ကိုရီးယားစတိုင် အာလူးကြော်

ကိုရီးယားစတိုင် အာလူးကြော်

ကိုရီးယားစတိုင် အာလူးကြော်လေးက အရသာအရမ်းကောင်းမွန်တဲ့ သက်သက်လွတ် ဟင်းလျာတစ်မျိုးပါ။ သက်သက်လွတ်စားတဲ့သူတိုင်း အာလူးဟင်းက မပါမဖြစ်မို့ အာလူးကို ချက်နေကျပုံမျိုးမဟုတ်ပဲ ကိုရီးယားစတိုင် အာလူး ချိုစပ်လေးကို တင်ဆက်လိုက်ပါတယ်။ ထမင်းနဲ့လည်း လိုက်ဖက်သလို၊ တခြား သက်သက်လွတ်ဟင်းလျာတွေနဲ့ပါ လိုက်ဖက်ပါတယ်။ ဒါကြောင့် ခုပဲ တူတူချက်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • အာလူး – ၅လုံး (အခွံနွှာပြီ အတုံးသေးများတုံးပေးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

  • ငရုတ်သီးပွပု – ၂ခု (အစေ့ထုတ် ရေစင်အောင် ဆေးပြီ ငရုတ်ဆုံဖြင့် ညက်အောင် ထောင်းပေးပါ)
  • ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပျားရည် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
  • နှမ်း – စားပွဲတင်ဇွန်း ၁ဇွန်း

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၂။ ပြီမှ အာလူးနှင့် ငရုတ်ထောင်းကို ရောမွှေ၍ ဒယ်ထဲ ထည့်ကာ ကြော်ပေးပါ။

၃။ ထို့နောက် အရသာအတွက် ပဲငံပြာရည်၊ ထည့်ကာ အာလူးကြွ့ပ်ရွလာသည်အထိ ကြော်ပေးပါ။

၎။ အာလူး ကြွပ်ရွလာမှ ပျားရည်ထည့်ကာ ၁မိနစ်ခန့် ထပ်ကြော်ပေးပါ။

၅။ နောက်ဆုံးမှ နံနံပင်၊ နှမ်းဖြူပြီ ရောမွှေကာ မီးပိတ်ထားပေးပါ။

၆။ အရသာရှိသော ကိုရီးယားစတိုင် အာလူး ချိုစပ်ကြော်လေးကို သုံးဆောင်နိုင်ပါပြီ…

26 comments

  1. linlunaing says:

    thank u so much for.

  2. hmone gyi says:

    lawe thar bae…san kyi own ma bae 😉

  3. ခင်ယမုံ says:

    ပျားရည်နဲ့ နံနံပင်ပါတော့ ချိုအီမွှေးနေမှာပဲ..
    လုပ်စားမယ်ညီမလေးရေ..
    ကျေးဇူး ကျေးဇူး
    😀

    • admin says:

      မခင်ယမုံ အာလူးကြော်က တော်တော်စားကောင်းတယ်၊ လုပ်ရလည်း လွယ်တယ်.. 😀

  4. san says:

    Thanks sis for ur vegetable post.I like it.

  5. hnin says:

    မမဝတ်ရည် ဟင်းထဲမှာ ဆား အချိုမှုန့် မထည့်ရတာလားေ၇းမထားတာလား တကယ်သိချင်လို့ မေးတာပါနော်မ လုပ်စားကြည့်ချင်လို့ 

    • admin says:

      ဟုတ်ကဲ့ ပဲငံပြာရည်(အကြည်) ထည့်ထားတယ် ညီမ။ ဆား၊ အချိုမှုန့် ထည့်ဖို့ မလိုဘူး.. လုပ်စားကြည့်ပါနော်.. 🙂

  6. Tin Win Yee says:

    မ၀တ်ရည် ရေ ဒီဆိုဒ်ကလေးကို သိတာမကြာသေးပါဘူး ညီမရဲ့ ဟင်းချက်နည်း လေးတွေကို သဘောကျလို့ 3 မျိုး တော့လုပ်စား ပြီးသွားပါပြီ အိမ်ကမိသားစု နဲ့ အဆောင်နေညီမလေးတွေက လည်း ကြိုက်ကြပါတယ် သူတို့ကတောင် ဟင်းချက်နည်းတွေ မေးနေကြလို့ ညီမရဲ့ဆိုဒ်နာမည်ကို ပြောပြလိုက်ပါသေးတယ် အစ်မက ကြက်ခြေထောက်တုံရမ်း ကြက်ဆီထမင်း နဲ့ သင်္ဘောသီးထောင်း တွေလုပ်စားဖြစ်ပါတယ် ကျေးဇူးတင်ပါတယ်နော်

  7. Aye Aye Tint says:

    thanks!!!!!yummy

  8. Thaw Thaw says:

    အမရေကျေဇူးတင်ပါတယ် အမWebsite လေးကိုကြည့်ပြီး ညီမလေးချစ်တယ့်သူတွေကိုချက်ကျွေးရလို့ကျေးဇူးတင်ပါတယ် မြန်မာဟင်းတွေတော့ချက်တက်ပေမယ့် တရုတ်ဟင်းတွေကျတော့မချက်တက်လို့ အမအကူအညီရသွားလို့ကျေးဇူးအများကြီးတင်ပါတယ်အမ

  9. Ei Snow says:

    ကျေးဇူးမ၀တ်ရည်ရေ အာလူးသရဲ အိကိုယ်တိုင်နဲ့ သားသားအတွက်တော့ အာလူး နောက်တနည်းပေါ့ရှင်…

  10. Lu Gyi Min says:

    ဒါလေးတော့ အိမ်မှာ ကိုယ့်ဟာကိုယ် လုပ်စားလို့ အဆင်ပြေနိုင်လောက်ပါတယ်…. :D

  11. Khaing Wint Wah says:

    မ၀တ်ရည်ရေ၀င့်တော့သက်သက်လွတ်အာလူးကြော်တော့ခိုက်သွာဲးပြီသိလားကိုကို့ပြန်လုပ်ကျေးရမယ်ကျေးဇူးပဲနော်မမ

  12. […] ကိုရီးယားစတိုင် အာလူးကြော် […]

  13. si han says:

    thanks alot

  14. thandamarlar says:

    THANK YOU

Leave a Reply

Your email address will not be published. Required fields are marked *