မာလာဟင်း

မာလာဟင်း

ချစ် ညီအစ်မတွေက မာလာဟင်း ချက်နည်းလေး တင်ပေးပါအုန်းဆိုလို့ တင်ဖြစ်သွားတဲ့ မာလာဟင်း ချက်နည်းလေးပါ။ ရွှေလီ အသားကင်ဆိုင်သွားစားတိုင်း မှာစားဖြစ်တယ်။ ဟင်းသီးဟင်းရွက် အစုံ၊ ကြာစွယ်၊ မာလာခေါက်ဆွဲ၊ ကြွက်နာရွက်မှို၊ ပဲပြား အစုံအလင်ထည့်ထားပြီ မာလာဟင်း အနှစ်ကြောင့် စပ်စပ်လေးနဲ့ အနံ့အရော အရသာ ပြည့်စုံတဲ့ မာလာဟင်းလေးပါ။ ချက်ရတာလည်း လွယ်တာမို့ ခုပဲ တူတူ ချက်ကြည့်ရအောင်နော်…

မာလာဟင်း အနှစ်ချက်ရန် ပါဝင်ပစ္စည်းများ

  • မာလဟင်းနှစ်ထုပ် – ၁ထုပ်
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၂ခု (နှုတ်နှုတ်စဉ်းပါ)

  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း(အမောက်)
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း

မာလာဟင်းတွင် ပါဝင်ပစ္စည်းများ

  • ကြက်သားချောင်း – ၂ချောင်း (အစောင်းလှီးပါ)
  • ငါးသားလုံး – ၆လုံး (ထပ်ပိုင်းခြမ်းပါ)
  • မုန်လာဥနီ – ၁ခု (ပါးပါးလှီးထားပါ)
  • မုန့်ညှင်းစိမ်း – ၁စည်း (ရေစင်အောင် ဆေးပြီ ထက်ပိုင်းပိုင်းပါ)
  • ကန်စွန်းရွက် – လက်တဆုပ်စာ (ပိုင်းဖြတ်ထားပါ)
  • ရွှေပဲသီး – ၁၀ခု
  • ကြာစွယ် – ၁စု (အခွံနွာပြီ ပါးပါးလှီးထားပါ)
  • ပဲပြား – ၁တုံး (အတုံးသေးများ တုံးပါ)
  • ကြက်နားရွက်မှို – လက်တဆုပ်စာ (ရေစိမ်ထားပေးပါ)
  • ကြက်သွန်မြိတ် – ၁စည်း (၁လက်မအရွယ်များ ပိုင်းဖြတ်ပါ)
  • မြေပဲ – စားပွဲတင်ဇွန်း ၅ဇွန်းစာ (မညက်တညက် ထောင်းပါ)
  • နှမ်း – အနည်းငယ် (အပေါ်မှ ဖြူးရန်)
  • နှမ်းဆီ – ၄စက်

  • မာလာခေါက်ဆွဲ ၂မျိုး(သို့) ၃မျိုး – ၅၀ဂရမ်

(မာလာခေါက်ဆွဲ အဖြူ၊ အညှိ၊ အစိမ်း ဆိုပြီ ၃မျိုးရှိတဲ့ အထဲမှ မိမိကြိုက်နှစ်သက်ရာ ၂မျိုးဖြစ်စေ၊ ၃မျိုးလုံးဖြစ်စေ ထည့်နိုင်သည်) (Ocean, City Mart တွင် ၀ယ်ယူနိုင်သည်)

ပြင်ဆင်နည်း

၁။ အရင်ဆုံး မာလာခေါက်ဆွဲ ၃မျိုးရှိသည့်အထဲမှ အစိမ်းရောင် ခေါက်ဆွဲကို ရေ(၁၀မိနစ်ခန့်) စိပ်လျှင် ရသည်။

၂။ ခေါက်ဆွဲ (အညှိ) နှင့် ခေါက်ဆွဲ(အဖြူ)ကို မာလာဟင်းထဲ ထည့်ရုံအနည်းငယ် သက်သက်စီ ခေါက်ဆွဲကျက်သည်အထိ ရေဖြင့် ပြုတ်ပေးပါ။

၃။ ပြီနောက် ပြုတ်ပြီလျှင် ပြန်အအေးခံပြီ ဇကာဖြင့် ပြန်ဆယ်ထားပေးပါ။

မာလာဟင်းချက်နည်း

၁။ ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ဇွန်း)ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆီသပ်ပေးပါ။

၂။ ပြီလျှင် ငရုတ်သီး အရောင်တင်မှုန့် ထည့်ပြီ မာလာဟင်းအနှစ်ထုပ် (၅ပုံ ၄ပုံ) ထည့်ပေးပြီ  ရေ(၃ခွက်) ထည့်ပါ။

၃။ ထို့နောက် အရသာအတွက် (ငါးငံပြာရည်၊ ကြက်သားမှုန့်၊ သကြား) တို့ကို ထည့်ပြီ ဆူလာသည်အထိ တည်ထားပါ။

၎။ မာလာဟင်းရည် ဆူလာလျှင် ကြက်သားချောင်း၊ ငါးသားလုံး၊ မုန်လာဥနီ၊ ကြာစွယ် တို့ကို အရင်ထည့်ပြီ ၁မိနစ်ခန့် တည်ထားပါ။

၅။ ပြီမှ အနူးလွယ်သော (ပဲပြား၊ ရွှေပဲသီး) တို့ကို ထည့်ပြီ ၁မိနစ်ခန့် ထပ်တည်ထားပါ။

၆။ ပြီနောက် ကန်စွန်းရွက်၊ မုန့်ညှင်းစိမ်း၊ ခေါက်ဆွဲ၊ မြေပဲထောင်း တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

ရ။ ရေအနည်းငယ်ကျန်ပြီ အရသာ အပေါ့အငံ့ အနေတော်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်၊ နှမ်းဆီ၊ နှမ်း တို့ကို ဖြူးပြီ မီးပိတ်လိုက်ပါ။

၈။ မာလာဟင်း စပ်စပ်လေးကို အရသာရှိစွာ အသားကင်ဖြစ်စေ၊ ထမင်းဖြင့် ဖြစ်စေ တွဲဖက်သုံးဆောင်နိုင်ပါပြီ…

64 comments

  1. Daw Jue Jue says:

    Ma Wutyee yay..! Thx a lot par naw!! =)

  2. Hmone Gyi says:

    mar lar hninn ko ta kar ma ma eat buu buu…kyar bae kyar buu nay tar kyar pe.. sar loe kaung mae pone bae 🙂

    • admin says:

      ကိုယ်လုပ်စားကြည့်၊ ကိုယ်ဆို ကြိုက်မှာ သေချာတယ်.. ပြန်လာမှ ငါအမွှာလေးကို လုပ်ကျွေးရမယ်.. 😛

  3. kay khine win says:

    Thank a lot Ma Wutt Yee! Mar Lar Hninn is my favorite one ! I’ll definitely try 🙂

  4. zar chi says:

    အစ်မ အရမ်းကျေးဇူးတင်ပါတယ်
    နောက်ပြီးဂဏန်းချဉ်စပ်ပာင်းလေးချက်ရင်တင်ပေးပါဦးနော်
    🙂 🙂

  5. Titar says:

    I love this curry… Thxs nyi ma lay…:-)

  6. Soe Pye says:

    မာလာဟင်းအတွက်ကျေးဇူးပါ။ မန်းမြည်းရှည် ထဲမှာထည့်တဲ့ ကော်ရည်နဲ့ ဂျုံ လုံးကြော် လုပ်နည်းလေးကို share ပေး လို့ရမလားရှင်။ကြိုက်လွန်းလို့ပါ။ကျွန်မနေတဲ့နေရာမှာ မရောင်းလို့ကို့ ဖါသာလုပ်စားရတယ်။ ကော်ရည်ကိုရိုးရိုး ကော်မှုန့်နဲ့ လုပ်ပြီး ဂျုံ ကြော်လဲ မလုပ်တတ်လို့ မထည့် ရဘူး။ မှန်မှန်ကန်ကန်လေးလုပ်တတ်ချင်တယ်ရှင့်။thanks a lot ပါရှင်။

  7. San San Yee says:

    I like it.Thanks a lot sis.

  8. Aye Myat Thu says:

    Thank you so much for marlarhin recipe, sis…this is very kind of u …i m gonna make it and treat my whole family

  9. nan htay htay latt says:

    thank you so much 🙂

  10. Wint Wint says:

    အစ်မရေ မာလာဟင်းအနှစ်ထုတ်ကို ဆိုင်က မ၀ယ်ပဲ ကိုယ်တိုင်ပြင်ဆင်ပြုလုပ်နိုင်ပါသလား။ အဲလိုဆိုရင် မာလာဟင်း အနှစ်ပြုလုပ်နည်းလေး ဖြစ်နိုင်ရင် တင်ပေးပါလား ။ ကျေးဇူးတင်ပါတယ်။

    • admin says:

      မာလာဟင်း အနှစ်လုပ်နည်း နောက်မှ တင်ပေးပါ့မယ်နော်.. ကျေးဇူးပါ

      • Nang says:

        မ၀တ်ရည် မာလာဟင်းကို အရမ်းကြိုက်တယ် ဒါပေမဲ့ ဒီမှာမာလာဟင်း အနှစ်ကိုဘယ်လိုခေါ်လဲ ဘယ်မှာဝယ်ရမှာလဲ မသိဘူးဖြစ်နေလို့… မာလာဟင်းအနှစ်လုပ်နည်းလေးဖြစ်နိုင်ရင်တင်ပေးပါလား ။
        ကျေးဇူးတင်ပါတယ်

        • admin says:

          ဟုတ်။ ညီမရေ မာလာဟင်းနှစ်ထုပ် အနီရောင်ပုံလေး ချက်နည်းမှာ ပြထားတယ်။ City Martမှာလည်း မေးဝယ်လို့ရပါတယ်

          • Nang says:

            အမ ညီမက လန်ဒန်မှာမို့ City Mart မှာ ၀ယ်လို့အဆင်မပြေဘူး 🙁

            • admin says:

              awww … တရုတ်ဆိုင်မှာ မာလာဟင်းအနှစ်ထုပ် ရှိချင်ရှိနိုင်ပါတယ်

  11. ninihlaing says:

    မဝတ်ရည်မာလာဟင်ြ ပုလုပ်နည်းလေတင်ပေးထာဒါ
    ကျေးဇှုးတင်ပါတယ်

  12. ကျော်သိင်္ခ says:

    ဒီဟင်းကို စားချင်နေတာကြာပြီ
    ပြည်ပကိုရောက်ကတည်းက မစားရတော့တာပဲ
    အခု မာလာဟင်းချက်နည်းလေးတွေ့တော့လည်း
    ခေါက်ဆွဲက ဘယ်မှာဝယ်၇မှာလည်းနော်
    ဝတ်ရည်ချက်ထားတဲ့မာလာဟင်းပဲ အမြင်နဲ့စားလိုက်တော့မယ်
    အော် ညီမ ဟင်းချက်နည်းစာအုပ်ထုတ်ဖြစ်ခဲ့ရင် အကြောင်းကြားအုံးနော်

    • admin says:

      ဟုတ်ကဲ့။ ၀တ်ရည် စာအုပ်အားပေးချင်တယ်ဆိုလို့ ကျေးဇူးပါ။ ထွက်တာနဲ့ အကြောင်းကြားလိုက်ပါ့မယ်.. 😀

  13. Hk says:

    ဟင်းကို ရှာနေတာနဲ့အတော်ပဲ။ ကျေးဇူးပဲနော် အစ်မ။ ချက်စားလိုက်အုံးမယ်။ 🙂 Merry Christmas

  14. rose says:

    ညီမကမာလာဟင်းအရမ်းကြိုက်တာကျေးဇူးပါ

  15. zinphyulin says:

    အမ
    မာလာဟင်းချက်နည်းတင်ပေးတာ ကျေးဇူးတင်ပါတယ်
    မာလာဟင်းအနှစ်လုပ်တာလေးလည်းတင်ပေးပါဦးအမ
    thanks .

  16. Haymar says:

    Sis! ဝက်သား ဒုတ်ထိုးလုပ်နည်းလေး ပြောပြပေး ပါအုန်း။ Thanks!

  17. nway nway says:

    မာလာဟင်းသိပြီးလို မာလာသုပ်လေးလည်းပြောပြပေးပါအုန်းနော်
    ဟင်းလုပ်နည်းတွေပြောပြလို့အစ်မကိုကျေးဇူးအရမ်းတင်တယ်

  18. nway nway says:

    ကြာစွယ်ကိုဘယ်မှာဝယ်ရမလဲဟင် shopping mall တွေမှာလဲရှာတာမတွေ့ဘူး တခြားပစ်စည်းတွေတော့တွေ့ ပြောပြပေးပါအုန်းနော်

    • admin says:

      ကြာစွယ်ကို Ocean မှာလည်း ရောင်းတယ်၊ မာလာဟင်းမှာပါတဲ့ ပစ္စည်းတော်တော်များများလည်း ရတယ်။ သံဈေးမှာ ၀ယ်လို့ရပါတယ်

  19. mikunchanswan says:

    I like about cooking.

  20. အမဒီပုံစံနဲ့လုပ်ရောင်းလို့ရပါ့မလားဟင်

  21. Moe Zatt says:

    မြေအိုးမြီးရှည် ဟင်းအနှစ်လုပ်နည်းသိချင်ပါတယ်ခင်ဗျာ။ ဖြစ်နိုင်ရင် facebook မှာတင်ပေးစေချင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်…..။ အစဉ်လေးစားလျက် ……. မိုးဇက်

    • admin says:

      ဟုတ်ကဲ့ပါ။ ကြိုးစားပြီ တင်ပေးပါ့မယ်နော်.. 🙂

  22. myatnoe says:

    မာလာဟင်းကိုအရည်ပါသောက်လို့ရအောင် ဘယ်လိုချက်ရမလဲအမရေ ….

  23. Eimon says:

    Sis… I cant buy “Marlar hin ahnit htote” here in Australia..any idea what can I replace instead of that? Thank you 🙂

  24. May Thu Aung says:

    အမ.. မာလာဟင်းအနှစ်ရှာလို့မလွယ်လို့.. အနှစ်လုပ်နည်းရှိရင်တင်ပေးပါနော်..

  25. Kool says:

    ama yay , myay pae a nhit ko bae lo loat ya lae (or) bae lo har thone lae par pyaw pya pay: par naw , kyay zuu par 🙂

  26. Thu Ta Aung says:

    မာလာဟင်းအနှစ်​ကိုcity mark မှာ​မေးဝယ်​လို့ရလား

  27. Kyaw Thiha Tun says:

    Do you have the recipe in english font?

  28. Kyaw Thiha Tun says:

    Recipe in English?

  29. ma moe moe aye says:

    ညီမ​လေးစာအုပ်​၃အုပ်​လုံးဝယ်​ထားတယ်​​နောက်​ထပ်​ထွက်​ဖို့ရှိ​သေးလား

  30. mayphyo says:

    ကျေးဇူးတင်ပါတယ်ရှင်အခုလို တင်ပေးတာ ပိတ်ရက်လေးလုပ်စားပါဦးမယ်

  31. Lay Lynn says:

    မာလာဟင်းအနှစ်လုပ်နည်းလေး တင်ပြီးပြီလားဗျ

Leave a Reply to ma moe moe aye Cancel reply

Your email address will not be published. Required fields are marked *