ဂျပန် ဆယ်မွန် ဆူရှီ

Finger ဆူရှီ

ဆယ်မွန် ငါးသားလွှာနဲ့ လုပ်ထားတဲ့ ဆူရှီ လေးတွေပါ။ ဆယ်မွန်ငါးအသားလွှာ ကို ဆာရှီမီအဖြစ်လည်း အစားများကြပါတယ်။ ခုတော့ ၀တ်ရည်က ဆာရှီမီ အဖြစ်ရော၊ Finger ဆူရှီ အဖြစ်ပါ လုပ်စားနိုင်အောင် ၂မျိုးလုံး လုပ်နည်းလေး ဖော်ပြပေးထားပါတယ်။ တူတူ ဆူရှီလေး လုပ်ကြရအောင်…

ဆူရှီ ထမင်းတွင် ပါဝင်ပစ္စည်းများ

ရှမ်းဆန် – ၂ခွက်

ရေ – ၃ခွက်

ဆန်ဗီနီကာ – ခွက် ၄ပုံ၁ပုံ (သို့) စားပွဲတင်ဇွန်း ၄ဇွန်း

သကြား – စားပွဲတင်ဇွန်း ၁ဇွန်း

ဆား – စားပွဲတင်ဇွန်း တ၀က်

mirin (သို့) ဆာကေး – စားပွဲတင်ဇွန်း တ၀က် (Optional)

ဆယ်မွန် ဆူရှီတွင် ပါဝင်ပစ္စည်းများ

ဆယ်မွန်ငါး – ၃၀၀ ဂရမ်

မှတ်ချက် ။ ။ ready made အသားလွှာပြီသား ဆယ်မွန်ငါးတွေကို City Mart တွင် အလွယ်တကူ ၀ယ်ယူနိုင်ပါသည်။

ဂျပန် ပဲငံပြာရည် – တွဲဖက်စားသုံးရန်

မရိုနိစ် – တွဲဖက်စားသုံးရန် (optional)

ဆူရှီ ထမင်းချက်နည်း

၁။ အရင်ဆုံး ရှမ်းဆန်ကို အရင်စချက်ပါမည်။ ရှမ်းဆန်ကို ရေအေးနှင့် ကြည်လင်သည်အထိ ၅ကြိမ်ခန့် ဆေးပေးပါ။

၂။ ပြီလျှင် ဇကာဖြင့် နာရီဝက်ကြာ စစ်ထားပေးပါ။

၃။ စစ်ပြီလျှင် Rice Cooker ဖြင့် ရိုးရိုးထမင်းချက်သလိုပင် ရေ(၃ခွက်) ထည့်ပြီ ချက်ပေးပါ။

၎။ ခွက်တစ်ခုထဲတွင် ရှာလကာရည်၊ သကြား၊ ဆား၊ mirin(သို့) ဆာကေး တို့ကို ရောထည့်လိုက်ပါ။

၅။ သကြားအရည်ပျော် စေရန် ဒယ်ပြားသေးထဲ ခွက်ထဲမှ ဆော့ရည်များကို အပူပေးပြီ ပြန်အအေးခံထားပါ။

၆။ ပြီနောက် ထိုအအေးခံထားသော ဆော့ရည်ကို ဆူရှီထမင်းပေါ်သို့ လောင်းထည့်ပြီ ယောင်းမဖြင့် ရောမွှပေးပါ။ ပြီနောက် ၁၀မိနစ်ခန့် အခန်းအပူအချိန်တွင် ထားထားပေးပါ။

Finger ဆူရှီ လုပ်နည်း

၁။ ဆူရှီ ထမင်းချက်နေစဉ်အတွင်း ဆယ်မွန်ငါးကို အအေးခန်းထဲမှ ထုတ်ထားပေးပါ။

၂။ ဆယ်မွန်ငါးကို မလှီခင် ဓားကို ဗီနီကာ၊ ရေ၊ သံပရာသီး တို့ဖြင့် ရောမွှေထားတဲ့ ခွက်ထဲ စိမ်ပေးပါ။

၃။ ပြီမှ ပုံတွင် ပါသည့်အတိုင်း ဆယ်မွန်ငါးများကို ညီညီညာညာ ပါးပါးလေး လှီးပေးပါ။

၎။ ဆာရှီမီကြိုက်တဲ့ သူတွေကတော့ ဆယ်မွန်ငါးများကို ဂျပန်ပဲငံပြာရည်နဲ့ ခုတွဲဖက် သုံးဆောင်လို့ရပါပြီ။

၅။ Finger Sushi ကြိုက်တဲ့သူတွေကတော့ လက်ထဲ ဆယ်မွန်အသားလွှာ တစ်ခုကို တင်လိုက်ပါ။

၆။ ပြီလျှင် လက်ကို ရေအနည်းငယ်စွတ်ပြီ ဆူရှီထမင်းကို လက်ဖြင့်လုံးပြီ ဆယ်မွန်ငါးပေါ်တင်လိုက်ပါ။

ရ။ ထို့နောက် လက်နှစ်ချောင်းပြီ ငါးသားတွေ ထမင်းကပ်သွားအောင် အသာလေးဖိပေးပါ။ ပြီနောက် ပုံစံကျအောင် လက်ဖြင့် ဆုပ်ပေးပါ။

၈။ ထို့နည်းအတိုင်း ကျန် ဆယ်မွန်ဆူရှီများကို ပြုလုပ်ပေးပါ။

၉။ ဂျပန် ဆယ်မွန် ဆူရှီလေးများကို ပဲငံပြာရည်(သို့) မရိုနိစ်ဖြင့် ကြိုက်နှစ်သက်သလို တွဲဖက်သုံးဆောင်လို့ရပါပြီ…

27 comments

  1. Hmone Gyi says:

    look yummy and it is so healthy and i love it .. will try too 🙂

  2. april says:

    thanks sis
    as i love Japanese fruit !
    can i make without mirin ?

  3. Moe Pwint Phyu says:

    ဆူရှီ လုပ်နည်းလေးလဲ ကြိုက်ပါတယ်၊ အယင်ကမစားတတ်ပေမဲ့ ဆရာက ဂျပန်ဆိုင်မှာလိုက်ကျွှေး

    လို့ စားပြီး ကထဲက ဆူရှီကို ကြိုက်သွားတာ ဆိုင်မှာက ဈေးကြီးတယ်။

    မ၀တ်ရည် နည်းအတိုင်းလုပ်စား ကြည့်မယ်။
    ကျေးဇူး ပါ မ၀တ်ရည်။

  4. khaing says:

    မ၀တ်ရည် ဟင်းချက်နည်းအသစ်တင်တာဘာလို့ညီမအကောင့်မှာမ၀င်ရတာလဲ။ဒီကိုဝင်မကြည့်လဲ ဘာဟင်းချက်နည်းအသစ်တင်လဲဆိုတာ ၀င်မကြည့်လဲ အကောင့်ထဲမှာဘာလို့မပေါ်ရတာလဲဟင်။သိချင်လို့ပါ

  5. Anna says:

    I like Sake Nigirizushi , Inari-zushi ,… also Shoga… 🙂

    • admin says:

      Thanks 🙂

      • Anna says:

        မ၀တ်ရည်…ချက်တာတွေကောင်းတယ်…အားပေးတယ်နော်… တစ်ခုတော့ ပြောစရာရှိပါတယ်…ဆရာလုပ်တာမဟုတ်ဘူးနော်… ဆူရှီလုပ်မယ့်ဆန်ကို ၁၀မိနစ်ထဲနဲ့ အအေးခံလို့ မရဘူးထင်တယ်…ငါးအစိမ်းကို ထမင်းအပူနဲ့ လုံးပြီး တစ်ခါထဲစားမယ်ဆိုရင်တော့ ရပါတယ်… ဒါပေမယ့် တစ်ကယ်ဆိုရင်… ငါးအစိမ်းတွေက ၄၁ အောက်ရှိမှ ပိုးမပေါက်တာပါ… ထမင်းအပူကလည်း ၅၀ လောက်ဆို မဆိုးဘူးပေါ့… ထမင်းပူပူမှာ ငါးအစိမ်းကပ်လိုက်ရင် ချက်ချင်းမစားရင်… ပိုးအရမ်းပွားပါတယ်… အအေးခံထားရင်တော့..ရပါတယ်.. ပိုးက အဆတိုးပြီးပွားတာပါ… ရန်ကုန်မှာ ရှိတုန်းက ဂျာနယ်တစ်စောင်မှာ ဖတ်ဖူးပါတယ်… ဆူရှီမှာ ပိုးအများဆုံးတွေ့တယ် ဆိုတာလေ…လုပ်စားတဲ့လူတွေ သတိထားရအောင်ပါနော်…

  6.ွှThan Than Mu says:

    ကျေးဇူးနော်…ဆူရှီကြိုက်လို့ လုပ်ကြည့်လိုက်မယ်နော်။

  7. […] ထမင်း – (ဆူရှီ ထမင်း ချက်နည်းကို ဂျပန်ဆယ်မွန်ဆူရှီ လုပ်နည်းတွင် […]

  8. may says:

    which mayonnaise is the best to match with sushi!
    i think the one i bought is not as sweet as the one i ate at the sushi shop! so please show me or tell me the name of mayonnaise that u use ! thanks!

    • admin says:

      ဂျပန် မရိုနိစ် ဆိုပြီ City Mart မှာ မေးဝယ်လို့ရတယ်။ သူက အ၀ါဘူးလေးနဲ့ တစ်ဘူး ၁ထောင်ပဲ ပေးရတယ်။

  9. donalsithu says:

    အမ..ငါက..ဒီတိုင်းပဲနော်..ဘာမှလုပ်စရာမလိုဘူးပေါ့နော်။
    အမပြောထားတဲ့အတိုင်းဒါးကို..အဲလိုလုပ်ပြိးလှီးလိုက်ယုံပဲလားခင်ဗျာ။

    • admin says:

      ဟုတ်ကဲ့ ဆယ်မွန်ငါးကို လှီးပြီပြီခြင်း ချက်ချင်းစားရင်စား၊ မစားရင် ရေခဲသေတ္တာတော့ ပြန်ထည့်ထားဖို့လိုတယ်။ အခန်းအပူချိန်နဲ့ ထားလို့တော့ မရဘူးပေါ့…

  10. thiri says:

    ဆော်လမွန် ငါး ကို ဘယ်နှမျိုးချက်လို့ ရပါသလဲရှင့်
    ချက်နည်းလေးတွေသိချင်ပါတယ်
    မဝတ်ရည်ရေ
    အားပေးနေပါတယ် အမရဲ့  နည်းတွေကို

    • admin says:

      ဆယ်လမွန်ငါးကို ဆာရှီမီ အနေနဲ့ အစိမ်းစားလို့ရပါတယ်။ ပြီတော့ ထမင်းလိပ်ထဲထည့်ပြီ ဆူရှီအနေနဲ့လည်း လုပ်စားလို့ရပါတယ်။ တချို့လည်း ဆယ်လမွန်ငါးကို ကင်ပြီလည်း စားလိုပရပါတယ်။

  11. ရေ၃ခွက်ဆိုတာဘယ်လိုခွက်မျိုးကိုပြောတာလဲ plz

Leave a Reply

Your email address will not be published. Required fields are marked *