ကြက်ဥ မရိုနစ်

ကြက်ဥ မရိုနစ်

ဒီ ကြက်ဥ မရိုနစ် လုပ်နည်းက လုပ်ရတာ ဘာမှ အပန်းမကြီးပေမယ့် စားလို့ကောင်းပါတယ်။ အစာပြေပဲဖြစ်ဖြစ်၊ စားမယ်ဆိုရင် အဆင်ပြေပါတယ်။ တူတူလုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်များ

  • ကြက်ဥ – ၁ဒါဇင်
  • ကြက်သွန်နီ – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၁မွှာ (နှုတ်နှုတ်စဉ်းပါ)

  • Dijon mustard – စားပွဲတင်ဇွန်း ၁ဇွန်း
  • Tobasco – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • မရိုနိစ် – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ခနောကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ငရုတ်ပွနီရှည်ထောင့် – ၁ထောင့် (ပါးပါးလှီးပါ)

ပြုလုပ်နည်း

၁။ အရင်ဆုံး ကြက်ဥများကို ရေပွက်ပွက်ဆူသော အိုးထဲထည့်ြ့ပီ ကျက်သည်အထိ ပြုတ်ပေးပါ။

၂။ ပြီနောက် ကြက်ဥများကို ခေတ္တအအေးခံပြီမှ အခွံနွှာပေးပြီ ကြက်ဥများကို ထမ်းခြမ်းခြမ်းလိုက်ပါ။

၃။ ပြီမှ အထဲမှ ကြက်ဥအနှစ်များကို ဇွန်းဖြင့် အသာအယာ ထုတ်ပြီ ပန်းကန်လုံးတစ်ခုထဲမှာ ထည့်ထားပါ။

၎။ ထိုကြက်ဥနှစ်များကို (ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ mustard၊ tobasco၊ မရိုနိစ်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ဖြင့် ရောနုယ်လိုက်ပြီ ထက်ခြမ်းခြမ်းထားသော ကြက်ဥအကာများထဲသို့ ပြန်အစာသွပ်ပေးပါ။

၅။ နောက်ဆုံးမှ ငရုတ်နီလေးများကို တင်ပြီ အလှဆင်ကာ အရသာရှိစွာ စားသုံးလို့ရပါပြီ…

———————————————————————————————–

29 comments

  1. Hmone Gyi says:

    aww sar chin sa yar lay bae…kha ko hungry pyit aung lote nay tal 😐

  2. Baby Jen says:

    sis ရေ ဒိန်ချဉ်လုပ်နည်းသိချင်လို့ပါ တင်ပေးပါနော်

  3. Thiri says:

    အဆန်းလေးပါလားလုပ်စားကြည့်ဦးမယ်။
    ကျေးဇူးနော်

    • admin says:

      ဟုတ်လုပ်စားကြည့်ပါနော်။ အရမ်းစားကောင်းတယ်

  4. Zarchi Phyo says:

    ကြက်ဥ ၅ လုံးဘဲရော လုပ်လို့ရလား? အရမ်းစိတ်ဝင်စားတယ်. Thanks a lot !!

  5. Jin Hua Zheng says:

    There is some recipes like this one in western cooking, they called it ” Deviled Egg”.

  6. umoe says:

    စမ်းကြည်. ဦးမယ် ….ကျေးဇူးပါ။

  7. khin mya aye says:

    what are DIJON MUSTARD and TOBASCO.

    any substitue for them ? or any other name that w can get in our local shops.

  8. Sandar says:

    sis yay, Kyae Ohe lote nee tin pay bar shin,please

  9. Moe Pwint Phyu says:

    ကြက်ဥမရိုနစ် နည်းလေးကောင်းပါတယ်။

    အလွယ်တကူလဲလုပ်စားလို့ရတယ်။

    ကျေးဇူး တင်ပါတယ် မ၀တ်ရည်။

  10. Myitzu says:

    အမ ကြက်​ဥလိပ်​လုပ်​နည်း​လေးတင်​​ပေးပါဦး​နော်

  11. May Sit Naing says:

    MRTV4 food&decoမှာ တွေ့ဖူးတယ်…မမက အရမ်းချစ်ဖို့ကောင်းတာပဲ…အရမ်းလဲတော်တာပဲနော်…မမရဲ့ ထာဝရပရိသတ်ပါ…

  12. May Sit Naing says:

    MRTV4 food&decoမှာ မမကို တွေ့ဖူးတယ်…မမက အရမ်းချစ်ဖို့ကောင်းတာပဲ…အရမ်းလဲတော်တာပဲနော်…မမရဲ့ ထာဝရပရိသတ်ပါ…

Leave a Reply

Your email address will not be published. Required fields are marked *