အုန်းနို့ ခေါက်ဆွဲ
အုန်းနို့ ခေါက်ဆွဲ (ရယောက်စာ)
မနက်စာ အုန်းနို့ ခေါက်ဆွဲ လေးပါ။ အုန်းနို့ခေါက်ဆွဲ ချစ်သူ တွေ သဘောကျမယ့် ချက်နည်းလေးပါ။ ၀တ်ရည်ရဲ့ ပထမဆုံး လက်ရာလေးမို့ အားပေးကြပါအုန်းနော်။ အိမ်သားတွေကတော့ အရမ်းကြိုက်ကြတယ်။ တချို့ကလည်း အုန်းနို့ခေါက်ဆွဲကို နို့စိမ်းနဲ့ ချက်တယ်။ ၀တ်ရည်ကတော့ အုန်းနို့နဲ့ ချက်ထားတာပါ။ ခုပဲ လုပ်နည်းလေး ကြည့်ရအောင်…
အုန်းနို့ ခေါက်ဆွဲတွင် ပါဝင်ပစ္စည်းများ
  • ခေါက်ဆွဲဖတ် – ၄၀ ကျပ်သား
  • အုန်းနို့နှစ် – ၁၆၀ ဂရမ်
  • ကြက်သွန်နီ – ၁၀လုံး (အလုံးသေးများ အခွံနွှာထားပါ)
  • ပဲအစိမ်းမှုန့် – ရ၀ ဂရမ် (ရေ ၂၅၀ မီလီလီတာဖြင့် ပဲမှုန့်များကို ဖျော်ထားပါ)
  • ဆား – စားပွဲတင်ဇွန်း တ၀က်
  • ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ငံပြာရည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲကပ်ကြော် – ၁၀ခု
  • မုန့်ကြွပ်ကြော် – ၁ထုပ် (ဆီများများဖြင့် ကြော်ပေးပါ)
  • ဘဲဥ – ၃လုံး (ကျက်အောင် ပြုတ်ပြီ စိပ်ပေးထားပါ)
  • ငရုတ်သီး အကြမ်းမှုန့် – အနည်းငယ်
  • သံပရာသီး – ၃လုံး (အစိပ်လေးများ စိပ်ထားပါ)
ကြက်သားဆီသပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်သား (သို့) ကြက်တောင်ပံ – ရခု (အတုံးသေးများ တုံးထားပါ)
  • ကြက်သွန်နီ – ၄လုံး (ဆီသပ်ရန် ထောင်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ဆီသပ်ရန် ထောင်းထားပါ)
  • ဂျင်း – လက်တဆစ် (ဆီသပ်ရန် ထောင်းထားပါ)
  • ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်သား ဆီသပ်ရန် ဒယ်ထဲ ဆီထည့် ထောင်းထားသော ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း များကို အညှိရောင်သန်းသည်အထိ ဆီသပ်ပေးပါ။
၂။ ပြီလျှင် ငရုတ်သီးမှုန့်၊ ဆနွင်းမှုန့်တို့ကို ထည့်ဆီသပ်ပေးပြီ (ကြက်သား၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ကာ ၁မိနစ်ခန့် လုံးချက်ပေးပါ။
၃။ ပြီနောက် ကြက်သား မြုပ်ရုံ ရေ ထည့်ပြီ အဖုံးအုပ်ထားပါ။
၎။ ကြက်သား နူပြီ ဆီပြန်ပြီဆိုလျှင် ဒယ်အိုးကြီးထဲ ကြက်သားများကို ပြောင်းထည့်လိုက်ပါ။
၅။ ထို့နောက် ရေ(၂လီတာ) အိုးထဲသို့ လောင်းထည့်ကာ ဆူအောင် တည်ထားပေးပါ။
၆။ ဆူလာလျှင် ရေဖြင့် ရောဖျော်ထားသော ပဲစိမ်းမှုန့်များကို လောင်းချပေးပြီ သမအောင် မွှေပေးပါ။
ရ။ ထို့နောက် အုန်းနို့နှစ်များကို ထည့်ပြီ ဆား(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်းခွဲ)၊ ငံပြာရည်(စားပွဲတင်ဇွန်း ၃ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၁ဇွန်း) တို့ကို ထည့်ပေးပြီ ရောမွှေပါ။
၈။ အရသာ မြည်းလို့ အနေတော်ပြီဆိုမှ ကြက်သွန်နီလုံးများကို ထည့်ပြီ ၂မိနစ်ခန့်တည်ပေးပြီ အုန်းနို့ ခေါက်ဆွဲ အရည်အိုးကို မီးပိတ်လိုက်ပါ။
၉။ အုန်းနို့ခေါက်ဆွဲ စားရန် ပန်းကန်ခွက်တစ်ခုထဲ ခေါက်ဆွဲဖတ်၊ ပဲကြပ်ကြော်၊ မုန်ကြွပ်၊ ဘဲဥ၊ သံပရာသီး၊ ငရုတ်သီးကြမ်းမှုန့်၊ အုန်းနို့ခေါက်ဆွဲရည် တို့ဖြင့် အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ…
50 comments
  1. Hmone Gyi says:
    ma sar ya tar kyar top sar taung sar chin lar pe a hint ahint … sar chin like tar
    • admin says:
      haa.. ပါးပါးနဲ့ မားမားကတော့ အရမ်းကြိုက်လွန်းလို့ ၂ပွဲတောင် စားတယ်။ 🙂
  2. Nilar says:
    Hi nyima,
    May i know,this method didn’t contain ginger or you forgot to describe it?
    Thanks
  3. mawmaw says:
    Thanks a lotေ​န်ာတျော​င်း​ပိ​တ်​၇င်ချက်စား​မှာ​အေ​တာ် ပါအခု​လိုမျူေ​၀း​တဲ့​အတွ​က်
    • admin says:
      လုပ်စားကြည့်ပါ ညီမ။ အုန်းနို့ ခေါက်ဆွဲက အိမ်လုပ်က ပိုစားကောင်းတယ်.. 🙂
  4. Khingtharaphy says:
    အားလုံးတော့အဆင်ပြေတယ်အမစားလို့လည်းကောင်းတယ်၊စားနေရင်းနဲ့မ၀တ်ရည်ကိုကျေးဇူးတင်နေမိတယ်။တခုပဲအဆင်မပြေတာအမအဲဒါကဘာလည်းဆိုတော့ပဲကြော်လိုနေလို့ပဲမရေ။မီးတို့ကမလေးရှားရောက်နေသူတွေဆိုတော့ပဲကျော်က၀ယ်လို့မ၇ဘူးဖြစ်နေတယ်။အဲဒါမ၀တ်ရည်ဖြစ်နိုင်ရင်ပဲကျော်လုပ်နည်းလေးပြောပြပေးပါလို့တောင်းဆိုပါတယ်။ထာဝရအားပေးလျက်။
    • admin says:
      ဟုတ်ကဲ့ ပဲကြော်လုပ်နည်းလေးပါ နောက်ကျရင် တင်ပေးပါ့မယ်၊ ကျေးဇူးပါ bro.. 😀
  5. umoe says:
    ကျေးဇူး…….
  6. khaing says:
    ကျေးဇူးတင်ပါတယ်။နောက်လဲတင်ပေးပါအုံး။
  7. ကျွန်တော်စားဖိုမှုး says:
    ကောင်းပါတယ် မဝတ်ရည်.. မြန်မာ့အစားအစာကို ..မြန်မာတွေ ..အသိလွဲနေကြတာတွေကို.. မှန်ကန်တဲ့အသိနဲ့.. မှန်ကန်တဲ့ နည်းစနစ်လေးတွေကို.. ဖြူစင်သောစေတနာနဲ့ .. အခုလို.ဖေါ်ပြပေးတဲ့အတွက်.. အရမ်းကို ဂုဏ်ယူမိပါတယ်.. ဒါဆို.. ကျွန်တော်တို့ရဲ့ မြန်မာ့အစားအစာဟာလည်း.. မာကြာမီမှာ.. ကမ္ဘာကြော်အစားအစာတွေထဲမှာ..ပါလာတော့မှာပါ..
  8. ခင်ယမုံ says:
    ညီမလေးရေ..
    ညီမချက်ထားတာ အားရစားချင်စရာ..
    အစ်မလည်း ရယ်ဒီမိတ်ထုပ်တွေနဲ့ချည်း၂ပါးသွားနေတာကြာပြီ..
    ဒီတစ်ခါ ညီမလေးပြောသလိုချက်မယ်နော်..
    ကျေးဇူးညီမ
    🙂
    • admin says:
      မခင်ယမုံ ချက်စားကြည့်ပါနော်။ ဒီအုန်းနို့ခေါက်ဆွဲ ချက်နည်းလေးက လွယ်လည်း လွယ်ပြီ စားလို့ အရမ်းကောင်းတယ်
  9. မသီတာ says:
    • admin says:
      ဟုတ်၊ မသီတာ။ ပဲမှုန့်(အစိမ်း) ရေဖျော်ထည့်ပြီ အရသာထည့်၊ ပြီတော့ ကြက်သွန်ဥ နူအောင် တည်ရတာမို့ ၅မိနစ်လောက် ကြာမှ ချတာမို့၊ အစိမ်းစော် လုံးဝမနံ့ပါဘူး။ လုပ်စားကြည့်ပါနော်၊ ၀တ်ရည်ကလည်း ကျေးဇူးပါ
  10. Phyu Lay says:
    ပဲမှုန့်အစိမ်းကို အင်္ဂလိပ်လိုဘယ်လိုခေါ်လည်းဟင် အမ
    ညီမက စင်ကာပူမှာနေလို့ ဘယ်လိုဝယ်ရမှန်းမသိလို့ပါ
    ဒါမှမဟုတ် မြန်မာဆိုင်တွေမှာမှရတာလား…
    • admin says:
      ပဲမှုန့် အစိမ်း = bean powder လို့ခေါ်ပါတယ်
    • Aye says:
      It’s known as gram flour/ garbanzo bean flour/ chickpea flour or besan and made from ground chickpeas. It’s available in India stores or asian supermarkets. Here in australia, it’s known as “besan flour” and “Maharajah’s Choice” brand is available in Coles.
  11. zawminaung says:
    sis, pal hmonte a kyat hmote kaw ya lar a ma?
  12. natehtwe says:
    ကောင်းလိုက်တာ ရွှေတောင်ခေါက်ဆွဲချက်တဲ့နည်းသိချင် ပါတယ်
  13. Nyein Nyein Aye says:
    Hi Sis,
    Thank you very much !
    I cooked this noodle soup for my colleagues last Saturday and they really enjoyed it and would like to know how to cook.
    I want to share it to them.
    Thats why,may I get this recipes in English Version ?
  14. su mon says:
    ရွှေတောင်ခေါက်ဆွဲချက်နည်းလေးအဆင်ပြေရင်တင်ပေးပါနော်
  15. ဂူဂူး says:
    မမ ဝတ်ရည်..
    ဂူး မွေးနေ့မှာ မြန်ပီလွယ်ကူတဲ့ အုန်းနို့ခေါက်ဆွဲကို မမရဲ့ စားချင်စဖွယ်လုပ်ထားတဲ့ အတိုင်း
    လိုအပ်တာတွေဝယ်ပီး မမ တင်ပြထားတဲ့ အတိုင်း ချက်တာ အားလုံးအဆင်ပြေပါတယ်.. ပထမဆုံးချက်တာပါ။ တကယ့်ကို မြန်မာနိုင်ငံက အုန်းနို့ခေါက်ဆွဲ အရသာအတိုင်းပါပဲ.. မမရဲ့ ပိုစ်လေးကြောင့် အကုန်အဆင်ပြေပါတယ်.. အဲ့ဒိအတွက်ကျေးဇူးတင်ပါတယ် မမ
  16. ni ni says:
    ကျေးဇူးအရမ်းတင်ပါတယ်
    ကျွန်မက အိမ်ထောင်ကျပြီးတာတောင် ထမင်း၊ ဟင်းလုံးဝ မချက်တတ်ပါဘူး
    ကျွန်မ အမျိုးသားကတော့ သည်းခံပြီး စားရှာပါတယ် ( ကျွန်မရဲ့ မကောင်းတဲ့လက်ရာတွေကိုပေါ့ )
    ဒါပေမယ့် အခု သားလေးရတော့ သားကို အရသာရှိတာလေးတွေ ချက်ကျွေးချင်တဲ့ ဆန္ဒတွေ ဖြစ်မိပါတယ်။
    နောက် မိဘတွေကိုလဲ ပြန်ချက်ကျွေးချင်ပါတယ်။ အထူးသဖြင့် ကျွန်မကို အမြဲ ချက်ကျွေးခဲ့တဲ့အမေ့ကိုပေါ့။
    ဒီ blog လေးက ကျွန်မအတွက် အရမ်းအဆင်ပြေပါတယ်။ စာအုပ်လဲ ၀ယ်ဖတ်ချင်ပါတယ်။
    • admin says:
      ကျေးဇူးပါ sis ရေ။ စာအုပ်အားပေးလို့လည်း ကျေးဇူးပါနော်
  17. Thwin says:
    a ma noe sane nae chat yin yaw a d a tine bae lar? thamee ka ohn noe nae ma tae lo par..
    thank you par naw
  18.ုကျော်ဂျီး says:
    ချက်ထားလိုက်ပြီ မ၀တ်ရည်ရေ…
    ညနေကျမှ အုပ်မယ်…မြည်းကြည့်တာတော့ ကွက်တိဘဲ.
    ပဲမှူန့်ကို အရင်ထည့်ပြီးမှ ရေထည့်မိလိုက်လို့ နဲနဲလေး………ပြစ်သွားတာကလွဲရင် အားဂျီးကောင်း…
    မ၀တ်ရည် ကျေးဇူးနော်…
  19. Thawdar says:
    I am looking for the ပဲကပ်ကြော် recipes, I couldn’t find it. could you please share it, Thank you.
  20. thin mya mya soe says:
    မွေးနေ့ကျရင် ချက်ကျွေးချင်လို့ပါ
  21. hayzel says:
    ငါးဖယ်အုန်းနို့ခေါက်ဆွဲလုပ်နည်းလေးတင်ပေးပါ
  22. Soe Paing says:
    Thanks a lot sis….!
  23. Myo says:
    Ama yay… Bel tway loat nee lay tin pay bar naw… Coconut noodles mar bel tway loat nee par ma lar win kyi twar del… Thank you par sis… 🙂
  24. မေသူ says:
    မမ အသည်းလေးကျေးဇူး
Leave a Reply
Your email address will not be published. Required fields are marked *