ဘဲကင် နှင့် တရုတ်စတိုင် ခေါက်ဆွဲပြုတ်
ဘဲကင် နှင့် တရုတ်စတိုင် ခေါက်ဆွဲပြုတ်
တရုတ်စတိုင် ဘဲကင် ခေါက်ဆွဲပြုတ်လေးပါ။ ဘဲသားကို ၁ရက်အချိန်ကြာကြာ နုပ်ပြီမှ ကင်ထားတာမို့ အရသာက ပျော်ဖွယ်ရာ မရှိအောင် ကောင်းပါတယ်။ ခေါက်ဆွဲပြုတ်ကလည်း ပဲပင်ပေါက်၊ မုန့်ညှင်စိမ်း၊ မှိုပွင့်တို့နှင့် အလွန်လိုက်ဖက်ပါတယ်။ ခေါက်ဆွဲပြုတ် ဆန်းဆန်းလေး စားချင်သူတွေအတွက် အကြိုက်တွေ့မယ့် ချက်နည်းလေးပါ။ ခုပဲ တူတူလုပ်ကြည့်ရအောင်…
ဘဲကင်ရန် ပါဝင်ပစ္စည်းများ
  • ဘဲရင်ဗုံ၊ ပေါင်တွဲယှက် – ၂ခု(အရေခွံပါ) (ရင်ဗုံသားကို အသား သက်သက်ဓားဖြင့် နွင်းထားပါ)
  • တရုတ်မဆလာ (Five-spice powder) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၃ဇွန်း
  • ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၃ဇွန်း
  • ရေ – စားပွဲတင်ဇွန်း ၃ဇွန်း
ခေါက်ဆွဲပြုတ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်ပြုတ်ရည်(သို့) ရေ – ၁လီတာ
  • ကြက်ဥခေါက်ဆွဲ(သို့)Udon ခေါက်ဆွဲ – ၂၀၀ ဂရမ် (ရေနွေးဖြင့် ၅မိနစ်ခန့်ပြုတ်ပေး၍၊ ရေအေးပြန်စိမ်ပြီ ဇကာဖြင့် စစ်ထားပါ)
  • မှိုပွင့်ခြောက် – ၄ခု (ရေနွေးဖြင့် ပြုတ်ပြီ ပြန်ဆယ်ထားပါ)
  • တရုတ်မုန့်ညှင်းစိမ်း – ၁၀၀ဂရမ် (၁လက်မ ပိုင်းဖြတ်ထားပါ)
  • ပဲပင်ပေါက် – ၄၀ ဂရမ် (အမြှီးခြွေပြီ ရေဆေးထားပါ)
  • နံနံပင် – လက်တဆုတ်စာ (နှုတ်နှုတ်စဉ်းထားပါ)
  • ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ပဲငံပြာရည် အကြည် – စားပွဲတင်ဇွန်း ၄ဇွန်း
  • ဆန်ဗီနီကာ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဘဲကင်ကင်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ဘဲကင်ပါဝင်ပစ္စည်းများဖြစ်သော (ဘဲရင်ဗုံ၊ ပေါင်၊ တရုတ်မဆလာ၊ နှမ်းဆီ၊ ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ သကြား၊ ရေ) တို့ကို သမအောင် ရောနုယ်လိုက်ပါ။
၂။ ရေခဲသေတ္တာ အောက်ထပ် ထဲထည့်ပြီ ၁ညသိပ်ပြီ နုပ်ထားပေးပါ။
၃။ ၁ညသိပ်ပြီမှ Oven ၂၀၀ ဒီဂရီ ဖြင့် မိနစ် ၂၅-၃၀ခန့် အပေါ်မီးအောက်မီးဖြင့် ကင်ပေးပါ။
၎။ ဘဲကင်ကို ဓားဖြင့် အစောင်း ပါးပါးလှီးပေးပါ။
ခေါက်ဆွဲပြုတ်နည်း
၁။ ဘဲကင်ရပြီဆိုလျှင် ဒယ်အိုးတစ်ခုထဲ ရေ၁လီတာ ထည့်ပြီ ဆူအောင် တည်ထားပါ။
၂။ ဆူလာလျှင် (ပဲငံပြာရည်၊ ဆန်ဝိုင်၊ ဆန်ဗီနီကာ၊ ဆား၊ ကြက်သားမှုန့်) တို့ကို ထည့်ပြီ ၁မိနစ်ခန့် တည်ထားပါ။
၃။ ပြီမှ မှိုပွင့်၊ ပဲပင်ပေါက်၊ မုန့်ညှင်းစိမ်းတို့ကို ထည့်ပြီ စက္ကန့် ၂၀ခန့် တည်ပါ။
၎။ အရသာ အနေတော်လျှင် ပြုတ်ထားပြီသား ငရုတ်ကောင်းမှုန့်ဖြူးပြီ မီးပိတ်လိုက်ပါ။
၅။ ခေါက်ဆွဲ တပွဲစာပြင်ရန် ပြုတ်ပြီသား ခေါက်ဆွဲကို ဇောက်ခွက်တစ်ခုထဲထည့်ပြီ အပေါ်မှ ခေါက်ဆွဲပြုတ်ရည်၊ ပဲပင်ပေါက်၊ မှို၊ မုန့်ညှင်းစိမ်းတို့ကို လောင်းထည့်လိုက်ပါ။
၆။ အပေါ်မှ ဘဲကင်များကို တင်ပြီ အရသာရှိသော ဘဲကင်ခေါက်ဆွဲပြုတ်ကို သုံးဆောင်နိုင်ပါပြီ…
————————————————————————————————————–
9 comments
  1. hmone says:
    bite sar nay par tal so ma bae…. dar lay see top po pe sar chin lar tal heee… healthy lae pyit … sar loe lae kaung bae pont bae …
  2. Baby Jen says:
    မ၀တ်ရည်ရှင့်…အခုလာမယ့် valentine dayမတိုင်မီ Homemade chocolate ပြုလုပ်နည်းလေးကိုတင်ပေးပါလားရှင့်
    ဖြစ်နိုင်ရင်တစ်ပတ်လောက်ကြိုပြီးတင်ပေးစေချင်ပါတယ်ရှင့် ကျွန်မကနယ်ကမို့လို့လိုအပ်တဲ့ပစ္စည်းပစ္စယတွေကိုရန်ကုန်ကိုမှာ ရဦးမှာမို့လို့ပါရှင့် ကျွန်မလိုမျိုး homemade chocolateလုပ်နည်းကိုသိချင်နေတဲ့ သူငယ်ချင်းတွေရှိပါတယ်ရှင့် ဒြါေ
    ကာင့်မ၀တ်ရည်ကူညီပေးစေချင်ပါတယ် ရှင့် reply ပါနော်
    • admin says:
      နို့မှုန့် – ၅၀၀ ဂရမ်
      cocoa အမှုန့် – ၅၀ ဂ၇မ်
      ထောပတ်(ဆားမပါတဲ့ ထောပတ်) – ၂၀၀ ဂရမ်
      သကြား – ရ၀၀ ဂရမ်
      ရေ – ၁ခွက် (measurement ခွက်)
      ပြုလုပ်နည်း
      ၁။ ခွက်တစ်ခုထဲတွင် နို့မှုန့် နှင့် cocoa အမှုန့်ကို ရောလိုက်ပါ။
      ၂။ ပြီလျှင် ဒယ်ထဲတစ်ခုထဲ ရေ(၁ခွက်)၊ သကြားထည့်ပြီ ပွက်ဆူအောင် တည်ထားပါ။ သကြား ပျော်သွားလျှင် မီးလျှော့ပြီ ထောပတ် ထည့်ပါ။
      ၃။ ထောပတ်ပါ အရည်ပျော်သွားမှ ရောမွှေထားသော နို့မှုန့် နှင့် cocoa အမှုန့်ကို ထည့်ပြီ ဖြည်းဖြည်းခြင်း မွှေပေးပါ။
      ၄။ ပြီနောက် မီးနည်းနည်းဖြင့် တည်ထားပါ။
      ၅။ ထို့နောက် မိမိကြိုက်နှစ်သက်ရာ ပုံစံခွက်ထဲ ထည့်ပြီ ရေခဲသေတ္တာထဲတွင် ၂နာရီ- ၃နာရီ အအေးခံထားပေးပါ။
      ၆။ ချောကလက်ကို ရရှိပါပြီ… (မြေပဲ၊ အုန်းသီးမှုန့်၊ ကြိုက်နှစ်သက်ရာ ချောကလက်ထဲ ထည့်နိုင်ပါသည်)
  3. Kt says:
    For duck the temperature of the oven is in Centigrade or Fahrenheit ????
  4. WinKyaw says:
    ဘဲ က ရင်​ဗုံ​ပေါင်​တွဲလျှက်​ တစ်​တွဲလားနှစ်​တွဲလား
  5. WinKyaw says:
Leave a Reply
Your email address will not be published. Required fields are marked *