မီဆို ဟင်းချို
မီဆို ဟင်းချို
ဂျပန်စတိုင် မီဆို ဟင်းချိုပါ။ ဂျပန်ဟင်းချို ချက်နည်းတွေထဲမှာ အလွယ်ဆုံး ချက်နည်း တမျိုးပါ။ ဟင်းချိုအတွက် လိုအပ်တာက မီဆိုအနှစ်၊ ရေညှိ၊ ပဲပြား၊ ကြက်သွန်မြိတ်တို့ ပါပဲ။ အဓိကဟင်းလျာတွေနဲ့ တွဲဖက် သုံးဆောင်ဖို့  သင့်လျော်ပါတယ်။ မီဆိုဟင်းချို ကောင်းကောင်း သောက်ချင်သူအကြိုက်ဖြစ်မှာပါ။ ခုပဲ တူတူချက်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • မီဆို အနှစ် (miso paste) – စားပွဲတင်ဇွန်း ၆ဇွန်း
မှတ်ချက် ။ ။ မီဆို အနှစ်ထုပ်ကို Market Place (citymart) မှာရနိုင်ပါတယ်။ မီဆို အနှစ်က အမျိုးအစား အများကြီးရှိတဲ့အထဲက ၀တ်ရည်သုံးထားတာက light miso pasteပါ။
  • ရေ – ၂လီတာခွဲ
  • တို့ဟူး – ၂၀၀ ဂရမ် (အတုံးသေးများ တုံးထားပါ)
မှတ်ချက် ။ ။ တို့ဟူးများကို အတုံးမတုံးခင် ရေစွပ်အစွပ်ဖြင့် ရေစစ်ထားပေးပါ။
  • ရေညှိခြောက်ထုပ် (dried wakame seaweed) – ၂ထုပ် (ရေညှိခြောက်အပြင် အစုံပါတာ ၀ယ်လျှင် ပိုကောင်းသည်)
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးထားပါ)
မီဆိုဟင်းချို ချက်နည်း
၁။ ဒယ်အိုး ကြီးတစ်ခုထဲ ရေ(၂လီတာခွဲ)ကို ထည့်ပြီ ပွက်ပွက်ဆူအောင် တည်ထားပါ။
၂။ ပွက်ပွက်ဆူလာလျှင် မီးလျှော့ပြီ တို့ဟူးထည့်၊ မီဆိုအနှစ်ကို ထည့်ပြီ ရောမွှေ၍ ၂မိန်ခန့် တည်ပါ။
၃။ ထို့နောက် ရေညှိရွက်ခြောက်တို့ကို ထည့်ပြီ နောက်ထပ် ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် တည်ပေးပြီ ကြက်သွန်မြိတ်လေးများ ဖြူးပေးပါ။
၎။ မီဆိုဟင်းချိုကို အရသာရှိစွာ ပူပူလေး ချက်ချင်း သုံးဆောင်နိုင်ပါပြီ…
——————————————————————————————————
17 comments
  1. APRIL says:
    MA YAY
    A YAN HYAY ZUU TIN TAL
    NYI MA A KYITE SONE HER BAE
    TWER WAE PI LOTE KYI OHM MAL 🙂
  2. APRIL says:
    ma light miso paste ca
    buu nae ler ter ler ?
    a htote nae ler ter ler ?
    sorry i can’t write myanmar font !:)
    • admin says:
      အထုပ်နဲ့ပါ။ အပေါ်မှာ မီဆို အထုပ်ပုံ နာမူနာပုံလေး တင်ပေးထားတယ် ညီမ
  3. may says:
    can u show the photo of miso paste that u use,please ?
    as i had two box of miso paste or may be soy bean paste!
    i want to make sure !
    thanks u !
  4. Hmone Gyi says:
    very healthy and yummy soup
  5. Wint Wah says:
    မမ၀တ်ရည်ရေ…. မမရဲ့စာအုပ်လေးဝယ်ချင်လို့..ဘယ်မှာရောင်းလဲပြောပြပေးပါနော်..:)
    • admin says:
      ညီမရေ စာအုပ်ဆိုင်တိုင်းမှာ ၀ယ်လို့ရတယ် ညီမ။ Synergy Publication (၀၁-၂၅၄၁၂၇၊ ၀၁၀- ၃၀၀၁၃၃၂) မှာတိုက်ရိုက် မှာယူလို့လည်းရပါတယ်။ အားပေးချင်တယ်ဆိုလို့ ကျေးဇူးပါနော်.. 🙂
  6. soe myint thein says:
    miso paste အထုတ် မှာ light miso paste လိုရေးထားလား ဂျပန်လိုရေး
    ထားတာဆိုရင်မဖက်တတ်လို့ စာလုံးပေါ်အောင်ဓါတ်ပုံရိုက်ပေးပါလားသမီး
    ကျေးဇူပါ
    • admin says:
      အပေါ်မှာ miso အနှစ်ထုပ်ပုံလေး တင်ပေးထားပါတယ်။ ကျေးဇူးပါနော်
  7. may wah aung says:
    အမရေမိဆိုးဟင်းချိုကပိုအရသာရှိချင်ရင် sake ဂျပန်အရက်နဲနဲနှင့်ငါးအချိုမှုန့်(hondashi)ပါ ထည့်ပေးရပါတယ်။
  8. Yin Yin Htun says:
    • admin says:
      တို့ဟူးဆိုတာ ဂျပန်တို့ဟူး အဖြူကို ပြောတာပါ။ ပဲပြားထက် ပိုနူညံ့ပါတယ်။ City Mart မှာ ၀ယ်လို့ရတယ် sis.. တန်ပူရာမှုန့်ဆိုတာ အကြော်မှုန့်ကို ပြောတာပါ.. ကျေးဇူးနော် sis..
  9. Ei Htun says:
    အစ်​မ အခုလိုဟင်းချက်​နည်း​တွေသင်​​ပေးတာ​ကျေးဇူးအထူးတင်​ပါတယ်​အစ်​မ အဆင်​​ပြေမယ်​ဆိုရင်​သစ်​သီး​ဖျော်​ရည်​ နဲ့အသုတ်​လုပ်​နည်း​လေး​တွေတင်​​ပေးပါလားအစ်​မ
  10. Khin Phyu Lin says:
    Sushi ဆိုင်မှာ သောက်ခဲ့ရတဲ့ Miso Tom Yum Soup ဆို ဘယ်လို ချက်ရမလဲ ပြောပေးပါအုန်းနော်
Leave a Reply
Your email address will not be published. Required fields are marked *