ပုဇွန်ထုပ် ငရုတ်သီးပွဟင်း

ပုဇွန်ထုပ် ငရုတ်သီးပွဟင်း

ပုဇွန်ထုပ်ကို ငရုတ်သီးပွနဲ့ အချိုချက်ထားတာပါ။ ငရုတ်ကောင်းအနံ့လေး သင်းပြီ ပုဇွန်၊ မုန်လာဥနီ၊ ငရုတ်သီးပွ အရသာကြောင့် ချိုစိမ့်တဲ့ အရသာကို ရရှိမှာပါ။ တူတူ လုပ်စားကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ပုဇွန်ထုပ် – ၂၀ကျပ်သား (အမြီချန်ကာ အခွံနွာထားပေးပါ)
  • ကြက်သွန်နီ –  ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)

  • ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ် ပါးပါးလှီးပါ)
  • ငရုတ်သီးပွအစိမ်း – ၁ခု (အစေ့ထုတ် အရှည်လှီးပါ)
  • မုန်လာဥနီ – ၁ခု (အခွံနွာ အရှည်လှီးပါ)
  • သံလွင်ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ပဲငံပြာရည်အကြည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား၊ ခနော ကြက်သားမှုန့်
  • ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – အနည်းငယ်

 ချက်ပြုတ်နည်း

၁။ အရင်ဆုံး ပုဇွန်တုတ်ကို သန့်စင်ပေးပြီ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် ရောနုယ်ပေးထားပါ။

၂။ ပြီလျှင် ပန်းကန်ပြားတစ်ခုထဲ ပုဇွန်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးပွ၊ မုန်လာဥနီတို့ကို ပြင်ထားပေးပါ။

၃။ ပြီမှ ဒယ်ထဲသို့ သံလွင်ဆီများ ထည့်ပြီ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးမှုန့် များကို ဆီသပ်ပေးပါ။

၎။ ထို့နောက် ခရမ်းချဉ်သီးများကို ထည့်ပြီ ရေ(ခွက်တ၀က်) ထည့်ကာ ခရမ်းချဉ်သီး နွမ်းသည်အထိ တည်ထားပါ။

၅။ ခရမ်းချဉ်သီးများ နွမ်းသွားလျှင် ပုဇွန်များကို အရင်ထည့်ပြီ ရောမွှေလိုက်ပါ။

၎။ ပြီမှ ငရုတ်သီးပွ၊ မုန်လာဥနီများကို ရောထည့်ကြော်ပေးပါ။

၅။ ပြီနောက် ဒယ်ထဲသို့ အရသာအတွက် (ပဲငံပြာရည်၊ သကြား၊ ငရုတ်ကောင်းမှုန့်) ထည့်ပေးပြီ မီးပြန်ပိတ်လိုက်ပါ။

၆။ ပုဇွန်ထုပ် ငရုတ်သီးပွဟင်းကို ထမင်းနှင့် မြိန်ရှပ်စွာ သုံးဆောင်နိုင်ပါပြီ…

—————————————————————————————————–

 

18 comments

  1. khinnyowin says:

    i m interested in cooking n yr cooking method

    • admin says:

ွှကျေးဇူးပါ

      • Lily says:

        အမ သံလွင်ဆီ ဘယ်မှာဝယ်လို့ရလဲ… ဆိုင်တွေကိုမေးရင် ခေါင်းလိမ်းတာပဲ ရှိတယ်ပြောတယ်..

  2. Hmone gyi says:

    oh i wanna eat… i miss lobster 🙁 treate me naw when i m back 🙂 will try too after diet period 😉

  3. Haymar Kyaw says:

    Thank you for posting your delicious recipes.
    Please post more recipes. 😉

  4. myintmyatshwetwe says:

    thank y ..so much..

  5. nyo says:

    i made baik_katkyay kike last 3days by yr method. my family said” not so bad. rhanks wutyee.

  6. SOEMYINTAUNG says:

    I LIKE THIS PRAWN CURRY

  7. Nan Chu Chu says:

    I like it so so much.

  8. khin lay says:

    စားလို့ကောင်းမယ့်ပုံပဲ

  9. Kyaw Zin Win says:

    တစ်ခါမှဟင်းမချက်ဖူးဘူး။ ဒီဟင်းလေးကြိုက် ကိုယ့်ကိုတိုင်ချက်ကြည့်မယ်။ ကျေးဇူးပါအစ်မ။
    တုန်ယန်းဟင်းချိုချက်နည်းလေးပါ ပြောပြပေးပါလားအစ်မ။

Leave a Reply

Your email address will not be published. Required fields are marked *