှိတဲ့ ကော်ပြန်

    • admin says:

      Market place မှာရှိတဲ့ ကော်ပြန့်က အထူကြီးတွေပဲ ရှိတာ။ ဒီလို လိပ်တဲ့ကော်ပြန့်ရွက် ရန်ကုန်မှာ ရှာမရသေးဘူး၊ ခုတောင် ဗီယမ်နမ် သူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးလို့ လုပ်ဖြစ်သွားတာပါ… တွေ့ရင် ပြန်ပြောပါ့မယ်.. 🙂

  2. jewel says:

    ဒီနေ.ပဲကြော်စားလိုက်တော.မယ်။အ၇မ်းစားကောင်းမဲ.ပုံပဲ။မျှဝေတာကျေးဇူးပါ….

  3. hmone gyi says:

    aww kha sar buu tal..restaurant mar sar buu tar par…tal tal kaung tal… free yin lote sar own ma bae 😉

  4. Myat thu says:

    Really good.I already try it.
    Thank ma.

  5. Myat thu says:

    That it good with sweet chilli sauce.

    • admin says:

      အမှန်က သူနဲ့တွဲစားတဲ့ ငံပြာရည်ဆော့နဲ့ ပိုလိုက်ဖက်တယ်… သူဆော့ချက်နည်းကို အဆင်ပြေအောင် အောက်မှာ ရေးပေးထားပါတယ်..

      ဆော့ပြုလုပ်နည်း

      ဆော့တွင် ပါဝင်ပစ္စည်းများ ဖြစ်သော (ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း၊ ရေ – စားပွဲတင်ဇွန်း ၂ဇွန်း၊ သံပရာရည် – စားပွဲတင်ဇွန်း ၂ဇွန်း၊ ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)၊ သကြား – စားပွဲတင်ဇွန်း ၁ဇွန်း၊ ငရုတ်သီးဆော့ – စားပွဲတင်ဇွန်း တ၀က်) အားလုံးကို ခွက်တစ်ခုထဲတွင် ရောမွှေထားလိုက်ပါ။

  6. Aye Aye Tint says:

    ရန်ကုန်မှာအဲဒီကော်ပြနိ့ရွက်ရလား။

  7. Seng Li Kham says:

    Look so good !

  8. win says:

    Could you Plz upload the picture of the spring roll shell original package. So, we can look around the supermarket with that pic.

  9. ခင်ယမုံ says:

    ညီမလေးရေ..
    ဒါလေးလည်း အကုန်စားသွားတယ်နော်..
    နောက်အပတ်လုပ်စားမယ်..
    ကျေးဇူး
    🙂

  10. kyu kyu thin says:

    This item where to buy local ?

Leave a Reply

Your email address will not be published. Required fields are marked *