နန်းကြီးသုပ်

နန်းကြီးသုပ် (၄ယောက်စာ)

မနက်စာ နှင့် အစာပြေ လုပ်စားနိုင်ဖို့ နန်းကြီးသုပ် လေးပါ။ အိမ်မှာ မိသားစုနှင့် တူတူ လုပ်စားမယ်ဆိုရင် အချိန်တိုအတွင်းမှာပဲ လုပ်စားနိုင်ပါတယ်။ နန်းကြီးသုပ်ကို မုန့်ကြွပ်၊ ငါးဖယ်၊ ဟင်းချိုတို့ဖြင့် တွဲဖက်သုံးဆောင်နိုင်သည်။

ပါဝင်ပစ္စည်းများ

  • နန်းကြီး ခေါက်ဆွဲ – ၁၀ကျပ်သား
  • ကြက်သား – ၂၀ကျပ်သား
  • ကြက်ဥ – ၃လုံး (ကျက်အောင်ပြုတ်ပြီပြီ အခွံနွှာ ပါးပါးလှီးထားပါ)

  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၃လုံး (ပါးပါးလှီးပါ) တွဲစားရန်
  • ငရုတ်သီး အရောင်တင်မှုန့် – လက်ဖက်ရည်ဇွန်း၂ဇွန်း
  • နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • ဆား၊ ခနော ကြက်သားမှုန့်
  • ပဲမှုန့် (အကျက်မှုန့်) – စားပွဲတင်ဇွန်း ၆ဇွန်း
  • သံပရာသီး – ၂လုံး (စိပ်ထားပေးပါ)
  • နံနံပင် – စည်းဝက် (ပါးပါးလှီးပါ)
  • ငါးငံပြာရည်

ချက်ပြုတ်နည်း

၁။ အရင်ဆုံး ကြက်သားကို (ဆား(လက်ဖက်ရည်ဇွန်း တ၀က်)) ဖြင့် နုယ်ပြီ အသားနွှင်းရန် ဒယ်အိုးထဲ ရေထည့်ပြီ ပြုတ်ပေးပါ။

၂။ ပြီနောက် ပြုတ်ပြီသား ကြက်သားကို အရှည်လိုက်အသားနွှင်းပေးပါ။

၃။ ဒယ်ဆီ ဆီ(စားပွဲတင်ဇွန်း ၅ဇွန်း) ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ဆီသပ်ပေးပါ။

၎။ ထို့နောက် ငရုတ်သီးမှုန့်၊ နနွင်းမှုန့် ထည့်ပြီ ဆီသပ်ပါ။

၅။ ပြီမှ ကြက်သား၊ ကြက်ပြုတ်ရည်(ခွက်တ၀က်)၊ ဆား၊ ကြက်သားမှုန့်တို့ထည့်ပြီ ၂မိနစ်ခန့် တည်ထားပေးပြီ မီးပိတ်လိုက်ပါ။

၆။ နန်းကြီးသုပ်လို့ရပါပြီ။

ရ။ နန်းကြီး တပွဲစားပြင်ရန် ဇောက်ပန်းကန်တစ်ခုထဲ နန်းကြီးခေါက်ဆွဲ (လက်တဆုတ်စာ)၊ ကြက်သွန်နီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ပဲမှုန့်(စားပွဲတင်ဇွန်း ၁ဇွန်း)၊ ကြက်သားဟင်း၊ ငါးငံပြာရည်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်ဥ၊ သံပရာသီး ၂စိပ်၊ နံနံပင် တို့ကိုထည့်ပြီ သမအောင် ရောမွှေပေးပါ။

၈။ အရသာရှိသော နန်းကြီးသုပ်ကို ကြက်ရိုးပြုတ်ဟင်းချို ပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ..

———————————————————————————————

58 comments

  1. tinzar says:

    i cannt read dont know why?:(

  2. saishwemern says:

    thanks

  3. yu yu myint says:

    thanks nor wutyee

  4. Hmone gyi says:

    tal tal kaung mae pone bae…i always cook that one as i always have udon at home and i don’t want to eat chicken meat alone so i cook like that and eat but i put a lot more onion and tomatoes as i love them yummmy 🙂

    • admin says:

      haa… ကိုယ်လက်ရာလေးလည်း စားချင်လိုက်တာ.. ရှလွှတ်

  5. Myat Marlar says:

    wow! i very like it

  6. ဖြူ says:

    ”မဝတ်ရည်” ကျေးဇူးတင်ပါတယ်။

  7. Esther says:

    Thanks a lot Maa Wutyee. I look every day your website .

  8. nini says:

    ဟင်းချက်နည်းလေးတွေကြည့်ပြီးချက်ကြည့်ရတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်နော်
    မသိသေးတဲ့ဟင်းချက်နည်းတွေသိရလို့ကျေးဇူးတင်ပါတယ်နော်

  9. Khaing Wint Wah says:

    Ma wutyee thank you par naw

  10. soe myint thein says:

    မြင်တာနဲစားချင်စရာလေးပါ။ကြက်သားခိက်နည်းသိရတာကျေးဇူတင်ပါတယ်

  11. ကိုထိုက် says:

    မဆိုးဘူးခင်ဗျာ့ပစ္စည်းအမယ်သိပ်မများလို့သဘောကြတယ် ရိုးရိုးဟင်းလေးလိုလုပ်စားနိုင်တော့အစဥင်္ပြေပါတယ်ကျေးဇူးပါခင်ဗျာ့

  12. myintmyatshwetwe says:

    very like

  13. zawwinthein says:

    ကြိုက်တယ်။အခုရေးတဲ့စာအုပ်ကနယ်တွေကိုမဖြန့်ဘူးလား။ဝယ်ချင် လို့။

    • admin says:

      ဟုတ်ကဲ့ မန္တလေးမှာတော့ ဖြန့်ပါတယ်။ ကျေးဇူးပါ

  14. julymoe says:

    i like so much

  15. thitsar says:

    sis yay sa nwin makyite loh mahtal yin yaw phyit lar hin sis 🙂

    • admin says:

      ဟုတ် ရပါတယ်။ ဆနွင်းမထည့်ပဲ သုပ်လို့ရပါတယ်.. လုပ်စားကြည့်ပါ

  16. natehtwe says:

    သိပ်ကြိုက်ပါတယ်

  17. aye150990 says:

    ကျေးဇူးဘဲ မဝတ်ရည် အိမ်က ကိုကိုက နန်းကြီးသုပ်စားချင်နေတာ အေးက မလုပ်တက်လို့ ဒီနေ့ လုပ်စားဖြစ်တယ် အရမ်းကောင်းတယ် ကျေးဇူးကမ္ဘာနော်

  18. Mg Mg Soe says:

    မ၀တ်ရည် ကျေးဇူးပဲ နန်းကြီးသုပ်စားချင်တာ ကြာနေပြီ၊

  19. Ei Phyu Latt' says:

    Thank

  20. Cin Do says:

    ကျေးဇူးပါ။ နန်းကြီးသုပ် စားချင်နေတာကြာလှပြီ။ အခုမှဘဲ အားရပါးရ စားရတော့တယ်.
    Thanks again & May God bless you.

  21. nate says:

    ရွှေတောင်ခေါက်ဆွဲ ကြက်ကချင်ချက်စားပြီးပါပြီ နှစ်ခါတောင်ရှိပါပြီ အရမ်ကောင်းပါတယ် ရွှေတောင်ခေါက်ဆွဲသုပ်နည်းလေးပါတင်ပေးပါနော် ကျေးဇူးတင်ပါတယ်မဝတ်ရည်ရေ

    • admin says:

      ရွှေတောင်ခေါက်ဆွဲ သုပ်နည်းလေးလည်း ကြိုးစားတင်ပေါးပ့မယ်..

  22. Han Tun says:

    Thank you so much .

  23. shwezin says:

    ခုဒီနေနံနက် လုပ်စားဖြစ်တယ် အရမ်းစားလို့ကောင်းတယ်တဲ့

  24. Pa Pa says:

    စားချင်တယ်၊ ဖတ်ရင်းနဲ့ဗိုက်ဆာလာပီ

  25. Daw San San Wai says:

    တခြားဟာတွေအားလုံးအဆင်ပြေတယ် အီကြာကွေးမအောင်မြင်ဘူး၊ပွမလာဘဲနင်နင်လေးလေးကြီးဖြစ်နေတယ်ဘာမှားနေလဲမသိဘူး။

    • admin says:

      Yeast ကြောင့်ဖြစ်မယ်။ နောက်တစ်ခါလုပ်ရင် Yeast နည်းနည်းပိုထည့်ပေးပါ။ သို့မဟုတ်ရင် ဒယ်ထဲ ဆီများများ ထည့်ပြီ ဆီပူလာလျှင် ကြော်ပေးပါ။

  26. May Hnin says:

    Sis
    You are so clever.I admire you very much.

  27. lucky friday says:

    thks sis . မနက်ဖြန် မနက် ဘုန်းကြီးအာရုံဆွမ်းချက်ကပ်ဖို့ ပညာလာဆည်းပူးတာ ^_^

  28. eieizaw says:

    wutyee foodhouse ko bar fonts nae thone tarlae hin nyi ma shi mhar copy kuu pyi pyan thone tar bar mhar ma paw bu phyint nay loe par Thank you bar sister

  29. Angel rock says:

    ညီမရေ နန်းပြားသုပ် လုပ်နည်းလေးပြောပါဉီး

Leave a Reply to Myat Marlar Cancel reply

Your email address will not be published. Required fields are marked *