ဝက်နံရိုး နဲ့ ကြာမဆိုင်
ဝက်နံရိုး နဲ့ ကြာမဆိုင်
ဝက်နံရိုး ကြာဆိုင်ဟင်းချို အရည်သောက်လေးပါ။ ကြာမဆိုင်အပြင် တခြား ဟင်းသီးဟင်းရွက်တွေပါ ထည့်ချက် ထားသည်မို့ တမူထူးခြားပြီ သောက်လို့ အရမ်းကောင်းပါတယ်။ ၀က်နံရိုးကလည်း နူအိပြီ ချိုချဉ် အရသာလေးကို ရရှိမှာပါ။ တူတူချက်ကြည့် ရအောင်…
ပါဝင်ပစ္စည်းများ
  • ၀က်နံရိုး – ၃၀ ကျပ်သား (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
  • ကြာမဆိုင် – ၁ထုပ် (ရေစင်အောင် ဆေးပြီ ၂လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • ခရမ်းချဉ်သီး – ၂လုံး (အစေ့ထုတ်ပြီ ၈စိပ်စိပ်ပါ)
  • ပန်းပွင့် – တစိတ် (အတုံးသေးများ တုံးပါ)
  • ပဲပြား – ၁တုံး (အတုံးများ တုံးပါ)
  • ဘိုစားပဲ – ၅ခု (အရှည် အစောင်းလှီးပါ)
  • ပြောင်းဖူးသေး – ၄ခု (အရှည်အစောင်းလှီးပါ)
  • ကြက်သွန်မြိတ် – စည်းဝက် (အရှည်အစောင်းလှီးပါ)
  • သံပရာသီး – ၂လုံး (အရည်ညှစ်ရန်)
  • ငရုတ်သီးတောင့်နီ – ၂ခု (ထပ်ခြမ်းခြမ်းပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (ပါးပါးလှီးပါ)
  • ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား ၊ ကြက်သားမှုန့်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ၀က်နံရိုးများကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် သမအောင် ရောနုယ်ထားပါ။
၂။ ထို့နောက် ဒယ်အိုးတစ်ခုထဲ ရေ(၆ခွက်) ထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။
၃။ ဆူလာလျှင် ၀က်နံရိုးများထည့်ပြီ နူအောင် ၄မိနစ်ခန့် မီးပြင်းပြင်းဖြင့် အဖုံးအုပ်ပြီ တည်ပေးပါ။
၎။ ပြီမှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးတောင့်၊ ဟင်းသီးဟင်းရွက် (ပန်းပွင့်၊ ဘိုစားပဲ၊ ပြောင်းဖူးသေး) တို့ကို ထည့်ပေးပြီ ရောမွှေလိုက်ပါ။
၅။ ပြီနောက် ကြာမဆိုင်၊ ပဲပြား၊ ခရမ်းချဉ်သီး တို့ကို ထည့်ပေးပါ။
၆။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ)၊ သကြား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ သံပရာရည် တို့ကို ထည့်ပေးပြီ သမအောင် ရောမွှေလိုက်ပါ။
ရ။ အရသာအနေတော်လျှင် အပေါ်မှ ကြက်သွန်မြိတ်များအုပ်ပြီ ၀က်နံရိုး နှင့် ကြာမဆိုင် ဟင်းချိုကို စားသုံးလို့ရပါပြီ…
24 comments
  1. Than Than Mu says:
  2. moeaye says:
    စားလို့ ကောင်းမယ် ..စိတ်ဝင်စားဖို့ကောင်းတယ် .. မနှေးအမြန် ချက်စားကြည့်ပါမည် 😛
    ကျေးဇူး အထူးတင် ရှိပါကြောင်း ညီမ ၀တ်ရည် ရေ..
    • admin says:
      ဟုတ်ကဲ့ လုပ်စားကြည့်ပါ မ။ အရမ်းစားကောင်းတယ်
  3. ခင်ယမုံ says:
    ညီမလေးရေ…
    အစ်မ ၂ ပတ်တစ်ခါလောက်ချက်သောက်ဖြစ်တယ်..
    အမြဲတမ်းလိုလို ကြံမဆိုင်ရယ်..ဝက်သားရယ်..ဂျင်းရယ်..ကြက်သွန်ဖြူရယ် ..ဒါလောက်ပဲထည့်ဖြစ်တယ်..
    အခုတော့ညီမပြောသလို အသီးအရွက်တွေထည့်ပြီးချက်မယ်..
    မြိုင်မြိုင်ဆိုင်ဆိုင်လေးနဲ့ပိုစားကောင်းမယ်နော်..
    ကျေးဇူးညီမရေ
    🙂
  4. myint win says:
    အစ်ေမအသစ်တင်ပေးတဲ့ဟင်းတွေအရမ်းစားကောင်းတယ် နောက်အစဉ်ပြေရင်ရွှေကြည်မုန့်လုပ်နည်းတင်ပေးပါဦး
  5. Hmone Gyi says:
    look so nice and yummy
    • admin says:
      စားလို့ကောင်းတယ် မှုံကြီး။ ကိုယ်လည်း အားရင် လုပ်စားကြည့်လေ
  6. aye sandar myint says:
    တစ်နေ့တစ်နေ့ဘာချက်စားရမှန်းမသိဖြစ်နေတာကျေးဇူးပါ။
  7. zar chi says:
    အသီးအရွက်တွေထည့်ချက်ရင်ပိုကောင်းမယ်ဆိုတာ
    မ ချက်ပြမှသိရပါတယ် ကျေးဇူးပါအစ်မ
  8. white says:
    သေချာမှတ်သွားတယ် .. ဒီတစ်ပတ်ရုံးပိတ်ရက် ချက်စားရမယ်.. ကျေးဇူးတင်ပါတယ် ညီမလေး ၀တ်ရည်ရေ … 🙂
  9. ငယ်လေး says:
    ၀ါးးးးးးးးးးးးးးးးးးး ပျော်လိုက်တာ ဟင်းချက်သင်မို့ ပြင်နေတာကြာပီ ချစ်ချစ်ကိုလဲ ချက်ကျွေးရမယ်ဝေ့ မမ၀တ်ရည် ဒီထက်မကအောင်မြင်ပါစေဗျို့ 😀 :happy
  10. Kay khine says:
    ကျေးဇူးပဲ မမ စမ်းကြည့်လိုက်ဦးမယ်
  11. Ei Ei says:
    အစ်မ ဝက်နံရိုးက လေးမိနစ် ပြုတ်ရုံနဲ့ နူးလား??
  12. Ei Ei says:
    အစ်မ ဝက်နံရိုးက လေးမိနစ် ပြုတ်ရုံနဲ့ နူးလား??
Leave a Reply
Your email address will not be published. Required fields are marked *