ကိုရီယား ၀က်သားကင်
ကိုရီယား ၀က်သားကင်
Grill_Pork_Belly
ကိုရီယား စတိုင် ၀က်သားကင် လေးပါ။ ကိုရီယား ရုပ်ရှင်ကားတွေမှာ ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီး၊ ကြက်သွန်ဖြူ ထည့်၊ ဆလတ်ရွက်လေးနဲ့ ထုပ်ပြီ စားတာ မြင်ပြီကတည်းက စားချင်နေတာ။ ခုမှ လုပ်စားဖြစ်တော့တယ်။ မိသားစု နဲ့ပဲဖြစ်ဖြစ်၊ သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ် အတူလုပ်စားမယ်ဆိုရင် အရမ်းကောင်းတဲ့ ၀က်သားကင်လေးပါ။ ချက်နည်းလေး ကြည့်ရအောင်
ပါဝင်ပစ္စည်းများ
  • ၀က်သား သုံးထပ်သား – ၃၀၀ ဂရမ် (ခပ်ပါးပါးလှီးပေးပါ)
  • ဆလတ်ရွက် – ၁စည်း (ရေစင်အောင် ဆေးထားပါ)
  • ငရုတ်သီးစိမ်း တောင့်ရှည် – ၁ခု (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၄ခု ( အရှည်ပါးပါးလှီးပါ)
နုပ်ထားရန် ပါဝင်ပစ္စည်းများ
  • သစ်တော်သီး – ၁လုံး (ပါးပါးလှီးထားပါ)
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပျားရည် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကိုရီယား ငရုတ်သီးအနှစ် – စားပွဲတင်ဇွန်း ၃ဇွန်း
ကင်နည်း
၁။ နုပ်ရန် ပါဝင်ပစ္စည်းများဖြစ်သော (သစ်တော်သီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ)တို့ကို ကြိတ်စက်(blender) ဖြင့် ကြေညက်အောက် ကြိတ်ပေးပါ။
၂။ ပြီနောက် ဇလုံတစ်ခုထဲ (၀က်သား၊ ကြိတ်ထားသော သစ်တော်သီး၊ ငရုတ်သီးနှစ်၊ သကြား၊ ပျားရည်၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ၊ ကြက်သွန်မြိတ်) တို့ကို ထည့်လိုက်ပါ။
၃။ နုပ်ရန်ပါဝင်ပစ္စည်း အားလုံးကို သမအောင် ရောနုယ်ပြီ ရေခဲသေတ္တာအောက်ထပ်တွင် အနည်းဆုံး နာရီဝက်ခန့် နုပ်ထားပေးပါ။
၎။ ပြီမှ မီးကင်ပြားကို ဆီအနည်းငယ်သုတ်ပြီ ၀က်သားများကို ကျက်သည်အထိ တဖက် ၅-၆ မိနစ်နှုန်းဖြင့် ကင်ပေးပါ။
၅။ ၀က်သားကင်များရပြီဆိုလျှင် ဆလတ်ရွက်ထဲ ၀က်သားကင်၊ ငရုတ်သီးတောင့်ရှည်၊ ကြက်သွန်ဖြူ ထည့်၍ ထုပ်ပြီ သုံးဆောင်လို့ရပါပြီ…
54 comments
  1. ei thet says:
    taw lite tae wut yee lay
  2. Hmone Gyi says:
    sar chin tal pig yee yayy…
  3. Ma Myo says:
    It looks delicious!
  4. Sandar says:
  5. SAN YEE says:
    Thanks a lot.I love it.
  6. may says:
    sis fridge ca kae tae a htet ler , yoe yoe aye tae a htet co pyaw ter ler ?
  7. kira says:
    ovenနဲ့ကင်မယ်ဆိုရင် ဘယ်လောက်ဒီဂရီနဲ့ဘယနှမိနစ်ထားရမလဲအစ်မရေ ဒီနေ့ချက်စားချင်လို့ ကျေးဇူးပြုပြီးဖြေပေးပါအုံးနော်
  8. ayeyumaw says:
    မရေ မနက်ဖန်ကျ Happy New Year လေ…မမရဲ့ ဝက်သားကင်လေးနဲ့ ကဲလိုက်မယ်နော်..D..D
  9. Lay Mon says:
    ညီမ ၀တ်ရည်ရေ …မနေ့က ညီမ တင်ထားတဲ့နည်းအတိုင်း ၀က်သားကင်ပလိုက်တယ် … အိမ်ကလူတွေတောင် ချီးကျူးလို့ ကောင်းတယ်တဲ့… ကျေးဇူးပါ ညီမရေ …နောက်လည်း တခြားဟင်းတွေ ထပ်ချက်စားကြည့်ဦးမယ် … နှစ်သစ်မှာ ချစ်သောမိသားစုနဲ့ ပျော်ရွှင်ပါစေ…
  10. Thet o s says:
    အမရေ သစ်တော်သီးဘာလို့ ထည့်လဲ ဆိုတာလေးပြောပြပါအုန်းနော်……. သူမပါ၇င်ကော..၇လားလို့ …
    • admin says:
      သစ်တော်သီးပါတော့ ကင်တဲ့အခါ ခြောက်ကပ်ကပ်မဖြစ်ပဲ၊ စိုစိုလေးနဲ့ ပိုစားလို့ကောင်းလို့ပါ။ သစ်တော်သီးကတော့ ကိုရီးယားအကင်တွေမှာ အဓိကမို့ ထည့်ရင် ပိုအဆင်ပြေပါတယ်
  11. ayeyumaw says:
    မမ ရေ အသားကင်တာတော်တော်ကောင်းတယ်။ ဒါပေမဲ့ ဆားမပါလို့ တစ်ခုခုလိုသလိုဖြစ်နေတယ်။စားလို့ တော့ ရပါတယ်။ဆားပါရင်ပိုကောင်းမယ်ထင်တယ်နော်။အကြံလေးပေးပါနော်။ကိုရီးရားတွေကဆားမပါပဲစားတယ်ထင်တယ်။
  12. kkz says:
    အရသာနယ်ထားတဲ့ အသားစိမ်းတွေကို သိမ်းထားချင်ပါတယ်။ ရေခဲသေတာ အောက်ထပ်မှာ သိမ်းလို့ရပါသလား။ ဘယ်နှရက်လောက်အထားခံပါသလဲ။ ရေခဲသေတာ အောက်ထပ်နဲ့အပေါ်ထပ်ဘယ်မှာသိမ်းရင်ပိုအထားခံပါသလဲ
    • admin says:
      ၁ရက်လောက် သိမ်းထားလို့ရပါတယ်။ ရေခဲသေတ္တာအောက်ထပ်မှာပါ
  13. eithetmon says:
    အမ
    မင်္ဂလာပါနော်
    အမရဲ့ဟင်းချက်နည်းတွေကိုသဘောကျပါတယ်
    အမကိုလေးစားပါတယ်
    အသက်ငယ်ငယ်လေးနဲ့ဒီလိုတီထွင်နိုင်တာဂုဏ်ယူပါတယ်
  14. nini says:
    စမ်းပြီးချက်ကြည့်မယ်ညီမလေးကျေးဇူးနော်
  15. ကိုထိုက် says:
    တိန်!ကိုရီးယားငရုပ်သီးနှစ်ကဒီလိုစားကတာကို ခုမှသိတော့တယ်ဟိုနေ့က၀ယ်ပြီးဒီတိုင်းတို့စားကြည့်တာမကောင်းလို့လွင့်ပြစ်လိုက်တယ် ဟီးးးနောက်တခါထပ်ဝယ်ပြီးပြန်လုပ်မယ်
    • admin says:
      haa ကိုရီယား ငရုတ်သီးနှစ်က ကိုရီယား ဟင်းချက်နည်း တော်တော်များများ အတွက် အသုံးဝင်ပါတယ်
  16. A Mon says:
    ကင်ချီစတူး ချဉ်စပ် ဟင်းရည် ချက်နည်းလေး တင်ပေးပါအုံး ၀တ်ရည်ရေ …
  17. Chit Chit says:
    Is it same taste frome Her’s Korea Restaurent’s(Wet Salat)?
    • admin says:
      ဟုတ်ကဲ့။ Her’s မှာစားတဲ့ ၀က်သားကင်လုပ်နည်းနဲ့ တူတူပါပဲ…
  18. saraphi says:
    မဝတ်ရည် ကိုရီယားငရုတ်သီးနှစ်လိုပြောရင်ရပြီပေါ့နော်
    • admin says:
      နယ်ကဆိုရင် .. ကိုရီယားအနှစ်ဝယ်လို့ ရှာမရရင်၊ ငရုတ်သီးပွပုကို အစေ့ထုတ် ရေနွေးနဲ့ ပြုတ်ပြီ ကြိတ်စက်နဲ့ ကြိတ်ပါ။ ပြီရင် သကြားများများ၊ ဆားအနည်းငယ်ထည့်ပြီ သုံးရင်လည်းရတယ် sis.. 🙂
  19. saraphi says:
    နယ်ကမို့လို့ပါ thanks မဝတ်ရည်
  20. saraphi says:
    ကံဆိုးတာတော့မပြောချင်တော့ဘူးအစ်မရယ် ပြီးခဲ့တဲ့အ
    ပါတ်ကci cရန်ကုန်ရောက်တော city mark မှာမေးကြည်တောကုန်သွာပြီးတဲ့ အချိန်မရှိတော့ဒီအတိုင်းပြန်လာရတယ် ငရုတ်သီးနှစ်အတွတ်ကျေးဇေူးဘဲနော့် 
    • admin says:
      ဟုတ်တယ်။ CityMart မှာ တခါတလေ ငရုတ်သီးနှစ် ပစ္စည်းပြတ်နေတတ်တယ်။ အဲဒီအခါ ၀တ်ရည်လည်း ကိုယ်နည်းကိုယ်ဟန်နဲ့ လုပ်ပြီ လုပ်စားဖြစ်တာပါ။ လုပ်စားကြည့်နော်…
      • မမ၀တ်ရည် သစ်တော်သီး ၀ယ်မရလို့ သူ့အစား ဘာ အစားထိုးထည့်ရင် အဆင်ပြေမလဲ ပန်းသစ်တော် ဆိုရင် ကော အဆင်ပြေနိုင်လား ဖြေပေးပါအုံးမမ
  21. kozaw says:
    အရမ်းကျေးဇူးတင်တယ်
  22.ိshoonlei says:
    ကျေးဇူးတင်ပါတယ်
  23. Kyaw Ko Ko Zaw says:
    I want to know where to get the smoked grill bar from the picture No.4I live in the downtown. I am expecting to celebrate a party on New Year this time.
  24. K K Pwint Pwint says:
    အစ်မရေ… သမီးတို့ အခု လုပ်စားနေပါပြီ။ ရှလွတ် ရှလွတ်
  25. honey says:
    မဝတ်ရည်
    her’s korea food shop မှာ ဝတ်သားဆလပ်ထုပ်က မကင်ထားဘူးလားလို့ စိုစိုအိအိနဲဆီများ တယ် မကင်ပဲ အဲလိုစိုစိုအိအိလေး ရအောင်ကော် ဘယ်လို့လုပ်ကလည်းအမ her’s မှာ ပဲငပိလည်း ပါတယ် အဲပဲငပိက ဘယ်လိုလုပ်ရလည်းအမ ?????????? Pls answer
  26. Ngu Wah Aung says:
    အမဟင်းချက်နည်းတွေကအရမ်းကောင်းပါတယ် အမရေးထားတာတွေကိုကြည့်ပြီးအိမ်မှာပြန်လုပ်ကြည့်ပါတယ်
    ကျေးဇူးပါအမ
Leave a Reply to saraphi Cancel reply
Your email address will not be published. Required fields are marked *