အက်ီၤလွလွေလး ၀တ်ဖို့ Emergency ရရက်အတွင်း ၀ိတ်ချနည်း

အကျီင်္လှလှလေး ၀တ်ဖို့ Emergency ရရက်အတွင်း ၀ိတ်ချနည်း

သူငယ်ချင်း မင်္ဂလာဆောင်သွားစရာ ရှိလို့၊ ညစာစားပွဲ သွားရမှာမို့ အရေးပေါ် ၁ပတ်အတွင်း ၀ိတ်ချချင်ရင် အလုပ်ဖြစ်တဲ့ နည်းလေး တစ်ခုကို မျှဝေပေးချင်ပါတယ်။ ဂေါ်ဖီထုပ်ဟင်းချို ချက်နည်းလေးပါ။ ဒီနည်းက ရေရှည် ၀ိတ်ချချင်သူအတွက်တော့ အလုပ်မဖြစ်ပေမယ့် ၁ပတ်အတွင်း အကျီင်္လှလှလေး ၀တ်ဖို့အတွက်တော့ သင့်လျော်တဲ့နည်းပါ။ ကျန်းမာရေးနဲ့လည်း ညီညွှတ်တဲ့ အသီးအရွက်များဖြစ်တဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ မှို စသည့်တို့ဖြင့် ပြုတ်ထားသော ဟင်းချိုကို ထမင်းနဲ့ ဟင်း နေရာမှာ အစားထိုး စားသုံးရမှာဖြစ်ပါတယ်။ ဟင်းချိုချည်းပဲ နေ့တိုင်းစားလို့ ဘယ်လို ဗိုက်ပြည့် မှာလဲလို့ ပြောစရာရှိပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုအပြင် သူ့နေ့အလိုက် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အမဲသား၊ အာလူး စသည်ဖြင့် တနေ့နဲ့ တနေ့ သူရဲ့ plan အတိုင်း အလှည့်ကျ စားသွားရင် ၁ပတ်အတွင်း အကျီင်္လှလှလေးတွေ ၀တ်နိုင်ပါလိမ့်မယ်။

ပထမရက်

ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် ငပျောသီးမှ လွှဲ၍ မိမိကြိုက်နှစ်သက်သော သစ်သီးများကို စားနိုင်သည်။ အရည်အတွက် မချိုသော လဘက်ရည်၊ cranberry juice နှင့် ရေကို သောက်သုံးနိုင်ပါသည်။

ဒုတိယရက်

ဂေါ်ဖီထုပ်ပြုတ်ဟင်းချို နှင့် မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်သည်။ ပဲနှင့် ပြောင်းဖူးကိုတော့ မစားသုံးပါနှင့်။ ညစာအတွက် ဆုကြေးအနေနဲ့ အာလူးကင်ကို ထောပတ်နဲ့ တွဲဖက် သုံးဆောင်နိုင်ပါတယ်။ ဒါပေမယ့် ဒုတိယနေ့အတွက် သစ်သီးများ မစားပါနှင့်။

တတိယရက်

ပထမရက် နဲ့ ဒုတိယရက်ကို ပေါင်းပြီ ဂေါ်ဖီထုပ်ဟင်းချို၊ သစ်သီး၊ ဟင်းသီးဟင်းရွက် အားလုံးကို သုံးဆောင်လို့ရပါတယ်။ ဒါပေမယ့် အာလူးကင်တော့ မပါပါဘူး။

စတုတ္တရက်

ဂေါ်ဖီထုပ်ဟင်းချို နှင့် ငပျောသီး (စားနိုင်သလောက် အများဆုံး ၈လုံး) လောက်စားနိုင်ပြီ အဆီမပါသော နွားနို့(အများဆုံး ၂ခွက်) သောက်နိုင်ပါတယ်။

ပဉ္စမရက်

အမဲသား ၂၂အောင်စ၊ ခရမ်းချဉ် (အများဆုံး ၆လုံး) ကို စားသုံးနိုင်ပါတယ်။ အမဲသား မစားသူများအတွက် အရေခွံမပါသော ကြက်သား(သို့)ငါးကို ပြုတ်၍ဖြစ်စေ၊ ကင်၍ဖြစ်စေ စားသုံးနိုင်သည်။ ခန္ဒာကိုယ်ထဲမှ uric acid ကို ဖယ်ရှားရန် တစ်နေ့လုံး ရေကို ၆ခွက်မှ ၈ခွက်ထိ သောက်ပေးပါ။ သို့ပေမယ့် ဂေါ်ဖီထုပ်ဟင်းချိုကို အနည်းဆုံး ၁ကြိမ်တော့ စားဖို့ မမေ့ပါနှင့်။

ဆဌ္ဖမရက်

တနေကုန် အမဲသားနှင့် ကြိုက်နှစ်သက်ရာ အရွက်တွေကို သုံးဆောင်နိုင်ပါသည်။ အမဲသားကို ၂၊ ၃တုံးထိပင် သုံးဆောင်နိုင်ပါသေးသည်။ သို့သော် အာလူးကင်တော့ မစားပါနှင့်။ ဂေါ်ဖီထုပ်ဟင်းချိုကတော့ အနည်းဆုံး ၁ကြိမ်သောက် စားပေးပါ။

ရရက်နေ့

ထမင်းအညှိ၊ မချိုတဲ့ သစ်သီး နှင့် ဟင်းသီးဟင်းရွက် စားလို့ရပါတယ်။ ဂေါ်ဖီထုပ်ဟင်းချိုကိုတော့ အနည်းဆုံး ၁ကြိမ်တော့ သောက်ပေးပါအုန်း။

မှတ်ချက် ။ ။ ဒီဝိတ်ချနည်းက ရက်တို ရရက်အတွက်သာ ဖြစ်ပါသည်။ ရရက်ပြည့်သွားလျှင် ၂ပတ်ပုံမှန် စားနေကျအတိုင်း ပြန်စားပြီမှ ဒီဝိတ်ချနည်းအတိုင်း ပြန်စားရမှာပါ။ ရေရှည်စားဖို့ သင့်လျော်တဲ့နည်းမဟုတ်ပါ။

 

 

ဂေါ်ဖီထုပ် ဟင်းချိုချက်နည်း

ပါဝင်ပစ္စည်းများ

  • ဂေါ်ဖီထုပ် – ၁စိတ် ( တကိုက်စာ အရွယ်ပိုင်းပေးပါ)
  • မုန်လာဥနီ – ၂ဥ (ပါးပါးလှီးပါ)
  • ငရုတ်ပွစိမ်း – ၂ခု (အစေ့ထုတ် အတုံးသေးများ တုံးပေးပါ)
  • မှို – ၁၀ကျပ်သား (ထပ်ခြမ်းခြမ်းပေးပါ)
  • ခရမ်းချဉ်သီး – ၂လုံး ( ၈စိမ်စိပ်ပေးပါ)
  • ကြက်သွန်မြိတ် – ၁စည်း ( ပါးပါးလှီးပါ)
  • ဟင်းခတ်အမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • တုံယမ်းအခဲ – ၁ခဲ (optional)
  • ဆား (လုံးဝ မထည့်ရပါ)

ချက်ပြုတ်နည်း

၁။ အိုးတစ်ခုထဲ ရေ(ရခွက်) ထည့်ပေးပြီ ဆူအောင်တည်ထားပေးပါ။

၂။ ဆူလာလျှင် ပါဝင်ပစ္စည်းများဖြစ်သော (ဂေါ်ဖီထုပ်၊ ငရုတ်ပွစိမ်း၊ မုန်လာဥနီ)တို့ကို ထည့်ပေးပါ။

၃။ ပြီမှ အနူလွယ်သော (မှို၊ ခရမ်းချဉ်သီး) တို့ကို ထည့်ပေးပြီ အရသာအတွက် ဟင်းခတ်မှုန့် နှင့် တုံယမ်းအခဲတို့ကို ထည့်ပေးပါ။

၎။ ဟင်းရွက်များ နူပြီဆိုလျှင် ကြက်သွန်မြိတ်၊ ငရုတ်ကောင်းမှုန့်တို့ကို ဖြူးပေးပါ။

မှတ်ချက် ။ ။ ဂေါ်ဖီထုပ်ဟင်းချိုကို များများစားပေးလျှင် ပိုဝိတ်ကျသည်။

Reference: Cabbage Soup Diet

ဘာသာပြန် : Wutyee Food House

 

 

42 comments

  1. Thiri says:

    Thanks alot sister. I try

  2. Hmone Gyi says:

    love that cabbage soup…it really reduce a lot of weight as my experiment … thank you for posting

  3. Aye Yu Maw says:

    အစ်မရေ ကျေးဇူးအထူးတင်ပ

  4. Aye Yu Maw says:

    အစ်မရေကျေးဇူးနော်။ ညီမ ၀က်ဆိုက်ကိုကြည့် ပြီး ၀ ၀လာလို့ ။ဟီဟီ ။
    အစ်မလည်းစိတ်ချမ်းမြေ့ ပါစေနော်။

  5. ကျော်ဝေယံဖြိုး says:

    မဝတ်ရည်ရေ…….အဲ့ဒီplan အတိုင်းစားရမယ်ဆိုရင် နည်းနည်း ရှုပ်တာမို့ နေ့တိုင်း ဂေါ်ဖီထုပ်ဟင်းချိုနှင့် ငှက်ပျောသီးပဲ စားလို့ရမလား? မောင်လေးက ဂေါ်ဖီထုပ်ဟင်းချိုကို ဘာမှမထည့်ပဲ ရေနှင့်ဆားနှင့်ဂေါ်ဖီထုပ်ဘဲ ထည့်ပြီးပြုတ်သောက်လေ့ရှိပါတယ် အဲဒါရော အဆင်ပြေပါ့မလား? ဒီwebsiteကိုကြည့်ပြီး အဆမတန်ဝလာလို့ 😀

    • admin says:

      – ဒီဂေါ်ဖီထုပ်ပြုတ်နည်းမှာ ဆားလုံးဝမထည့်ရပါဘူး။ သူနေ့အလိုက်စားရင် အလုပ်ဖြစ်ပါတယ်။ သူနည်းအတိုင်းမစားရင်တော့ ဂေါ်ဖီထုပ်နည်းက အလုပ်မဖြစ်ဘူး ဆိုပါတယ်။
      – ဒါပေမယ့် တခြားဝိတ်ချနည်းတစ်ခုတော့ ရှိသေးတယ်။ အဲဒါက မနက်ပိုင်း ဘာမှမစားခင် ငပျောသီးကို အ၀စားတဲ့နည်းပါ။ ငပျောသီး စကားပြီရင် ညနေ ၅နာရီထိ အချိုကလွှဲရင် ကြိုက်တာ စားလို့ရတယ်။ ညနေ ရနာရီနောက်ပိုင်း ဘာမှ ထပ်မစားရပါဘူး။ ဒီဂေါ်ဖီထုပ်ပြုတ်နည်းနဲ့တော့ မဆိုင်ပါဘူး၊ ငပျောသီးများများ စားချင်တယ်ဆိုလို့ တခြားနည်းလေး မျှဝေပေးတာပါ.. 🙂

  6. hninzar says:

    မ၀တ်ရည်
    တုံယမ်းအခဲ ကဘယ်မှာဝယ်လို့ရလဲ ။နောက်ပြီး အမဲမစားတဲ့သူတွေ ကကော ဘာအသားစားလို့ရသေးလဲ ..။ ဖြေပေးပါနော် ..

    • admin says:

      တုံယမ်းအခဲက စတိုးဆိုင်နဲ့ စူပါမကတ်တိုင်းမှာ ရပါတယ်။ အမဲသားမစားရင်၊ ကြက်သား(သို့) ငါး အစားထိုး စားလို့ရပါတယ်

      • hninzar says:

        ကျေးဇူးပါ… မ ။ ဒီဆိုဒ်ကိုခဏခဏကြည့်ုဖြစ်တယ်။ပြန်လုပ်ဖြစ်တာတော့နည်းတယ်။ လုပ်ဖြစ်အောင်တော့ ကြိုးစားလိုက်ဦးမယ် ။မ..ကတော်တယ်နော်။

  7. Thazin says:

    ကျေးဇူးအများကြီးတင်ပါတယ် အစ်မရေ
    ဒီ diet ပို့စ်အတွက်ရော၊ တခြားပို့စ်တွေအားလုံးအတွက် ကျေးဇူးအများများကြီးတင်ပါတယ်။

  8. ဖတ်၇တာ ။ ကျေးဇူးတင်တယ်

  9. Aye Aye Tint says:

    its good for health too.thanks alot

  10. ခင်ယမုံ says:

    ဂေါ်ဖီထုပ်ဟင်းချိုကို နောက်နေ့ကစပြီးနေ့တိုင်းချက်သောက်တော့မယ်..
    ကျေးဇူးညီမလေးရေ..
    ဒီ့ထက်ပိုပြီး ဟင်းချက်နည်းမျိုးစုံ ဗဟုသုတမျိုးစုံကိုတင်နိုင်ပါစေ..
    😀

  11. YUON says:

    Hello Sis
    How many kilo can lost with this method?
    I need to lost a least 5kilo. 😀

    • admin says:

      ဒီနည်းက တကယ်အလုပ်ဖြစ်တယ်။ ၀တ်ရည် ပြီခဲ့တဲ့အပတ်က ကိုယ်တိုင် ဒီနည်းအတိုင်းစားတာ ၆ပေါင် ကျသွားတယ်။ 🙂

  12. ဒီ အစီစဉ်ကို အရမ်းကြိုက်ပါတယ်။ကျေးဇူးလည်းတင်ပါတယ်ရှင်။
    ဒိထက်မက ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် အစ်မ။

    • admin says:

      ပေးတဲ့ဆုနဲ့ ပြည့်ရပါစေနော်.. ကျေးဇူး ညီမ.. 🙂

  13. San says:

    Why can’t put salt in this soup? Pls advise. 🙂

  14. win says:

    ညီမလေး ကျေးဇုးတင်တယ်နော်.

  15. Win Thandar says:

    ကျေးဇူးတင်ပါတယ်..ရှင်…

  16. Su Myat says:

    Oven နှင့် Microwave Oven ကိုဘယ်လိုခွဲ ခြားသုံးရမလဲ ဆိုတာ ရှင်းပြပေးပါရှင်

    • admin says:

      Ovenက အပေါ်မီအောက်မီနဲ့ ပီဇာကင်တာတို့၊ မှာ သုံးတာပေါ။ Microwave က ဟင်းနွေးတာတို့မှာ သုံးပါတယ်

  17. Phyu says:

    Thank you Ma Wut Yee:))

  18. zm says:

    ငှက်ပျောသီးက ဘာအမျိုးအစားလဲ

  19. phyu says:

    နည်းလမ်းကတော့ကောင်းပါတယ် ဒါပေမယ့်အခုအသီးအရွက်တွေက သဘာဝမဟုတ်တော့ဘဲ ဆေးတွေအများကြီးသုံးထားတော့ကောင်းကျိုးရမှာထက် ဆိုးကျိုးရမှာကြောက်ပါတယ် ဘယ်လိုလုပ်ရမလဲ တခြားနည်းရှိသေးရင် တင်ပေးပါအုံး ကျေးဇူးတင်ပါတယ်

  20. nangpont says:

    i try

Leave a Reply

Your email address will not be published. Required fields are marked *