‘‘မြန်မာ အစားအစာ ကမ္ဘာကို လွှမ်းရမည်’’

‘‘မြန်မာ အစားအစာ ကမ္ဘာကို လွှမ်းရမည်’’

နိုင်ငံတိုင်းမှာ သူများနဲ့ မတူတဲ့ နိုင်ငံကို ကိုယ်စားပြုတဲ့ ယဉ်ကျေးမှု၊ အပြောအဆို၊ အနေထိုင်၊ ၀တ်စားဆင်ယင်မှု၊ အစားအသောက် ဓလေ့တွေ ရှိကြပါတယ်။ မြန်မာနိုင်ငံမှာ ဆိုရင်လည်း တခြားနိုင်ငံတွေနဲ့ မတူတဲ့ အစားအသောက် ဓလေ့လေးတွေ ရှိပါတယ်။ အသီးမှာ သရက်၊ အသားမှာ ၀က်၊ အရွက်မှာ လက်ဖက် ဆိုသည့် ဆိုရိုးစကားအတိုင်း သစ်သီးမှာဆို သရက်သီးက အကောင်းဆုံး ဆိုသလို၊ အသားမှာတော့ ၀က်သားက အကောင်းဆုံးပါ။ လက်ဖက်သုပ်ကို ရှေးအခါကတည်းက ဧည့်သည်ကို လက်ဖက်သုပ်၊ ရေနွေးခြမ်းနဲ့ တခမ်းတနား ဧည့်ခံကျွေးမွေး အလေ့အထ ရှိကြပါတယ်။ ထမင်းဝိုင်းမှာ ငပိရည်၊ ငပိသုပ်၊ တို့စရာ ပါရင်ကို ထမင်းမြိန်နေတတ်တဲ့ မြန်မာ ဓလေ့ဟာလည်း ထူးခြားမူတစ်ခုပါပဲ။

ယခုနောက်ပိုင်းမှာ အိမ်နီးချင်း နိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းမှ အစားအသောက်တွေ ရောယှက်လာပါတယ်။ ဒါကြောင့် ယခုအခါ မြန်မာ အစားအစာ များသာမက၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ အစားအစာတွေကို မြန်မာလူမျိုးတွေ မနက်စာ၊ နေ့လည်စာ၊ ညနေစာ၊ အချိုပွဲ အဖြစ် စားသုံးလာကြပါတယ်။ လူကြိုက်များတဲ့ တရုတ်ဟင်းလျာတွေကတော့ ထမင်းကြော်၊ အစိမ်းကြော်၊ ကော်ရည်ခေါက်ဆွဲ၊ ပန်းသေးခေါက်ဆွဲ၊ ဆန်ပြုတ်၊ ဆီချက်ခေါက်ဆွဲ၊ ၀က်သားဒုတ်ထိုး တို့ဖြစ်ကြပါတယ်။ အိန္ဒိယဟင်းလျာ အနေနဲ့ကတော့ ဒန်ပေါက်၊ ချာပတ်ီ၊ ဟာလ၀ါ၊ ဖာလူဒါ၊ မလိုင်လုံး၊ နံပြား၊ ပလာတာ၊ ဆမူဆာ၊ ဆမူဆာသုပ်၊ သီးစုံ ချဉ်ရည် တို့ကို မြန်မာလူမျိုးတွေ နှစ်သက်ကြပါတယ်။

မည်မျှ တရုတ်၊ အိန္ဒိယဟင်းလျာတွေ လွှမ်းမိုးစေကာမူ မြန်မာ အစားအစာ စစ်စစ်ဖြစ်တဲ့ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုပ်၊ လက်ဖက်သုပ်၊ ရွှေကြည်မုန့်၊ ဆနွင်းမကင်း၊ ရွှေရင်အေး တို့ကို မြန်မာလူမျိုးတွေ အမြတ်တနိုး တန်ဖိုးထားကာ နှစ်သက် စားသုံးနေတုန်းပါပဲ။ အဓိက ပြောချင်တာကတော့ မြန်မာလူမျိုးတိုင်း မြန်မာ အစားအသောက်ကို တန်ဖိုးထားပါ၊ ထိန်းသိမ်းပါ။ မြန်မာ အားကစား ကမ္ဘာကို လွမ်းစေရမည်ဆိုသည့်အတိုင်း မြန်မာ အစားအစာ မည်မျှ ကောင်းကြောင်းကိုလည်း ကမ္ဘာက သိပါစေ၊ သိအောင်လည်း ကြိုးစားကြပါ။ မြန်မာ လူမျိုးတိုင်းလည်း မြန်မာ အစားအစာကို အလေးအနက်ထား ချစ်မြတ်နိုးတတ်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ နိဂုန်းချုပ်လိုက်ပါတယ်…

ချိုဝတ်ရည် (www.wutyeefoodhouse.com)

Ref: အင်တာနက်

15 comments

  1. Hmone Gyi says:

    aww good writing and love it… yep myanmar foods are the most delicious things 🙂

  2. Aye Yu Maw says:

    အစ်မရေ အစ်မရေးတာအရမ်းမှန်တယ်။ မြန်မာမိတ်ဆွေအားလုံးအမေကျော်ဒွေးဒေါ်မလွမ်းစေချင်ဘူး။
    မြန်မာအစားစာ အရမ်းကောင်းကြောင်းကိုပြရမယ်။ဟဲ ဟဲ။

  3. Than Than Mu says:

    ကမ္ဘောဒီးယားမှာ မုန့်ဟင်းခါး စားခဲ့ဘူးတယ်။ တစ်ခြားနိုင်ငံတွေမှာ မုန့်ဟင်းခါး ရှိတယ်ဆိုအုံးတော့
    မြန်မာ့မုန့်ဟင်းခါးကိုတော့ မှီမယ်မထင်ပါ။ ကမ္ဘာမှ မြန်မာ့မုန့်ဟင်းခါးသာအကောင်းဆုံးပါ။

  4. May Oo says:

    That’s right, sis. We love Burmese foods. 🙂 My hubby is caucasian. I cook burmese food all the time,so he has no choice. Oneday, i gave him Nga Pi (Fish Paste)and he can’t stand the smell. After awhile, he used to it and now he like Nga Pi. 😛 He even go and buy Nga Pi at Asian Shop when we run out it. :)) He also like La Phat Thote (Tea leave salad).

    Thank you sis. Ur website is really useful and I learn new recipes from u. 🙂

  5. ခင်ယမုံ says:

    မှန်တာပေါ့ညီမလေးရယ်..
    အစ်မဆို အိမ်လာလည်တဲ့သူငယ်ချင်းတွေကို လက်ဖက်သုပ်ကိုပုစွန်ခြောက်နဲ့ ခရမ်းချဉ်သီးနဲ့ ငရုတ်သီးစိမ်းနဲ့ချည်း သုပ်ကျွေးတာ..ဘေးမှာ အအေးပုလင်းကိုယ်စီနဲ့ပေါ့..
    ယိုးဒယား..ဗီယက်နဲ့ နော်ဝေမိန်းမတစ်ယောက်ဆို တရှုးရှုးနဲ့စားလိုက်တာ.. ကြိုက်လွန်းလို့ဆိုပြီး တစ်ခါတစ်လေ သူတို့အိမ်ပြန်လက်ဆောင်တောင် ပေးလိုက်ရတဲ့အခါမျိုးတွေရှိပါ့..
    သူတို့ကို ဗမာဇာတ်သွင်းလိုက်တာလေ….
    စိတ်ချညီမလေးရေ..ဗမာလူမျိုးဟာ ဗမာ့ဓလေ့နဲ့ ဗမာအစားကိုဘယ်တော့မှမမေ့တဲ့အပြင် အမြဲတမ်းဂုဏ်ယူစွာ စားသောက်နေမှာပါ..
    😀

  6. wintyeeaung says:

    Thankyou for your information

  7. thithi says:

    အမရေးထားတာလေး ကိုကြိုက်ပါတယ်။ လူငယ်တွေပို သိသင့်တယ်လို့ထင်ပါတယ်။
    ညီမလေးလဲ လူငယ်တစ်ယောက်ပါ။

  8. Ma Kyin Hmwe says:

    I want to be BURMESE FOOD famous on the world.

Leave a Reply to Than Than Mu Cancel reply

Your email address will not be published. Required fields are marked *