ကြက်ဥ ထမင်းကြော်

ကြက်ဥ ထမင်းကြော်

ဂျပန်စတိုင် ကြက်ဥ ထမင်းကြော် လေးပါ။ ခရမ်းချဉ်သီးဆော့၊ ကြက်ဥ နဲ့ တွဲဖက် စားသုံးရတာမို့ တမျိုး ကောင်းမွန်တဲ့ ထမင်းကြော်လေးပါ။ ချက်နည်းလေး ကြည့်ရအောင်….

ပါဝင်ပစ္စည်းများ

  • ကြက်ရင်ဗုံသား – ၁ခု (အတုံးသေးများတုံးပါ)
  • ထောပတ် – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • ကြက်သွန်နီ – ၁ခု (နှုတ်နှုတ်စဉ်းပါ)

  • မုန်လာဥနီ – ၁ခု (အတုံးသေးများတုံးပါ)
  • ထီးမှိုခြောက် – ၂ခု (ရေနွေးပြီဖြင့် ပြုတ်ပြီ အလယ်တိုင်ဖယ်ကာ အတုံးသေးတုံးပါ)
  • တရုတ် နံနံပင် – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်းပါ)
  • ထမင်း – ၄ယောက်စာ
  • ကြက်ဥ – ၁လုံး (ခလောက်ထားပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ချက်ပြုတ်နည်း

၁။ အရင်ဆုံး အတုံးများ တုံးထားသော ကြက်သားများကို ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့် (အနည်းငယ်ဖြင့် ရောနုယ်ထားပါ။

၂။ ဒယ်ထဲ ထောပတ်ထည့်ပြီ အရည်ပျော်လျှင် ကြက်သားများကို ထည့်၂မိနစ်ခန့် ကြော်ပေးပါ။

၃။ ကြက်သား ကျက်လျှင် မုန်လာဥနီ၊ မှိုများကို ထည့်ပေးပါ။

၎။ ထို့နောက် ထမင်းထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

၅။ အရသာအတွက် ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့် တို့ကို ထည့်ပေးပါ။

၆။ ထမင်းကြော် မွှေးမွှေးလေး ရပြီဆိုလျှင် ခလောက် ထားသော ကြက်ဥကို အပြားဝိုင်းကြော်ပေးပါ။

ရ။ ပြီမှ ကြက်ဥ အ၀ိုင်းပြား အလယ်ကို ထမင်း ၄ပုံ၁ပုံ ထည့်လိုက်ပြီ ဘေးတဖက်စီကို ပုံတွင်ပါသည့်အတိုင်း ခေါက်လိုက်ပါ။

၈။ ကြက်ဥလိပ်ရပြီဆိုမှ အလယ်က ထပ်ပိုင်းပိုင်းပေးပြီ အပေါ်မှ ခရမ်းချဉ်သီးဆော့လေးများ ဖြူးပေးပါ။

၉။ အရသာရှိသော ကြက်ဥ ထမင်းကြော်လေးကို သုံးဆောင်နိုင်ပါပြီ…

27 comments

  1. misan says:

    အစ်မအိမ်မှာ အလှူရှိရင်ပြောပါနော်…း)

  2. Hmone gyi says:

    wow a mike sar… wanna eat and will try 🙂

  3. tunnyinyihlaing says:

    မွှေးနေတာပဲ ထမင်းကြော်ဆိုကြိုက်ပြီးသား

  4. zar chi says:

    မ ရေကြော်စားလိုက်ဦးမယ် …
    ကျေးဇူးနော်…မပာင်းချက်နည်းစာအုပ်ထွက်ရင်
    ဘယ်မှာတင်မလဲဆိုတာပြောပေးဦးနော်
    အားပေးလျှက် 🙂

    • admin says:

      ဟုတ်ကဲ့။ sis ဟင်းချက်စာအုပ် ထွက်တာနဲ့ အကြောင်းကြားလိုက်ပါ့မယ်.. ကျေးဇူးပါ

  5.ွှThan Than Mu says:

    ကြိုက်သွားပြီ … ကျေးဇူးပါ

  6. Thiri says:

    ဝတ်ရည်ရေ
    သားနဲ့သမီးအတွက်ထမင်းဗူးထည့်ဖို့ရပြီ။
    ကျေးဇူးကမ္ဘာ

    • admin says:

      ဒီထမင်းကြော်ကို သားနဲ့ မီးမီး ကြိုက်မှာ သေချာတယ်…

  7. Thiri says:

    ညီမလေးရေ
    ဆန်ပြုတ်လုပ်နည်းလေးတင်ပေးးပါဦးနော်။
    တရု
    တ်တန်းကဆန်ပြုတ်လိုငါးရံ/ဘဲသား/အီကြာကွေးလေးနဲ့လေ

  8. uyemyo says:

    VeryGood
    Thank u

  9. sandar says:

    အစ်မရေအခုပိုစ်နဲ.တော.မဆိုင်ပေမယ်.အစ်မရဲ.တစ်ချို. အစားအသောက်တွေလုပ်စားဖို.က oven လိုလို. Oven နဲ.ပတ်သက်တဲ.သုံးနည်းလေးရယ်၊ ဘယ်လိုမျိုးဝယ်ရင်ကောင်းမလဲမသိလို.ပါ၊နည်းနည်းရေးပေးပါလို.
    အစ်မပိုစ်ထဲကအတိုင်းအိမ်ကိုလည်းလုပ်ကျွေးချင်လို.ပါ။ အကြောင်းပြန်ပေးပါနော်၊ ကျေးဇူးတင်ပါတယ်။

  10. cho kyi san says:

    i like your website. i find this it too late for me.sister may i ask some question about some kitchen tools.
    especially for grill tools

    • admin says:

      ဟုက်ကဲ့ သိချင်တာရှိရင် မေးလို့ရပါတယ်။ ၀တ်ရည် အတတ်နိုင်ဆုံး ပြန်ပြောပြပေးပါ့မယ်.. ကျေးဇူးပါနော်

  11. Ei says:

    this one is for my son. thanks alot sis

  12. khin says:

    အစ်မချက်ထားတဲ့ဟင်းတွေကိုစားချင်လိုက်တာ။

  13. Wendy says:

    သိပ်လွယ်ပြီးသိပ်ကေင်းပါတယ်။ ဘာဟင်းချက်၇မလဲလို့စဉ်းစားစရာမလိုတော့ဘူး။ ကျေးဇူးအများကြီးတင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *