ဝက်သားကင် နှင့် အာလူးထောင်း (Grilled Pork Chop with Mash Potato)

Grilled Pork Chop with Mash Potato (၀က်သားကင် နှင့် အာလူးထောင်း)

အနောက်တိုင်း ဟင်းလျာဖြစ်တဲ့ ၀က်သားကင် နဲ့ အာလူးထောင်း လေးပါ။ Pork Chop ဆိုတဲ့အတိုင်း ၀က်ရဲ့ အသားပိုင်းကို ကင်ထားတာပါ။ တချို့ကလည်း နံရိုးနဲ့ အသားနဲ့ တွဲကင်တာမျိုးလည်း ရှိပါတယ်။ ၀တ်ရည်ကတော့ ၀က်သား အသားချည်းပဲ သီးသန့်ကင်ထားတာပါ။ ၀က်သားကင် အရသာက ချိုစိမ့်နဲ့ စားလို့ အရမ်းကောင်း ပါတယ်။ အာလူးထောင်းကိုလည်း နို့နဲ့ပြန်ရောချက်ထားတာမို့ အီစိမ့်စိမ့်လည်း ထောပတ်အနံ့လေး သင်းနေမှာပါ။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ လုပ်စားကြည့်ရအောင်…

ဝက်သားကင်ရန် ပါဝင်ပစ္စည်းများ

  • ၀က်သား – အတုံးကြီး ၂တုံး (အရိုးမပါ)
  • သကြား (အညှိ) – စားပွဲတင်ဇွန်း ၄ဇွန်း
  • ပန်းသီး ဖျော်ရည် – ခွက်တ၀က်
  • ပဲငံပြာရည်(အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း

  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
  • ရေ – ခွက်တ၀က်
  • ကော်မှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ရေဖြင့် ဖျော်ထားပေးပါ)
  • RoseMary – အနည်းငယ် (အနောက်တိုင်းဟင်းခတ် အမွှေးအကြိုင်)

မှတ်ချက်။ ။ အနောက်တိုင်း ဟင်းခတ် အမွှေးအကြိုင်များကို Martket Place တွင် ၀ယ်ယူနိုင်ပါသည်။

ဝက်သားကင်နည်း

၁။ အရင်ဆုံး ၀က်သားကို (ဆား၊ ငရုတ်ကောင်းမှုန့်) အနည်းငယ်ဖြင့် သမအောင် နုယ်ထားပေးပါ။

၂။ ထို့နောက် ဆော့ရည် ချက်ပါမည်။

၃။ ဆော့ရည်ချက်ရန် ဒယ်ထဲသို့ (သကြား၊ ပန်းသီး ဖျော်ရည်၊ ပဲငံပြာရည်၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဟင်းရွက်ဆီ၊ ရေ) အားလုံးကို ထည့်လိုက်ပြီ သကြားပျော်သည်အထိ မီးအသင့်တင့်ဖြင့် တည်ထားပေးပါ။

၃။ ပြီမှ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်လိုက်ပြီ ဆော့ရည် ခပ်ပျစ်ပျစ်အနေထားတွင် မီးပိတ်လိုက်ပါ။

၎။ ၀က်သားမကင်ရန် မီးကင်ပြားကို ဆီသုတ်ထားပေးပြီ မီးသွေး (သို့) ဂက်စ် ဖြစ် ကင်ပေးပါ။

၅။ မီးကင်ပြားပူလာလျှင် ၀က်သားကို ဆော့ရည်များ သုတ်ပေးပြီ တဖက်ကို ၁၅မိနစ်နှုန်းဖြင့် နာရီဝက်ခန့် ၀က်သားကျက်သည်အထိ ကင်ပေးပါ။

၆။ ၀က်သားကင်ရပြီဆိုလျှင် ကျန်ဆော့ရည်များကို အပေါ်မှ လောင်းချလိုက်ပြီ အာလူးထောင်း၊ ဟင်းရွက်သုတ်နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…

အာလူးထောင်းပြုလုပ်နည်း

  • အာလူး – ၅လုံး
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • နွားနို့ – ၁ခွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

၁။ အာလူးကို ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ရေနွေးဖြင့် ပြဲအိသည်အထိ အဖုံးအုပ်ပြီ ပြုတ်ပေးထားပါ။

၂။ အာလူးရပြီဆိုလျှင် ခေတ္တအအေးခံပြီ အခွံနွှာကာ ငရုတ်ဆုံဖြင့် အာလူးများကို ညက်အောင် ထောင်းပေးပါ။

၃။ ထို့နောက် ဒယ်ထဲ ထောပတ်ထည့်ပြီ ကြက်သွန်ဖြူ ဆီသပ်ပေးပါ။

၎။ ပြီမှ နွားနို့ထည့်ပြီ မီးနည်းနည်းဖြင့် ၁မိနစ်ခန့် တည်ထားပါ။

၅။ ပြီနောက် အာလူးထောင်းများကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

၆။ အရသာအတွက် ဆား၊ ငရုတ်ကောင်းမှုန့်များ ဖြူးပေးပြီ ထောပတ်ရနံ့သင်းသော အာလူးထောင်းရပါပြီ…

ဟင်းရွက်စုံပြုလုပ်နည်း

  • မုန်လာဥနီ – ၁ခု( အရှည်လှီးပေးပါ)
  • ပန်းကော်ဖီ – တစိတ် (အတုံးသေးများ တုံးပါ)
  • ဘိုစားပဲ – ၅ခု (အရှည်အစောင်းလှီးပါ)

၁။ အရင်ဆုံး ဒယ်ရေနွေးထည့်ထားပေးပြီ ဆူလာလျှင် (မုန်လာဥနီ၊ ပန်းကော်ဖီ၊ ဘိုစားပဲ) များကို ကျက်အောင် ၂မိနစ်ခန့် တည်ထားပါ။

၂။ ပြီမျှ ဇကာဖြင့် ပြန်ဆယ်ပြီ ရေအေးစိမ်၍ ရေစစ်ထားပေးပါ။

၃။ ထို့နောက် မုန်လာဥနီ၊ ပန်းကော်ဖီ၊ ဘိုစားပဲ များကို (ဆား၊ ငရုတ်ကောင်းမှုန့်) အနည်းငယ်ဖြင့် သမအောင် ရောနုယ်ပေးပါ။

29 comments

  1. Ei Mon Kyaw says:

    Nice!

  2. MayEi says:

    မ၀တ်ရည်ရေ…
    ကျေးဇူး ..ကင်စားကြည့်ဦးမယ်.
    ကြက်သားနဲ့ လုပ်စားရင်ကော တူတူပဲလားရှင့်

    • admin says:

      ဟုတ်ကဲ့ ကြက်ရင်ဗုံနဲ့ လုပ်ရင်လည်း အချိုးအစား အားလုံးတူတူပါပဲ.. လုပ်စားကြည့်နော် ညီမ..

  3. Seng Li Kham says:

    My favorite.I’ll try one day,sis 😀

  4. sydney says:

    Dear Wutyee,
    Would you please how to cook attch with video clip?
    More easy and understand for all people.Thanks.

    • admin says:

      Yeah I would like to attach video clip. But here internet connection is so slow.. Need to upload for photo like 1hr.. 🙁

  5. thuthu says:

    အမေ၇ခုလိုလေးပြည့်ပြည့်စုံစုံလေးတင်ပေးလို့..ကျေးဇူးအများကြီးတင်ပါတယ်….
    အမေ၇၀က်သားကောက်ညင်းထုတ်လုပ်နည်းလေးသိ၇င်တင်ပေးပါအုံးနော်..
    ကျေးဇူးတင်လျက်……..

  6. htarhtaryu says:

    အရမ်းကောင်းမယ့်ပုံပါပဲ

  7. Thet Thet Khine says:

    Wutyee Food House is very useful to me.

  8.ဲJudaline Mary says:

    ထောပတ်က ဟင်းချက်တဲ့ ဂီးထောပတ်လား၊ ဘယ်ဟာမဆို သုံးလို့ရလား သိချင်ပါတယ်

    • admin says:

      ဂီထောပတ် မလိုပါဘူး။ ရိုးရိုးထောပတ်နဲ့ဆို ရပါပြီ

  9. ထူးထူး says:

    မမ ရေ
    နွားနို့ တခွက် ဆိုတာ ဘယ်လောက် ml လည်းဟင်
    ပြောပြပေးပါနော်

  10. Thura Kyaw says:

    စာအုပ်ရှိပါသလား ရှိရင် ဘယ်မှာ ဝယ်လို့ရပါသလဲ

  11. Sweet Wah says:

    လုပ်စားကြည့်အုံးမယ် 🙂

  12. aungsoewin says:

    ဒီဝက်ဆိုက်လေးကအရမ်းကောင်းတာဘဲ။လုပ်နည်းတွေအကုန်ပါတယ်။ကျေးဇူးအထူးနော် အားပေးနေမယ်

  13. princess says:

    အာလူးပြုတ်တာဘာလို့ဆားထည့်ရလဲဆိုတာသိချင်ပါတယ်အမပြီးတော့တခြားအသီးအရွက်ပြုတ်ရင်ကောဆားထည့်ဖို့လိုလားဆိုတာသိချင်ပါတယ်ကျေးဇူးပါ

    • admin says:

      အာလူးက ပြုတ်တဲ့အချိန် ရေကို စုတ်ယူတာမို့ ဆားထည့်ခြင်းဖြင့် အာလူးထဲ အရသာ စိမ့်ဝင်စေပါတယ်… ခေါက်ဆွဲပြုတ်တဲ့အခါလည်း အဲဒီအတိုင်းပဲ ထည့်ပြုတ်ပါတယ်..

  14. Wut Yee says:

    အာလူး​ထောင်းကို vegetables ​တွေနဲ့ သုပ်​တာ​လေးလည်း တင်​​ပေးပါလားရှင့်​… Lotteria မှာ ကြက်​​ကြော်​နဲ့တွဲ​စားရတာ….စိမ့်​စိမ့်​​လေးနဲ့…အရမ်းကြိုက်​လို့…လုပ်​စားကြည့်​ချင်​လို့…​ကျေးဇူးတင်​ပါတယ်​​နော်​….ဟင်းချက်​နည်း​တွေအရမ်း​ကောင်းပါတယ်​…..

  15. Win Mar says:

    Good shal .
    Thanks alot sis

Leave a Reply

Your email address will not be published. Required fields are marked *