ပဲထမင်း

ပဲထမင်း

အိန္ဒိယစတိုင် ပဲထမင်း လုပ်နည်းလေးပါ။ တချို့လည်း ပဲထမင်းကို မတ်ပဲနဲ့ ချက်တာရှိပါတယ်။ ၀တ်ရည်က ပဲထမင်းကို ပဲနီလေးနဲ့ ချက်ထားတာပါ။ ကြက်သားဟင်းနဲ့ ငပိကြော်တို့နှင့် တွဲဖက်သုံးဆောင်ဖို့ သင့်လျော်ပါတယ်။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆန် – ၁ခွက်ခွဲ
  • ပဲနီလေး – ခွက် ၄ပုံ၂ပုံ (ရေစိမ်ထားပါ)
  • ရေ – ၃ခွက်ခွဲ
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)

  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံ
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • သစ်ဂျပိုး – ၁ခု
  • ဖာလာစေ့ – ၃စေ့
  • ကလဝေရွက် – ၂ရွက်
  • လေညှင်းပွင့် – ၃ပွင့်
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်း

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ၊ ထောပတ် တို့ကို အပူပေးပြီ အရည်ပျော်လျှင် ကြက်သွန်ဖြူ၊ နီ ဆီသပ်ပေးပါ။

၂။ ထို့နောက် ဖာလာစေ့၊ သစ်ဂျပိုး၊ လေညှင်း၊ ကလဝေရွက်တို့ကို ၁မိနစ်ခန့် ဆီသပ်ပေးပါ။

၃။ ပြီမှ ဆန်၊ ရေ၊ ဆား တို့ကို ထည့်ပြီ ထမင်း တ၀က်ထိ ကျက်သည်အထိ အဖုံးအုပ်ပြီ တည်ထားပေးပါ။

၎။ ထမင်း တ၀က်ကျက်သွားလျှင် ပဲနီလေးကိုထည့်ပြီ ရောမွှေပေးပါ။

၅။ ပြီလျှင် မီးနည်းနည်းဖြင့် အဖုံးအုပ်ပြီ ထမင်းကျက်သည်အထိ နုပ်ထားပေးပါ။

၆။ ထမင်းကျက်ပြီဆိုလျှင် အရသာရှိပြီ စားလို့ကောင်းတဲ့ ပဲထမင်း မွှေးမွှေးလေးကို ကြက်သားဟင်း၊ ငပိကြော်တို့ဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

—————————————————————————————————————

 

 

16 comments

  1. TNA says:

    ကျေးဇူးပါ။ စားချင်စဖွယ်လေးမို့လုပ်စားကြည့်လိုက်အုံးမယ်။

  2. hnin says:

    မွှေးနေတာပဲဗျို့

  3. tunnyinyihlaing says:

    ပဲထမင်းဆို ကြိုက်တယ်ဗျို့ မနက်တိုင်း ထမင်းဆီဆမ်းပဲပြုတ်စားနေကြဆိုတော့ လုပ်စားကြည့်လိုက်အုံးမယ်
    ချက်နည်းလေးတွက်ကျေးဇူးပါခင်ဗျာ

    • admin says:

      ဟုတ်ကဲ့ လုပ်စားကြည့်ပါနော်… စားလို့အရမ်းကောင်းပါတယ်..

  4. ThetHtweKo says:

    I like this. do you have new idea to cooking? if you have ,I want to know.
    thank you

  5. ၀တ်ရည်အောင် says:

    စားကောင်းမယ့်ပုံလေးပဲ

  6. Kinsan says:

    Thanks a lot. I will try to cook!

  7. လေးလေးမြင့် says:

    စားကောင်းမယ်ထင်တယ်။

  8. lai htin says:

    ကျေးဇူးပါ

  9. Aung Khin says:

    Want to order book online?

  10. Moung says:

    Is it cooking the same as with Yellow or Green-split pea ?

Leave a Reply

Your email address will not be published. Required fields are marked *