”ကလေးငယ် နှင့် မီးဖိုချောင်”
”ကလေးငယ် နှင့် မီးဖိုချောင်”
အရင်တုန်းကဆိုရင် ဟင်းချက်တဲ့ မီးဖိုချောင်ဆိုရင် ကလေးနဲ့ မပတ်သက်တဲ့ အရာပဲလို့ မိဘတိုင်းက ယူဆကြပါတယ်။ အနားမလာနဲ့ အပူလောင်မယ်၊ ဓားရှမိမယ် မထိနဲ့ စသည်ဖြင့် မီးဖိုချောင်ဟာ ကလေးတွေနဲ့ လုံးဝကို မအပ်စပ်တဲ့ အရာတစ်ခုလို ဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ခုခေတ်မှာတော့ ကလေးတွေနဲ့ အတူတကွ ချက်ပြုတ်တာတွေကို အားပေးလာကြပါတယ်။ ဘာကြောင့်လည်း ဆိုရင် ကလေးနဲ့အတူတူ ဟင်းချက်ပြုတ်ခြင်းဖြင့် အကျိုးအာနိသင်တွေ ရှိလို့ပါပဲ။ အဓိကတော့ မီးဖိုချောင်မှာ တူတူချက်ပြုတ်ရင်း သူတို့လေးတွေနဲ့ ရင်းရင်းနှီးနှီး စကားပြောခွင့်ရလာပါလိမ့်မယ်။
မဟုတ်ရင် မိဘတွေကလည်း အမြဲ ရုံးအလုပ်၊ အိမ်အလုပ်နဲ့ ရှုပ်နေတာမို့ သူတို့နှင့် အေးအေးဆေးဆေး စကားပြောဖို့ အချိန်သိပ်မရှိပါဘူး။ ဒါ့ပြင် ဒီလိုကိုယ်တိုင်ပါ ၀င်ရောက် ပါဝင်ချက်ပြုတ်ရတာမို့ ကလေးများက အစားအသောက်နဲ့ပတ်သက်ပြီ ပိုမိုစိတ်ဝင်စားမှုလည်း တိုးလာစေပါတယ်။ သင်ကလေးဟာ အရွယ်ရောက်လာရင် တခါတရံ သူတို့ဘာသာ ဟင်းပွဲတွေ ချက်ပြုတ်ခိုင်းတာမျိုးတွေကို လုပ်ခွင့်ပေးသင့်ပါတယ်။ ဒါပေမယ့် ဟင်းတူတူချက်တဲ့အထဲမှာ ပန်းကန်တွေ ဆေးကြောခိုင်းတာတို့တော့ မပါပါဘူး။
ဗီနီကာ ပူတင်း
အရင်ဆုံးအနေနဲ့ သင်ကလေးလည်း ကြိုက်ပြီ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဗီနီလာပူတင်းကို တူတူလုပ်ကြည့်ပါ။ ဗီနီလာပူတင်းအတွက် နွားနို့(၂ခွက်)၊ သကြား(ခွက်တ၀က်)၊ ပြောင်းကော်မှုန့်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ ဗီနီလာအမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ထောပတ်(စားပွဲတင်ဇွန်း ၁ဇွန်း) လိုအပ်မှာပါ။ နွားနို့ ပူပြီလာပြီ အမြုပ်လေးထွက်သည်အထိ ဒယ်အိုးထဲတွင် တည်ထားပေးပါ။ ပြီနောက် ခွက်တစ်ခုထဲတွင် သကြား၊ ကော်မှုန့်၊ ဆား၊ တို့ကို ထည့်ပြီ ရောမွှေပြီ ပူနေသော နွားနို့အိုးထဲသို့ လောင်းထည့်ပြီ မွှေပေးပါ။ နွားနို့ပျစ်လာသည်အထိ ဆက်ချက်ပေးနေပါ။ ပျစ်လာလျှင် မီးပိတ်ပြီ ဗီနီကာအမှုန့်နဲ့ ထောပတ်ထည့်ကာ ထပ်မွှေပေးပါ။ ထို့နောက် အအေးခံပြီ ရေခဲသေတ္တာထဲတွင် ခဲထားလိုက်ရုံပါပဲ။
တို့ဟူးပေါင်း
နောက်တမျိုးကတော့ တို့ဟူးပေါင်းလေးပါ။ လုပ်ရလည်း လွယ်ပြီ ကလေးတွေလည်း ခံတွင်းတွေ့မယ့် ချက်နည်းလေးပါ။ တို့ဟူး (၃၀၀ဂရမ်)ကို ဓားဖြင့် ၂ပိုင်းပိုင်းပြီ ပေါင်းအိုးထဲထည့်ကာ ၁၅မိနစ်ခန့် ပေါင်းထားပေးပါ။ ပြီမှ ဆော့ရည်အတွက် ကြက်သွန်ဖြူ(၂မွှာ နှုတ်နှတ်စဉ်းပြီသား)၊ ပဲငံပြာရည် (လက်ဖက်ရည်ဇွန်း ၄ဇွန်း)၊ သကြား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်သီးမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သွန်မြိတ်(၁စည်း ပါးပါးလှီးပြီသား) တို့ကို ခွက်တစ်ခုထဲ ရောမွှေထားပါ။ တို့ဟူးများ ပေါင်းပြီလျှင် အပေါ်မှ ဆော့များကို လောင်းချပေးပြီ ကြက်သွန်မြိတ်လေးများ ဖြူးပေးလိုက်ရုံပါပဲ။ အရသာရှိပြီ သင့်ကလေး ကျန်းမာရေးနှင့် ညီညွှတ်တာမို့ သူတို့နှင့်တူတူ လုပ်စားကြည့်သင့် ပါတယ်။
ကြက်တောင်ပံကင်
ကလေးတွေက အကင်၊ အကြော်တွေကို ပြုတ်၊ ပေါင်းတာထက် ပိုကြိုက်နှစ်သက်ကြပါတယ်။ ဒါကြောင့် ဒီတစ်ခါတော့ ကြက်တောင်ပံကင်လေးကို စမ်းလုပ်ကြည့်ရအောင်။ လိုအပ်မှာတွေက ကြက်တောင်ပံ ၁၀ခု၊ နှုတ်နှုတ်စဉ်းထားတဲ့ ကြက်သွန်ဖြူ (၂မွှာ)ရယ်၊ ဂျင်း (လက်ဖက်ရည်ဇွန်း နှုတ်နှုတ်စဉ်းပြီသား)၊ ကြက်သွန်မြိတ် (စားပွဲတင်ဇွန်း ၁ဖွန်း)၊ ပျားရည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ရှိရင် စချက်လို့ရပါပြီ။ ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခုထဲတွင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။ ပြီမှ မီးကင် (သို့) ovenဖြင့် တဖက်ကို ၁၅မိနစ်နှင့် ၂၂၀ဒီဂရီဖြင့် မိနစ်၃၀ခန့် ကင်ပေးပါ။
ပျားရည် ပါမုန့်ကင်
ပြင်သစ်စတိုင် ပျားရည်ပါမုန့်ကြော်လေးကို သင့်ကလေး မနက်စာအတွက် တူတူကြော်နိုင်ပါတယ်။ ပါမုန့် ၄ချပ်၊ ကြက်ဥ ၂လုံး၊ နွားနို့ ၄ပုံ၁ပုံ ခွက်၊ ထောပတ် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ပျားရည်(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ပါဝင်ပစ္စည်းတွေ လိုအပ်ပါတယ်။ ခွက်ဇလုံတစ်ခုထဲတွင် ကြက်ဥ၊ နွားနို့ တို့ကို သမအောင် ခလောက်ပေးပါ။ ပြီလျှင် ခလောက်ထားသော ခွက်ထဲသို့ ပါမုန့်များကို နှစ်ပေးပါ။ ထို့နောက် ဒယ်ထဲ ဆီထည့်ပြီ ပါမုန့်များကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။ ပြီမှ ထောပတ်၊ ပျားတို့ကို ပါမုန့်ပေါ်သို့ လောင်းချပေးပြီ သုံးဆောင်နိုင်ပါပြီ။
Reference: အင်တာနက်
ဘာသာပြန်: Wutyee Food House
15 comments
  1. nono says:
    မ ရေ သားသားကိုအခု မီးဖိုချောင်ထဲ လွှတ်ပေးလိုက်လို့ကတော့ ဂေါ်ဇီလာဝင်မွှေသွားသလိုဖြစ်မှာ အခု ၉ လ လေ ဒါပေမယ် မှတ်ထားရမယ် လူကြီးလုပ်ချင်တဲ့အရွယ်ကျရင်အဆင်ပြေအောင်ပေါ့ ကျေးဇူးပါ
    • admin says:
      ဟားဟား။ ကလေးတွေက ဘယ်အရွယ်ပဲဖြစ်ဖြစ် ချစ်စရာကောင်းတာပါပဲ
  2. nyunt says:
    သိပ်ကောင်းတဲ့စိတ်ကူးပါ……ကျေးဇူး
  3. ခင်ယမုံ says:
    ညီမလေး..
    အစ်မ အင်တာနက်နဲ့ဝေးသွားလို့ ညီမလေးရဲ့ဟင်းလေးတွေနဲ့လည်းဝေးသွားရတယ်..
    အခုမှ အတိုးချပြီး ကလေးတွေနဲ့အတူတူရောစားလိုက်ပြီနော်..
    ကျေးဇူးညီမလေးရေ
    🙂
    • admin says:
  4. Phyo Mon says:
    သားသားအတွက် ဟင်းချက်နည်းလေးတွေ ရှာနေတာနဲ့ အတော်ပဲ.. ကျေးဇူးပါပဲ.. မ၀တ်ရည်ရေ…
  5. Aye Thandar says:
    Thanks a lot sister, i got idea to don’t same food day by day. I will try to make for my baby. May I see more healthy & delicious foods for the children.
  6.့ hnin says:
    သားသားအတါကျခါက်ပေးမယ်
  7. ma mu says:
    ခင်တဲ့ မမူ
  8. yuya says:
    မ၀တ်ရည်ရေ.. ညီမ ဗနီလာပူတင်းလုပ်တာ အဆင်သိပ်မပြေဘူး။ ဘာလို သွားလဲမသိဘူး ခဲတော့ခဲတယ်။ အရသာက အရမ်းခါးသက်သက်ဖြစ်သွားတယ်။ နောက်ကော်မှုန့် ကလည်းအရေမပျော်ဘူး။ အကြံလေးပေးပါဦးနော်.
    • admin says:
      ကော်မှုန့်က ရေနဲ့ဖျော်ပြီမှ ထည့်ရတာပါ။ ဒီဂျယ်လီပူတင်းလေး http://www.wutyeefoodhouse.com/?p=5055/ စမ်းကြည့်ပါ့လား။ ၀တ်ရည် လုပ်ပုံအဆင့်ဆင့်ပါ ရေးပေးထားပါတယ်
Leave a Reply
Your email address will not be published. Required fields are marked *