ရေညှိ ကြက်သားပေါင်း
ရေညှိ ကြက်သားပေါင်း
ဒင်းဆမ်း တမျိုးဖြစ်သည့် ရေညှိကြက်သားပေါင်းလေးပါ။ ရေညှိရွက်နဲ့ လိပ်ပြီ ကြက်သား၊ ပုဇွန်၊ မုန်လာဥနီကို ပေါင်းထားတာပါ။ အချိန်တိုတွင်းမှာပဲ လုပ်စားနိုင်တဲ့ ဒင်းဆမ်း လုပ်နည်းတမျိုးပါ။ လုပ်နည်းလေး ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ရေညှိရွက် – ၂ရွက်
  • ကြက်သား – ၃၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • ပုဇွန် – ၂၀၀ ဂရမ် (နှုတ်နှုတ်စဉ်းပါ)
  • မုန်လာဥနီ – စားပွဲတင်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ချက်ပြုတ်နည်းများ
၁။ ရေညှိရွက်မှအပ ကျန်ပါဝင်ပစ္စည်များဖြစ်သော (ကြက်သား၊ ပုဇွန်၊ မုန်လာဥနီ၊ ကြက်သွန်မြိတ်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်) အားလုံးကို သမအောင် ရောနုယ်လိုက်ပါ။
၂။ ထို့နောက် ၀ါးယင်းလိပ်ပြားပေါ်တွင် ရေညှိရွက် ၁ရွက်ခင်းလိုက်ပါ။
၃။ ပြီမှ နုယ်ထားသော ကြက်သားတ၀က်ကို ရေညှိရွက်ပေါ်တွင် ခင်းပေးပြီ ပုံတွင်ပါသည့်အတိုင်း လိပ်ပေးပါ။
၎။ ရေညှိရွက်အဆုံးကို ရေအနည်းငယ်စွတ်ပြီ ဆက်လိမ့်လိုက်ပါ။
၅။ ထို့နောက် ဓားဖြင့် ၈ပိုင်းပိုင်းလိုက်ပါ။
၆။ ပြီမှ ပေါင်းအိုးဖြင့် ၁၀မိနစ်ခန့် ပေါင်းပေးပါ။
ရ။ ပူပူနွေးနွေးလေး ဒင်းဆမ်း ရေညှိ ကြက်သားပေါင်းကို သုံးဆောင်နိုင်ပါပြီ…
————————————————————————————————–
49 comments
  1. Thiri says:
    Thanks sister
  2. Hmone Gyi says:
    sar chin sa yar gyi bar lar…i will try too thx
  3. Wynn says:
    ကြိုက်တယ်ဗျို့…၀က်သားနဲ့ ဒင်းဆမ်းလုပ်နည်း တင်ပေးပါအုံး။တင်ပြီးသားရှိယင်လဲ လမ်းညွှန်ပေးပါ။
    ကော်မှုန့်ထဲမှာ ပြောင်းဖူးမှုန့် ဂျုံ မှုန့် ပလောပီနံမှုန့် ဘယ်ဟာက ပိုကောင်းပါသလဲ။
    တစ်ခါက ၀က်သားကို ပြောင်းဖူးမှုန့်နဲ့ နယ်ပြီး ပေါင်းစားတာ မာမာကြီး နဲ့ စားမကောင်းလို့ပါ။
    • admin says:
  4. Htwe says:
    Dear Ma,
    I would like to get your recipe.
    with thanks,
  5. Htwe says:
    Thanks for your recipe.
  6. thawda says:
    မ၀တ်ရည်ရေကျေးဇူးအရမ်းတင်ပါတယ်ကိုယ်တိုင်လုပ်စားတော့အများကြီးစား၇တယ်လေ
    • admin says:
      yeah sis.. ကိုယ်တိုင်လုပ်စားရတော့ ပျော်ဖို့လည်း ကောင်းတယ်..
  7. Kk says:
    မမရေ တရေယိုသွားတာပဲ စားစရာတွေ မွှေနှောက်စားသွားတယ် ဟိ 😀
  8. anti myaing says:
    So good
  9. Moe Moe San says:
    ညီမလေး ၀တ်ရည်
    အစ်မက အစားအသောက်အရမ်းမက်သူဆိုတော့ ညီမလေး ၀က်ဆိုက်ကို အလုပ် အားရင် ဖွင့်ဖွင့်ကြည့်ပြီးသွားရည်ယိုနေတာ။
    ချက်ကြည့်မယ် ချက်ကြည့်မယ်နဲ့ အခုထိတော့ မချက်ရသေးဘူး။
    မဆိုင်တာလေး တစ်ခုလောက် မေးလို့ရမလား။
    ညီမလေး ရဲ့ ၀က်ဆိုက်ကို ကြိုက်လို့။
    ဘယ်သူလုပ်ပေးတာလဲ။ ကိုယ်တိုင်လုပ်တာလား။
    တစ်ယောက်ယောက်ဆီအပ်တာလား။
    အစ်မ ၀က်ဆိုက်လေး တစ်ခု လုပ်ချင်လို့။
    ပြောပေးလို့ရမလား။
    မဆိုင်တာမေးတယ်လို့ယူဆရင်လည်း ဒီမေးခွန်းကို မေ့ပစ်လိုက်နော်။
    • admin says:
  10. မောင်ပြီးပြည့်စုံ says:
    ကြက်သား နဲ့ ပုဇွန်က ပြုတ်ထားပြီးသားကို နူတ်နူတ်စဉ်းခိုင်းတာလား? အစိမ်းကြီးလားခင်ဗျ? အစိမ်းတွေကို
    dimsum လုပ်တဲ့အခါ ၁၀ မိနစ်လောက်နဲ့ ကျက်နိုင်ပါ့မလား? (ကျေးဇူးပြုပြီး ဖြေပေးပါ ခင်ဗျာ)
    • admin says:
      အစိမ်းကို နှုတ်နှုတ်စဉ်းပြီ ၁၀မိနစ်လောက် ပေါင်းလိုက်ရင် ကျက်ပါတယ်..
      • AYETHAZIN says:
        • admin says:
          ဟုတ် ကျက်တယ် sis.. ပေါင်းအိုးကို အရင်ပွက်ပွက်ဆူအောင် တည်ပြီမှ ထည့်တာဆိုတော့ ကျက်ပါတယ်
  11. Ei Snow says:
  12. May says:
    Ma Wut Yee
    can u tell the sauce recipe to eat with that dim sum !
    as the ready made sauce like Chit-To and some other are not match very much!
    i love some sauce at Oriental House Dim Sum and some other like Uncle Bird restaurant !
    • admin says:
      ဒင်းဆမ်းဆော့ လုပ်နည်း
      ငရုတ်သီးဆော့အစပ်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ဆန်ဗီနီကာ (စားပွဲတင်ဇွန်း ၄ဇွန်း)၊ ပဲငံပြာရည်(စားပွဲတင်ဇွန်း ၄ဇွန်း)၊ နှမ်းဆီ (လက်ဖက်ရည်ဇွန်း တ၀က်) တို့ကို ရောမွှေလိုက်ပါ။
      • may says:
        thanks sis!
        today i made that dim sum but i think my dim sum need some sugar !
        as the one that i eat at restaurant is more sweet ! can i add?
        anyway thanks u so much as i can made it properly ! 🙂
        • admin says:
          Yeah you can add sugar as like sis.. Thanks 🙂
          • Mya says:
            ညီမရေ… ဆန်ဗီနီကာ က ဘယ်လိုမျိုးလေးလဲ….ပုံရှိရင် တင်ပေးပါလား…ရန်ကုန်မှာကောဝယ်လို့ရလား
            • admin says:
              ဆန်ဗီနီကာကို စူးပါ မတ်ကက်တွေမှာ မေးဝယ်လို့ရပါတယ် 🙂
  13. May says:
    these day are my school holidays …. as we have semester break !
    i want to know about the cooking class as i want to try !
    Sis Wut Yee, if u know some good place please help me 🙂
    • admin says:
      မနီကုန်းက Star Resourse Managment Center မှာ ဟိုတယ်ဟင်းအချက်အပြုတ်သင်တန်း ရှိတယ် ညီမ.. သင်တန်းကတော့ ၂လခွဲတက်ရမှာ။ အဲဒီမှာ တချက်စုံစမ်းကြည့်ပါနော်
      No. 267, Room. 302,Pyay Road,San Chaung Tsp, Yangon, Myanmar.
      Phone: 951 523 623, 951 441 2256, 95 950 20302
      Email: [email protected]
  14. Zarchi Phyo says:
    ဝတ်ရည်ရေ…… မေးပြီးရင်းမေးနဲ့ အားမနာတမ်းမေးရအုံးမယ်.
    ရေညှိလိပ်တဲ့ဝါးယင်းလိပ်ကို ဘယ်လိုသိမ်းရမလဲ? အိမ်မှာရေသေချာဆေးပြီးသိမ်းတာတောင်မှိုတက် သွားလို့
    Thank u for kitchen idea
    • admin says:
  15. white says:
    sis ရေ ..နည်းယူသွားတယ် .. ဒီတစ်ပတ်ပိတ်ရက်ကျရင် လုပ်ကြည့်ဦးမယ် .. ပုံကြည့်တာနဲ့တင် သွားရေကျတယ် .. ဟိ 🙂 ကျေးကျေးနော်
  16. Khine says:
    အစ်မရဲ့နည်းလမ်းအတိုင်းလုပ်ကြည့်တာ စားလို့သိပ်ကောင်းပါတယ်..ကျေးဇူးတင်ပါတယ်အစ်မ..
  17. Sandar says:
    မဝတ်ရည် ရဲ့ ဟင်းတွေကိုကြိုက်လည်းကြိုက်ပြီး ချက်စားဖြစ်ပါတယ်။
    ဒို့က အိမ်ရှင်မမို့ ဟင်းအသစ်လေးတွေက အရမ်းအထောက်အကူဖြစ်ပါတယ်။
    နောက်ထပ် ဟင်းအသစ်လေးတွေရှိရင် ဒို့ဆီပို့ပေးပါအုန်း ။
    ကျေးဇူးတင်တယ်နော် ။
  18. Thu Zar Hnin says:
    Teacher wutyee ရေ ကျေးဇူးအများကြီးတင်တယ်နော် သမီးမနက်ဖြန်လုပ်စားကြည့်မလို့ 
  19. yi mon says:
    I would like to get your recipe.
    Thanks.,
  20. wai moe says:
    မဝတ်ရည် ဒင်းဆမ်းလုပ်တဲ့ ပစ္စည်းတွေဘယ်မှာဝယ်လို့ ရနိုင်မလဲ
    ခင်ဗျာ
  21. Meenge says:
    အမရေ ဝါးယင်းလိပ်ကို ဘယ်မှာဝယ်ရလည်းရှင့် နယ်ကမို့လို့ပါ
Leave a Reply to Ei Snow Cancel reply
Your email address will not be published. Required fields are marked *