မီးဖိုချောင်ကို ဘယ်လို သန့်ရှင်းအောင် လုပ်မလဲ

‘‘သင့် မီးဖိုချောင်ကို ဘယ်လို သန့်ရှင်းအောင် လုပ်မလဲ ’’

တစ်ခါတရံ လူတွေ မျက်စိနှင့်ပင် မမြင်နိုင်တဲ့ ရောဂါ ပိုးမွှားတွေ မီးဖိုချောင် ထဲမှာ ရှိနေတတ်ပါတယ်။ ဒါတွေကြောင့် ဟင်းချက်ပြီ စားသောက်တဲ့အခါမှာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်နိုင်တဲ့အပြင် အစားအဆိပ်သင့်တဲ့အထိပါ ဖြစ်ပွားနိုင်ပါသေးတယ်။ ဒါတွေကို ကာကွယ်ဖို့ ဆိုရင် ပိုးမွှား ကင်းစင်သန့်ရှင်းတဲ့ မီးဖိုချောင်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ပိုးမွှားတွေ မပေါက်ဖွားပဲ သန့်ရှင်းတဲ့ မီးဖိုချောင်ဖြစ်ဖို့ နည်းလမ်းကောင်း ၉ချက်ကို အကြံပေးပါရစေ။

၁) အသုံးမလိုတဲ့ ဟင်းချက် ကိရိယာများကို သိမ်းထားခြင်း

အမြဲ သုံးဖို့ မလိုတဲ့ ဟင်းချက်ကိရိယာဖြစ်တဲ့ အသားကြိတ်စက်၊ ကော်ဖီဖျော်စက်၊ သစ်သီး ဖျော်စက်၊ ပါမုန့်ကင်စက် စသည်တွေကို အသုံးပြုပြီသည်နှင့် သေချာ ထုပ်ပိုးပြီ သိမ်းထားရမှာပါ။ သို့ပေမယ့် သိမ်းထားတဲ့အခါမှာလည်း သန့်ရှင်းပြီ ကလေးတွေနဲ့ လက်လှမ်းမမှီတဲ့ နေရာမှာ သိမ်းထားဖို့လည်း လိုအပ်ပါသေးတယ်။

 

၂) ရေခဲသေတ္တာကို သန့်ရှင်းအောင် ထားပါ

ပုတ်ပွနေတဲ့ အစားအသောက်များ၊ ဟောင်းနွမ်းနေတဲ့ အသီးရွက်တွေနှင့် ညစ်ပတ်နေတဲ့ နေရာများကို သင် တပတ်စာ ဈေးမ၀ယ်ခင် အရင် ရှင်းလင်းခဲ့ရမှာပါ။ အိမ်ချက် ထမင်းကျန် ဟင်းကျန်တွေ ရက်လွန်၊ မလွန်ကိုလည်း အမြဲ စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ ထို့ပြင် အစားအသောက်တွေကို ရေခဲသေတ္တာထဲမှာ ကြာကြာထားတဲ့ အလေ့အထကို ရှောင်ကြဉ်သင့်ပါတယ်။ အဘယ်ကြောင့်လဲဆိုရင် လတ်ဆတ်တဲ့ အစားအစာတွေကို ပုတ်ပွနေတဲ့ အစားအသောက်တွေနဲ့ တနေရာထဲမှာ တူတူထားမိလျှင် လတ်ဆတ်တဲ့ အစားအစာတွေကိုတောင် ညစ်ညမ်းသွားစေတာမို့ပါ။

၃) အမှိုက်ပုံးကို အမြဲသန့်စင်ပါ

အမှိုက်ပုံး မပြည့်သေးသည့်တိုင်အောင် အနံ့ထွက်တတ်သာကြောင့် နေ့စဉ် အမှိုက်ပစ်ပေးသင့်ပါတယ်။ ဒါ့ပြင် အမှိုက်ပုံးကို အနည်းဆုံး တစ်ပတ်တစ်ခါ ဆေးကြော သန့်စင်ပေးမှသာ အမှိုက်ပုံးမှာ ကပ်ညှိနေတဲ့ ပိုးမွှားတွေကို ကင်းရှင်းစေပြီ အနံ့အသက်တွေလည်း စင်ကြယ်စေပါတယ်။

၎) စဉ့်နီတုံး တွေကို ခွဲထားပေးပါ

အသားလှီးဖို့ စဉ့်နီတုံးနဲ့ အသီးအရွက်လှီးဖို့ စဉ့်နီတုံးဆိုပြီ နှစ်မျိုးခွဲထားပေးလျှင် ပိုးမွှားပေါက်ဖွားမှု လျှော့နည်းစေပါတယ်။ ကြက်သား၊ ငါးစိမ်းတွေမှာ ပိုးမွှား ပိုပေါက်ဖွားနိုင်တဲ့ အခွင့်လမ်းပိုများတာမို့ အထူးသဖြင့် ကြက်သား၊ ငါးစိမ်းများကို လှီးခုတ်ပြီရင် စဉ့်နီတုံးတွေကို သေသေချာချာ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။

၅) မီးဖိုချောင်သုံး အ၀တ်များ အမြဲလျှော်ဖွပ်ပါ

မီးဖိုချောင်မှာ နေ့စဉ် သန့်ရှင်းရန် သုံးနေတဲ့ အ၀တ်တွေကို ဟင်းချက်ရာမှာ အသုံးမပြုပါနှင့်။ ထို့ပြင် မီးဖိုချောင်သုံး အ၀တ်များကို ရေနွေးဖြင့် ပိုးမွှားသန့်စင်အောင် လျှော်ဖွပ်ပေးပါ။ ဟင်းပွဲတွေ၊ လက်သုတ်ဖို့ အ၀တ်တွေကို သီခြားအသုံးပြုပေးပါ။

၆) လက်ကို စင်ကြယ်အောင် ဆေးပါ

အစားအသောက်များကို ချက်ပြုတ်ရာမှာပဲ ဖြစ်ဖြစ်၊ အိပ်သာ အသုံးပြုပြီတဲ့ အခါမှာပဲဖြစ်ဖြစ်၊ ချောင်းဆိုး၊ နှာစေးပြီလျှင် ဖြစ်ဖြစ် လက်ကို ဆေးကြော သန့်စင်ပါ။

 

ရ) ပန်းကန်တွေ မထားခဲ့ပါနှင့်

စားပြီသား ပန်းကန်တွေ၊ အိုးခွက်တွေကို အသုံးပြုပြီသည်နှင့် ချက်ချင်း ရေနွေး၊ ဆပ်ပြာတို့ဖြင့် ဆေးကြော်ပေးရမှာပါ။

 

၈) ဖိတ်ကျတာတွေကို သုတ်ပေးပါ

မီးဖိုချောင် ကြမ်းပြင်ပေါ်သို့ ဖြစ်စေ၊ တစ်နေရာသို့ တစ်စုံတစ်ခု ဖိတ်ကျသွားရင်ဖြစ်စေ၊ ချက်ရင်း ဆီတွေ စဉ်သွားလျှင် ဖြစ်စေ ချက်ချင်း အ၀တ်ဖြင့် သုတ်ပေးပါ။

 

၉) ထိတွေ့တဲ့ နေရာမှန်သမျှကိုလည်း သန့်ရှင်းပေးပါ

မီးဖိုချောင်ထဲမှာ မိမိ အမြဲထိတွေ့နေတဲ့ တံခါးလက်ကိုင်၊ တံခါးလက်ကိုင်ဘု၊ မီးခလုတ် စသည်တွေကို သန့်ရှင်းနေတယ် ထင်ပေမယ့် သာမန်မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ ရှိနေတတ်သည်မို့ သန့်ရှင်းပေးဖို့ လိုပါသေးတယ်။

 

Ref: Landanea

ဘာသာပြန်: Wutyee Food House

10 comments

  1. moethida says:

    thanks

  2. Thet Thet Khine says:

    Thanks very useful

  3. Aye Aye Tint says:

    thanks for sharing.i can’t write in myanmarfont in ur block.i don’t know why?

  4. Zarchi Phyo says:

    တကယ်အဖိုးတန်တဲ့ဆောင်းပါးလေးပါ. အိမ်က maid ကို print ထုတ်ပြီး kitchenမှာကပ်ပေးထားလိုက်တယ် ဟီးဟီး
    Thanks ဝတ်ရည်

Leave a Reply

Your email address will not be published. Required fields are marked *