မလေးရှားစတိုင် အုန်းထမင်း

မလေးရှားစတိုင် အုန်းထမင်း

မလေးရှားစတိုင် အုန်းထမင်းနှင့် ကြက်သားဟင်းလေးပါ။ မြန်မာ အုန်းထမင်းနဲ့ ချက်နည်း ခပ်ဆင်ဆင်ပေမယ့် အနံ့ရော၊ အရသာပါ ကွဲပါတယ်။ မလေးရှားစတိုင် အုန်းထမင်းမှာ ငရုတ်သီးပါတာမို့ စပ်စပ်လေးနဲ့ တမျိုး စားလို့ကောင်းပါတယ်။ ချက်နည်းလေးကို တူတူကြည့်ရအောင်…

အုန်းထမင်းအတွက် ပါဝင်ပစ္စည်းများ

  • အုန်းနို့နှစ် – ၁၀၀ ဂရမ်
  • ဆန် (basmati) – နို့ဆီဘူုး ၂လုံး ( ၂ရေ၊ ၃ရေ ဆေးထားပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၃ဇွန်း
  • ရေ – နို့ဆီဘူး ၃လုံး

  • ဆနွင်း – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ကြက်သွန်နီ – ၂လုံး (ပါးပါးလှီးပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ပျဉ်တော်သိမ်းရွက် – ၄-၅ရွက်
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်
  • ငရုတ်သီးနီ – ၂တောင့် (ပါးပါးလှီးပါ)
  • နံနံပင် – အလှဆင်ရန်

အုန်းထမင်း ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီပူထိုးပေးပါ။

၂။ ပြီမှ ဆနွင်းမှုန့်၊ အုန်းနို့နှစ်၊ ပျဉ်တော်သိမ်းရွက်၊ ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်တို့ကို ထည့်ပေးပြီ ၁မိနစ်ခန့် တည်ထားပါ။

၃။ ထို့နောက် ဆန်ထည့်ထားသော ထမင်းအိုးထဲသို့ အုန်းနို့နှစ်၊ ရေ(၃ခွက်) တို့ကို ထည့်ပြီ ရောမွှေလိုက်ပါ။

၎။ ရိုးရိုးထမင်းချက်သလိုပဲ Rice Cooker ဖြင့် ချက်ပေးပါ။

၅။ အုန်းထမင်း ရရချင်း မခူးပဲ warm ထားပြီ ခဏနုပ်ထားပေးပါ။

၆။ အရသာအနေတော်လျှင် အုန်းထမင်းပေါ်မှ ငရုတ်သီး၊ နံနံပင်တို့ကို ဖြူးပြီ အရသာရှိစွာ ကြက်သားဟင်းဖြင့် တွဲဖက်သုံးဆောင်လို့ရပါပြီ…

ကြက်သားဟင်းအတွက် ပါဝင်ပစ္စည်းများ

၁။ ကြက်သား – ၄၀ကျပ်သား (အတုံးကြီးများ တုံးပါ)

၂။ ကြက်သွန်နီ – ၆လုံး (နှုတ်နှုတ်စဉ်းပါ)

၃။ ကြက်သွန်ဖြူ – ၄မွှာ (နှုတ်နှုတ်စဉ်းပါ)

၎။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်း အရည်ညှစ်ပါ)

၅။ အရောင်တင်မှုန့် (ငရုတ်သီးမှုန့်) – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း

ရ။ ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်း

၈။ နံနံပင် – ၁စည်း

ကြက်သားဟင်း ချက်ပြုတ်နည်း

၁။ ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သား၊ ကြက်သွန်နီ(တ၀က်)၊ ကြက်သွန်ဖြူ(တ၀က်)၊ ဂျင်း၊ ဆား၊ ကြက်သားမှုန့်)တို့ကို ရောနုယ်ထားပြီ ရေခဲသတ္တာထဲတွင် နာရီဝက်မျှ နုပ်ထားပေးပါ။

၂။ ပြီမှ မချက်ခင် ၅မိနစ်လောက် အပြင်ကို ကြိုထုတ်ထားပေးပါ။

၃။ ဒယ်ထဲသို့ ဆီ(စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီ ဆီပူလာလျှင် ကျန် ကြက်သွန်ဖြူ၊ နီ(တ၀က်)ကို ဆီသပ်ပေးပါ။

၎။ ပြီနောက် အရောင်တင်မှုန့်ထည့်လိုက်ပါ။

၅။ ထို့မှ နုပ်ထားသော ကြက်သားများကို ရောမွှေကာ ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် လုံးချက်ပေးပါ။

 

 

14 comments

  1. saokyawaung says:

    Thank You For Ur Information !!!

  2. Ei Phyo says:

    အမရေ ထမင်းချက်လို့ရေချိန်ရင်အုန်းနို့ပါထည့်
    တွက်ရမှာလား? သက်သက်ထပ်ထည့်
    ရမှာလားဟင်၊ ကျေးဇူးတင်ပါတယ်နော်

  3. Khaing Wint Wah says:

    မ၀တ်ရည်ရေကျေးဇူးပဲနော်ဝင့်ရဲ့ချစ်သူကအုန်းထမင်းအရမ်းကြိုက်တာဒီနည်းအတိုင်းချက်ကျွေးလိုက်ရင်တော့သူ့အရမ်းကြိုက်မှာကျေးဇူးပဲနော်မမ၀တ်ရည်ရေ

  4. Ma Lwin Mar says:

    မ၀တ်ရည်ကျေးဇူးအထူးပါ ဟင်းချက်နည်းတွေကြည့်ပြီးချက်စားဖြစ်ပါတယ် အမြဲအားပေးနေမယ်နော်။

  5. မဝင်းဝင်းမေ says:

    င်္ညီမလေးရေ
    အုန်းထမင်းကို rice cooker နဲ. ချက်တာ သိတ်အဆင် မပြေချင်ဘူး။ ထမင်းမပွက်ခင် ခလုတ်ပြန် တက်တက် သွားလို. မွှေပေးလိုက် ခလုတ် ပြန်နှိပ် လိုက် ရေနွေးထပ်ထဲ.လိုက်နဲ.၃ – ၄ ခါ ကျမှ ကျက်တော.တယ်။ အကြံကောင်းလေး ရှိယင် ကူညီပါဦးနော်။ ထောပတ်ထမင်း ရိုးရိုးထမင်း ချက်တော.ပုံမှန်အတိုင်း ကျက် ပါတယ်။ ကျေးဇူးပါနော်။

    • admin says:

      Rice cooker ကြောင့် ဖြစ်မယ် sis.. ရိုးရိုးထမင်းချက်သလို၊ အုန်းထမင်းကို ချက်ရုံပဲ.. 🙂

Leave a Reply

Your email address will not be published. Required fields are marked *