‘‘လှပသော ခန္ဓာကိုယ် ထိန်းသိမ်းဖို့ ၆ချက်’’

‘‘လှပသော ခနာကိုယ် ထိန်းသိမ်းဖို့ ၆ချက်’’

မိမိတို့ နေ့စဉ် စားနေကျ ထမင်းဖြူ၊ ပါမုန့်ဖြူ၊ သကြားလုံး၊ ဆိုဒါ၊ အချိုရည် တွေဟာ ခဏအတွင်းမှာ အစားကို အလွယ်ခြေနိုင်တာမို့ အချိန်တိုအတွင်းမှာပဲ ပြန်ဆာလောင်စေပါတယ်။ ထို့ပြင် အာဟာရ အရမ်းမများပဲ၊ ကယ်လိုလီအများဆုံး ပါဝင်တာမို့ ခနာကိုယ် ပိုမိုဝစေပါတယ်။ ဒါကြောင့် အစာခြေဖို့ မလွယ်တဲ့ ပါမုန့်ညှိ၊ ဆန်လုံးညှိ၊ ပဲ၊ ပဲသီး နှင့် ဟင်းသီးဟင်းရွက်တွေကို များများစားပေးမယ်ဆိုရင် ကျန်မာရေးနဲ့လည်း ညီညွှတ်ပြီ ကယ်လိုလီနည်းနည်း ပါဝင်သည်မို့ ခနာကိုယ်ကို သွယ်လျ လှပစေပါတယ်။ ထို့ပြင် လှပသော ခနာကိုယ်ကို အမြဲထိန်းသိမ်းနိုင်ဖို့ လှိုဝှက်ချက် ၆ချက်ရှိပါတယ်။

၁။ မနက်စာ မှန်မှန်စားပါ

မနက်စာ မှန်မှန်စားပါ။ မနက်စာ နွားနို့၊ ပါမုန့်ညှိ၊ သစ်သီး၊ ကောက်ပဲသီးနှံ တွေ စားပေးပါ။ မနက်စာ စားခြင်းဖြင့် မှတ်ဥာဏ် ပွင့်လင့်ခြင်း၊ တနေကုန် အလုပ်လုပ်နိုင်ခြင်း စသည့်အကျိုးကျေးဇူး တွေရှိပါတယ်။ အထူးသဖြင့် ကလေးတွေမှာ မနက်မစားပဲ ကျောင်းသွားမယ်ဆိုလျှင် တခြားကလေးတွေထက် အတန်းထဲမှာ စာမလိုက်တာတွေ ကြုံတွေ့လာနိုင်ပါတယ်။

၂။ နေ့လည်စာ ပရိုတင်းနဲ့ ကာဖိုဟိုက်ဒိတ် ညီမျှအောင် စားပေးပါ

ဝိတ်ချတဲ့ အချိန်မှာ နေ့လည်စာကို ကာဖိုဟိုက်ဒိတ် နဲ့ ပရိုတင်းဓာတ်တို့ ညီမျှ စားပေးဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် နေ့လည်စာကို ပရိုတင်းဓာတ်များသော အသား၊ ငါး၊ ပဲ၊ နွားနို့၊ ကြက်ဥ တို့ကို စားပေးပါ။ ထို့ပြင် ကာဖိုဟိုက်ဒိတ်ဖြစ်တဲ့ ပါမုန့်ညှိ၊ သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကိုပါ တွဲဖက် စားသုံးပေးပါ။

၃။ ညနေစာကို ပုံမှန်နဲ့ ဖြည်းဖြည်း စားပါ

ညနေစာကို အများကြီး မစားပါနဲ့၊ ဖြည်းဖြည်းစားပါ။ ထို့ပြင် ပန်းကန်ကို အကြီးနဲ့ စားမယ့်အစား အရွယ်အစား သေးတဲ့ ပန်းကန်နဲ့ စားခြင်းဖြင့် ညနေစာကို အများကြီး မစားဖြစ်တော့ပါဘူး။

၎။ အစာပြေလေးတွေ ရံခါ စားပေးပါ

တခါတလေ မနက်စာ (သို့) နေ့လည် မစားဖြစ်တဲ့ အခါ ဆာလောင်တဲ့ဒဏ်ကို ခံနိုင်အောင် အစာပြေ snack လေးတွေ ဖြစ်တဲ့ သစ်သီးဖျော်ရည်၊ ချိစ်၊ ဒိန်ချဉ်၊ အသီးဆလတ်သုတ်၊ အာလူးကင် တို့ကို စားသုံးပေးပါ။ ဒီလို snack တွေစားလို့ မ၀စေပါဘူး။ သင်ရဲ့ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ စွမ်းအားတွေကို ပြန်ဖြည့်ပေးပါတယ်။

၅။ တနေ့ ၃ကြိမ်မှ ၄ကြိမ်စားပါ

တခါတည်းနဲ့ အများကြီး စားမယ့်အစား နည်းနည်းနဲ့ တနေ့မှာ ၃ကြိမ်မှ ၄ကြိမ် ခွဲစားပေးပါ။

၆။ အချိုနဲ့ ကဖိန်းများတဲ့ အစားအသောက်တွေကို မစားပါနှင့်

ချောကလက်၊ ဆိုဒါတွေက သင်ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေကို ပြန်ရအောင် မကူညီပေးနိုင်သလို၊ သင်ခနာကိုယ်ကို ပိုဝစေပါတယ်။ ဒါကြောင့် အချိုကို တတ်နိုင်သလောက် မစားပဲ၊ ရံဖန်ရံခါမှ စားသင့်ပါတယ်။ ထို့ပြင် ကဖိန်းပါတဲ့ ကော်ဖီ၊ လဘက်ရည်တို့ကိုလည်း အလွန်အကျွန် မသောက်သုံးသင့်ပါဘူး။

28 comments

  1. I very like this , thanks you so must! !

  2. very like this, so must…! u

  3. Tin Tin Oo says:

ိ့ဝတ်၇ည်လေး

    ကျေးဇူး အထူးတင်ပါတယ်။

  4. tharaphe says:

    မ၀တ်ရည် အခုလိုတင်ပေးထားတာ ကျေးဇူးပဲ

  5. nono says:

    မရေ ကျေးဇူးပါနော် မှတ်ရလွယ်ပြီး အချက်လည်းမများ ကျန်းမာရေးနဲ့လည်းညီညွတ်တဲ့ နည်းလမ်းလေးတွေ သတိထားပြီး လိုက်နာကြည့်ပါ့မယ် စာတွေလည်းရေးပါနော် အမြဲအားပေးနေမယ်

  6. thitsar says:

    မဝတ်ရည်ကို ကျေးဇူးအများကြီးတင်ပါတယ် ။ ခုလိုတင်ပေးရတဲ့အကျိုးကျေးဇူးကြောင့် မဝတ်ရည်တစ်ယောက် ကျန်းမာသုခနဲ့ပြည့်စုံပြီး လှပတဲ့ခန္ဓာကိုယ်လေးကို သက်ဆုံးတိုင်ပိုင်ဆိုင်ပါစေရှင်။

  7. Nang Seng Hong says:

    မဝတ်ရည်ကို ကျေးဇူးအများကြီးတင်ပါတယ် ။

  8. Khaing Wint Wah says:

    မ၀တ်ရည်ကျေးဇူးပဲနော်ဝင့်ကခန္ဒာကိုယ်အတွက်လိုအပ်တဲ့အစားအသောက်တွေကိုသေချာမသိဘူးမပြောပြမှပဲဝင့်သိတော့တယ်ကျေးဇူးတင်ပါတယ်ရှင့်နောက်လဲပြောပြပေးပါဦးနော်

  9. Soe San says:

    Many Thanks

  10.ွှTin Thandar Zaw says:

    like this

  11. Nyein Lay says:

    Ma Wut Yee ဒီနေ့ပဲ အစ်မစာအုပ် ဟင်းချက်နည်း ၁၀၁ နည်းပါတဲ့ စာအုပ်ကို ဝယ်လာပါတယ်။
    ကိုယ်ချက်ချင်တာလေးတွေပါတာမို့လို့ အရမ်းဝမ်းသာပါတယ်။ အဲဒီကနေ တဆင့် ဒီဝက်ဆိုဒ်လေးကို ရောက်လာပါတယ်။ ကျေးဇူးတင်ပါတယ် အစ်မ။ နောက်လည်း ဒီထက်မက ကောင်းမွန်တဲ့ ဟင်းချက်နည်းလေးတွေတင်နိုင်ပါစေ။ အစ်မလည်း ဒီထက်မက လှပပြီး ကျန်းမာပါစေ။

    • admin says:

      ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ sis ရေ။ ၀က်ဆိုက်မှာ ဟင်းချက်နည်းသစ်တွေလည်း လေ့လာလို့ရပါတယ်။ စာအုပ်လည်း အားပေးတယ် ဆိုလို့ ကျေးဇူးပါနော်…

  12. shwewar says:

    မပြတ် ခဏ အမြဲတွေ့ချင် နေပါတယ်

  13. Sumyat says:

    ဗဟုသုတ၇လို့ကျေးဇူးပါမေ၇….

  14. thida says:

    Thanks a lot.

Leave a Reply

Your email address will not be published. Required fields are marked *