သီးစုံ ဂျယ်လီ ပူတင်း
သီးစုံ ဂျယ်လီ ပူတင်း (၈ယောက်စာ)
အချိုပွဲတည်ခင်းဖို့ သီးစုံ ဂျယ်လီ ပူတင်းလေးပါ။ နေ့လည်စာ၊ ညနေစာ စားပြီ အချိုပွဲ တည်းဖို့အတွက်ပါ။ အရင်ဆုံး ပူတင်းကို ကြက်ဥ၊ နွားနို့၊ သကြားတို့နှင့် ပြုလုပ်ပါတယ်။ ၀တ်ရည်ကတော့ ဗီနီကာ အနံ့၊ အရသာ ရအောင် ပူတင်းမလုပ်ခင် vanilla essence လေးပါ ထည့်ထားတယ်။ ဂျယ်လီ ပူတင်းမှာ သီးစုံလည်း ပါတာမို့ အရမ်းချိုအီမနေပဲ၊ စားလို့လည်း ကောင်းပါတယ်။ လုပ်ရတာလည်း လွယ်တာမို့ ခုပဲ တူတူလုပ်ကြည့်ရအောင်..
ပူတင်းလုပ်ရန် ပါဝင်ပစ္စည်းများ
  • ကြက်ဥ အနှစ် – ၄လုံး
  • နွားနို့ (Full Cream Milk) – ၁ခွက်ခွဲ (၃၅၀ မီလီလီတာ)
  • သကြား – ခွက် ၀က် (၁၀၀ ဂရမ်)
  • ဗီနီကာ အရည်(Vanilla Essence) – လက်ဖက်ရည်ဇွန်း ၁ဇွန်း (optional)
သီးစုံ ဂျယ်လီတွင် ပါဝင်ပစ္စည်းများ
  • Agar ဂျယ်လီ အချောင်း – ထုပ်ဝက် (တထုပ်တွင် ၃၅ ဂရမ် ပါသည် တ၀က်ကိုသာ အသုံးပြုမည်)
  • ရေနွေး – ၁လီတာ
  • သကြား – ၁၅၀ ဂရမ်
  • သီးစုံ စည်သွပ်ဗူး – ၁ဗူး
  • Apple green အရည်ဗူး – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ဂျယ်လီ အစိမ်းရောင် ဖြစ်ရန် ပန်းသီးအရသာ၊ အနံ့ပါတဲ့ အရည်လေးကို ထည့်ထားသည်)
မှတ်ချက် ။ ။ Vanilla essence နှင့် Apple green ဗူးတွေကို City Mart တွင် ၀ယ်ယူနိုင်ပါသည်..
ပူတင်းပြုလုပ်နည်း
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲ ကြက်ဥ အနှစ် ၄လုံးကို ဖောက်ထည့်လိုက်ပါ။
၂။ ပြီမှ သကြားကို ထည့်ပြီ wire-whisk နှင့် သကြားပျော်အောင် နာနာလေး ခလောက်ပေးပါ။
၃။ ထို့နောက် နွားနို့ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။ နွားနို့ ထည့်ပြီ ပူတင်းပူလုပ်ရန် ဖန်(သို့)ကြွေ ပုံစံခွက် တ၀က်ခန့် နွားနို့ ကြက်ဥ ရောခလောက်ထားသော အရည်များကို လောင်းထည့်ပေးပါ။
၎။ ပြီနောက် ဒယ်တစ်ခုထဲ ခွက်တ၀က်ခန့် ရေမြုပ်အောင် ထည့်ပြီ အဖုံးအုပ်ကာ ပူတင်းကျက်သည်အထိ မိနစ် ၁၅~၂၀ ခန့် တည်ထားပါ။ ပူတင်းကျက်မကျက် သိရန် ဓား(သို့) ခရင်းဖြင့် ပူတင်းထိုးကြည့်ကာ ဓားတွင် ဘာမှကပ်မပါလာလျှင် ပူတင်းကျက်ပြီဖြစ်သည်။
၅။ ပူတင်းရဆိုလျှင် ဂျယ်လီ လုပ်နေစဉ်အတွင်း အအေးခံထားပါ။
သီးစုံ ဂျယ်လီ ပြုလုပ်နည်း
၁။ အရင်ဆုံး ဒယ်ထဲတစ်ခုထဲ ရေနွေး (၁လီတာ)၊ ဂျယ်လီချောင်း၊ Apple အနှစ်ရည်၊ သကြား တို့ကို ရောမွှေထည့်ပြီ သကြား၊ ဂျယ်လီချောင်း ပျော်သည်အထိ ၂မိနစ်ခန့် တည်ပြီ မီးပိတ်လိုက်ပါ။
၂။ သီးစုံ ဂျယ်လီ ပူတင်းလုပ်ရန် အတွက် ပူတင်းထည့်ထားသော ခွက်ထဲသို့ မိမိကြိုက်နှစ်သက်ရာ သစ်သီးများကို ထည့်လိုက်ပါ။
၃။ ပြီမှ အပေါ်မှ ဂျယ်လီ အရည်များကို သစ်သီးမြုပ်အောင် လောင်းထည့်ပေးပြီ ရေခဲသေတ္တာ အောက်ထပ်တွင် ၁နာရီခန့် အအေးခံထားပေးပါ။
၎။ အေးခံပြီလျှင် ချိုစိမ့်ပြီ အရသာကောင်းမွန်သော သီးစုံ ဂျယ်လီ ပူတင်းကို သုံးဆောင်နိုင်ပါပြီ…
77 comments
  1. ThinThin says:
    မမရေ ပူတင်းခွက်လေးတွေကိုဘယ်မှာဝယ်လို့ရလဲဟင် 🙂
  2. မြတ် says:
    ညီမရေ
    ဒါဘယ်နှစ်ခွက်စာလောက်ရတဲ့ အချိုးအစားလဲ သိပါရစေ
  3. လှလိုက်တဲ့ သီးစုံဂျယ်လီပူတင်းလေးပါလား ဝတ်ရည်ရေ။ တော်လိုက်တာ။ အရောင်လေးကလည်း လှမှလှ။ 🙂
  4. Nyo Nyo says:
    ကြက်ဥကင်လုပ်စားဖြစ်ရင်တင်ပေးပါနော် ဘယ်မှာမှရှာမရလို့ပါ
  5. Tyne says:
    လုပ်စားရမှာပျင်းတယ်
    လုပ်ပြီးသားလေးစားချင်တယ်။
  6. Thandar says:
    ကျေးဇူးတင်ပါတယ်
    လုပ်စားကြည့်မယ်နော်
  7. thidasann says:
    လုပ်စားကြည့်မယ်
    ကျေးဇူးနော်
    • admin says:
      ဟုတ်ကဲ့ လုပ်စားကြည့်နော် sis အရမ်းစားကောင်းတယ်
  8. Hmone gyi says:
    mike tal… sar chin lar pe 🙂
  9. Nandar says:
    သားအတွက်လုပ်ပေးဦးမယ်…Thanks wit yi 🙂
  10. ayemyathu says:
    မ၀တ်ရည်ရေ ပူတင်းလုပ်နည်းအတွက်ကျေးဇူးတင်ပါတယ်။လုပ်စားဖြစ်အောင်လုပ်စားမှာပါ။နွားနို့ အချိုးအစားကို
    သေချာသိချင်ပါတယ်။ကျေးဇူးပြုပြီးပြောပေးပါနော်။
    • admin says:
      နွားနို့ (Full Cream Milk) – ၁ခွက်ခွဲ (၃၅၀ မီလီလီတာ)။ ပုံမှန် ရေသန့်ဗူး တစ်ဘူး ၁၀၀၀မီလီလီတာ ရှိပါတယ်။ ရေသန့်ဗူး တ၀က်က ၅၀၀ မီလီလီတာပါ။ အဲဒီလို နွားနို့ အချိုးအစားကို တိုင်းလို့ရပါတယ်.. လုပ်စားနော် ညီမ
  11.ွှThuzar says:
    Agar ဂျယ်လီ အချောင်း ကဘယ်မှာဝယ်လို့ရပါလဲ
  12. Aye Swe says:
    I am looking for your books since I heard it was on market. Could you tell me which book store can I buy.
    • admin says:
      ဟုတ်ကဲ့ စာပေလောကနဲ့ စာအုပ်ဆိုင်ကြီး တော်တော်များများမှာ ၀ယ်ယူလို့ရပါတယ်။ အားပေးမယ်ဆိုလို့ ကျေးဇူးပါနော်
  13. kay thwe win says:
    အစ်မကို အရမ်းကျေးဇူးတင်ပါတယ်။ကိုယ်ဘာသာကိုယ်လုပ်စားလို့ရတာပေါ့နော်
    • admin says:
      ဟုတ်တယ် ညီမ။ အိမ်မှာ အချိုပွဲလေး လုပ်စားလို့ရတယ်။ ပြီတော့ အရမ်းလည်း စားလို့ကောင်းတယ်
  14. zar chi says:
    မ ကျေးဇူးနော်
    မ…ကနည်းလမ်းတွေတင်မကဘူး
  15. meemee says:
    Thanks .
  16. Soe Pye says:
    လုပ် စား ဖို့  ရန် ကုန် ကို မှာရ အုန်း မယ်။
    • admin says:
      ဒီပါဝင်ပစ္စည်းတွေကို နိုင်ငံခြားမှာ ပိုရှာရလွယ်မယ် ထင်တယ်…
  17. chanthanwin says:
    ကျေးဇူးဗျာ
  18. ယဉ် says:
    ဒီနေ့  ပူတင်းလုပ်စားတယ်…စားလို့ ကောင်းတယ်..သမီးလေးလည်း အရမ်းကြိုက်တယ်….ပို့ စ် တင်ပေးတဲ့ မ၀တ်ရည် ကို ကျေးဇူးအထူးတင်ပါတယ်…ကောင်းတာလေးတွေလည်း ထပ်ပြီးတင်ပေးပါဦးနော်…
    • admin says:
      ဟုက်ကဲ့၊ သမီးလေး ကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်။ ကြိုးစားပြီ မုန့်လုပ်နည်းတွေ တင်ပေးပါအုန်းမယ်..
  19. ayemyathu says:
    • admin says:
      ဟုတ်လား။ City Mart ကသူတွေ မသိတာ ဖြစ်မယ်။ အမှန် ဗီနီကာ၊ green အစိမ်းရောင် အရည်ရော ၀ယ်လို့ရတယ်။ ဂျုံမှုန့်တွေ ရောင်းတဲ့ အတန်းမှာ။ သူတို့ကို မေးတာထက် ကိုယ်ဘာသာ ရှာကြည့်ရင် တွေ့ဖို့ပိုများမယ်။ ပူတင်းလုပ်တဲ့ခွက်တွေက ၀တ်ရည် Junction 8 City Mart က၀ယ်လာတာပါ။ ဈေးလည်း သက်သာတယ်၊ ဘယ်လောက်မှ မပေးရဘူး.. 🙂
      • lue says:
        ဟုတ်တယ် အစ်မရေ City Mart မော်တင်တာဝါမှာ ရှာတာ ဗီနီကာ/apple green ကော မရှိဘူး
        Branch တိုင်းမှာ မရှိဘူးနဲ့တူတယ် 🙁
        • admin says:
          ဟုတ်လား။ sis.. ၀တ်ရည် အသွားများတာကတော့ Market Place, Junction 8 City Mart မှာတော့ ရှိတယ်..
  20. bobo says:
    အမကို အရမ်းကျေးဇူးတင်ပါတယ်..apple greenက၀ယ်လို့ ရပြီး vanilla က၀ယ်လို့ မရခဲ့ဘူး..
    ဘာအတွက်ထည့်တာလဲသိချင်ပါတယ်…မထည့်ရင်ကောရပါသလား…ကျေးဇူးတင်ပါတယ်..။
    • admin says:
      Vanilla အရသာနဲ့ အနံ့လေး ရအောင် ထည့်တာပါ။ မပါလည်း လုပ်စားလို့ရပါတယ်.. 🙂
  21. ဖြူ says:
    အရောင်လေးစုံပြီးအရမ်းကောင်းမယ့်ပုံလေး
    ကျေးဇူးတင်ပါတယ် မဝတ်ရည်
    • admin says:
      ဟုတ်။ စားလို့ အ၇မ်းကောင်းတယ်၊ လုပ်စားကြည့်နော် ညီမ
  22. Thin says:
    အစ်မ Agar ဂျယ်လီအချောင်း အစား ဂျယ်လီအမှုန့်ကိုသုံးလို့ရလားဟင်..
    ဘယ်လောက်ထည့်၇မလဲဟင်..သင်း ဆီမှာ ဂျယ်လီအချောင်း ရှာလို့မတွေ့လို့ပါနော်..
  23. may phyo thaw says:
    အမကျေးဇူး လုပ်စားကြည့်မယ်နော်
  24.ုkay thwe win says:
    ပူတင်းလုပ်လျှင် နွားနို့ကို အရင်ကျိုဖို့ လိုလား သိချင်ပါတယ် အစ်မ
    • admin says:
      စက္ကူဘူးနဲ့ နွားနို့ဆိုရင် ကျိုဖို့ မလိုပါဘူး။ ဒါပေမယ့် ကျိုထားတဲ့ နွားနို့ဆိုရင် အအေးခံပြီမှ ပူတင်းလုပ်ပါ။
  25. phyo says:
    apple greenအစား တခြားဖျော်ရည်တခုခုထည့်လို့ရလားsis
    • admin says:
      Apple green အစား တခြား အစိမ်းရောင် အရည် ထည့်လို့ရပါတယ်..
  26. aye150990 says:
    အမရေ ပူတင်းလုပ်တာ မရဘူး ရေတွေဘဲ ကျန်နေတယ် ၃ ခါ ၇ှိပြီ )း )း )း
    • admin says:
      ပူတင်းပေါင်းတဲ့အခါ အောက်ရေများပြီ ခွက်ထဲ ၀င်ကုန်တာဖြစ်မယ်။ ရေနည်းနည်းလျှော့ထည့်ပြီ ပူတင်းခွက်ထည့်ပြီ ပြန်ပေါင်းကြည့်ပါ sis
  27. Po Moe says:
    Thank you very much, Wut yee.
    You are great!
  28. myatmyattun says:
    ညီမရေ သီးစုံဂျယ်လီပူတင်းကို ပန်ကန်ပြားမှာ မှောက်ချလိုက်တာ ညီမလို လှလှလေးမရဘူး
    ပူတင်းတွေက အိကျပြီးပုံပျက်သွားတယ် အဲဒါ ဘာဖြစ်လို့လဲဟင် အမကလောဘကြီးတော့ ဖန်ပန်ကန်
    အကြီးကြီးနဲ့လုပ်တာ (ကိတ်မုန့်အသေးအရွယ်လောက်ရှိမယ်)
    ဖြေပေးပါအုံးနော်
    ကျေးဇူးတင်လျှက်
    မြတ်
    • admin says:
      sis ရေ ဂျယ်လီပူတင်းက ပန်းကန်ပြားမှာ မှောက်ချစရာမလိုဘူး။ ဖန်ခွက်ထဲက အတိုင်းပဲ စားရုံပဲ.. 🙂
  29. KhingTharaphy says:
    မဝတ်ရည် သရဖီကမွေးနေမှာသူငယ်ချင်းတွေကို အဲလိုလေးလုပ်ကြွေးချင်တာ လူများတော့ဖန်ခွက်အတင်မပြေဘူးဖြစ်နေတယ် အဲဒါ အပူခံကော်ခွက်လေးတွေနဲ့လုပ်လိုရလား သိချင်လိုပါ ကျေးဇူးပြု၍ဖြေကြားပေးပါနော်
  30. pu lay says:
    thz mama
    pu ama ပြောတဲ့အတိုင်းလုပ်တာဖြစ်တယ်သိလား
    ကျေးဇူးပါ
    ဘာပဲပြောပြောအမက သင်ဆရာထြစ်သွားပီ
    🙂
  31. ayeyumaw says:
ုူlue ma ayemyatthu
    ဂျယ်လီ ပစ်စီးက လမ်းမတော် ၁၀ လမ်း အလယ်ကတရုတ်မုန့် လုပ်ပစ်စီးရောင်းတဲ့ ဆိုင်မှာ
  32. ayeyumaw says:
    မမ ရေ သစ်သီးမျိုးစုံ ဖျော်ရည်လေးများများတင်ပေးပါနော်
  33. naychi says:
    ဂျယ်လီချောင်းအစားကျောက်ကျောမှုန့်သုံးလို့ရလားမ၀တ်ရည်အစ်မတို့ဆီမှာဝယ်လို့မရဘူး
    • admin says:
      ဟုတ် ကျောက်ကျောမှုန့်ကို မကျိုပဲ၊ ရေနွေးနဲ့ပဲ ရောမွှေပြီ ထည့်လို့ရပါတယ်။ 🙂
  34. December says:
    ပူတင်းဆန်းဆန်းလေးများလုပ်နည်းတင်ပေးပါ
  35. moe says:
    အစ်မရေ ညီမဆီမှာ အဂါဂျယ်လီအချောင်းရဖို့ကမလွယ်ဘူး – အဲဒီအစား ဘာထည့်ရင်ကောင်းမလဲ – ညီမက အမေရိကားကပါ – ဒီမှာဆိုဘာဝယ်လို့ပိုအဆင်ပြေမလဲ – အစ်မလုပ်ထားတာလေးကြည့်ပြီး လုပ်စားချင်လို့ပါ ကျေးဇူးတင်ပါတယ်။
    • admin says:
      Agar အမှုန့်ထုပ်ရှိရင်လည်း ထည့်လို့ရပါတယ်။ အမေရိကာမှာဆို ဂျယ်လီ အရောင်ပါပြီသား အမှုန့်ထုပ်တွေ ရနိုင်ပါတယ်။ လုပ်စားကြည့်ပါနော် sis.. 🙂
  36. eilynn says:
    can i add baking soda while making pudding
  37. ငယ်​ငယ်​ says:
    မမကြီး..​ကောင်းမှ​ကောင်းအနံ​လေးပဲရ​နေ​သေးတယ်​အခုပဲလုပ်​ထားတာ…​ကျေး​ကျေးပါမမကြီး….ကျမ်းကျမ်းမာမာနဲ့အသက်​ရှည်​ပါ​စေ…ကျွန်​​တော်​ငယ်​ငယ်​…ဆု​တောင်း​ပေးပါတယ်
  38. thida says:
    Agar အပြာထုပ်နဲ့ရောလုပ်လို့ရလား ခွက်ကတခါသုံးခွက်ရောသုံးလို့ရလား
Leave a Reply to may phyo thaw Cancel reply
Your email address will not be published. Required fields are marked *