Tortilla နှင့် ကြက်သားချောင်းကြော်လိပ်

Tortilla နှင့် ကြက်သားချောင်းကြော်လိပ်

မက်ဆီကန် အစားအစာဖြစ်တဲ့ Tortilla ပြားလေးတွေကို ကြက်သားချောင်းကြော်တွေနှင့် လိပ်ပြီ စားရတဲ့ အစာပြေ တမျိုးပါ။ နံမည်ကြီး Mcdonald ဆိုင်မှာရောင်းတဲ့ လုပ်နည်းအတိုင်း ပြုလုပ်ထားတာပါ။ အရသာက မရိုနစ်နဲ့ ထိုင်းငရုတ်သီးအချိုဆော့ကြောင့် ချိုစိမ့်စိမ့် အရသာကို ရရှိမှာပါ။ Tortilla ပြားလုပ်နည်းလေးပါ ထည့်သွင်းပေးတာမို့ အလွယ်တကူ လုပ်စားနိုင်မှာပါ။ Tortilla ပြားလုပ်ရတာကလည်း ထင်သလို မခက်ပဲ၊ ချာပတီလုပ်သလိုမျိုးပဲ လုပ်ရတာပါ။ ခုပဲ တူတူလုပ်နည်းလေး ကြည့်လိုက်ရအောင်…

Tortilla ပြားအတွက် ပါဝင်ပစ္စည်များ

  • ဂျုံမှုန့် – ၂ခွက်စာ
  • baking powder – လက်ဖက်ရည်ဇွန်း ၈ပုံ၁ပုံ
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ရေ – ခွက်တ၀က် (warm water)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်

Tortilla ပြား ပြုလုပ်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲတွင် (ဂျုံမှုန့်၊ baking powder) တို့ကို သမအောင်ရောနုယ်လိုက်ပါ။

၂။ ပြီမှ ခွက်တစ်ခုထဲတွင် ရေ(ခွက် တ၀က်)ထည့် ဆားထည့်ပြီ ဆားပျော်ဝင်သည်အထိ မွှေပေးပါ။

၃။ ပြီနောက် ရေကို ဂျုံခွက်ထဲသို့ ဖြည်းဖြည်းခြင်း လောင်းထည့်ပြီ သမအောင်ရောနုယ်ပေးပါ။

၎။ ဂျုံဒိုးသား နူညံ့သည်အထိ ခပ်နာနာလေး နုယ်ပေးပါ။ ပြီမှ ဆီ(စားပွဲတင်ဇွန် ၁ဇွန်း) ထည့်ကာ ထည့်နုယ်ပေးပါ။

၅။ ဂျုံဒိုးနူညံ့ပြီဆိုလျှင် ဂျုံဒိုးလုံးကို အပေါ်မှ အ၀တ်ဖြင့်အုပ်ကာ မိနစ်၂၀ခန့် ခေတ္တထားထားပေးပါ။

၆။ ပြီမှ ဂျုံဒိုးလုံးကို ၆ပိုင်းပိုင်းပြီ လက်တွင် ဆီအနည်းငယ်သုတ်ပြီ အလုံးသေးများ လုံးပေးပါ။

ရ။ စားပွဲပေါ် ဂျုံမှုန့် အနည်းငယ်ဖြူးကာ အလုံးများကို ဒလိမ့်တုံးဖြင့် အ၀ိုင်းပြား ဖြစ်အောင် ပါးနိုင်သမျှ ပါးအောင် လိမ့်ပေးပါ။

၈။ ဒယ်ပြားကို မီးတင့်တင့်ဖြင့် ဒယ်ပြားပူလာလျှင် Tortilla ဒိုးပြားကို တဖက် ၁၅စက္ကန့်နှုန်းဖြင့် လှန်ပေးပါ။

၉။ Tortilla ပြားများရပြီဆိုလျှင် ကြက်သားချောင်းကြော်လေးများကို စကြော်ပါမည်။

 

Tortilla လိပ်ရန်ပါဝင်ပစ္စည်းများ

  • Tortilla ပြား – ၄ချပ်
  • ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းပါးပါးလှီးထားပါ)
  • သခွာသီး – ၁လုံး (အ၀ိုင်းပါးပါးလှီးထားပါ)
  • မရိုနစ် – စားပွဲတင်ဇွန်း ၈ဇွန်း
  • ထိုင်းငရုတ်သီးချိုဆော့ – စားပွဲတင်ဇွန်း ၄ဇွန်း

ကြက်သားချောင်း ပါဝင်ပစ္စည်းများ

  • ကြက်သား – ၂၀၀ ဂရမ် (အချောင်းရှည်လေးများ လှီးပေးပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ပါမုန့်ခြောက် – ၁ခွက်စာ
  • ဂျုံမှုန့် – ၁ခွက်စာ

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် (ကြက်သား၊ ဆား၊ ငရုတ်ကောင်းမှုန့်) တို့ကို သမအောင် ရောနုယ်ပေးပါ။

၂။ ပြီနောက် ကြက်သားချောင်းများကို ဂျုံမှုန့်ကပ်ပေးပြီ ကြက်ဥစိမ်ထားသော ခွက်ထဲသို့ တူလေးဖြင့် စိမ်ပေးပါ။

၃။ ကြက်ဥစိမ်ထားသော ခွက်ထဲမှ ပါမုန့်ခြောက်ထည့်ထားသော ပန်းကန်ထဲသို့ ထည့်ကာ ကြက်သားချောင်းများကို ပါမုန့်ခြောက် ထပ်ကပ်ပေးပါ။

၎။ ပြီလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ကြက်သားချောင်းများ အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။ ပြီလျှင် ပန်းကန်တစ်ခုထဲသို့ ပြန်ဆယ်ထားပေးပါ။

၅။ ကြက်သားချောင်းကြော် ရပြီဆိုလျှင် Tortilla ပြားများဖြင့် စလိပ်လို့ရပါပြီ။

၆။ အရင်ဆုံး Tortilla ပြားတစ်ပြားပေါ်သို့ (ဆလတ်ရွက်၊ သခွာသီး၊ ခရမ်းချဉ်သီး၊ ကြက်သားချောင်း၊ မရိုနိစ်၊ ထိုင်းဆော့) တို့ကိုထည့်ပေးပြီ လိပ်လိုက်ပါ။

ရ။ ထိုနည်းအတိုင်း ကျန် Tortilla ပြားများကို လိပ်ပေးပါ။

၈။ အရသာ ကောင်းမွန်သည့် Tortilla နှင့် ကြက်သားချောင်းကြော်လိပ် ကိုသုံးဆောင်နိုင်ပါပြီ…

27 comments

  1. Hmone Gyi says:

    mike tal… kha so yin ready made tawe pae buy pe eat like tar…ko hote loe arr lone chay char lote tal …. tal like tae my twin… look so delicious

    • admin says:

      haa ကိုယ်အမွှာပဲ ကိုယ်မြှောက်ပြော။ tortilla ပြားက အိမ်မှာလုပ်ရတာ ပိုက်ဆံကုန်လည်း သက်သာတယ်၊ လွယ်လွယ်လေးရယ်

  2. kay says:

    This is my first comment and I am really your big fan. 😀 Thank you so much for the recipes. This is my favorite. 🙂

    • admin says:

      အမြဲအားပေးနေတယ်ဆိုလို့ ပိုတောင် ကျေးဇူးတင်သွားပြီ။ နောက်လည်း ဆက်အားပေးပါအုန်း… 😛

  3. nge lay says:

    very good sis

    • admin says:

      စားလို့ အရမ်းကောင်းတယ်။ လုပ်စားကြည့်အုန်းနော်

  4. Ma Phyu Thin says:

    ကျေးဇူးအထူးတင်ပါတယ်။ အမြဲဝင်ဖက်ပြီး print ထုတ်ထားပါတယ်။အချိန်မေ၇ွးချက်လို့ ၇အောင်ပေါ့။ ချက်စားဖြစ်တာလဲတော်တော်များတယ်။ အလွန်အဆင်ပြေပါတယ်။ စာအုပ်ကောထုတ်လား/ဘာနာမည်လဲ ။
    အမြဲတမ်းပျော်၇ွှင်ချမ်းမြေ့ ပါစေ ။

    • admin says:

      အမြဲအားပေးလို့ ကျေးဇူးပါ sisရေ။ စာအုပ်တော့ ဒီနှစ်ကုန်လောက် ထုတ်ဖို့စီစဉ်ထားပါတယ်။ Food Magazine မှာတော့ ဟင်းချက်နည်း တလ ၁၁မျိုးရေးပါတယ်.. 🙂

  5. Pye Soe Tun says:

    Ths for ur sharing par sis

  6. Gina May says:

    Thank You for sharing.

    • admin says:

      လုပ်စားကြည့်နော်။ တကယ်စားလို့ကောင်းတယ်။ လုပ်ရတာလည်း မခက်ဘူး. 🙂

  7. Than Htwe says:

    ကောင်ပါတယ် ။ အရမ်းကောင်ပါတယ် ။ ကျွန်တော်တို့လို စားဖိုမှုးတွေတောင်မှ ဝင်ရောက်လေ့လာရတဲ့ website လေးပါ ။ မဝတ်ရည်ကို အထူးကျေးဇူးတင်ပါတယ် ။ ဆက်ပြီးဖေါ်ပြပေးပါအုံးနော် ။

  8. ခင်ယမုံ says:

    ညီမလေးရေ..ကြက်သားချောင်းကြော်ပြီးလုပ်စားမယ်..
    Tortilla ကအစ်မတို့ဆီမှာ အလွယ်တကူဝယ်လို့ရတော့ အဲဒါကိုလုပ်ဖို့ရေသာခိုလိုက်မယ်နော်..:P
    ကျေးဇူးညီမလေး

  9. Ninth Aye Pyae OO says:

    အစ်မရေ အရမ်းမိုက်တယ် နေ့တိုင်းအစ်မဆိုက်ကချက်နည်းတွေတစ်ခုပြီး တစ်ခုလုပ်စားမယ်

  10. kyi thitsar aung says:

    အမ၀တ်ရည်ရေထိုင်းငရုတ်သီးချိုဆော့ကိုဘယ်မှာဝယ်ရမလဲသိရင်ပြောပြပေးပါနော်..ကျေးဇူးတင်ပါတယ်

  11. […] Tortilla နှင့် ကြက်သားချောင်းကြော်လိပ် […]

  12. okkarwaimyint says:

    ပေါင်မုန့် လုပ်နည်းတင်ပေးပါလာဗျာ။တတ်ချင်လို့  ပါနော်။။။

    • admin says:

      ပေါင်မုန့်တွေ ၀တ်ရည် မလုပ်ဖူးဘူး။ ကြိုးစားပြီ တင်ပေးပါ့မယ်

  13. cheerry says:

    ဒါလေးလည်းစမ်းလုပ်ကြည့်အုံးမယ် ညီမလေးရေ..ခက်တာက အတိုင်းအတာတွေမှာ g လို့ညွှန်းထားတော့ မခန့်မှန်းတတ်ဘူးဖြစ်နေတာ .. ဘယ်လိုလုပ်ရမလဲ..? အဲတာလေးတွေနဲနဲ confuse ဖြစ်ကလွဲရင် ကျန်တာ အားလုံး အဆင်ပြေတယ် ညီမရေ… ကူညီပါအုံးနော်…အားလုံးကိုယ်စား ကျေးဇူးတင်ပါတယ်နော်…အားလုံးအပေါ်စေတနာထားတဲ့ညီမလေးလဲ လိုအင်ဆန္ဒတွေအားလုံးပြည့်စုံပါစေ….စိတ်ချမ်းသာပါစေ….

    • admin says:

      ပေးတဲ့ဆုနဲ့ ပြည့်ရပါစေနော်… ကြက်သားက ၁၅ကျပ်သား လောက်ဆိုရင် ရပါပြီ။ နောက်ပိုင်းကျရင် ၀တ်ရည် ကြိုးစားပြီ ဂရမ်နဲ့ ကျပ်သား တွဲရေးပေးပါ့မယ်.. 🙂

Leave a Reply

Your email address will not be published. Required fields are marked *