ဂဏန်းခွက်ကြော်၊ ဂဏန်းသားလုံးကြော်

ဂဏန်းခွက်ကြော်

ဂဏန်းခွက်ကြော် လုပ်နည်းလေးပါ။ အရင်ကဆို ဟော့ပေါ့ဆိုင်ရောက်တိုင်း ဂဏန်းခွက်ကြော် ၀ယ်စားဖြစ်တယ်။ ခုတော့ ကိုယ်တိုင်ပဲ အိမ်မှာ လုပ်စားကြည့်တာ အရမ်းစားကောင်းတာမို့ ချက်နည်းလေး မျှဝေပေးလိုက်တယ်နော်။  မိမိ ကြိုက်နှစ်သက်သလို လုပ်စားနိုင်အောင်ပါ….

ပါဝင်ပစ္စည်းများ

  • ဂဏန်းသား – ၄၅၀ ဂရမ်
  • ဂဏန်းခွံ – ၆ခု
  • ဂျင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်းစာ (နှုတ်နှုတ်စဉ်းပါ)

  • ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
  • မုန်လာဥနီ – တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ဂျုံမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်းစာ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
  • ဟင်းရွက်ဆီ

မှတ်ချက် ။ ။ ဂဏန်းသား readymade များ City Mart တွင်ဝယ်ယူနိုင်သည်။ (သို့) ဂဏန်းလက်မ၊ ဂဏန်းများကို ပေါင်းအိုးဖြင့် ပေါင်းပြီ အသားနွင်းပြီလည်း အသုံးပြုနိုင်သည်။

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇလုံ တစ်ခုထဲတွင် (ဂဏန်းသား၊ ဂျင်း၊ ဆား၊ ငရုတ်ကောင်းမှုန့်၊ ဂျုံမှုန့်) တို့ကို သမအောင် ရောမွှေလိုက်ပါ။

၂။ ပြီလျှင် ဂဏန်းများကို ဂဏန်းခွက်ထဲသို့ ဇွန်းဖြင့် အစားသွပ်ပေးပါ။

၃။ ထို့နောက် ကြက်ဥ ၂လုံး ခလောက်ထားတဲ့ ခွက်ထဲသို့ ဂဏန်းခွက်များကို စိမ်ပေးပါ။

၎။ ပြီလျှင် ဒယ်ထဲ ဆီများများ ထည့်ပြီ ဂဏန်းခွက်များကို ကြော်ပေးပါ။

၅။ အညှိရောင်သန်းလာလျှင် ဂဏန်းခွက်ကြော်များကို ပြန်ဆယ်ပေးပြီ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…

30 comments

  1. Hmone Gyi says:

    aww mike like tar naw…ta kae ko sar chin sa yar.. ka lu ka lu …wanna eat now 😐

  2. Ei Ei Min says:

    စားလို့ကောင်းမှာပဲနော်။ လုပ်စားကြည့်အုန်းမယ်။ 🙂

  3. Than Than Mu says:

    Thanks

  4. Thiri says:

    မရေ
    လုပ်စားကြည့်ရမှာတွေများနေပြီ။
    ကျေးဇူးးပါနော်။

  5. dr. nwet says:

    လုပ်စားကြည့်မယ်။ ကောင်းမှာဘဲနော်။ ကျေးဇူးတင်ပါတယ်။

    • admin says:

      လုပ်စားကြည့်ပါနော်။ စားလို့အရမ်းကောင်းပါတယ်.. 🙂

  6. Thiri Lat says:

    i will miake it now ,thz …

  7. ခင်ယမုံ says:

    ညီမလေးရေ..
    ညီမလေးလုပ်ထားတာကိုပဲ စားချင်တယ်..
    😀

  8. Aye Aye Tint says:

    yummy!!!!!!!!

  9. Chan Huei says:

    ဟုတ်ကဲ့ လုပ်စားကြည့်မယ်နော် နည်းအတိုင်း…အရမ်းကောင်းမှာနော်.

  10. Aye ei ei Aung says:

    like this.

  11. nono says:

    ဟုတ်တယ် မ၀တ်ရည် လုပ်ထားတာလေးတွေပဲ စားချင်ပါတယ်ဗျို့ ကိုယ်တိုင်မလုပ်အားလို့ ပြီးစလွယ်တွေပဲချက်၊ သူများချက်ထားတာလေးတွေကြည့်ပြီး သရေကျ ဗိုက်အတော်ဆာတော့မှ ကိုယ်ထမင်းလေးကိုဖွင့်စား ကိုယ့်ကိုယ်တောင်သနားတယ် ဟင့်

  12. aungmin says:

    တော်တော်ကောင်းပါတယ်..လုပ်ရတာလည်းလွယ်ကူတယ် ကျေးဇူးပါ………….

  13. zar chi says:

    မ ဂဏန်အစပ်ပာင်းလေချက်ရင်တင်ပေးပါဦးနော်
    🙂

  14. စုစုလှိုင် says:

    ကျေးဇူးတင်ပါတယ်

  15. banyar says:

    လုပ်ရတာလွယ်တော့ လုပ်စားကြည်ဲ့ရမယ်

  16. မော်ငလွင် says:

    လုပ်စားကြည်တာတော်တော်ကောင်းတယ်ဗျာ

Leave a Reply

Your email address will not be published. Required fields are marked *