ဒိန်ချဉ် ကြက်ကင်
ဒိန်ချဉ် ကြက်ကင်
အကင်ကို ကြိုက်နှစ်သက်သူ ဆိုရင် တကယ်အကြိုက်တွေ့မယ့် ဒိန်ချဉ် ကြက်ကင်လေးပါ။ ကြက်တစ်ကောင်လုံးမဟုတ်ပဲ ကြက်အစိတ်အပိုင်းတွေကို ကင်တဲ့နည်းလေးပါ။ ဒိန်ချဉ်နဲ့ နှပ်ထားတာမို့ ကြက်သား အရေခွံက ကြွပ်ရွနေပေမယ့် အတွင်းက ကြက်သားက အရမ်းကို နူညံ့နေတာကို တွေ့ရမှာပါ။ ချဉ်ပြုံးပြုံးအရသာနေနဲ့ မီးခိုရနံ့လေးပါ တွဲဖက်ရရှိပါတယ်။ တူတူလုပ် ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ [Ingrdients]
  • ကြက် [chicken]        ♦ ပေါင် နဲ့ ရင်ဗုံ (၂စုံ)
  • လီမွန်ရည် [lemon juice]      ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • ဒိန်ချဉ် [yogurt]        ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • သံလွင်ဆီ [olive oil]  ♦ စားပွဲတင်ဇွန်း ၃ဇွန်း
  • တရုတ်နံနံပင် [parsley]        ♦ စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
  • ဂျင်း [ginger]           ♦ စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းထားပါ)
  • ဆား [salt]               ♦ လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် [black pepper]♦ လက်ဖက်ရည်ဇွန်း တ၀က်
  • ဆနွင်းမှုန့် [tumeric]   ♦ လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်သွန်နီ [onion]   ♦ ၁လုံး (အ၀ိုင်းပါးပါးလှီးပါ)
  • ထောပတ်                ♦ စားပွဲတင်ဇွန်း ၂ဇွန်း (ကင်နေစဉ် အပေါ်မှ သုတ်ပေးရန်)
ကင်နည်း [Grill Recipes]
၁။ အရင်ဆုံး ကြက်၁ကောင်မှာပါတဲ့ ပေါင်၊ ရင်ဗုံ၊ တောင်ပံတို့ကို ခွဲထုတ်လိုက်ပါ။ ကြက်ပေါင် နှင့် ရင်ဗုံသားကို ကင်ပါ့မည်။
၂။ ကြက်သားကို နှပ်ထားရန် ဆော့ရည်အတွက် (လီမွန်ရည်၊ ဒိန်ချဉ်၊ သံလွင်ဆီ၊ တရုတ်နံနံပင်၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဆနွင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ရောမွှေလိုက်ပါ။
၃။ ပြီလျှင် အ၀ိုင်းလှီးထားသော ကြက်သွန်နီများကို ကြက်သားအစိတ်ပိုင်းများကို တင်ပြီ ဆော့ရည်များကို အပေါ်မှ လောင်းချပေးပါ။
၎။ ထိုဆော့ရည်များဖြင့် ကြက်သားကို အနည်းဆုံး ၄နာရီခန့် ရေခဲသေတ္တာထဲတွင် နှပ်ထားပေးပါ။
၅။ ကင်မည်ဆိုလျှင် မီးကင်ပြားကို ဆီအရင်သုတ်ထားပေးပါ။ မီးသွေး (သို့) ဂက်(စ်) ကြိုက်ရာဖြင့် ကင်နိုင်ပါသည်။
၆။ ကြက်သားတုံးများကို မီးကင်ပြားပေါ်သို့ ကင်နိုင်ပါပြီ။ ကင်နေစဉ် ထောပတ်ရည်များကို အပေါ်မှ သုတ်ပေးပါ။
ရ။ တဖက်ကို ၈-၁၀ မိနစ်နှုန်းဖြင့် မိနစ် ၂၀ခန့် ကျက်အောင်အထိ ကင်ပေးပါ။
၈။ ဒိန်ချဉ်ကြက်ကင် ရပြီဆိုလျှင် ထမင်းနဲ့ပဲဖြစ်ဖြစ် ကြိုက်နှစ်သက်သလို တွဲဖက်သုံးဆောင်နိုင်ပါပြီ…
Tips: ဒိန်ချဉ်နှင့် ကြာကြာပိုနှပ်ထားနိုင်လျှင် ကြက်သားက ပိုနူညံ့လေဖြစ်ပါတယ်။
———————————————————————————————————–
45 comments
  1. cho cho chit says:
    မ ရေ .. လုပ်စားကြည့်အုံးမယ် ..ကျေးဇူးပါဗျ ။။
  2. khin lay says:
    ကျေးဇူးနော်။ လုပ်ကြည့်ဦးမယ်။
  3. Auro says:
    မမချော
    မီးကင်ပပြားဆိုတာ ဘာလဲဟင်။
    အဲ့ဒါကြီးမရှိရင် တခြားဘာနဲ ကင်လိုရသေးလဲ မမ
    • admin says:
      မီးကင်ပြား၊ အကင်ကင်တဲ့ အပြားကို ပြောတာပါ။ အကယ်၍ မီးကင်ပြား မရှိရင် oven နဲ့လည်း ကင်လို့ရပါတယ်
  4. Pye Soe Tun says:
    ths par a ma wutyee
  5. may thaw says:
    မ၀တ်ရည်ရေ သက်သက်လွတ်ဟင်းဆန်းလေးတွေလဲ ချက်ကျွေးပါအုံးရှင
  6. Hmone Gyi says:
    i love this one too… wanna eat .. treat me 🙂
  7. nono says:
    မ ရေ ကြက်ကင်ကိုတော့ ကြိုက်လို့ အိမ်မှာအမြဲကင်စားဖြစ်တယ် ဒိန်ချဉ်နဲ့တော့မကင်ဘူးဖူး လုပ်စားကြည့်ဦးမယ် တခြား microwave နဲ့လုပ်လို့ရတဲ့ ချက်နည်း၊ မုန့်လုပ်နည်းလေးတွေ ဖြစ်နိုင်ရင်တင်ပေးပါဦးနော် အမြဲဖွင့်ကြည့်နေကြ site ပါ
  8. Aye Aye Tint says:
    thankyou for posting.like it. i’ll try
  9. salai says:
    lucky, we have BBQ party in work place here this Saturday,I can’t wait to try this.
    Thanks a lot sis 🙂
  10. Thiri says:
    Thanks sister.
    My family like this.
  11. ye soe paing says:
    ကြည့်ရတာ delicious ဖြစ်မယ့်ပုံပါ။
    မ ၀တ်ရီ ကြက်သားကင်ဖို့ အတွက် ဘယ် oven အမျိုးအစားများ သုံးပါသလဲ။
    အဲဒါလေး သိချင်ပါတယ်။ ကျေးဇူးအထူးတင်ပါတယ် ခင်ဗျ။
  12. ခင်ယမုံ says:
    ညီမလေးရေ..
    ကင်စားမယ်..အရမ်းကြိုက်တယ်..
    တစ်ခါတစ်လေ ဟင်းတွေချက်ပြုတ်စားသောက်ရတာ တော်တော်ပင်ပန်းတယ်လို့ခံစားရတယ်..
    ချက်ပြုတ်ပြီးသားလေးတွေကို အဆင်သင့်စားချင်တယ်..
    ညီမလေးချက်ထားတွေလေးတွေကြည့်ပြီး ချီးကျူးတယ်..
    တော်လည်းတော်တယ်..အပင်ပန်းခံပြီးတော့လည်းချက်တယ်..ချက်တတ်လိုက်တာလည်းမပြောပါနဲ့တော့..
    အမြဲတမ်း အားပေးနေမယ်နော်..
    ကျေးဇူး..
  13. lwin lwin aung says:
    အမရေ
    ကျွန်မတို့ ထုတ်တဲ့စာအုပ်ကို အမြဲဝယ်ဖတ်ဖြစ်ပါတယ်
    အခုနောက်ပိုင်းထုတ် စာအုပ်တွေမှာ အသစ်အဆန်း သိပ်မတွေ့ ရပါဘူး
    ဟင်းပွဲ အသစ်အဆန်းလေးတွေ ထည့်ပေးပါအုံး
    • admin says:
      ညီမရေ
      စာအုပ်ကို အမြဲအားပေးတယ် ဆိုလို့ ကျေးဇူး အများကြီး တင်ပါတယ်။ အသစ်အဆန်း မထည့်တာတော့၊ အမြဲ အသစ်အဆန်း ထည့်ပါတယ်။ ဒါပေမယ့် ဟင်းတွေက Wutyee Food House ၀က်ဆိုက်က ပရိသတ်တွေကို အမြဲရှယ်ပေးတယ်လေ။ အဲဒါကြောင့် စာအုပ်ထဲမှာပါတဲ့ ဟင်းတော်တော်များများက ၀က်ဆိုက်မှာ တင်ပြီသားဖြစ်နေတာပါ။ စာအုပ်ပရိသတ်ရော၊ ၀က်ဆိုက်ပေါ်က ပရိသတ်အားလုံး အတွက်ပါ စဉ်းစားပြီ ကြိုးစားလုပ်ပေးပါတယ်။ အရင်လက ၀ါတွင်းမို့ သက်သက်လွတ် ဟင်းဆန်းတွေထည့်ပေးပါတယ်။ ဒီလအတွက်တော့ ဒင်းဆမ်းလုပ်နည်းတွေ ထည့်ပေးထားပါတယ်။ နောက်လတွေအတွက်လည်း ဂျပန်ချက်ပြုတ်နည်း ဟင်းဆန်းတွေ၊ ဟမ်ဘာဂါလုပ်နည်း မျိုးစုံ အဆန်းလေးတွေ တင်ဆက်ပေးဖို့ ရှိပါတယ်။ အားလုံး အသစ်တွေချည်းပါပဲ။ စာအုပ် ပရိသတ်၊ ၀က်ဆိုက်က ပရိသတ်တွေ အားလံုးကို ဝေမျှပေးမှာပါ။ စာအုပ်ကိုလည်း ဆက်လက်အားပေးပါအုန်းလို့… Thanks 🙂
  14. suyi says:
    Email subscription လုပ်တာမရနေဘူး မဝတ်ရည်ရေ၊ gmail ကို email မဝင်လာဘူး၊
    • admin says:
      ညီမရေ ၀တ်ရည် Manually Email Subscription လုပ်ပေးထားတယ်။ အီးမေးထဲကို စာရောက်လာလိမ့်မယ်၊ confirm လုပ်လိုက်ရင်ရပါပြီ.. 🙂
  15. Thin thin naing says:
    မဝတ်ရည်ရှင့် ကြက်သားအစား ဝက်သားသုံးရင် အဆင်ပြေပါ့မလားရှင့်။
    • admin says:
  16. Baby Jen says:
    sis…yay yogurt lote nee nat yogurt yat advantage & disadvantage tway ko thi chin pr tl shin…
    • admin says:
      ကောင်းတဲ့ချက်က ဒိန်ချဉ်နဲ့နုပ်ထားတာမို့ ကြက်သားက အရမ်းနူးအိပြီ စားလို့ကောင်းတာပါ။ မကောင်းတဲ့အချက်တော့ ပြောတတ်ဘူး။ ဒါပေမယ့် မီးများများနဲ့ကင်ရင် ကြက်သားအပြင်က ကျက်သွားပြီ အတွင်းမှာ မကျက်တာမျိုးတော့ ဖြစ်တတ်တယ်။ ဒါကြောင့် မီးအသင့်တင့်နဲ့ပဲ ကင်ပေးပါ
  17. K Khaing says:
    Hello sis,
    how many degree of heat and how long it is gonna take for Oven?
  18. […] ဒိန်ချဉ် ကြက်ကင် […]
  19.ွှThan Than Mu says:
    ကျေးဇူးတင်ပါတယ် ။ ကင်ကြည့်လိုက်မယ်နော် ။
  20. Saw Khaing says:
    thanks alot sis.I will try . Have a Merry christmas & Happy New Year”
  21. […] ဒိန်ချဉ် ကြက်ကင် […]
  22. myatnoe says:
    အမ သံလွင်ဆီဆိုတာ ဟင်းချက်တဲ့ဟာ သက်သက်လာလား … ခေါင်းလိမ်းဖို့ဟာနဲ့ တူလားမတူဘူးလား … မသိလို့ပါအမ … အမချက်နည်းလေးကို အမြဲတမ်းအားပေးပါတယ် … 🙂
    • admin says:
      ဟုတ်ကဲ့ တူတူပါပဲ။ သံလွင်ဆီက ဟင်းချက်တာနေရာမှာ သုံးသလို၊ ဆံပင်အတွက်လည်း သုံးကြပါတယ်.. အားပေးနေလို့ ကျေးဇူးပါနော်.. 🙂
  23. ayeayemoe says:
    thank u par wutyee,I want to know how to make pazun Chin, pls reply me my email is [email protected] tks
  24. အရံလူ says:
    ကြိုက်တယ်ဗျို စားကောင်းတယ်
Leave a Reply
Your email address will not be published. Required fields are marked *