ကြက်ဥ ပန်ကိတ်
ကြက်ဥ ပန်ကိတ် (၈-၁၀ခု)
ဂျပန်စတိုင် ကြက်ဥပန်ကိတ်လေးပါ။ အစာပြေ အိမ်မှာ လုပ်စားနိုင်အောင်ပါ။ အရသာ ချိုစိမ့်ပြီ အရမ်းစားလို့ ကောင်းပါတယ်။ ဒီကြက်ဥ ပန်ကိတ်ကြော်ဖို့ စတုဂံဒယ်အိုးလေး လိုပါတယ်။ ဒါပေမယ့် ၀တ်ရည်ကတော့ စတုဂံဒယ်အိုး သီးသန့်ဝယ် မနေပဲ၊ အိမ်မှာ ရှိတဲ့ ဒယ်အိုးနဲ့ပဲ ကြော်ထားတာ အဆင်ပြေပြီ စားလို့ ကောင်းပါတယ်။ လုပ်ပုံအဆင့်ဆင့်ကိုပါ ရေးပေးထားတာမို့ လုပ်ရလည်း လွယ်မှာပါ။ လုပ်နည်းလေး ကြည့်ရအောင်….
ပါဝင်ပစ္စည်းများ
ကြက်ဥ – ၅လုံး
ပဲငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
သကြား – စားပွဲတင်ဇွန်း ၅ဇွန်း
ဆန်ဝိုင်(ဆာကေး) – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
ရေညှိရွက် – ၁ရွက် (ကြက်ဥ ပန်ကိတ်မှာ ပတ်ရန် အရှည်ပါးပါးဖြတ်ထားပါ)
ပန်ကိတ် ပြုလုပ်နည်း
၁။ အရင်ဆုံး ခွက်တစ်ခုထဲတွင် ကြက်ဥ ၅လုံးကို ဖောက်ထည့်လိုက်ပါ။ ပြီမှ ပဲငံပြာရည်၊ သကြား၊ ဆန်ဝိုင် တို့ကို ထည့်ပြီ တူဖြင့် သကြား အရည်ပျော်အောင် ရောမွှေပေးပါ။
၂။ ထို့နောက် ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း တ၀က်) ကို ထည့်ပြီ ဆီပူလာလျှင် မွှေထားသော ကြက်ဥ (ယောက်ချို ၁ဇွန်း)စာ ထည့်လိုက်ပါ။
၃။ ကြက်ဥ ကျက်သည်အထိ မီးအတင့်သင့်ဖြင့် တည်ထားပါ။ ကြက်ဥ ကျက်လျှင် တူဖြင့် အသာအယာ ခေါက်ပြီ ဘေးသို့ လိမ့်လိုက်ပါ။
၎။ ထို့နောက် ဒယ်ထဲ ဆီ(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ပြီ ကြက်ဥ(ယောက်ချိုဇွန်း ၁ဇွန်း) ထပ်ထည့်ပါ။ ခုနက ဘေးဖယ်ထားသော ကြက်ဥအောက်သို့ ကြက်ဥအရည်များ စိမ့်ဝင်ရန် တူဖြင့် ပုံတွင် ပါသည့်အတိုင်း ပြုလုပ်ပါ။
၅။ ကြက်ဥ ကျက်လျှင် ပုံတွင် ပါသည့်အတိုင်း ကြက်ဥကို တူဖြင့် ဖြည်းဖြည်းခြင်း လိမ့်သွားပေးပါ။
၆။ ထိုနည်းအတိုင်း ခွက်ထဲမှ ကြက်ဥများ ကုန်သည်အထိ ကြော်ပြီ လိမ့်ပေးပါ။ တဖြည်းဖြည်း ကြက်ဥ စတုဂံလိပ် ထူလာပါမည်။
ရ။ ကြက်ဥ ပန်ကိတ် ရပြီဆိုလျှင် ပိုကျစ်လစ်အောင် ၀ါးယင်းလိပ်ဖြင့် လိပ်ပေးပါ။
၈။ ပြီမှ မညီတဲ့ ဘေးအစွန်း နှစ်ဖက်ကို ဓားဖြင့် ပိုင်းဖြတ်ပြီ ကျန်တဲ့ ကြက်ဥပန်ကိတ်ကို ၈ပိုင်းပိုင်းပေးပါ။
၉။ ထို့နောက် ကြက်ဥ ပန်ကိတ်များကို ရေညှိပတ်များ ပတ်ပြီ အရသာရှိစွာ ပဲငံပြာရည်ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
24 comments
  1. Hmone Gyi says:
    ko pan cake ka sushi restaurant mar eat tae har myo bae mike tal… i love that one a lot…so clever my twin
    • admin says:
      Haa.. ကိုယ်လည်း လုပ်စားကြည့်လေ၊ လွယ်လွယ်လေးရယ်.. 🙂
  2. ကေခိုင်ဝင်း says:
    ကြက်ဥပန်ကိတ်ကချစ်စရာလေးအစ်မ…လုပ်တတ်လိုက်တာ
    စားလို့ကောင်းမယ့်ပုံပဲ… 🙂
  3. zar chi says:
    So thanks
  4.ွှThan Than Mu says:
    လုပ်စားကြည့်အုံးမယ်….ကျေးဇူးနော်
    • admin says:
      ဟုတ်ကဲ့ လုပ်စားကြည့်ပါနော်။ အရမ်းစားကောင်းတယ်
  5. ကိုကြီးထွန်း says:
    • admin says:
      ဟုတ်။ ၀ါးယင်းလိပ်တော့ လိုလိမ့်မယ်။ ကြော်ပြီ ၀ါးယင်းလိပ်နဲ့ ပြန်ကျစ်အောင် လိပ်ဖို့ လိုတယ်.. 🙂
  6. wyne says:
    အမရေ အရမ်းကြိုက်သွားပြီ
    လုပ်စားကြည့်မယ်
  7. Jason says:
    • admin says:
  8. khine wint says:
    လုပ်စားပြီးသွားပြီ … မမရေ…စားလို့ တော့ ကောင်းတယ်…မမလုပ်သလိုတော့  မလှဘူး…. 🙂
    ကြက်ဥမရိုးနီစ်လဲလုပ်စားတယ်…စားလို့ ကောင်းတယ်….အခုလိုနည်းလေးတွေသင်ပြပေးတာ
    မမချိုဝတ်ရည်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်…. 🙂
    • admin says:
  9. shinthantphyu says:
    ကြက်ဥပန်းကိတ်ကလွယ်ပေမယ့် အစ်မတို့ကနယ်ကဆိုတော့ လိုအပ်တာတွေကအစုံမရှိဘူး ညီမလေး အစ်မကညီမလေး ချက်ပြုတ်နည်းတွေကို အရမ်းသဘောကျတယ် လုပ်လည်းလုပ်ကြည့်တယ်၊ အခုလိုဟင်းချက်နည်းလေးတွေတင်ပေးပါ၊ အရမ်းကျေးဇူးတင်ပါတယ်
  10. wai lay says:
    အမရေ၊ဆန်ဝိုင်မရှိရင် ဘာထဲ့လို့ရသေးလဲရှင်။ အမကိုကျေးဇူးအများကြီးတင်ပါတယ်နော်။
    • admin says:
      ဆန်ဝိုင် အစား dry cherry ကို အစားထိုးထည့်လို့ရပါတယ်
  11. Daw Khin Lay says:
    လုပ်စားကြည့်တာ ကောင်းတယ်နော်။
    ဂဏန်းသား ကော်ကြော် ချက်နည်းလေး တင်ပေးပါဦး ညီမလေး။
  12. moonsandar says:
    Dry cherryမရှိရင်ဘာထဲ့ရမလဲ
Leave a Reply
Your email address will not be published. Required fields are marked *