YKKO စတိုင် ကြေးအိုး
YKKO စတိုင် ကြေးအိုး (၄ယောက်စာ)
YKKO စတိုင် ကြေးအိုး ချစ်သူတွေအတွက် ၀က် ကြေးအိုး နဲ့ ကြေးအိုး ဆီချက် လုပ်နည်းလေးပါ။ အိမ်သားတွေကတော့ YKKO ကြေးအိုး အရသာ အတိုင်းပဲတဲ့။ YKKO ကြေးအိုးလို အချို ခပ်လေးလေးနဲ့ ချက်ထားတာပါ။ ကြေးအိုးမှာ အရေးကြီးဆုံးက ၀က်ရိုးပြုတ်ရည်ပါ။ ၀က်နံရိုးကို ပြုတ်ရင် ဆိုင်ကကြေးအိုးတွေနဲ့ အရသာ မတူတာမို့၊ ချဉ်ဆီ များတဲ့ ၀က်ဒူးဆစ်ရိုးကို အသုံးပြု ထားပါတယ်။ ဒီဇင်ဘာ ဆောင်းအေးအေးလေးမှာ ကြေးအိုး ပူပူလေး သောက်ကြရအောင်…
ကြေးအိုးတွင် ပါဝင်ပစ္စည်းများ
  • ဆန်ကြာဇံ – ၁ထုပ် (ဇလုံတစ်ခုထဲတွင် ကြာဇံများကို ရေစိမ်ထားပေးပါ)
  • ၀က်ဒူးဆစ်ရိုး – ၄ချောင်း (ဈေးတွင် ၀ယ်ယူနိုင်သည်)
  • ၀က်အူ – ၁၀ကျပ်သား (၁လက်မခွဲအရွယ် လေးများ ပိုင်းဖြတ်ပါ)
  • ၀က်သဲ – ၁၀ကျပ်သား (အရှည် လှီးထားပါ)
  • ပဲပြား – ၁တုံး (လက်မ၀က်အရွယ် လှီးပြီ တြိဂံပိုင်းဖြတ်ပါ)
  • ငုန်းဥ – ၁၀လုံး (ရေနွေးဖြင့် ကျက်အောင်ပြုတ်ပြီ အခွံနွှာထားပါ)
  • ကြက်သွန်မြိတ် – ၁စည်း ( ၁လက်မအရွယ် ပိုင်းဖြတ်ပါ)
  • မုန့်ညှင်းစိမ်း- ၂စည်း (ထက်ပိုင်းပိုင်းပါ)
  • ဟူစိုင် – ၁စည်း – (၁လက်မအရွယ် ပိုင်းဖြတ်ပါ)
  • ဆား – စားပွဲတင်ဇွန်း ၄ဇွန်း
  • အချိုမှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၆ဇွန်း
  • ရေ – ၁၀ လီတာ
  • နှမ်းဆီ – အနည်းငယ်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • မှတ်ချက် ။ ။ Home made ကြေးအိုးလို အချို အလေး မစားသူများအတွက် အချိုမှုန့်၊ သကြား ထည့်ရမည့် ပမဏ တ၀က်မျှ လျှော့ထည့်ပါရန်။ ကျန်းမာရေးနဲ့ ပိုညီညွှတ်ပါသည်။
ဝက်သားလုံးတွင် ပါဝင်ပစ္စည်းများ
  • ၀က်သား – ၄၀ကျပ်သား (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းထားပါ)
  • ဂျင်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကော်မှုန့် – စားပွဲတင်ဇွန်း ၂ဇွန်း
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
ငါးဖယ်လုံးတွင် ပါဝင်ပစ္စည်းများ
  • ငါးဖယ် – ၁၀ကျပ်သား
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ဂျင်း – စားပွဲတင်ဇွန်း တ၀က် (နှုတ်နှုတ်စဉ်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း တ၀က်
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်ဥ အကာ – ၁လုံး (ခလောက်ထားပါ)
  • ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်အိုး အကြီး တစ်ခုထဲတွင် ၀က်ဒူးဆစ်ရိုးများကို ထည့်ပြီ ရေ ၁၀လီတာ ထည့်ကာ အဖုံးအုပ်ပြီ ၂နာရီခန့် တည်ထားပေးပါ။
၂။ ၀က်ဒူးဆစ်ရိုးများ ပြုတ်ထားစဉ် ၀က်သားလုံးရန် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ဆား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) တို့ကို ခွက်တစ်ခုထဲတွင် ထည့်ထားပါ။
၃။ ထို့နောက် သမအောင် ၀က်သားများကို ရောနုယ်လိုက်ပါ။
၎။ ပြီနောက် ငါးဖယ်လုံးရန် ပါဝင်ပစ္စည်းများဖြစ်သော (ငါးဖယ်၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်ဥအကာ၊ ဂျုံ) တို့ကိုလည်း ခွက်တစ်ခုရောထည့်ပြီ သမအောင် ရောနယ်လိုက်ပါ။
၅။ ထို့နောက် ပုံတွင် ပါသည့်အတိုင်း ငါးဖယ်လုံးများကို လုံးပေးပါ။ ငါးဖယ်လုံး လုံးစဉ် လက်ကို ငါးဖယ်များ အကပ်စေရန် လက်ကို ဆီအနည်းငယ် သုတ်ပြီမှ လုံးပေးပါ။
ကြေးအိုးပြုတ်နည်း
၁။ ကြေးအိုး ပြုတ်ရည် တ၀က်ခန့်ခန်းသွားပြီ အနေတော်ပြီဆိုလျှင် ၀က်ရိုးများကို ပြန်ဆယ်ထားပါ။ ပြီမှ ပြုတ်ရည်ထဲသို့ ဆား(စားပွဲတင်ဇွန်း ၄ဇွန်း)၊ သကြား(စားပွဲတင်ဇွန်း ၆ဇွန်း)၊ အချိုမှုန့်(စားပွဲတင်ဇွန်း ၂ဇွန်း) ထည့်ပေးပါ။
၂။ အရသာ အပေါ့အငံ့မြည်းပြီ အနေတော်ပြီဆိုမှ ရေ(၁လီတာ) ထပ်ထည့်ပေးပါ။ ပြီမှ ၀က်အူများကို ကြေးအိုးပြုတ်ရည် ထဲသို့ ထည့်ပြီ ပြုတ်ပေးပါ။
၃။ ၀က်အူများ ကျက်ခါနီးမှ ငါးဖယ်များကို ထည့်ပေးပါ။ ထို့နောက် နုယ်ထားသော ၀က်သားများကို လက်တွင် ဆီအနည်းငယ် သုတ်ပြီ လက်ဖြင့် ဆုတ်ပြီ အရှည်လေးများ ပြုတ်ရည်ထဲ ထည့်ပေးပါ။
၎။ အသားများ ကျက်လာလျှင် ပြုတ်ရည်ပေါ်သို့ ပေါ်လာလိမ့်မည်။ အသားများ ပေါ်လာလာခြင်း မဆယ်သေးပဲ ခေတ္တတည်ထားပေးပါ။
၅။ ပြီမှ ဇကာဖြင့် အသားများကို ဆယ်ပြီ ခွက်တစ်ခုထဲ ထည့်ထားပါ။
၆။ ထို့နောက် အကျက်လွယ်သည့် ပဲပြား၊ ငုန်းဥ၊ ၀က်သဲတို့ကို ၁မိနစ်ခန့် ထည့်တည်ပြီ ဇကာဖြင့် ပြန်ဆယ်ထားပါ။
ရ။ ကြေးအိုး တခွက်စာ ပြင်ဆင်လို့ရပါပြီ။ တစ်ယောက် ကြာဇံ၊ မုန့်ညှင်းရွက်၊ ကြက်သွန်မြိတ်၊ ဟူစိုင်များကို ဇကာထဲထည့်ပြီ ကြေးအိုးပြုတ်ရည်ဖြင့် အနည်းငယ် စိမ်ပေးပြီ ပြန်ဆယ်ထားပါ။
၈။ ပြီမှ ခွက်တစ်ခုထဲတွင် ကြာဇံ၊ ၀က်သားလုံး၊ ငါးဖယ်၊ ပဲပြား၊ ငုန်းဥ၊ ၀က်အူ၊ ၀က်သဲ၊ မုန့်ညှင်း၊ ကြက်သွန်မြိတ်၊ ဟူစိုင် စသည်တို့ကို ထည့်ပေးပြီ ကြေးအိုးပြုတ်ရည် ယောက်ချို ၁ခွက်ခွဲကို လောင်းထည့်လိုက်ပါ။
၉။ အပေါ်မှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးပြီ အရသာရှိသော YKKO စတိုင် ကြေးအိုးကို သုံးဆောင်လို့ရပါပြီ…
—————————————————————————–
ကြေးအိုး ဆီချက် လုပ်နည်း
၁။ ကြေးအိုးဆီချက်အတွက် ခွက်တစ်ခုထဲတွင် ကြေးအိုးပြုတ်ရည်ထဲ စိမ်ပြီ ပြန်ဆယ်ထားသော ကြာဇံများကို ထည့်လိုက်ပါ။
၂။ ပြီမှ ပဲငံပြာရည်(စားပွဲတင်ဇွန်း ၂ဇွန်း)၊ ကြက်သားမှုန့်(စားပွဲတင်ဇွန်း တ၀က်)၊ အချိုမှုန့်(စားပွဲတင်ဇွန်း တ၀က်)၊ နှမ်းဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ၀က်ဆီ(စားပွဲတင်ဇွန်း ၂ဇွန်း) တို့ဖြင့် သမအောင် ရောနုယ်လိုက်ပါ။
၃။ ထို့နောက် ၀က်သားလုံး၊ ငါးဖယ်လုံး၊ ငုန်းဥ၊ ပဲပြား၊ ၀က်အူ၊ ၀က်သဲ၊ မုန့်ညှင်းစိမ်း၊ ဟူစိုင်၊ ကြက်သွန်မြိတ်၊ ဆီချက်တို့ကို ထည့်ပြီ ရောနုယ်ပေးပါ။
၎။ အရသာရှိသော ကြေးအိုးဆီချက်ကို ကြေးအိုးပြုတ်ရည် ပူပူလေးနှင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…
161 comments
  1. Chaw Chaw Su says:
    I loved it, so I will be cooked it.Thanks.
  2. jewel says:
    အ၇မ်းကိုကောင်းမယ်.ပုံပဲ။ချက်ချင်းကိုလုပ်စားကြည်.လိုက်မယ်။မျှဝေတာကျေးဇူးပါ။
  3. Myat Pin Lay (TIna) says:
    Very Nice!
  4. lwinmiemieaung says:
    po pay di a twet kyay zu tin pa dal
    tha mee
  5. lwinmiemieaung says:
    taw taw koung hmar pa.
  6. zar chi says:
    Thanks a lot
  7.ွှThan Than Mu says:
    Thanks
  8. LIN THET PAING says:
    thank you
  9. chochoshein says:
    so good. thanks alot
  10. Thiri says:
    ကျေးဇူးအထူးတင်ပါတယ်နော်
    တစ်အိမ်လုံးကြိုက်နှစ်သက်လို့ပါ့။
  11. Thu Thu says:
    sis ရေ .. အဲ့လို အစားအသောက်လုပ်တာလေးတွေကို ဒီလိုဝက်ဘ်ဆိုဒ်ထက် FB လေးထောင်ပါလားဟင် ..ခုလဲ ဒီပိတ်ရက်ကျရင် ကြေးအိုးလုပ်စားကြည့်မယ် ..ကျေးဇူးအများကြီးတင်ပါတယ်ရှင့် 🙂
  12. Hmone Gyi says:
    wow thank you pig yeee…. i will surely cook at christmas holiday time 😀
    • admin says:
      ကိုယ် လုပ်စားကြည့်နော်။ အရမ်းစားကောင်းတယ် 🙂
  13. anty sabai says:
    Thank you so… much.I like so much so I will exactly
    cook for my family.
  14. aye150990 says:
    ကြေးအိုးလုပ်စားချင်နေတာ ဘယ်လိုလုပ်ရလဲ မသိလို့  အခုသိပြီ ကျေးဇူး အမရေ
    အမရေ ဟူစိုင်ရွက်ဆိုတာဘာလဲမသိဘူး အင်္ဂလိပ်နာမည်လေးပြောပြပေးနော်
    • admin says:
      ဟူစိုင် လို့ပဲခေါ်ပါတယ်။ City Mart မှာရော၊ ဈေးမှာရော မေးဝယ်လို့ရပါတယ်
    • kaungmon says:
      ဟူစိုင် (ဟူစိုင်ကွစိုင်) called CHIVES.. ကြေးအိုးက ဟူစိုင်ကွစိုင်မပါရင် ကြေးအိုးမဟုတ်သလိုပဲ..
  15. Han says:
    I will cook today evening! 😀
  16. CG says:
    မဖော်ပြတတ်လောက်အောင်ကျေးဇူးတင်ပါတယ်။
    အစ်မကျေးဇူးနဲ့ဝေးကွားနေတဲ့ကြေးအိုးကိုချက်စားပြီးပါပြီ။ 🙂
    အရမ်းလည်းစားလို့ကောင်းပါတယ်။
    တဆိတ်လောက် ဟုစိုင် ဆိုတဲ့အရွက်ကို အင်္ဂလိပ်လိုသိရင်ပြောပြပေးပါဦး။
    ကျေးဇူးအများကြီးတင်ပါတယ်ဗျာ 🙂
    • admin says:
      ဟူစိုင်ကို အင်္ဂလိပ်လိုလည်း ဟူစိုင်လို့ပဲ ခေါ်ပါတယ်။ တရုတ်ဆိုင်မှာ ရနိုင်မယ်ထင်ပါတယ်.. ဟူစိုင်က မထည့်လည်းရပါတယ်၊ ၀တ်ရည်က ကြိုက်လို့ ထည့်ချက်ထားတာပါ။ Thanks
  17. myo min htut says:
    ကျေးဇူတင်လိုက်တာ….ဆောင်းတွင်းလေးနဲ့အတော်ဘဲ…
    • admin says:
      Hote. ဆောင်းတွင်းအေးအေးလေးမှာ ကြေးအိုးလေး လုပ်စားကြည့်နော်
  18. myo min htut says:
    ကျေးဇူးပြုပြီး…သူနဲ့တွဲဖက်စားတဲ့အချဉ်လုပ်နည်းလေးပါတင်ပေးပါအုံး…တခြားအချဉ်တွေနဲ့ကစားရတာအဆင်မပြေလို့ပါ…ငရုတ်သီးချဉ်တော့လုပ်တက်ပါတယ်
  19. chitsonegyi says:
    thank you very much
  20. soe myint thein says:
    တွဲဖက်စားတဲ့အချဉ်လေးကလဲအတော်အရေးကြီးပါတယ် တင်ပေးပါအုံး နောက်ပြီး ကြက်ကြေးအိုးပါပေါ့ thanks.
  21. စိမ်းစိမ်းလတ် says:
    ညီမရေ ဝက်ရိုးနဲ့ရေအတူတူရောပြုတ်တာလား။ရေနွေးပွတ်မှဝက်ရိုးထည့်တာလား။
    • admin says:
  22. စိမ်းစိမ်းလတ် says:
    ရောပြုတ်တော့ ဟင်းရည်နောက်နောက်လေးရတယ်ပေါ့နော်။အမကရောပြုတ်ရင်ဟင်းရည်နောက်နောက်မရဘူးလို့သိထားလို့ပါနော်။ဒါပေမယ့်ညီမပုံထဲမှာတော့ဟင်းရည်ကနောက်နေတယ်နော်။ခုလိုချက်နည်းလေးတွေတင်ပေးတဲ့ညီမကိုကျေးဇူးတင်ပါတယ်။
    • admin says:
      ဟုတ်ရပါတယ်။ ၀က်ချဉ်ဆီရိုးတွေ ပြုတ်ရင် ဒီလို အရည်နောက်နောက်လေးရပါတယ်။ ၀က်နံရိုးပြုတ်ရင် အရည်အကြည်ပဲရပါတယ်.. ၀တ်ရည်ကလည်း ကျေးဇူးပါ
  23. မာဦး says:
    ကျေးဇူးပဲ။ YKKO ကြေအိုးကိုကြိုက်လို့လုပ်စားကြည်မယ်နော်။
  24. aye says:
    I just finished cooking according to your recipe and now eating. 😀
    It’s really delicious. Thanks sis.
  25. khingtharaphy says:
    ကြေးအိုးချက်နည်းတင်ပေးတဲ့အတွက် မ၀တ်ရည် ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။
  26. Ye says:
    အမကျွန်တော်ကို New Year မှာအကင်လုပ်စားချင်လို့ အကင်ဆိုင်တွေမှာ၊ ဘီယာဆိုင်တွေမှာ လုပ်တဲ့အကင်လုပ်နည်းလေးတွေတင်ပေးပါလား၊ ကြက်တောင်ပံတို့၊ ၀က်နံရိုးတို့၊ နောက်ထပ် အသီးအရွက်လေးတွေပါ၊ ငါးကင်နည်းလေးတွေပါ တင်ပေးပါနော်၊ အကင်ဆိုင်တွေမှာ မဆလာနံ့မွှေးမွှေးလေးနဲ့ ကင်သလိုမျိုးပေါ့။
    ဒီမေးလ်ကိုပို့ပေးနာ် ကျေးဇူး။
    [email protected]
    • admin says:
      မေးပို့ထားပါတယ်နော်
    • myat myat lwin says:
      အမကိုလည်း သူ.အတိုင်းဘဲ အကင်နည်းလေးတွေမေးပို.ပေးပါနော် YKKO က ငါးကင်နည်းနဲ.တွဲစားတဲ.အချည်ဖျော်နည်းလည်းသိချင်ပါတယ်။ ကြေးအိုးနဲ.တွဲစားတဲ.အချည်ဖျော်နည်းလည်းသိချင်ပါတယ်။ တောင်းတာတွေများသွားပြီ။ ကျေးဇူးနော်
  27. Thet o s says:
    အမ အချည်၇ည် လုပ်နည်းလေးပါတင်ပေးပါနော်….ကျေးဇူးပါ
  28. Thet o s says:
    အမေ၇.. ယိုးဒယား ကြက်တံဆိပ်ဆိုလား…. အိုက်အချည်၇ည် အ၇မ်းကောင်းတယ်ပြောတယ်.. အဲဒါသိပါလားအမ ..သိ၇င် ဘယ်မှာဝယ်၇မလဲလို့ ပါ..ကျေးဇူးပါ
    • admin says:
      ကြေးအိုးနဲ့ လိုက်တဲ့ ငရုတ်သီး ဆော့ကို City Mart မှာ ၀ယ်လို့ရပါတယ်
  29. peach says:
    Hi is it possible to get this in English 🙁 my laptop ka zawgyi font ma shi lo sis. thanks alot naw. And I love you wat tar pone yay gyi 😀 i trried coooking it….really delicious.
  30. myintmyatshwetwe says:
    very very thanks you
  31. Eddy Tun Aung says:
    Thanks.
  32. Nge says:
    မမ၀တ်ရည်က သဘောကောင်းတယ်နော်… စာအုပ်ထုတ်ပေမယ့် Blog ကိုလည်းပေးဖတ်တယ် တချို့ ဟင်းချက်နည်းထုတ်တဲ့ blogတွေဆို ပိတ်ထားတယ် ဖတ်လို့ မရဘူး စာအုပ်မထွက်ခင်အထိတော့ဖတ်လို့ ရတယ် နောက်ပိုင်းဖတ်လို့ မရတော့ဘူး
    မမ၀တ်ရည်ကိုကျေးဇူးတင်ပါတယ် မမရဲ့ blog ကို ဖတ်ပြီး အိမ်မှာပဲချက်စားတော့တယ် Peninsular plazaမှာတောင်သွားမစားတော့ဘူး
    မမ၀တ်ရည် ကျန်းမာပြီး ပျော်ရွှင်ပါစေ
  33. aungmin says:
    ကျေးဇူးတင်ပါသည် အခုလိုပြည့်စုံအောင်ဖေါ်ပြပေးတဲ့ အတွက် ……….
  34. Theint says:
    I Like it so much. Thanks a lot for your sharing sis.
  35. Khwa Nyo says:
    အိမ်က အစ်ကိုတွေ အစ်မတွေက ဆီးချိုရောဂါရှိလို့ ဆိုင်မှာစားရင် မတည့်တာများတယ်။
    အခုလိုဝေမျှပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။
    ညကချက်စားကြည့်တာ အရမ်းအရသာကောင်းပါတယ်။
  36. Khaing Wint Wah says:
    မ၀တ်ရည်ရေဒီနေ့ဘာလို့မေလ်းမပို့တာလဲပဲထမင်းချက်စားချင်တယ်ပြောပြပေးပါနော်ဘယ်လိုချက်ရင်ကောင်းမလဲ
    ဆိုတာကိုသေသေချာချာကျေးဇူးပြုပြီးပြောပြပေးပါနော်
  37. tinzar says:
    မရေ
    အရမ်းကိုကျေးဇူးတင်ပါတယ်ဟင်းချက်နည်းတွေမျှဝေထားတာ
  38. shweyi says:
    ကျေးဇူးပါ အိမ်မှာလုပ်စားအုံးမယ် ညီမရေ၊ ဒါနဲ့ အပန်းမကြီးရင် ဟော့ပေါ့ဟင်းရည်ချက်နည်းနဲ့ ဆော့စ်ဖျော်နည်းလေး တင်ပေးပါအုံးနော်
  39. wai lay says:
    အမရေ၊ကြက်သားကြေးအိုးဆိုရင်ဘယ်လိုလုပ်။ရမလဲပြောပြပါနော်။
    • admin says:
  40. Phoo Ngone Khin says:
    ညီမရေ…
    ကြေးအိုးကို ကြက်သားနဲ့ လုပ်စားချင်ရင်ရော ဘယ်လိုလုပ်ရလဲညီမရေ….
    • admin says:
  41. ကြေးအိုးဆီချက်လုပ်နည်း တင်ပေးပါဗျို့ … တင်ပြီးသားရှိရင်လည်း Link ပေးပါဗျို့ … ကျေဇူးတင်ပါတယ်ခင်ဗျာ
  42. Kyu Kyu Hlaing says:
    အစ်မတော်တော်ကောင်းမယ့်ပုံဘဲ။မချက်တတ်တာနဲ့အတော်ဘဲချက်ကြည့်ပါအုံးမယ်။ကျေးဇူးနော်။
    • admin says:
      ဟုတ်ကဲ့ လုပ်စားကြည့်နော်။ ဆိုင်ကအတိုင်းပဲ စားကောင်းတယ်.. 😀
  43. Ko Aung says:
    ကျေးဇူးအထူးတင်ပါသည်။ Hot Pot လုပ်နည်းလေးတင်ပေးပါခင်ဗျား။
    • admin says:
      ဟုတ်ကဲ့။ တင်ပေးမယ် တင်ပေးမယ်နဲ့ ခုထိ မတင်ဖြစ်သေးဘူး.. I will try post soon 🙂
  44. Thanks a lot. This is really I want to know how to cook. Be happy.
  45. khin su says:
    လုပ်စားဦးမယ်။ ကျေးဇူးပါ။
  46. Gipsy Devil says:
    အရမ်းကောင်းတယ်ဗျာာာာာာ ကျေးဇူးတင်ပါတယ်
  47. winechithtwe says:
    မမ ၀တ်ရည် ၀က်သားမစားလို့ ကြက်နဲ့ နည်းလေးတင်ပေးပါလားဟင်?
    • admin says:
      ကြေးအိုး လုပ်တဲ့အခါ၊ ၀က်ရိုးအစား ကြက်ရိုးနဲ့ ပြုတ်ပြီ ၀က်သားလုံးနေရာမှ ကြက်သားလုံးလေးတွေ အစားထိုးချက်စားရင် ရပါပြီ… ကျန်တာတွေက အတူတူပါပဲ…
  48. Khin Yamin says:
    YKKO က အချည်ရည်လုပ်နည်းလေးပေးပါလားလို့။
    😉 ကျေးဇူးကမ္ဘာပါ။
  49. snow says:
    မ၀တ်ရည်ရေ..ချက်စားပြီးပြီ..အရမ်းကောင်းတယ်..အရသာကYKKO အတိုင်းပဲ ဒါပေမယ့်..ဘာလိုသွားလို့လဲမသိဘူး..၀က်သားကဖွဲတယ်တယ် ဖြစ်နေတယ်..အကြံပေးပါဦး
    ကျေးဇူးနော်.. 🙂
  50. htetmyat says:
    I like that!
    Dear sis,
    if you have leisure time, please upload making yogurt! Xo Xo ThZ!!!
    I wish you belong to healthy and wealthy life. pls upload! Pls Upload!
  51. chozartun says:
    ဘယ်လိုကျေးဇူးတင်ရမလဲကိုမသိဘူး။လုပ်နည်းမသိလို.ရွာလည်နေတာ။သိပ်စားကောင်းတာဘဲ မမရေ။
    • admin says:
  52. U Toe says:
    very nice
    just take a taste from your post photo (hahaha)
    i’d like it too much and
    will try to teach my filipino cook to do that for
    me and some of myanmar crews.
    thank you very much
    my dear niece.
  53. Pa says:
    အစ်မ ကြက်ကြေးအိုး နဲ့ ကြေးအိုးဆီချက် လုပ်နည်းလေးလည်းး တင်ပေးပါအုံးနော် ………… ^_^ ကျေးဇူးအများကြီးတင်ပါတယ် အစ်မ ……. 🙂
  54. စားမယ်..စားမယ်..သေချာကို လုပ်စားအုံးမှာ
    မ၀တ်ရည်ကို မှီအောင်ကို လုပ်စားအုံးမှာ..ဟိဟိ
    အလကားစတာနော်..ကျေးဇူးဗျ..
    • admin says:
      haaa.. လုပ်စားကြည့်… YKKO ကြေးအိုးအတိုင်းပဲ စားလို့ကောင်းတယ်… 🙂
  55. daw khin thandar lin says:
    thanks you par sister
  56. daw khin thandar lin says:
    thanks you par
  57. U Htay nyut says:
    ကျုပ်က ဝက်သား မစားတော့ ကျက်သားနဲ့ ချက်ကြည့် ရ မှာ ပေါ့ ကျေး ဇူး ပါ ။
    • admin says:
      ဟုတ်ကဲ့ ကြက်သားနဲ့ဆိုလည်း စားလို့ကောင်းပါယတ်…
  58. Aye Aye Mon says:
    ကြေးအိုးကို တစ်ခါမှ ချက်မစားသေးဘူး
    နည်းသိသွားတော့ ချက်စားလို့ရပြီပေါ့
    အထူးကျေးဇူး တင်လျက်ပါနော်
  59. Khaing Khaing says:
    ညီမလေးရေ
    အမက ညီမလေးရဲ့ စာအုပ်လည်း ၀ယ်ထားတယ်။ အမြဲလည်း လိုက်ချက်ဖြစ်ပါတယ်။ အခု ကြေးအိုးချက်နည်းမှာ သုံးတဲ့ ပဲငံပြာရည်က အကြည်/အနောက်/ကြာညို့ ဘာကို သုံးတာလဲဟင်။ ပြီးတော့ ငါးဖယ်လုံးတာလည်း ညီမလေးပုံလို မဖြစ်ဘဲ ဖြူဖြူ ပွပွကြီး ဖြစ်သွားတယ်။ ဘာမှားသွားလို့လဲ မသိဘူး။ အရသာကတော့ တော်တော်ကောင်းတယ်လို့ ကိုယ့်ဘာသာကိုယ် အားပေးလိုက်တယ်။ 😛
    • admin says:
      ပဲငံပြာရည် (အကြည်)ကို သုံးထားတာပါ။ ငါးဖယ်လုံးက ငါးဖယ်စစ်မှ စားလို့ကောင်းတာ။ ဈေးမှာက အစစ်က ရဖို့ ခဲတယ်။ ကြိုက်လို့ ကျေးဇူးပါနော်… 😉
  60. ကိုဇော် says:
    ညီမလေးရေ…. ဘိစကိတ်ကြော် လေးလုပ်စားချင်တယ် တင်ပေးပါဦးနော်
    အားပေးနေမယ်…..
  61. camelliathynn says:
    အခုလိုဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်…..ကျမကအိမ်မှာကြေးအိုးလုပ်စားလေ့ရှိပါတယ်……၀တ်ရည်လုပ်တဲ့ပုံစံလဲတူတယ်…..ဒါပေမဲ့….ဆိုင်တွေမှာစားသလိုစေးစေးလေးမဖြစ်ဘူး….ဘာလိုနေလဲမသိဘူးနော်….အိမ်ကလူတွေကအရမ်းကြိုက်ကျတယ်….အမေရိကမှာနေတာပါ….၀ယ်စားဖို့ကလဲမလွယ်တော့နော်……အကြံလေးပေးပါအုံး…စေးစေးလေးဖြစ်ချင်လို့ပါ..ကျေးဇူးတင်ပါတယ်
    • admin says:
      ဒီချက်နည်းက YKKO ကြေးအိုးလိုပဲ စေးစေးလေးနဲ့ အချိုလေးလေး စားလို့ အရမ်းကောင်းပါတယ်။ အသားလုံး စေးချင်ရင် ကော်မှုန့်ထည့်ရပါတယ်။ အဲဒါဆို စေးစေးလေး ဖြစ်ပါတယ် sis..
  62. ခွန်စိုင်း says:
    မ၀တ်ရည်
    YKKO ကြေးအိုးချက်နည်းလေးတင်ပေးတာကျေးဇူးပဲနော်။ ဆောင်းဝင်ခါနီးလေးပူပူနွေးနွေးတစ်ခေါက်လောက်လုပ်စားကြည့်မယ်။ တစ်ခြားစားကောင်းဖွယ်ရာလေးတွေထပ်တင်ပေးအုံးနော်။။။။
    • admin says:
      ဟုတ်ကဲ့။ လုပ်စားကြည့်ပါနော်။ ကြိုးစားပြီ တင်ပေးပါအုန်းမယ်.. 🙂
  63. Sumyat says:
    အ၇မ်းကောင်းမဲ့ပုံပဲမ၀တ်၇ည်ေ၇ …လုပ်စားအုံးမယ်
  64. Esther says:
    ကျေးဇူးအများကြီတင်ပါတယ်။ ဒီ web side ကိုအရမ်းကြိုက်ပါတယ်။
  65. banyar says:
    Admin ကိုရတဲ့ ယောက်ျားကတော့ တစ်သက်လုံး ကံကောင်းပြီပဲ။ 🙂
  66. Nyo says:
    ကျေးဇူးအများကြီးတင်ပါတယ် မချိုဝတ်ရည်ရေ။ ဟိုတစ်ရက်က အိမ်မှာချက်စားဖြစ်တယ်။ ဟူစိုင်တော့ရှာမတွေ့လိုမသုံးဖြစ်လိုက်ဘူး။ ဒါပေမယ့် ဒီနည်းအတိုင်းချက်တာ အရမ်းစားလို့ကောင်းပါတယ်။ အားလုံးလည်းကြိုက်ကြတယ်။ YKKO ဆိုင်ကိုတောင် သိပ်တမ်းတဖြစ်တော့မယ်မထင်ဘူး။ 🙂
  67. La Yaitecho says:
    good
  68. thant zin says:
    မသိ​သေး​သောချက်​ပြုတ်​နည်း​တွေ သိရလို့ ​ကျေးဇူးအများကြီးတင်​ပါတယ်​ မဝတ်​ရည်
    ဒီထက်​မက အဆ​ပေါင်းများစွာတိုးတက်​​အောင်​မြင်​ပါ​စေ
  69. thida says:
    Thank you sis. I like your cooking style.
    thanks.
  70. May says:
    Now I know the way of cooking kyay-oh.Thanks alot sis.
  71. Wai says:
    ကျေးဇူးပါ ဝတ်ရည်ရေ..အရမ်းအရသာရှိမယ့်ပုံပဲ…လုပ်စားဖြစ်အောင်စားပါမယ်…တခုလောက် ဝက်ဆီက ဘယ်လိုလုပ်၇မှာလဲသိချင်ပါတယ်…သုံးထပ်သားဝယ်ပြီး အဆီထုတ်ရမှာလားသိချင်ပါတယ်…ကျေးဇူးတင်ပါတယ်
  72. Soe says:
    အစ်မရေ…၀က်သားမစားတဲ့လူတွေဆိုရင်ကော..ကြက်ရိုးနဲ့ပြုတ်လို့ရနိုင်လားဟင်…
  73. Rachel says:
    Dear Wutyee,
    I tried cooking this YKKO style kyay oh last night. Thanks to your recipe it was good. But how do I get rid of the pork smell (wat a nyee nant) in the soup? I had the scum from boiling too, but I can remove them manually. If you have any tricks for scum, please share me.
    Thanks in advance.
  74. zinmar myint says:
    ဝက်​ဆီဘယ်​ကဝယ်​ရမလဲဟင်
  75. […] Wutyee Food House မှ ကူးယူဖော်ပြပါသည်။ […]
  76. mi nant thar says:
    thank for share
  77. Lay Zaw says:
    Credit ပေးပြီး Share ပါရစေ
  78. Poe Poe says:
    Thank you for sharing. It is very useful.
  79. winmyintoo says:
    ကျေးဇူးပါ
  80. wordpress says:
    Excellent article. I’m dealing with a few of these issues as well..
  81. Miseky says:
    Hi friends, its impressive artikcle on the topic of teachingand fully
    defined, keep it up all the time.
  82. Lazymail.Win says:
    This blog was… how do youu say it? Relevant!! Finally I’ve found something which helped me.
    Many thanks!
Leave a Reply to Ye Cancel reply
Your email address will not be published. Required fields are marked *