ငါးထမင်းချဉ်
ငါးထမင်းချဉ် (ရှမ်းထမင်းချဉ်)
ရှမ်းအစားအစာဖြစ်တဲ့ ငါးထမင်းချဉ် လုပ်နည်းလေးပါ။ ရေချိုငါးကို ပြုတ်ပြီ ငါးအသားနဲ့ ထမင်းကို နုယ်ထားတဲ့ ငါးထမင်းချဉ်လေးပါ။ ငရုတ်ပွနီတောင့်ကြော်၊ ဂျူးမြစ်၊ ကြက်သွန်ဖြူတို့ နှင့် တွဲဖက်သုံးဆောင်နိုင်ပါတယ်။ မနက်စာ၊ ညနေစာ၊ အစာပြေ မိမိကြိုက်နှစ်သက်သလို လုပ်စားနိုင်ပါတယ်။ အိမ်လုပ် ငါးထမင်းချဉ်ကို ဆိုင်မှာထက် ငါးအသားများများထည့်ထားပါတယ်။ အချိန်တိုတွင်းမှာပဲ အလွယ်တကူ လုပ်စားနိုင်တာမို့ ခုပဲ တူတူ လုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ရေချိုငါး (ငါးရံ့(သို့) ငါးကြင်း) – ၂၀ကျပ်သား (အတုံးကြီးများ တုံးထားပါ)
  • ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
  • ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • အာလူး – ၂လုံး (ပြဲအောင် ရေဖြင့် ပြုတ်ထားပေးပါ)
  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်သွန်မြိတ် – ၁စည်း (ပါးပါးလှီးပါ)
  • ဂျူးမြစ် – တွဲဖက် သုံးဆောင်ရန်
  • ငရုတ်သီးနီခြောက် – ၈ခု (ဆီဖြင့် ကြော်ထားပေးပါ)
  • ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်း) (ဒယ်ထဲ ဆီထည့် ဆနွင်းမှုန့်၊ ကြက်သွန်ဖြူ ထည့်ပြီ ဆီချက် ချက်ထားပါ)
မှတ်ချက် ။ ။ ဆီချက် ဆီနှင့် ကြက်သွန်ဖြူ ကြော်များကို သက်သက်စီခွဲထားပါ
ပြင်ဆင်နည်း
၁။ အရင်ဆုံး စတီအိုးတစ်ခုထဲတွင် ရေအပြည့်ထည့်ပြီ အာလူးများကို ပြဲသည်အထိ တည်ထားပေးပါ။
၂။ အာလူး တည်ထားစဉ် နောက် ဒယ်အိုးတစ်ခုထဲတွင် ရေချိုငါး၊ ခရမ်းချဉ်သီး၊ ဆနွင်း၊ ငါးငံပြာရည်၊ ရေ(၂ခွက်) တို့ကို ထည့်ပြီ ရေအနည်းငယ် ကျန်သည်အထိ အဖုံးအုပ်ပြီ တည်ထားပေးပါ။
၂။ ပုံတွင် ပါသည့်အတိုင်း ရေအနည်းငယ်ကျန်ပြီ ခရမ်းချဉ်သီးများ ပြဲသွားလျှင် မီးပိတ်လိုက်ပါ။
၃။ ထို့နောက် ငါးများကို ဆယ်ပြီ အရိုး၊ အရေခွံများဖယ်ကာ အသားနွှင်းပေးပါ။
ငါးထမင်းချဉ် လုပ်နည်း
၁။ ငါးထမင်းချဉ် စနုယ်ပါမည်။ ဇောက်ခွက်တစ်ခုထဲ ထမင်း(၃ယောက်စာ)၊ ပြုတ်ထားသော အာလူး(လက်ဖြင့်ခြေပြီ)၊ ငါးအသား၊ ခရမ်းချဉ်သီး အနှစ်၊ ကြက်သွန်ဖြူ ဆီချက် ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပါ။
၂။ ထို့နောက် ထမင်း နှင့် ငါး၊ အာလူး၊ ခရမ်းချဉ်သီး နှစ်များကို သမအောင် ရောနုယ်ပေးပါ။
၃။ အရသာ အနေတော်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်ဖြူကြော်၊ ကြက်သွန်မြိတ် များဖြူးပေးပါ။
၎။ အရသာကောင်းမွန်သော ငါးထမင်းချဉ်ကို ဂျူးမြစ်၊ ငရုတ်သီးကြော်၊ ကြက်သွန်ဖြူ တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…
59 comments
  1. ကိုကြီးထွန်း says:
    လွယ်လွယ်လေးဘဲ…လုပ်စားလိုက်အုံးမယ်…
  2. Yin Min says:
    Thank’s for your sharing of this recipe.
  3. Thanks sis,I love it…..
  4. zar chi says:
    Thanks a lot sis
  5. Hmone gyi says:
    lwe thar bae lote sar own ma…thx you pig yeee
    • admin says:
      အေး တော်တော်လွယ်တယ်။ ကိုယ်လုပ်ဖြစ်အောင် လုပ်ကြည့်နော်
  6.ွှThan Than Mu says:
    လုပ်ရတာလွယ်သားဘဲ… ကျေးဇူးတင်ပါတယ် …
  7.ု့Khaing says:
    အမ ဟင်းနည်းအသစ်တင်တိုင်သိချင်လို့ Subscribe လုပ်တာသိလည်းမသိရဘူး
    ဘယ်လိုလုပ်ရမလဲ
    please
    • admin says:
      ညီမရေ။ subscribing အီးမေးဝင်လာလိမ့်မယ်။ comfirm လုပ်လိုက်ရင် ရပါပြီ.. ကျေးဇူးပါ
  8. ayemyathu says:
    မ၀တ်ရည်ရေ ကျေးဇူးပြုပြီးကြေးအိုးလုပ်နည်းလေးတင်ပေးစေလိုပါသည်။အခုရှာနေတာမတွေ့ တော့လိုပါ။အိမ်မှာချက်စားချင်လို့ ပါ။
  9. Thant Zin Oo says:
    အရန်းစားကောင်းမဲ့ပုံဘဲ
  10. dare says:
    Kyae Zuu Par. I love this food so much yet I don’t know how to do it until you posted. 😀
  11. Mon Mon says:
    မမဝတ်ရည် . . မမဆီမှာ ဟင်းချက်သင်တန်းလာတက်လို့ ရလားဟင် . . သမီးအီးမေးလ်ထဲကို အကြောင်းပြန်ပေးပါလားနော် . . ကျေးဇူးပါနော်မမ . . ပြီးတော့လေ . . မမက comment တိုင်းကို ပြန်ပေးတယ် . . ဘာမေးမေးလည်း ပြန်ဖြေတယ် . . အားလုံးအစား အရမ်းကျေးဇူးတင်ပါတယ် မမ . . အရမ်းလည်း လေးစားပြီး ခင်မိပါတယ်
    • admin says:
      sis ရေ အီးမေးကနေ စာပြန်ပေးထားပါတယ်။ ညီမကိုလည်း ကျေးဇူးတင်ပါတယ်နော်.. <3
  12. susan says:
    ဟုတ်တယ်နော် မွန်မွန်ပြောသလိုပဲ.. ၀တ်ရည်က comment တိုင်းကို reply ပြန်ပြောတာ တွေ့ ရတယ်.. အခုလိုမျိုး လူတိုင်းရဲ့ အမေးတွေကို ဂရုတစိုက် ပြန်ဖြေပေးတာ တကယ်လေးစားဖို့ ကောင်းပါတယ် photo လေးတွေနဲ့ အဆင့်ဆင့်ပြထားပေးတဲ့ အတွက်လဲ အရမ်းအဆင်ပြေပါတယ် ကျေးဇူးပါ ၀တ်ရည်..
    • admin says:
  13. Mon Mon says:
    Thank you so much Ma Ma 🙂 <3
  14. Aniston says:
    Thank you Wutyee,,,
  15. Yu Yu says:
    ေကျးဇူးပါ…ငါးထမင်းချဥ်အရမ်းၽြကိုုက္်ပါတယ်
  16. natehtwe says:
    သိပ်ကောင်းပါတယ်၊ ကျေးဇူးတင်ပါတယ်နော်
  17. သီတာ says:
    လုပ်နည်းအရမ်းသိချင်နေတာကျေးဇူးအမျာကြီး
  18. Thu reine lwin says:
    အရသာလည်းရှိအရမ်းလည်းလွယ်တယ် ကျေးဇူးတင်ပါတယ်
    • admin says:
      ဟုတ်ကဲ့။ ၀တ်ရည်လည်း ကြိုက်လို့ ခဏခဏ လုပ်စားဖြစ်တယ်.. 🙂
  19. Yu Yu Than Thar says:
    ယိုးဒယားဟင်းချိုလုပ်နည်းလေးတင်ပေးပါလားအမ။
  20. zawmintun says:
    thaifoodလေးတွေလည်းတင်ပေးပါအုံးနော်
    thank u
  21. Pan Ei says:
    Hi sis Wutyee,
    Yay cho fish ko d mar bello buy ya ma lel tate ma thi bu phit nay tel. yayy ngan fish twe pel shi tel. Fish ko English name net Myanmar name kwel kwel pyar pyar ma thi bu phit nay tel. Market hte mar English name twe net tae tate ma buy phit bu. sis kaw thi lar? sis ka Myanmar ka lar foreign mar lar?
  22. Thiha says:
    There is no words may complete to Thanks You !!!
  23. ၀တ်ရည်အောင် says:
    ငါးထမင်းချဉ်ကိုစားချင်နေတာကြာပြီ
    အိမ်မှာလုပ်စားကြည့်ဦးမယ်
  24. Khaing April says:
    လုပ်စားကြည့်ဦးမယ် မ ရေ ကျေးဇူးအကြီးကြီးကိုတင်ပါတယ် ချက်နည်းတွေအတွက် ကိုယ်တိုင်လုပ်စားမှပဲစားရမှာဒီမှာတော့ ဒါမျိုးတွေငတ်နေတာကြာပေါ့ 😛
  25. Kay Kay says:
    ပုဇွန်ခြင်လုပ်နည်းလေးသိချင်လိုပါ. Thanks
  26. Mg Mg says:
    ပင်လောင်း၊ဖယ်ခုံမှာနေခဲ့တုန်းက ဈေးနေ့တွေမှာ ခေါင်ရည်နဲ့အမြဲတွဲဖက်စားခဲ့တာအရမ်းကြိုက်တယ်၊
  27. kay thwe says:
    sis ရေ ခ နော ၀ယ်ရင်းနဲ့ သိလာတာပါ။ အသစ်တင်တိုင်း mail ပို့ပေးလားဟင်။ မြန်မာမုန့်လုပ်နည်း တွေကို ဒီထက်
    ပိုသိချင်ပါတယ်။ တင်ပေးပါဦးနော်။ ထောပတ်ထမင်းနဲ့ ကတ်ကြေးကိုတ်တော့ လုပ်စားပြီးပြီ။ ကျေးဇူးတင်ပါတယ်
    ခုလိုမျှဝေပေးတဲ့အတွက်။ ဒီထက် ပိုအောင်မြင်ပါစေ။ 🙂
Leave a Reply to Yu Yu Than Thar Cancel reply
Your email address will not be published. Required fields are marked *