အိမ်လုပ် အီကြာကွေ

အီကြာကွေ (ရခု)

မနက်စာ၊ အစာပြေ ကော်ဖီပူပူလေး တွဲစားဖို့ အိမ်လုပ် အီကြာကွေလေးပါ။ အဝေးရောက် မြန်မာတွေ အလွမ်းပြေ အီကြာကွေလေး အိမ်မှာ ကိုယ်တိုင် လုပ်စားနိုင်ဖို့ပါ။ လုပ်နည်းအဆင့်ဆင့်ကို ပုံနှင့် တကွဖော်ပြပေးထားတာမို့ လုပ်ရတာလည်း လွယ်ကူမှာပါ။ ခုပဲ အီကြာကွေ ကြွပ်ကြွပ်လေးကို လုပ်ကြည့်ရအောင်…

preparation time: 4 hrs ၊ cooking time: 15 mins

ပါဝင်ပစ္စည်းများ

  • ရေ – ခွက် ၄ပုံ၃ပုံ
  • ဂျုံ – ၂ခွက် (သို့) ၂၅၀ ဂရမ်
  • yeast – လက်ဖက်ရည်ဇွန်း တ၀က်
  • baking ဆိုဒါ – လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း

မှတ်ချက် ။ ။ Instant Yeast၊ baking ဆိုဒါ City Mart တွင် ၀ယ်ယူနိုင်သည်။

ပြင်ဆင်နည်း

၁။ အရင်ဆုံး ဇလုံတစ်ခုထဲသို့ ဂျုံ နှင့် ဆီ မှ လွှဲ၍ (ရေ၊ yeast၊ ဆိုဒါ၊ သကြား၊ ဆား) တို့ကို ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။

၂။ ပြီနောက် ၅မိနစ်ခန့် အမြုပ်ထလာအောင် စောင့်ပြီမှ ဂျုံမှုန့်၊ ဆီ ထည့်ပြီ ဇွန်းဖြင့် သမအောင် ရောမွှေပါ။

၃။ ဂျုံဒိုး နာနာနုယ်ပြီဆိုလျှင် လက်တွင် ဂျုံကပ်ပေးပြီ ဒိုးကို ပုံတွင်ပါသည့်အတိုင်း ၈ချက် ထိုးပေးပါ။

၎။ ပြီနောက် ဂျုံဘေးသားကို ဆွဲပြီ ပုံတွင် ပါသည့်အတိုင်း ၄ခေါက်ခေါက်ပေးပါ။

၅။ ပြီလျှင် ဂျုံဒိုးကို တဖက်လှန်ပြီ ၈ချက်ထိုး၊ ၄ခေါက်ခေါက် နည်းအတိုင်း ၃ကြိမ် ပြုလုပ်ပေးပါ။

၆။ ဒိုးရပြီဆိုလျှင် ပလတ်စတစ် အကြည်ကို ဆီအနည်းငယ် သုတ်ပြီ ဂျုံဒိုးကို ပတ်ပေးပါ။

ရ။ ပလတ်စတစ်နဲ့ အုပ်ပြီ ၄နာရီခန့် အခန်းအပူချိန်ဖြင့် နုပ်ထားပေးပါ။

အီကြာကွေ ပြုလုပ်နည်း

၁။ ဒိုးရပြီဆိုလျှင် ပလတ်စတစ်ကို ခွာပြီ ဒိုးကို ဂျုံမှုန့်များ ဖြူးပေးပါ။

၂။ ပြီလျှင် ပုံတွင် ပါသည့်အတိုင်း လက်နှစ်ဖက်ဖြင့် ဂျုံဒိုးကို ဘေးတိုက်အရှည်လိုက် အသာလေး ဖြန့်သွားပါ။

၃။ ပြီနောက် ဂျုံဖြတ်ဓား(သို့)ဖြတ်ပြားဖြင့် ၁လက်မအကျယ်၊ အရွယ်လေးများ ပိုင်းဖြတ်ပါ။

၎။ ပြီမှ ဂျုံဒိုးပြား ၂ခုဆီ ထပ်လိုက်ပါ။

မှတ်ချက်။ ။ ဂျုံဒိုးလုပ်နေစဉ် ဒယ်ထဲ ဆီများများ ထည့်ပြီ ပူအောင် တည်ထားပါ။

၅။ ပြီနောက် ပုံတွင် ပါသည့်အတိုင်း တူဖြင့် အလယ်မှ ဂျုံဒိုးပြားကို ဖိလိုက်ပါ။

၆။ အီကြာကွေ စကြော်လို့ရပါပြီ။ ဆီပူနေသော ဒယ်ကို မီးအသင့်တင့်သာ ထားပါ။ ဒိုးကို လက်ဖြင့် အသာအယာ ဆွဲဆန့်ပြီ ဒယ်ထဲ ထည့်ကာ တူဖြင့် တဖက်စီ လှန်ပေး၍ အညှိရောင်သန်းလာသည်အထိ ကြော်ပေးပါ။

ရ။ ထိုနည်းအတိုင်း ကျန်အီကြာကွေများကို ပြုလုပ်ပေးပါ။

၈။ အီကြာကွေ ကြွပ်ကြွပ်လေးကို ကော်ဖီပူပူလေးနဲ့ဖြစ်စေ တွဲဖက်သုံးဆောင်လို့ရပါပြီ…

81 comments

  1. ko Htwe says:

    ကောင်းးပါတယ် မဝတ်ရည်..
    ဒါပေမဲ့ တစ်ခုတောံအကြံပြုပရစေလား..
    အချိန်အတွယ်လေးတွေကိုရေးသားဖေါ်ပြတဲ့အခါမှာ..
    လေ့လာလိုသူ အများသူငါ..သိနားလည်လွယ်စေမဲ့..ပုံစံလေးနဲ့ဖေါ်ပြပေးမယ်ဆိုရင်..
    ပိုလို့ကောင်းလိမ့်မယ်လို့ထင်ပါတယ်..( ခွက် )ဆိုတဲ့အသုံးအနှုံးအစား..ဂရမ်- ကီလို -ပိဿာ-ကျပ်သား
    စသဖြင့် ပေါ့..ဒီလိုဆို အများသူငါ နားလည်လွယ်စေတာမို့..ပိုအကျိုးရှိလိမ့်မယ်လို့ထင်ပါတယ်..
    ကျွန်တော်ကတော့ နားလည်ပါတယ်..ဘာဖြစ်လို့လည်းဆိုတော့..( ကျွန်တော်က Executive Chef ပါ )

    • admin says:

      ဟုတ်ကဲ့။ ခုလို အကြံပေးတာ ကျေးဇူးပါ။ ကြိုးစားပြီ တင်ပေးပါ့မယ်။ 🙂

      • yadanr says:

        မင်္ဂလာပါ..ညီမ..ညီမပေ့ တွေဖတ်ရတာအလွန်ကောင်းပါတယ်။အဝေးရောက်နေတဲ့သူတွေအတွက်အရမ်းကိုမဆင်ပြေပါတယ်။ကျေးဇူးလဲအများကြီးတင်ပါတယ်။တခုလောက်အကြံပြူပါရဝေ..အစားသောက်ပြင်ဆင်တာတွေကတချို့ ဟာဆိုသိပ်နားမလည်ဘူး…ဥပမာ(ခွက်3ပုံ1ပုံ)ဆို..ဘယ်လို့ခွက်နဲ့တိုင်းရမှာလဲ..အဲ့လို့ လေတွေဆိုမှန်းရခက်တာတွေရှိလို့ ပါ။ပြင်ဆင်ပုံလေကိုပုံနဲ့ဖော်ပြတာအရမ်းကောင်းပါတယ်။ကျေးဇူးတင်ပါတယ်။

        • admin says:

          ခွက်ဆိုတာ အသုံများတဲ့ measurement ခွက် ကိုပြောတာပါ။ ဟုတ်ကဲ့ ခုလို အကြံပေးတာ ကျေးဇူးတင်ပါတယ်.. 🙂

    • khin Oo says:

      good suggestion and i also not know 3/4 cup.
      all measurement is post by ml or gram is more better for us.

  2. Kyaw Wai says:

    ရေ နဲ့ ဂျုံ အတွက် သုံး တဲ့ ခွက် size လေး သိပါရစေ။ ကျေး ဇူး ပါ။

  3. aunty pauk says:

    အီကြာကွေးလုပ်နည်းအဆင့်ဆင့်ကိုပုံလေးတွေနဲရှင်းရှင်းလင်းလင်းတင်ပေးတဲ့အတွက်ကျေးဇူးအထူးပါညီမရေ။

  4. ဖြူ says:

    ကျေးဇူးပါ မဝတ်ရည် စားချင်စဖွယ်လေးမို့ 
    အခုတောင်စားလိုက်တော့မယ်နော်။

  5. Cassandra Su says:

    ကောင်းလိုက်တာ ဝတ်ရည်နည်းနဲ့ လုပ်စားကြည်ဦးမယ် .

  6. Than Than Yin says:

    Thanks…Wutyee lay , I ‘ll try it…….

  7. ဝတ်ရည်ရဲ့နည်းနဲ့ အစားအစာတော်တော်များများ လုပ်စားဖြစ်တယ်။ ဝတ်ရည်နည်းလေးတွေက လိုက်လုပ်ရ လွယ်သလို စားလို့လည်း ကောင်းလို့ ကျေးဇူးအများကြီး တင်ပါတယ်။ အခုလည်း အီကြာကွေး လုပ် နည်းလေးတစ်ခု ထပ်တိုးသွားပြီ။ နောက်ထပ်လည်း ဝတ်ရည်ချက်တဲ့ ဟင်းအသစ်တွေ မျှော်နေမယ်နော်။ 🙂

    ခင်မင်လျက်
    မြဝတီဇော်

    • admin says:

      ဟုတ်ကဲ့ ကျေးဇူးပါနော်။ နောက်ပိုင်း ကြိုးစားပြီ ဟင်းတွေ များများတင်ပေးမယ်နော်.. 🙂

  8. Hmone gyi says:

    wow wow… tal tal lay kaung mae pone bae…i remember the ei kyar kwar which i ate together with you at pathein 🙂 miss you my twin

    • admin says:

      haa ငါအမွှာလေးတောင် လွမ်းလာပြီ.. မြန်မြန်ပြန်လာခဲ့တော့…

  9. mawmaw says:

    thanks sis

  10. Khaing Wint Wah says:

    ကျေးဇူးပဲမ၀တ်ရည်ရေ၀င့်တစ်ခါမှမလုပ်ဖူးဘူးကြိုးစားပြီးလုပ်မယ်နော်နောက်ထက်လဲနည်းလမ်းလေးတွေပို့ပေးပါဦးနော်

  11. yingsaung says:

    ကျေးဇူပါဘဲနော်။ အိမ်မှာလုပ်တာ ကြော်ပြီးမကြာဘူး ပျော့သွားလို့လေ။ ပီကင်း ဆိုဒါထည့်ဖို့လိုတယ်ထင်တယ်နော်။ မထည့်ဘဲ လုပ်တာလေ။ပြန်လုပ်စားကြည့်အုံးမယ်။

    • admin says:

      ကြော်ပြီပြီခြင်း ဆီစုတ်စက္ကူ(သို့) ဆီစစ်ထားပေးပါ။ အဲဒါဆို ချက်ချင်း မပျော့တော့ဘူး.. ကျေးဇူးပါ

  12. Tin Tin Oo says:

    Thanks WUTYEE,

  13. moon says:

    လုပ်စားချင်တာ instant yeast မဝယ်ရသေးလို့…
    မမဝတ်ရည်ကအကုန်လုပ်တတ်တာပဲ…နောက်လဲ
    မုန့်လုပ်နည်းတွေတင်ပေးပါဦးနော်..မမဝတ်ရည်
    ပျော်ရွှင်ပါစေ…:)

  14. sengphu says:

    ကျေးဇူးတင်ပါတယ်chef wutyeeသိချင်တဲ့ဟင်းချက်နည်းအမျိုးမျိုးတွေသိလိုက်ရတယ် ချက်စားဖြစ်တယ် ဘေးနား မှာရပ်နေပြီး သင်ပေးအတိုင်းဘဲ အရမ်းစားလို့ကောင်းတယ်။

  15. Moee says:

    Thank you so much … Ma yae .. I will try

  16. Ma Khine says:

    Thank You ဝတ်ရည် ..
    ဝတ်ရည်နည်းနဲ့ လုပ်ကြည့်တယ် ..
    မဆိုးဘူး .. ဖြစ်တော့ဖြစ်တယ် .. ဂျုံမှုန့်ထည့်တာ နည်းနည်းများသွားလားတော့ မသိဘူး .. အရမ်းပွပွလေး ဖြစ်မနေဘူး ..
    ပလပ်စတစ်နဲ့ ပတ်ပြီး နှပ်ထားတုန်းက ဂျုံက ပွ ပွ လာတယ်နော် .. ဟုတ်တယ် မလားဟင် .. ပလပ်စတစ်ကို နည်းနည်း လျှော့ပေးလိုက်တယ် .. အရမ်းတင်းပြီး ပေါက်ထွက်မလိုပဲ ..

    • admin says:

      ပလပ်စတစ်က ဆီလေးသုတ်ပြီ နုယ်ထားတဲ့ ဂျုံဒိုးကို အုပ်ရပါတယ်။ ၀တ်ရည်လုပ်တာတော့ အရမ်းပွမလာဘူး။ ပုံမှာ ပြထားတဲ့ အနေထားအတိုင်းပဲ။ 🙂

  17. nay lin says:

    Thank u so much !!!!!

  18. မြတ် says:

    instant yeast နဲ့ dry yeast အတူတူပဲလားညီမလေး နည်းလေးတွေအတွက်ကျေးဇူးပါ

    • admin says:

      Instant yeast ရော dry yeast ရော ပါမုန့်၊ မုန့်ဖုတ်ရင် သုံးတာတော့ တူတူပါပဲ အစ်မ။ ဒါပေမယ့် Dry yeast က မသုံးခင် ရေနွေးနဲ့ပဲဖြစ်ဖြစ် ဖျော်ပြီ ထည့်သုံးလို့မှ၊ ပွတာ။ Instant yeast ကျတော့ အဲဒီလို မလိုဘူး။ ကျေးဇူးပါ

      • thinthin says:

        what instant yeast

        • admin says:

          Instant yeast = မုန့်ဖုတ်ရာမှ သုံးတဲ့ ပွအောင်တဲ့ မှိုတစ်မျိုးပါ။

          • Wunthar says:

            Yeast ကို ဗမာလို (တဆေး)လို့ ခေါ်ပါတယ်။ မုန့်ပျားသလက် မုန့်ရည်အချဥ်ဖောက်ရင် သုံးတဲ့ဟာမျိုးပါ။ ကြာကြာဖောက်ထားရင် ချဥ်စော်နံလာပါတယ်။

          • Wunthar says:

            Yeast ဆိုတာ ဗမာလိုခေါ်ရင် “တဆေး” ပါပဲ။ မုန့်ပျားသလက်/မုန့်ဖောက်ကြော်/ဘိန်းမုန့် နဲ့ တခြားမုန့်မျိုးစုံ လုပ်ရာမှာ မုန့်ပွအောင် အချဉ်ဖောက်ဖို့ သုံးပါတယ်။
            Instant yeast ဆိုတာ ချက်ချင်းသုံးလို့ရအောင် လုပ်ထားတာ ဖြစ်ပါလိမ့်မယ်။ မသုံးဖူးသေးလို့ အကြောင်းမသိပါဘူး။
            Yeast အခြောက်ကို ပြန်နှိုးပြီးမှ သုံးရပါတယ်။ သုံးတတ်ရင် အလွန်ကောင်းပါတယ်။ ၄ဝ ဒီဂရီ စင်တီဂရိတ် (သို့) ၁ဝဝ ဒီဂရီ ဖာရင်ဟိုက် (ကိုယ်အပူချိန်ထက် ပိုနွေးရုံပဲရှိတဲ့/ဖျားတယ်ဆိုရုံလောက် အပူချိန်ရှိတဲ့) ရေထဲမှာ သကြားဖြစ်ဖြစ် နွားနို့ (အစိမ်းဆိုရင်ပိုကောင်းတယ်)ဖြစ်ဖြစ် နည်းနည်းလေး ထည့်ပေးရပါတယ်။ Yeast/တဆေး အလေးချိန်ထက် ၄-၅ ဆလောက်ပေါ့။ များသွားလည်း ရပါတယ်။ Yeast/တဆေးဆိုတဲ့မှိုတွေအတွက် နိုးထလာပြီး အားဖြစ်စေဖို့ အာဟာရပါ။ အဲဒါကို သမအောင်မွှေ ဖျော်ပြီး အခန်းအပူချိန်မှာ ၁၅-၂ဝ မိနစ်လောက်ထားလိုက်ရင် Yeast/တဆေး တွေ မျက်နှာပြင်ပေါ်မှာ ပေါလောပေါ်လာပါတယ်။ အဲဒီအချိန်မှာ ကိုယ်ရောမယ့် ဂျုံမှုန့် ဆန်မှုန့်တွေနဲ့ရောနယ်ရုံပါပဲ။ ဆော်ဒါကို Yeast/တဆေး နဲ့တွဲမထည့်ဘဲ နောက်ဆုံးမှထည့်ရင် ပိုကောင်းမယ်လို့ အတွေ့အကြှုံအရ အကြံပေးချင်ပါတယ်။
            ပေါင်မုန့်လုပ်ရင် ဂျုံမှုန့် ၁ ကီလို (၁ဝဝဝ ဂရမ်) အတွက် Yeast/တဆေး အခြောက်မှုန့် ၈ ဂရမ်ပဲ ရောခိုင်းပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ၁ဝ ဂရမ်လို့ယူဆပြီး ဂျုံအလေးချိန်ရဲ့ အပုံ ၁ဝဝ ပုံရင် ၁ ပုံထည့်တယ် (၁း၁ဝဝ) လို့ အလွယ်မှတ်ထားနိုင်ပါတယ်။ ဆန်မှုန့်တပိဿာကို Yeast/တဆေး အခြောက်မှုန့် ၁ ကျပ်သားလို့ဆိုပါစို့။
            အဲဒီလိုနယ်ထားတဲ့မုန့်သားကို ၂ နာရီလောက် အခန်းအပူချိန်မှာ အဝတ်စိုလေးနဲ့အုပ်ထားရင် မုန့်သား ၂ ဆ ၃ ဆ လောက် ပွတက်လာမှာမလွဲပါဘူး။ ကျန်တဲ့ အရောအနှောကိုတော့ လိုသလို ကွန့်လို့ရပါတယ်။ ညသိပ်ထားရင်လည်း မုန့်ပွအား ပိုပြီးကောင်းတယ်၊ ဒါပေမယ့် အချဉ်နံ့ထွက်ချင်ထွက်လာနိုင်တယ်။
            သတိထားဖို့က မုန့်ပေါက်တာများသွားရင် ကြော်တဲ့အခါ သိပ်မွပြီး ဆီစုပ်မယ်၊ ဆီကျန်နေတာများမယ်၊ အီမယ်၊ အစာမကြေဖြစ်မယ်၊ လူတိုင်းကြှိုက်မှာ မဟုတ်ဘူး။ ကျန်းမာရေးနဲ့ မညီညွတ်ဘူး။ ဒါကြောင့် မုန့်ပွအားကို ကိုယ်လုပ်မယ့်မုန့်ပေါ်မူတည်ပြီး ချင့်ချိန်ပြီးဖောက်ဖို့လိုပါမယ်။
            အီကြာကွေးကိုတော့ ကြော်မကြည့်ရသေးလို့ မဝတ်ရည်ပြောတဲ့အတိုင်း စမ်းကြည့်ပါဦးမယ်။ နည်းယူလို့ရတဲ့အတွက် ကျေးဇူးပါ တူ/တူမများ။

          • Wunthar says:

            အရပ်ထဲကအခေါ်အဝေါ်တွေနဲ့ နိုင်ငံတကာမှာ ညွှန်းနေတဲ့ အချိန်အတွယ်တွေ အများကြီးကွာနေတာ သတိထားပါ။ လဘက်ရည်ဇွန်း ဆိုတာက အိမ်မှာ လဘက်ရည်မွှေတဲ့ဇွန်းကို ညွှန်းတာမဟုတ်ပါဘူး။ (ကလေးဆေးတိုက်တဲ့ဇွန်း ၁ ဇွန်း အပြည့်) 5 ml ပါ။ အိမ်သုံး လဘက်ရည်မွှေတဲ့ဇွန်းက 1 – 2 ml လောက်ပဲရှိပြီး ပုံမှန်အရွယ်မရှိပါဘူး။ စံထားလို့မရပါဘူး။ ဒါပေမယ့် အတော်များများကတော့ ဒီလိုပဲ ညွှန်းနေ သုံးနေကြပါတယ်။
            သာမန် ထမင်းစားဇွန်း ၁ ဇွန်း ဟာ 10 cc(10 ml) လောက်ရှိလို့ ဒီအတိုင်းအတာတွေမှာ မပါပါဘူး။
            စားပွဲဇွန်း/ထမင်းစားဇွန်း လို့ပြောရင် ထမင်းအုပ်မှာသုံးတဲ့ဇွန်းလောက်ရှိတယ်လို့ မှတ်ထားနိုင်ပါတယ်။ သေချာချင်ရင်တော့ 20 ml တခါသုံးဆေးထိုးအပ် တချောင်းလောက်ဝယ်ပြီး ချိန်တွယ်မှတ်သားထားပါ။ တိုင်းလို့လွယ်ပါတယ်။

            Kitchen Measurement Conversion Tables
            Liquid or Volume Measures (approximate)
            1 teaspoon = 1/3 tablespoon = 5 ml (
            1 tablespoon = 1/2 fluid ounce = 3 teaspoons = 15 ml (15 cc)
            2 tablespoons = 1 fluid ounce 1/8 cup, 6 teaspoons 30 ml, 30 cc
            1/4 cup 2 fluid ounces 4 tablespoons 59 ml
            1/3 cup 2 2/3 fluid ounces 5 tablespoons & 1 teaspoon 79 ml
            1/2 cup 4 fluid ounces 8 tablespoons 118 ml
            2/3 cup 5 1/3 fluid ounces 10 tablespoons & 2 teaspoons 158 ml
            3/4 cup 6 fluid ounces 12 tablespoons 177 ml
            7/8 cup 7 fluid ounces 14 tablespoons 207 ml
            1 cup 8 fluid ounces/ 1/2 pint 16 tablespoons 237 ml
            2 cups 16 fluid ounces/ 1 pint 32 tablespoons 473 ml
            4 cups 32 fluid ounces 1 quart 946 ml
            1 pint 16 fluid ounces/ 1 pint 32 tablespoons 473 ml
            2 pints 32 fluid ounces 1 quart 946 ml 0.946 liters
            8 pints 1 gallon/ 128 fluid ounces 4 quarts 3785 ml 3.78 liters
            4 quarts = 1 gallon/128 fluid ounces 1 gallon = 3785 ml 3.78 liters
            1 liter = 1.057 quarts = 1000 ml
            1 gallon = 4 quarts = 128 fluid ounces = 3785 ml 3.78 liters

            Dry Or Weight Measurements (approximate)
            1 ounce 30 grams (28.35 g)
            2 ounces 55 grams
            3 ounces 85 grams
            4 ounces 1/4 pound 125 grams
            8 ounces 1/2 pound 240 grams
            12 ounces 3/4 pound 375 grams
            16 ounces 1 pound 454 grams
            32 ounces 2 pounds 907 grams
            1/4 pound 4 ounces 125 grams
            1/2 pound 8 ounces 240 grams
            3/4 pound 12 ounces 375 grams
            1 pound 16 ounces 454 grams
            2 pounds 32 ounces 907 grams
            1 kilogram 2.2 pounds/ 35.2 ounces 1000 gram

  19. Chitpan says:

    Thank you so much Ma Wutyee…m testing it now hehe..

  20. june says:

    Thanks Wutyee…

  21. Cin Do says:

    ကျေးဇူးပါ။ အီကြာကွေးက မ ကြွပ်ဘူးဖြစ်နေတယ်။ ဘာလိုလည်းမသိဘူး

    • admin says:

      ဒီတစ်ခါကြော်ရင် ဆီများများနဲ့ ထည့်ကြော်ကြည့်ပါ။

  22. မ် က္သား ညိူ says:

    ဝတ်ရည်
    ဘာ မှားနေ လဲ မ သိ ဘူး စမ်း ကြ ည်. တာ မ၇ ဘူး ဂျူံ က လုံး ၀ မ ပွ ဘူး

    pls advise .

    မ် က္သား ညိူ

    • admin says:

      ဟုတ်၊ yeast ထည့်ရင်တော့ ပွကိုပွရမှာ။ ဖြစ်နိုင်တာက၊ တချို့ yeast တွေက expire ဖြစ်နေတာလို့၊ အပြင်မှာ ထားတာ ကြာရင် မပွတော့ဘူး။ Yeast အသစ်ဝယ်ပြီ ထပ်စမ်းကြည့်ပါ၊ ပွပါလိမ့်မယ်

  23. mayhnin says:

    လက်ဖက်ရည်ဇွန်းနဲ့စားပွဲတင်ဇွန်းမကွဲဖူးညီမလေး အချိုးအစားမှားမှာစိုးလို့ပြောပြပေးအုံးနော် thank

    • admin says:

      စားပွဲတင်ဇွန်းဆိုတာ ဟင်းပွဲမှာ သုံးတဲ့စတီးဇွန်းကို ပြောတာပါ။ လက်ဖက်ရည်ဇွန်းက လက်ဖက်ရည်ဖျော်တဲ့အခါ သုံးတဲ့ဇွန်းသေးကို ပြောတာပါ…

  24. waiyan says:

    ဂျုံလုပ်တာက တစ်ခုနဲ့တစ်ခုမတူကြဘူးနော် ဂျုံတစ်မျိုးထဲနယ်ပြီး ပေါက်စီရော အီကြာကွေးရော လုပ်လို့ရလား

  25. July says:

    For the water we hav to put 3/4 with the measuring cup like in the picture. So it will be 450 ml. I am just wrong ?? For the flour do we hav to also measure with the measuring cup ?? Thank you

  26. Wunthar says:

    မြန်မာနဲ့ နိုင်ငံတကာ အလေးချိန် ဆက်နွယ်ပုံ (အနီးဆုံးကိန်း)
    ၁ ပိဿာ = ၃.၆ ပေါင် = ၁၆၃ဝ ဂရမ် (၁.၆၃ ကီလို)
    ၂၇ ကျပ်ခွဲသား = ၁ ပေါင် = ၄၅၄ ဂရမ်
    ၆၂ ကျပ်ခွဲသား = ၂.၂ ပေါင် = ၁ဝဝဝ ဂရမ် (၁ ကီလို)
    ၁ ကျပ်သား = ဝ.၅၇ အောင်စ = ၁၆ ဂရမ်

  27. Wunthar says:

    Some common volume measures in English-speaking countries, in millilitres (mL)
    Measure AUS CAN UK FDA[5] USA
    Teaspoon 5 5 4.93
    Dessertspoon 10 — —
    Tablespoon 20 15 15 14.79
    Fluid ounce 28.41 30 29.57
    Cup 250 284.1 240 236.59
    Pint† 570 568.26 — 473.18
    Quart 1136.52 — 946.35
    Gallon 4546.09 — 3785.41

    • Wunthar says:

      အပေါ်မှာတင်လိုက်တဲ့ဇယားက ပုံပျက်နေတယ်။ ဖတ်လို့ နားလည်မှာမဟုတ်ဘူး။ နောက်မှ ထပ်တင်ပေးပါမယ်။

  28. စိုင်း says:

    ဂျုံနယ်နည်းလေး သိချင်ပါတယ်ဗျာ။ ဘယ်လိုအနေထားထိ ရောက်အောင်နယ်ရမယ်ဆိုတာကိုပေါ့နော်။ ခုရှင်းပြထားတဲ့အထဲမှာ ၂၅၀ ဂရမ်ကိုမှ ရှစ်ချက်ထိုးခိုင်းတာ ၁ ကီလိုဆိုရင် ၃၂ ချက်ထိုးရမှာလား။ ဥပမာ ပလာတာဆိုရင် ဂျုံကိုချောသွားသည်အထိ နယ်ရတယ်လို့ကြားဖူးပါတယ်။ ဒါကြောင့် ဘယ်အခြေနေထိ နယ်ရမယ်ဆိုတာ ရှင်းပြပေးပါဦးဗျာ။

  29. myatmyattun says:

    ညီမလေးရေ
    အမလုပ်တဲ့အီကြာကွေးကလေ ကြော်တဲ့အခါမှာ ပွမလာဘဲ ကျစ်နေသလိုဘဲ မရဘူးဖြစ်နေတယ် ၊ အမတို့ဆီမှာ All purpose flour ဘဲတွေ့လို့သုံးလိုက်တယ် flour မတူလို့လား wheat flour ကိုဘဲသုံးရမလား အကြံပေးပါအုံးနော်
    ကျေးဇူးတင်လျှက်
    ညီမလေး ဒီထက်မက အောင်မြင်မှု့အပေါင်းတွေအများကြီးရပြိး ဟင်းတွေလဲ အများကြီးချက်နိုင်ပါစေ လို့ နှစ်သစ်မှာ ဆုတောင်းပေးလိုက်ပါတယ်

  30. Ko Myo Aung says:

    အီကြာကွေးက ကြော်လိုက်ရင် မပူးပဲ
    နှစ်ခြမ်းကွဲသွားတာဘာဖြစ်လို့လဲဆိုတာ
    ပြောပြပေးပါလား မဝတ်ရည်

  31. Nyein says:

    ကျေးဇူးပါပဲ
    အီကြာကွေးစားချင်ပြီး မစားဖြစ်တာတော်တော်ကြာပြီ ရောင်းတန်းတွေမှာ အန္တရယ်ဖြစ်စေမဲ့ ပွဆေးတွေကြောင့်လေ
    ခုတော့အိမ်မှာလုပ်စားလို့ရသွားပြီ အမကျေးဇူးကြောင့်ပါ 🙂

  32. Shwedoe says:

    မင်္ဂလာပါ. တခုလောက် မေးချင်တယ်. အီကြာကွေး
    ပြုလုပ်နည်းမှာ ဟင်းရွက်ဆီ ဆိုတာ ဘာလဲ။ အင်္ဂလိပ် လို ဘယ်လိုခေါ်လဲ။ သိပါရစေ-ဖင်လန်မှာ
    ရှာရခက်သလိုဖြစ်တာပါ။

  33. Zimmie says:

    How do you call it in English?

  34. NK YP says:

    ၃ခါလုပ်ပြီ.. အရမ်းကောင်းတယ်… မ၇ယ်. ဒိုးကို တညလုံးထားလို့ရလား… Breakfast အတွက်လုပ်ချင်လို့… မနက်မှပြင်ဆင်ရင်မမှီနှိင်လို့… မနက်၈နှာရီအမှီကျောင်းသွားရမှာမို့…

    • ZARNIAUNG says:

      အချိန်​ မိနစ်​ ၃၀ ​လောက်​နဲ့ ရနိုင်​မည့်နည်းလမ်း​လေး ​ပြောပြပါလား မမ

  35. komyoaung says:

    အီကြာကွေးလုပ်ကြည့်တာဖြစ်ပါတယ်
    ဒါပေမဲ့ တခြမ်းကပါးပြီးတော့ပွပါတယ်
    နောက်တခြမ်းပအသားထူပြီးတော့သိပ်မပွပါ
    ဆီနံ့လည်းနဲနဲရသလိုဘဲ
    မုန့်သားဖြန့်တုံးကနဲနဲပြန်ရုန်းတယ်
    ဘာဖြစ်လို့ပါလဲ
    ကျေဇူးပြုပြီးဖြေပေးပါလား

  36. komyoaung says:

    မဝတ်ရည်ခင်ဗျား
    မေးခြင်တာလေးရှိလို့ပါ အီကြာကွေးလုပ်ကြည့်တာဖြစ်ပါတယ်
    နှစ်ခြမ်းမှာတခြမ်းကပါးပြီးတော့ပွပါတယ်
    နောက်တခြမ်းကအသားထူပြီးသိပ်မပွဘူး
    ဆီနံ့လိုလို လည်းအနံ့ရတယ်
    မုန့်သားဆွဲဖြန့်တာလည်းပြန်ရုန်းနေတယ်
    ဘာဖြစ်လို့ပါလဲ ကျေးဇူးပြုပြီးဖြေပေးပါလား

  37. ZARNIAUNG says:

    မိနစ်​ ၃၀ အတွင်း​​ကြာ်​ နိုင်​မည့်​ ​ဆေး​လေး​ပြောပြ​ပေးပါလား

Leave a Reply to aunty pauk Cancel reply

Your email address will not be published. Required fields are marked *