အင်ဒိုနီးရှားစတိုင် ကြက်သားကြော်

အင်ဒိုနီးရှားစတိုင် ကြက်သားကြော်

အင်ဒိုနီးရှား စတိုင် ကြက်သား ကြော်လေးပါ။ ရိုးရိုး ကြော်နေကျ ကြက်ကြော်တွေလို တခါတည်းနဲ့ ဆီများများ ကြော်ရတာမျိုးမဟုတ်ပဲ၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ ကြက်သားထဲကို အရသာစိမ့်ဝင်အောင် လုပ်ပြီ ပြန်ကြော်ထားခြင်း ဖြစ်သည်။ ကြက်သားက အရမ်းနူးညံ့ပြီ အပြင်သားက ကြွပ်ရွနေပါတယ်။ ခုပဲ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ကြက်ပေါင်၊ ကြက်ရင်ဗုံ – ၄ခု
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)

  • ပဒယ်ဂေါ – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
  • စပါးလင် – ၂ခု (နှုတ်နှုတ်စဉ်းပါ)
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ပဲငံပြာရည် (အချို) – စားပွဲတင်ဇွန်း ၂ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ဆီ

ချက်ပြုတ်နည်းများ

၁။ အရင်ဆုံး (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ပဒယ်ဂေါ၊ စပါးလင်၊ ဆနွင်းမှုန့်) တို့ကို ကြိတ်စက် (blender) ဖြင့် ကြေညက်အောင် ကြိတ်ပေးပါ။

၂။ ပြီနောက် ကြက်သားတုံးများဖြင့် ဟင်းခတ်နှစ်များကို သမအောင် ရောနုယ်လိုက်ပါ။

၃။ ဒယ်ထဲ ရေ(၂၅၀ မီလီလီတာ)၊ ပဲငံပြာရည်(၂ဇွန်း) တို့ကို ထည့်ပြီ ကြက်သားတုံးများကို မီးအသင့်တင့်နှင့် ရေခန်းအောင်အထိ အဖုံးအုပ်ပြီ မိနစ် ၂၀ခန့် တည်ထားပေးပါ။

၎။ ရေခန်းသွားလျှင် ကြက်သားတုံးများကို ရေအနည်းငယ် စစ်ပြီမှ ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်ဖြင့် သမအောင် နုယ်လိုက်ပါ။

၅။ ပြီလျှင် ဒယ်ထဲ ဆီများများထည့်ပြီ ကြွပ်ရွသည်အထိ ကြော်ပေးပါ။

၆။ ပြီလျှင် နံနံပင်လေးများဖြင့် ကြက်သားကြော်များကို ပုံဖော်ပြီ ထမင်းပူပူလေးနှင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…

37 comments

  1. Hmone Gyi says:

    tal tal lay kaung mae pone bae… wanna eat heee

  2. ခင်ယမုံ says:

    ဒါလေးကပုံစံတစ်မျိုးလေးပဲနော်ညီမလေး..
    တော်တော်စားလို့ကောင်းမယ်..
    ပဒဲဂေါ မရှိလို့ စပါးလင်ထည့်ရင်ရော ရလားညီမလေး..?
    ကျေးဇူး
    🙂

    • admin says:

      ရတယ် မခင်ယမုံ။ လုပ်စားကြည့်နော်၊ အရမ်းစားကောင်းတယ်.. 😛

  3. kaykhinewin says:

    အစ်မရဲ့ အင်ဒိုနီးရှားချက်ပြုတ်နည်းတွေကိုအရမ်းကြိုက်တာ..
    ဒါလဲလုပ်စားကြည့်မယ်..
    Thank you 🙂

  4. Zarchi Phyo says:

    အရမ်းမိုက်တဲ့ကြက်ကြော်ပါလား soup လုပ်နည်းထပ်တင်ပေးပါဦး

  5. umoe says:

    ကျေးဇူးပါ .. ပဒဲကော ထည်.ရမှန်း အခုသိ ပြီ…

  6. Myint Aung says:

    In Malaysia I cannot find out “pa-de-gol”. Instead what can I use?
    I always cook your methods and is delicious.

    • admin says:

      ပဒယ်ဂေါ မရှိရင် မထည့်လည်း စားလို့ကောင်းပါတယ်။

  7. hnin says:

    အဲ ..တစ်မျိုးလေးပဲ ….လုပ်စားကြည့်ဦးမယ် .မရေ .ကျေးဇူးနော် ….

  8. Than Than Mu says:

    တစ်မျိုးလေးပါလား…ကျော်ကြည့်အုံးမှ

  9. Aye ei ei Aung says:

    like this.

  10. ဗိုက်တောင်ဆာသွားတယ် … အခွင့်သာရင် ချက်စားကြည့်ဦးမယ် … အခုလို ချက်နည်းပြုတ်နည်း အများကြီးကို ဝေမျှပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် =)

  11. moon poni says:

    ဒီကနေ့ ချက်စားဖြစ်တယ်၊ သမီးလေးတွေကအစ အားလုံးကြိုက်ကြတယ်၊ ကျေးဇူုးတင်ပါသည်၊

  12. wyne says:

    မ ပဒယ်ဂေါ က ဘာလဲဟင် တကယ်မသိလို့ပါ ဘယ်လိုဟင်းခတ်အမျိုးအစားလဲဟင်
    အရောင် နဲ့ အနံ့ကရောဘယ်လိုလဲ
    တကယ်လို့ အဲဒါ မရှိရင် ဘာထည့်ပြီးသုံးလို့ရလဲဟင်
    ဖြေပေးပါနော်

    • admin says:

      ပဒယ်ဂေါဆိုတာ ဂျင်းမျိုးနွယ်ထဲကပါပဲ။ ဟင်းချက်ရင် အနံ့မွှေးအောင်၊ အညီနံ့ပျောက်အောင် ထည့်သုံးပါတယ်။ ဈေးမှာ စပါးလင်ကို အလွယ်တကူ ၀ယ်နိုင်သလို၊ ပဒယ်ဂေါကိုလည်း ၀ယ်လို့ရပါတယ်.. ကျေးဇူးပါ.. 🙂

  13. su su hlaing says:

    နှပ်စရာမလိုဘဲကျော်တဲ့နည်းဘဲနော် အဲဒီလိုလွယ်လွယ်နဲ့ဆန်းဆန်းလေးအရမ်းကြိုက်တယ်။

  14. သော်တာ says:

    မမ ရေ အရမ်းကောင်းမယ့်ပုံလေးပဲ။
    အိမ်မှာလုပ်စားဖြစ်အောင်လုပ်စားမယ်။
    မမ တစ်ယောက်ဒီထက်မကအောင်မြင်ပြီး ဟင်းချက်နည်းတွေအများကြီး
    ဝေမျှနိုင်ပါစေ။ကျေးဇူးတင်ပါတယ်

  15. innocent says:

    sis,

    What does ပဲငံပြာရည် (အချို) mean?
    1. dark soy sauce or
    2. thick soy sauce (kyar nyot in burmese).

    ပဒယ်ဂေါ ~ galangal

    thank u, sis. i will b waiting for ur reply of which soy sauce u used b4 i tried cooking this.

  16. Ni Ni says:

    လုပ်စားပြီးပါပြီ
    အိမ်ကသမီးလဲအရမ်းကြိုက်တယ်
    ဟင်းအသစ်တွေလဲများ၂တင်ပေးပါ
    အားပေးနေပါတယ်

  17. ayetintyoung says:

    လုပ်စားကြည့် မယ်။ပဒဲကောတခါမှမထည့် ကြည့် ဘူးဘူး

  18. Khin Myint Myint Win says:

    Now,I start cooking this. Be the best.

  19. Saw Law La says:

    အချက်အပြုတ် ရတနာသိုလ်ကြီးပဲဟေ့ နောက်လည်းများများတင်ပေးပါ

Leave a Reply

Your email address will not be published. Required fields are marked *