ငပျောရွက် ငါးကင်

‘ငပျောရွက် ငါးကင်’

တမူထူးခြားပြီ အရသာဆန်းတမျိုး ဖြစ်သည့် ငပျောရွက် ငါးကင်လေးနဲ့ မိတ်ဆက်ပါရစေ။ ငပျောရွက်ထုတ်ပြီ ကင်ထားတဲ့ အတွက် ငပျောရွက်က ငါးအသားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးတာမို့ ခြောက်သွေ့မသွားပဲ၊ ငါးရဲ့ လတ်ဆတ်တဲ့ အရသာကို ရရှိမှာပါ။ ဟင်းခတ်အမွှေးအကြိုင်များဖြင့် နှပ်ထားတာမို့ အနံလေးက သင်းပြီ စားလို့ကောင်းပါတယ်။ ချက်နည်းလေးကို ကြည့်၇အောင်…

 

ပါဝင်ပစ္စည်းများ [Ingredients]

  • ငါးရံ့ [fish]                                        ♦ ၂၀ကျပ်သား (အသားလွှာ ၄ပိုင်း)
  • ငပျောရွက် [banana leaves]            ♦ ၄ခု
  • ကြက်သွန်နီ [onion]                         ♦ ၁လုံး ( အ၀ိုင်းပါးပါးလှီးပါ)
  • နံနံပင် [cilantro] (သို့) ပူစီနံ [mint]    ♦ ၁စည်း

ဆော့ရည် ပါဝင်ပစ္စည်းများ [Sauce Ingredients]

  • ကြက်သွန်နီ [onion]                                                 ♦ ၂စိတ်
  • ကြက်သွန်ဖြူ [garlic]                                                ♦ ၂ခု
  • ငရုတ်ကောင်းမှုန့် [black pepper]                             ♦ လက်ဖက်ရည်ဇွန်း တ၀က်
  • လေညှင်း [clove]                                                      ♦ ၂ခု
  • သစ်ဂျပိုး [cinnamon]                                                ♦ ၁ခု
  • ကလဝေရွက် [bay leaf]                                            ♦ ၁ရွက်
  • လီမွန် [lemon juice] (သို့) သံပရာရည် [lime juice]    ♦ စားပွဲတင်ဇွန်း ၆ဇွန်း
  • ဆား [salt]                                                               ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရေ [water]                                                              ♦ ဆန်ချိန်ခွက် ၄ပုံ၁ပုံ

 

ချက်ပြုတ်နည်းများ [Recipes]

၁။ ငါးရံ့ကို အရိုးထုတ်ပြီ အသားလွှာပေးပါ။ ပြီးလျှင် ၄ပိုင်းပိုင်းလိုက်ပါ။

၂။ ပြီလျှင် ဆော့ရည်အတွက် (ငရုတ်ကောင်းမှုန့်၊ လေညှင်း၊ သစ်ဂျပိုး၊ ကလဝေရွက်)တို့ကို Blenderဖြင့် ကြေညက်နေအောင် ကြိတ်ပေးပါ။

၃။ ထို့နောက် ဆော့ရည်အတွက် Blender ထဲသို့ (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လီမွန်(သို့) သံပရာရည်၊ ဆား၊ ရေ၊ ကြိတ်ထားသော ဟင်းခတ်အမွှေးအကြိုင်များ) အားလုံးကို သမအောင် ကြာကြာလေး ရောကြိတ်ပေးပါ။

၎။ ဆော့ရည်များကို ငါးရံ့အသားလွှာများပေါ်သို့ လောင်းချပေးပြီ  ၁နာရီခန့် ရေခဲသေတ္တာထဲတွင် နှပ်ထားလိုက်ပါ။

၅။ ကင်ခါနီးမှ ငပျောရွက်များကို စက္ကန့်ပိုင်းမျှ အနည်းငယ်မီးပြပေးပါ။

၆။ ပြီနောက် ငပျောရွက်ပေါ်သို့ ငါးအသာလွှာတစ်တုံး ထည့်ပြီ အပေါ်မှ ကြက်သွန်နီအ၀ိုင်း၊ နံနံပင်တို့ကို တင်ပေးပါ။

ရ။ ပြီမှ ငပျောရွက်ကို သေချာထုတ်ပိုးပြီ သွားကြားထိုးတံများဖြင့် လုံအောင် ပိတ်ထားလိုက်ပါ။

၈။ ထိုနည်းအတိုင်း ကျန်ငါးများကို ငပျောရွက်ဖြင့် ထုပ်ပိုးပေးလိုက်ပါ။

၉။ မီးကင်ရန် ငပျောရွက် ငါးထုတ်ကို တဖက် ၄-၅မိနစ်ခန့် ကင်ပေးပါ။

၁၀။ ငပျောရွက်များ ညှိမဲလာလျှင် ငါအသားကျက်ပါပြီ။

၁၁။ ထိုအခါ ထုတ်ထားသော ငပျောရွက်ထဲမှ ငါးအသားများကို အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ…

Tip: blender ထဲထည့်ကြိတ်ရမည့် ကြက်သွန်နီ၊ ကြက်သွန်ဖြူကို ကင်ပြီ ထည့်လျှင် ပိုမိုကောင်းမွန်သည်။ ထို့အပြင် ငါးရံ့အစား ဆယ်မွန်ငါးနှင့် ကင်က ပိုမိုအရသာကောင်းမွန်သည်ကို တွေ့ရပါလိမ့်မည်။

 

 

27 comments

  1. hmone gyi says:

    ta kar ma ma eat buu tae buu… mike hla gyi lar… yangon pyan lar yin treat own naw 🙂

  2. Aye Aye Tint says:

    လုပ်စားကြည့် အုံးမယ်ညီမရေ။

  3. june says:

    ညီမရေ…တခါမှမစားဖူးဘူး…အရသာကောင်းမဲ့ပုံဘဲနော်.ကျေးဇူးတင်ပါတယ်.လုပ်စားကြည့်မယ်နော်.

  4. ခင်ယမုံ says:

    ညီမလေးရေ..
    အစ်မခရီးသွားနေလို့ ညီမလေးရဲ့ဟင်းတွေနဲ့ဝေးနေတာ တော်တော်ကြာသွားပြီ..
    ဟင်း ၄..၅ မျိုးလောက်နဲ့လည်း ဝေးသွားတယ်..
    အခုမှပဲ အတိုးချပြီး ညီမလေးချက်ထားတာတွေအရင်စားသွားတယ်နော်..
    နောက်မှ ကိုယ့်ဟာကိုယ်ထပ်ချက်စားမယ်..
    ကျေးဇူးညီမလေးရေ..
    🙂

    • admin says:

      ဒါကြောင့် မခင်ယမုံကို သတိရနေတာ.. အားပေးသွားလို့ ကျေးဇူးပါ.. 🙂

  5. Mrs.Pyaesone says:

    အစ်မရေ..အရမ်းစားကောင်းမဲ့ပုံပဲနော်..ချက်စားကြည့်စရာတိုးလာတယ်နော်.
    .ကျေးဇူးအများကြီးတင်ပါတယ်နော်..အဆီမတက်ဘဲ စားကောင်းမဲ့ ဟင်းလေးတွေများများ တင်ပေးပါဦးနော်..၀ိတ်တက်မှာကြောက်တဲ့သူတွေအတွက်ပေါ့

    • admin says:

      ဟုတ်ကဲ့ ၀တ်ရည်လည်း နောက်ပိုင်း ဟင်းချက်ရင် အဆီမတက်တဲ့ ဟင်းတွေ ကြိုးစားချက်နေပါတယ်။ ကိုယ်တိုင်လည်း ၀လာလို့.. 🙂

  6. Chit wai wai khaing says:

    စားကောင်းမယ့်ပုံဘဲချက်စားကြည့်မယ်

  7. Ma Phyu says:

    ကျေးဇူးတင်ပါတယ် ။ ၀ါးကင်အ၇မ်းကြိုက်တယ် ။ အချိန်၇ခဲ့၇င် ကြိုင်မဆိုင် လုပ်နည်းလေးပြောပြပါလား ။

  8. အန်တီလေးမေခင် says:

    ကောင်းမဲ.ပုံလေးနော်ချက်စားကြည်မယ်နော်
    ခင်တဲ.အန်တီလေးမေခင်

  9. မ၀တ်ရည်ဟင်းချက်နည်းတွေလာလေ့သွားပါတယ်နော်

  10. zarzar says:

    ဒီနည်းလေးက အတော်လေးမိုက်တယ်.အားလပ်ရက်ကျရင် လုပ်စားဖို့အတော်ပဲ 🙂

  11. Yin Yin says:

    Hi Ma Wutyee,

    Can I use Oven?

    Thanks!
    Yin

    • admin says:

      oven နဲ့လည်း ကင်လို့ရပါတယ်။ oven ကင်ရင် ငပျောရွက်ဖယ်ပြီ ကင်ပေါ့။ ရိုးရိုး မီးသွေး(သို့) လျှပ်စစ်မီးနဲ့ကင်ရင် အနံ့ပိုသင့်းပါတယ်.

  12. […] ငပျောရွက် ငါးကင် […]

  13. nge thu min says:

    hi sis,
    ရှမ်းပြည် အင်းလေး မှာ ရောင်းတဲ့ ငါးချဉ်စပ်ဟင်း ချက်နည်းလေး တင်ပေးပါ လား အမ
    အရမ်းကြိုက်ပေမယ့် ဘယ်လိုချက်ရမယ်မှန်း မသိလို့ 
    တင်ပေးပါနော် အမ

  14. Ko min thu says:

    အစ်မ ရေ အရမ်းကိုမွှေးပြီးစားလို့ သိပ်ကောင်းမှာပဲ ငါးရှဥ့် ကိုလည်း ကင် လို့ရလား

Leave a Reply

Your email address will not be published. Required fields are marked *