Wutyee Food House Cooking Book
” Wutyee Food House ဟင်းချက်လက်ရာ ၁၀၁ မျိုး ဟင်းချက်စာအုပ်
ချစ်ညီအစ်မ၊ ညီအစ်ကိုတွေကို Wutyee Food House ဟင်းချက်လက်ရာ ၁၀၁မျိုး ဟင်းချက်စာအုပ် ထုတ်ဝေလိုက်ပြီ ဆိုတဲ့ သတင်းကောင်းလေး ပါးပါရစေ။ ဟင်းချက်စာအုပ်တွင် ပါဝင်တဲ့ ဟင်းချက်နည်း ၁၀၁မျိုး ချက်နည်းများကိုလည်း ၀က်ဆိုက်ပေါ်မှာ အခမဲ့ ကြည့်ရူနိုင်ပါတယ်။ စာအုပ်အဖြစ် သိမ်းထားချင်တယ်၊ သူငယ်ချင်းတွေကို ဟင်းချက်စာအုပ် ကောင်းကောင်းလေး လက်ဆောင် ပေးချင်တယ်ဆိုရင်တော့ ”Wutyee Food House ဟင်းချက်လက်ရာ ၁၀၁ မျိုး ဟင်းချက်စာအုပ်” ကိုအားပေးကြပါနော်…
  • ပထမဆုံး အကြိမ်
  • ဈေးနှုန်း – ၄၀၀၀ ကျပ်
  • ဟင်းချက်နည်း – ၁၀၁မျိုး
  • စာမျက်နှာ – ၁၃၆
  • ထုတ်ဝေသည့်ရက် – ၂ရ.၁.၂၀၁၃
  • ၀ယ်ယူနိုင်သည့် နေရာ – စာအုပ်ဆိုင်တိုင်း၊ City Mart၊ Synergy Publication (၀၁-၂၅၄၁၂၇၊ ၀၁၀- ၃၀၀၁၃၃၂)
About Cooking Book
မြန်မာချက်ပြုတ်နည်း၊ ထိုင်း ချက်ပြုတ်နည်း၊ တရုတ် ချက်ပြုတ်နည်း၊ အိန္ဒိယ ချက်ပြုတ်နည်း၊ အနောက်တိုင်း ချက်ပြုတ်နည်း၊ ဒင်းဆမ်းလုပ်နည်း၊ ဘာဂါလုပ်နည်း၊ ကင်နည်း အမျိုးပေါင်း ၁၀၁မျိုးကို တစ်နေရာထဲ စာအုပ်တစ်အုပ်ထဲမှာတင် စုစည်းတင်ဆက် ပေးထားပါတယ်။ လူကြိုက်များတဲ့ ရန်ကုန်မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ကြက်သား ဒန်ပေါက်၊ ၀က်သားတုတ်ထိုး၊ ထိုင်းကြက်ဆီ ထမင်း၊ ထမင်းပေါင်း၊ ဟောင်ကောင် ဘဲကင်၊ ကိုရီးယား တော့ပူကီ၊ ကိုရီးယား ထမင်းလိပ်၊ ကူဖီမလိုင် စသည်တို့ကို လုပ်ရလွယ်ပြီ စားလို့ကောင်းမယ့် နည်းနဲ့ ပြသထားတာကိုပါ တွေ့ရမှာပါ။ ပါဝင်တဲ့အချက်အပြုတ် ပစ္စည်းတွေက နီးစပ်ရာ နေရာတိုင်းမှာ ၀ယ်ယူနိုင်မယ့် ပစ္စည်းတွေ ဖြစ်တဲ့အပြင် ချက်နည်း၊ မုန့်လုပ်နည်း၊ ကင်နည်း အဆင့်ဆင့်ကိုပါ ပုံနဲ့တကွ တွဲဖော်ထားပါတယ်။ ဟင်းလျာများကို ချက်ပြုတ်ရင်း ရွှင်လန်းချမ်းမြှေ့ပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက်…
ချိုဝတ်ရည် (Wutyee Food House)
Cooking Book Contents
မြန်မာဟင်းလျာ ချက်ပြုတ်နည်းများ
  1. ကြက်သား အာလူးဟင်း
  2. ၀က်သား ပုံးရည်ကြီးချက်
  3. ငါးကြင်းဆီပြန်
  4. ပုဇွန်ထုပ် ငရုတ်သီးပွဟင်း
  5. ၀က်နံရိုး နဲ့ ကြာမဆိုင်
  6. ပဲနီလေး ဟင်းချို
  7. ကျောက်ပွင့်သုပ်
  8. ငါးဖယ်သုတ်
  9. ရန်ကုန် မုန့်ဟင်းခါး (အိုးဘဲဥ)
  10. အုန်းနို့ ခေါက်ဆွဲ
  11. တို့ဟူးနွေး (၃ယောက်စာ)
  12. ရှမ်းခေါက်ဆွဲ
  13. အုန်းထမင်းနှင့် ကြက်သားဟင်း
ကိုရီးယား ဟင်းလျာ ချက်ပြုတ်နည်းများ
  1. ကိုရီးယား ထမင်းလိပ် (ဂင်ဘော့)
  2. ကိုရီးယား ကင်ချီ
  3. ကိုရီးယား ဖက်ထုပ်(မန်ထို)
  4. ကိုရီးယားထမင်းသုတ် (Bibimbap)
  5. ကိုရီးယား ကြက်သားအစပ်ဟင်း
  6. ကိုရီးယား တော့ပူကီ
  7. ပုဇွန် ငရုတ်သီးပွ ချိုစပ်ဟင်း
  8. ကြက်သားအကြွပ်ကြော် အချိုဟင်း
  9. ဂဏန်းဟင်းစပ်
  10. တို့ဟူးပေါင်း
  11. ကိုရီးယားစတိုင် အာလူးကြော်
  12. တူနာ ပန်ကိတ်
  13. မန်ထို ဖက်ထုပ်စွတ်ပြုတ်
တရုတ်ဟင်းလျာ ချက်ပြုတ်နည်းများ
  1. ဟောင်ကောင် ဘဲကင်
  2. ထမင်းပေါင်း
  3. ၀က်သားတုတ်ထိုး
  4. ကြက်သားတို့ဟူး မြေအိုးဟင်း
  5. ၀က်သား တောက်တောက်ကြော်
  6. ၀က်စတူး နှင့် မုန့်ညှင်း
  7. ဘဲသားအချိုကြော်
  8. ကြက်ကုန်းဘောင်ကြီးကြော်
  9. နှင်းဆီ ပုဇွန်
  10. ပုဇွန် ကော်ပြန့်
  11. ကြက်သားကင်ပေါက်စီ
  12. ရေညှိ ကြက်သားပေါင်း
  13. နိုင်လွန်ပုဇွန်
  14. ၀က်သားပေါင်း
  15. ကြက်သား ကောက်ညှင်းပေါင်း
  16. ဂဏန်းခွက်ကြော်၊ ဂဏန်းသားလုံးကြော်
ထိုင်းဟင်းလျာ ချက်ပြုတ်နည်းများ
  1. ထိုင်းစတိုင် ကြက်တောင်ပံ အစားသွပ်ကြော်
  2. ဂဏန်း မာဆလာဟင်း
  3. ကြက်ဆီထမင်း
  4. ကြက်သား ပင်စိမ်းဟင်း
  5. နာနတ်သီး ထမင်းကြော်
  6. ထိုင်းငါးခူမွကြော်သုပ်
  7. ကြက်သားကင် ဆလတ်သုတ်
  8. ထိုင်းစတိုင် ပြည်ကြီငါးသုတ်
  9. ကြက်ခြေထောက် တုံယမ်းဟင်းချို
  10. ထိုင်းစတိုင် ငါးဖယ်ကြော်
  11. ထိုင်း ခရမ်းသီး အုန်းနို့ချက်
  12. ပါမုန့် ၀က်သားကပ်ကြော်
အိန္ဒိယဟင်းလျာ ချက်ပြုတ်နည်း
  1. ကြက်သား ဒန်ပေါက်
  2. Mangalorean ကြက်သားဟင်း
  3. အိန္ဒိယ ကြက်သား ငရုတ်ကောင်းဟင်း
  4. Tandoori ကြက်သားကင်
  5. အိန္ဒိယစတိုင် ဆိတ်သား နှင့် ငရုတ်ပွ ဟင်း
  6. အုန်းနို့ ငါးအကြွပ်ကြော်
  7. အုန်းနို့ ပုဇွန်ဟင်းလျာ
  8. ငါးအုန်းနို့ဟင်း
  9. လီမွန်ထမင်း နှင့် ကြက်သားဟင်း
  10. ငရုတ်သီး နှင့် ချိစ် ပါမုန့်ကင်
  11. အာလူး ပူတီ၊ ချာပတီ
  12. အိန္ဒိယစတိုင် စမူဆာကြော်
  13. မာဆလာ တိုရှည်
  14. ကူဖီ မလိုင် (Kulfi)
အနောက်တိုင်းဟင်းလျာ ချက်ပြုတ်နည်း
  1. အီတလီစတိုင် စပါ(ဂ်)တီ
  2. ပီဇာကင်
  3. အီတလီစတိုင် Lasagna ခေါက်ဆွဲ
  4. သက်သက်လွတ် Lasagna ခေါက်ဆွဲ
  5. ၀က်သားကင် နှင့် အာလူးထောင်း
  6. ပါစတာ နှင့် တူနာသုတ်
  7. ၀က်အူချောင်း၊ဟမ်၊နာနတ်သီး၊သံလွင်သီး၊မှို ပီဇာ
  8. KFC ကြက်ကြော်
  9. အားလူးကက်တလိပ်ကြော်
  10. အာလူးပူတင်း (ချစ်သူအတွက် ဟင်းလက်ရာ)
ကင်နည်းများ
  1. အမဲကင် ဆူရှီလိပ်
  2. အုန်းနို့ ရနံ့သင်း ပုဇွန်မီးဖုတ်
  3. ဘေကွန် ပုဇွန်ကင်
  4. ၀က်သား ဆာတေးကင်
  5. ကြက်တောင်ပံကင်
  6. ဒိန်ချဉ် ကြက်ကင်
  7. ကြက်ကောင်လုံးကင်
  8. ကိုရီးယား ၀က်နံရိုးကင်
  9. ဆိတ်သားကင်
  10. ဆိတ်သား ခါးပတ်ကင်
  11. ငပျောရွက် ငါးကင်
  12. ဂျပန် တို့ဟူးကင်
  13. ထောပတ် ပြောင်းဖူးကင်
  14. မှိုကင်
  15. အာလူး မီးကင်
ဘာဂါ လုပ်နည်းများ
  1. အမဲသား၊ ချိစ် ဘာဂါ
  2. ဟင်းသီးဟင်းရွက် ဆာဆာ ဘာဂါ
  3. Rice ဘာဂါ (Rice Burger)
  4. အိန္ဒိယစတိုင် တီကာ ဘာဂါ
  5. ကြက်သွန်နီ ကွင်းကြော် (Fried Onion Ring)
  6. Tortilla နှင့် ကြက်သားချောင်းကြော်လိပ်
  7. Tortilla ကြက်သားကင်နှင့် ထောပတ်သီး ဆာဆာ
  8. Subway အမဲသားလုံး ဆမ်းဝေ့
53 comments
  1. Soe Pye says:
    ရန် ကုန် လူ ကြုံ ရှိ တဲ့ အ ခါ သေ ချာ ပေါက် ဝယ်ပြီး အား ပေးမည်။
  2. nilar says:
    အစ်မဆီက ပဲတိုက်ရိုက်ဝယ်လို့မရဘူးလား။ ညီမ က အစ်မ site ကို နေ့တိုင်းဝင်ပြီးဖတ်နေတဲ့ သူပါ။ အရမ်းလဲကျေးဇူးတင်ပါတယ်။ ညီမအတွက် အရမ်းအသုံးဝင်တဲ့ site လေးပါ။ ကျေးဇူးနော်။
    • admin says:
      ဟုတ်ကဲ့။ ခုလို အားပေးတာ ကျေးဇူးတင်ပါတယ်။ ၀တ်ရည်ဆီမှာတော့ စာအုပ်က အများကြီး မရှိဘူး။ ဒါပေမယ့် ညီမ ၀တ်ရည်ဆီက တိုက်ရိုက်အားပေးချင်တယ် ဆိုလည်း ရပါတယ်။ chowutyee[at]gmail[dot]com ကို ဆက်သွယ်ပေးပါနော်… ကျေးဇူးပါ.. 🙂
      • Su Nandar says:
        • admin says:
          ဟုတ်ကဲ့ အားပေးမယ်ဆိုလို့ ကျေးဇူးပါ မစုရေ.. 🙂
  3. TNA says:
    Food Magazine ကိုမှာလို့ရလား။ ၀ယ်ချင်လို့ပါ။
    • admin says:
      ဟုတ်ကဲ့ Food Magazine မှာ မှာလို့ရပါတယ်.. ကျေးဇူးပါနော်
      • Esther Zamboih says:
        how could we order from over sea?
        • admin says:
          ဟုတ်ကဲ့။ ခုလို အားပေးချင်တယ်ဆိုလို့ ကျေးဇူးအများကြီး တင်ပါတယ်။ နိုင်ငံခြားမှာတော့ ၀ယ်လို့ အဆင်မပြေဘူး။ ရန်ကုန်က လူကြုံနဲ့ လှမ်းမှာမှ ပိုအဆင်ပြေမယ်.. 🙂
      • Esther Zamboih says:
        How could I get form over sea? I really want to buy it…
  4. zaw myo aye says:
    မန်းတလေးမှာဝယ်လို့ရလားခင်ဗျာ
    • admin says:
      ဟုတ်ကဲ့။ မန်းလေးမှာလည်း စာအုပ်ဆိုင်၊ City Mart မှာ ၀ယ်လို့ရပါတယ်… 🙂
  5. tunnyinyihlaing says:
    Thanks, I’m waiting …:)
  6. mawmaw naing says:
    Wutyee က​တ​အါး​ေ​တာ​္​တါ​ပဲ အါး​ေ​ပး​ေ​န​ပါလ်က္ခ်စ္ညီ​မေလး
  7. Esther Zamboih says:
    Wutyee …how can I get cooking book, I live in Australia ….Thanks a lot..
    • admin says:
      ဟုတ်ကဲ့ ရန်ကုန်က လူကြုံနဲ့ဖြစ်ဖြစ် မှာမှ အဆင်ပြေမှာပါ။ အားပေးချင်တယ်ဆိုတာနဲ့တင် ကျေးဇူးပါနော်
  8. AungMyoOo says:
    မင်္ဂလာပါ။ကျေးဇူးပါ။စာအုပ်သွားမ၀ယ်ဖြစ်သေးလို့ Site ပေါ်ကဘဲ ရသလောက်မသွားပါတယ်။
  9. Zin Maw says:
    ဒီတခါ ရန်ကုန်ပြန်ရင် သေချာပေါက်အားပေးပါမယ်။ online recipes တွေအတွက်လည်း ကျေးဇူးပါ။
  10. BP says:
    နိုင်လွန်ပုစွန်လုပ်ရင်သုံးတဲ့Topical flour ကall purpose flour နဲ့အစားထိုးလို့ရမလား
    ဘယ်လိုကွာလဲပြောပြပေးလို့ရမလား
    • admin says:
      Topical Flour ရှာမရရင် super lite flour ကို အစားထိုးသုံးလို့ရပါတယ်။
  11. Hunniko says:
    အမ ရဲ့ ဟင်းချက်စာအုပ်ဝယ်ထားပါတယ်… တချို့တလေတော့ စမ်းချက်ကြည့်ပြီးပါပြီ
    ကျေးဇူးတင်ပါတယ် sis ရေ..
    • admin says:
  12. kolupyo says:
    တောင်ကြီးက စာအုပ်ဆိုင်တွေမှာကော ရှိနိုင်မလားဟင်…ကျွန်တော့်အတွက်တော့ စာအုပ်ကပိုအဆင်ပြေတယ်…ကြည့်လိုက်ချက်လိုက် လုပ်လို့ရတာပေါ့…ဟီး
  13. Mg Mg Soe says:
    Hi sis,
    I’m your fan. If you have Vagetarian receips please share us!
    Thanks 🙂
    • admin says:
      ဟုတ်ကဲ့ ၀ါတွင်းနီးတာနဲ့ သက်သက်လွတ်ဟင်းလျာတွေ အထူးတင်ဆက်ပေးဖို့ ရှိပါတယ်။ ကျေးဇူးပါ
  14. mawlay says:
    sis, မြန်မာ အချိုပွဲလေးတွေပါတဲ့ စာအုပ်လေး ကောမထုတ်သေးဘူးလား
    • admin says:
      ဟုတ်ကဲ့ မထုတ်ဖြစ်သေးဘူး.. နောက်ပိုင်းတော့ စာအုပ်သစ်ထုတ်ဖို့ ရှိပါတယ်.. 🙂
  15. Ei Theinge says:
    အမ ရဲ့ စာအုပ်ထွက်လာတာ အရမ်းဝမ်းသာပါတယ်….
    အောင်မြင်ပါစေ မ
    • admin says:
      ကျေးဇူးပါ sis.. ပေးတဲ့ဆုနဲ့ပြည့်ရပါစေနော် 🙂
  16. pilar says:
    Please contact me to enter your cookbook in the Gourmand Awards
    Thank you
  17. အရမ်းဝါသာနာပါတယ် စာအုပ်ကမန်းလေးမှာကောဝယ်လို့ရလားမသိဘူး
    ကျေးဇူးတင်ပါတယ်ဒီစာအုပ်ရှိရင်အဆင်ပြေသွားပြီ
    • admin says:
      ဟုတ်ကဲ့ မန္တလေးမှာ စာအုပ်ဆိုင်တိုင်းမှာ ၀ယ်လို့၇ပါတယ်.. 😀
  18. shweyati says:
    အားပေးနေတယ်နော်
  19. yi mon says:
    ရွှေတောင်ခေါက်ဆွဲလုပ်နည်းပါဘူးပေါ့ စာအုပ်ထဲမှာ ဝယ်မို့ပါဆို:p
    • admin says:
      ဟုတ်ကဲ့ ရွှေတောင်ခေါက်ဆွဲလုပ်နည်းတော့ ဒီစာအုပ်ထဲမှာ မပါပါဘူး…. 🙂
  20. Daw Myint Myint May says:
    နောက်ထပ် တင် တဲ့ ချက်နည်းများ ကို စု စည်းပြီး
    Wutyee foodhouse လို စာ အုပ်ထပ် ထုတ်ပါ လား
    သမီးရေ အန် တီကစာအုပ်နဲ့ အချိန် မ ရွေးဖတ် ရတာ
    ပိုအ ဆင်ပြေ တယ် လို့ထင် လို့ပါ ကွယ်
    ကျေးဇူးတင် ပါ တယ်
    • admin says:
      ဟုတ်ကဲ့ နိုဝင်ဘာလောက် နောက်ထပ် စာအုပ်သစ်ထုတ်ဖို့ အစီအစဉ်ရှိပါတယ် အန်တီ။ ကျေးဇူးပါ.. 🙂
  21. zawlintun says:
    အရမ်းပဲ ​ကောင်းတယ်
  22. paukpaukwade says:
    အလွန်တော်ပါတယ်။ ဒီလိုစာအုပ်မျိုးက မဖြစ်မနေ ဆောင်ထားရမယ့်စာအုပ်မျိုးမို့
    ရေးပေးသူကိုလည်း ကျေးဇူးတင်ပါတယ်။ ၀တ်ရည် ဒါ့ထက်မက အောင်မြင်ပါစေလို့ . . .
  23. paukpaukwade says:
    I think , U can write another books. With best wishes!!!
  24. myatlay says:
    ပြည်မြို့မှာကောအမစာအုပ်ဝယ်လို့ရပါလား
    • admin says:
      ဟုတ်ကဲ့ ၀ယ်လို့ရပါတယ် sis .. အားပေးမယ်ဆိုလို့ ကျေးဇူးတင်ပါတယ် 😀
Leave a Reply
Your email address will not be published. Required fields are marked *