ဂျပန် ပါဝင်ပစ္စည်း အခေါ်အဝေါ်များ
ဂျပန်ဟင်းလျာတွင် ပါဝင်ပစ္စည်းများ
ဂျပန် ဟင်းလျာ ပါဝင်တဲ့ ပစ္စည်းတွေက အများစုနှင့် မရင်းနှီးတာမို့။ ဂျပန်ဟင်းလျာထဲတွင် ထည့်သုံးမည့် ပါဝင်ပစ္စည်း တစ်ခုခြင်းစီရဲ့ အသုံးဝင်ပုံ၊ မည်သည့်နေရာတွင် ၀ယ်ယူနိုင်သည် အချက်အလက်တွေပါ ထည့်သွင်းပေးထားတာမို့ ချက်စားတဲ့အခါ လွယ်ကူမှာ ဖြစ်ပါတယ်။
Wasabi
-ဂျပန် ၀ါဆာဘီကို mustard လို့လည်း လူသိများပါတယ်။ ဆူရှီရဲ့ ပါဝင်ပစ္စည်း တစ်ခုပါ။ ၀ါဆာဘီ များများ စားမိရန် ပူပြီ မျက်ရည်တောင် ပေါက်ပေါက်ကျရတဲ့ အဆင့်ပါပဲ။ ၀ါဆာဘီကို စူပါမတ်ကတ်တိုင်းတွင် ၀ယ်ယူနိုင်သည်။
———————————————————————
ဆန်ဝိုင် အချို (Mirin)
Mirin ကို တချို့ကို ဆာကေး အချိုလို့ လည်း ခေါ်ကြပါတယ်။ အယ်ကိုဟောပါတဲ့ ဟင်းချက်ဝိုင် တစ်မျိုးပါ။ ချိုတဲ့ အရသာရစေပါတယ်။ mirin မရှိပါက သကြား(၆၀မီလီလီတာ) နဲ့ ဆာကေး(၁ရ၅မီလီလီတာ) ကို ရောပြီ အသုံးပြုလို့လည်း ရပါတယ်။ mirin ကို City Mart ၀ယ်ယူနိုင်ပါသည်။
————————————————————————–
ဆန်ဝိုင် (ဆာကေး)
ဂျပန်မှာ လူကြိုက်များတဲ့ အရက်တစ်မျိုးပါ။ ဆူရှီစားမယ်ဆိုရင်တော့ ဆာကေးထက် ဂျပန် လက်ဖက်ရည်နဲ့က ပိုလိုက်ဖက်ပါတယ်။ ဟင်းချက်ရာမှာ ဆာကေးကို ထည့်သုံးကြပါတယ်။ ဆာကေး အစား dry sherry ကို အစားထိုး အသုံးပြုလို့ရပါတယ်။ mirin ကို City Mart ၀ယ်ယူနိုင်ပါသည်။
—————————————————————————
ပဲငံပြာရည်
ဂျပန် ပဲငံပြာရည် ဟင်းတော်တော်များများမှာ အသုံးပြုထား တွေ့ရမှာပါ။ ပဲငံပြာရည်ကို ပုံစံမျိုးစုံ၊ ဘူးမျိုးစုံ နဲ့ တွေ့ရမှာပါ။ ၀တ်ရည် အသုံးများတဲ့ ဂျပန် ပဲငံပြာရည် တံဆိပ်က Kikkoman ပါ။ ဂျပန် ပဲငံပြရည် အစား တရုတ် ပဲငံပြာရည် (အကြည်၊ အနောက်) အစားထိုးသုံးဖို့ မသင့်လျော်ပါဘူး။ စူပါမတ်ကတ်တိုင်းမှာ ၀ယ်ယူနိုင်ပါသည်။
———————————————————————
ရေညှိခြောက် (Wakame)
Wakame က ရေညှိခြောက်ပါ။ ရေညှိခြောက်တွေကို ၅မိနစ် ရေစိမ်ပြီ ဟင်းချို၊ အသုပ် တွေမှာ အသုံးများပါတယ်။ ဟင်းအကြာကြီးချက်ဖို့ မသင့်လျော်ပါဘူး။ ရေညှိခြောက်တွေကို Wakame (City Mart) တွင် မေးဝယ်နိုင်ပါသည်။
—————————————————————–
ရေညှိရွက်
ဆူရှီလိပ်ရန် အတွက် အသုံးပြုတဲ့ ရေညှိရွက်တွေပါ။ City Mart တွင် ၀ယ်ယူနိုင်သည်။
———————————————————————-
ဝါးယင်းလိပ်
ဆူရှီလိပ်လျှင် အသုံးလိုသည့် ၀ါးယင်းလိပ်ကို စူပါးမတ်ကတ်များတွေ ၀ယ်ယူနိုင်ပါသည်။
——————————————————————-
23 comments
  1. […] mirin (သို့) ဆာကေး – စားပွဲတင်ဇွန်း တ၀က် (Optional) […]
  2. […] ဆန်ဝိုင်(ဆာကေး) – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ […]
  3. ကိုကြီးထွန်း says:
    ဒီချက်နည်းကတော့နည်းနည်းအလှမ်းဝေးတယ်ကွယ်…
    ဘာဖြစ်ဖြစ်ဗဟုသု့ တရတဲ့ အတွက်ကျေးဇူးတင်ပါတယ်..
  4. Jason says:
    မ၀တ်ရည်ရေ…ဘယ်မှာပြောရမှန်း မသိလို့ ဒီပို့စ်မှာပဲ ရေးလိုက်တယ်နော်…
    ငါးပါးနီပေါင်းနည်းလေး သိချင်လို့ပါ….နည်းလေးသိရင် ပြောပြလို့ရမလားဗျ …. ကျေးဇူးများကြီးတင်ပါတယ်
  5. Jason says:
    တကယ်လို့များလေ…ပေါင်းအိုးမရှိပဲနဲ့ တခြားနည်းနဲ့ပေါင်းလို့ရတာမျိုးရောရှိလားဗျ…
    • admin says:
      ပေါင်းအိုး မရှိရင် ရိုရိုး ဇကာပေါက်ပါတဲ့ ဒယ်အိုးနဲ့ အောက်က ရေခံပြီ တည်ရင်လည်း ရါပတယ်… 🙂
  6. […] ဆူရှီ မလိပ်မှီ ၀ါးယင်းလိပ်ကို ပလတ်စတစ် အကြည် အရင်အုပ်လိုက်ပါ။ […]
  7. saishwemern says:
    thanks; n what about miso ?I can’t find it .what dose it look like?
  8. […] ဆာကေး(ဆန်ဝိုင်) – ၁ခွက် […]
  9. […] ဆာကေး(ဆန်ဝိုင်) – ၁ခွက် […]
  10. Thitlwin says:
    ကော်မှုန့်ကိုဂျပန်လိုဘယ်လိုခေါ်ပါသလဲ ..ကျေးဇူးပြုပြီးဖြေပေးပါနော်
  11. Thitlwin says:
    ဂျပန်စတိုင်ချက်နည်းလေးတွေများများတင်ပေးပါလို့ ကျေးဇူးတင်ပါတယ်
  12. nono says:
    • admin says:
      ၀ါဆာဘီက ရေခဲသေတ္တာထဲမှာ ထည့်သိမ်းထားလည်း ရပါတယ်။ ဆန်ဝိုင်က သုံးပြီ ရေခဲသေတ္တာထဲ ထည့်ထားဖို့ မလိုပါဘူး။ ၀ါးယင်းလိပ်က ရေခြောက်အောင်သုတ်ပြီ သိမ်းထားရင်း ကြာရှည်သုံးပြုလို့ရပါတယ် sis.. Thanks also sis 🙂
  13. tina says:
    အဲ့ wakame က city mart ဘယ်branch တွေမှာ ရတာလဲ junction center က citymart တွေမှာမတွေ့ဘူး ပြီးတော့wakame ကို salad လုပ်တဲ့နည်းလေးတင်ပေးပါလား
Leave a Reply
Your email address will not be published. Required fields are marked *