ဘိန်းမုန့်

ဘိန်းမုန့် (၈ခုစာ)

နေ့လည်စာ အစာပြေ ဘိန်းမုန့်လေးပါ။ ကောက်ညှင်းဘိန်းမုန့်၊ ဆန်ဘိန်းမုန့်၊ ဂျုံဘိန်းမုန့် အစုံရှိတဲ့ အထဲမှာ ၀တ်ရည် လုပ်စားဖြစ်တာကတော့ ဆန်ဘိန်းမုန့်ပါ။ အိမ်လုပ် ဘိန်းမုန့်ကို ခုပဲ လုပ်ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

  • ဆန်မှုန့် – ၃ခွက်
  • ရေ – ၁ခွက်ခွဲ
  • ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • yeast – လက်ဖက်ရည်ဇွန်း ၁ဇွန်း

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ထောပတ် – စားပွဲတင်ဇွန်း ၃ဇွန်း
  • မြေပဲ – စားပွဲတင်ဇွန်း ၂ဇွန်း (မညက်တညက် ထောင်းထားပါ)
  • ဘိန်းစေ့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • အုန်းနို့ – တခြမ်း (အုန်းသီးများကို ၁လက်မအရှည် အရွယ် ပါးပါး လှီးထားပါ)
  • ထန်းလျက် – ၂၀၀ ဂရမ်

ပြုလုပ်နည်း

၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ဆန်မှုန့်၊ ဆိုဒါ၊ yeast၊ ဆား တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီမှ ရေ(၁ခွက်ခွဲ) ထည့်ကာ သမအောင် ရောမွှေပေးပြီ ဆန်နှစ်ရည်ကို အနည်းဆုံး ၄နာရီ (သို့) တညသိပ် ထားပါ။

၃။ ဆန်နှစ်ရည် ၄နာရ်ီခန့် သိပ်ပြီလျှင် ထန်းလျက်ကြိုပါမည်။ ထန်းလျက်(၂၀၀ ဂရမ်) ကို ရေ(၃၀၀ မီလီလီတာ)ဖြင့် ညော်စေးသည်အထိ ကြိုပေးပါ။

၎။ ထန်းလျက်များ ညော်စေးလာပြီဆိုလျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။ (ထန်းလျက်တွင် အမှုန့်များပါတတ်၍ ဖြစ်သည်)

၅။ ပြီနောက် ထန်းလျက်များကို ဆန်နှစ်ရည်ဖြင့် သမအောင် ရောမွှေလိုက်ပါ။

၆။ ဘိန်းမုန့် စလုပ်ပါမည်။ ဒယ်ပူလာလျှင် ထောပတ် ထည့်ပြီ အသဲပုံအံ့ထဲ မုန့်နှစ်(ယောက်ချို) တဇွန်းကို လောင်းထည့်လိုက်ပါ။

ရ။ မုန့်နှစ်အပေါ်မှ အမြုပ်လေးများ ထလာလျှင် အုန်းသီး၊ ဘိန်းစေ့၊ မြေပဲ တို့ကို အပေါ်မှ ဖြူးပေးပါ။

၉။ ဘိန်းမုန့် အောက်ဖက်အညှိရောင်သန်းလာလျှင် နောက်တဖက်သို့ လှန်ပေးပါ။

၁၀။ ဆန် ဘိန်းမုန့်ပူပူလေးကို အုန်းသီးများဖြူး၍ သုံးဆောင်လို့ရပါပြီ…

32 comments

  1. Moee says:

    Thanks for the recipe … I will do it at home

  2. Hmone gyi says:

    mike ei share bae… wanna eat heeee 🙂

  3. phayonemal says:

    အရမ်းလှပီး အရမ်းကောင်းတယ်တဲ့ဘန်းမုန့်လေးနော်..

  4. Emily Khine says:

    thanksk for sharing the recipe.

  5. Nwe Ni says:

    သကြားနဲ့လုပ်လို့ရရင်ဘယ်လောက်ထည့်ရမယ်သိချင်ပါတယ်။ Oven နဲ့ဖုတ်လို့ရတဲံနည်းကောသိချင်ပါတယ်
    ကျေးဇူးပါ

    • admin says:

      သကြားနဲ့ဆိုရင် ၁၀ကျပ်သား(၁၆၀ ဂရမ်)လောက် ထည့်ပေးပါ။ Oven နဲ့ဆိုရင် အပေါ်မီးအောက်မီးနဲ့ ဘိန်းမုန့်အညှိရောင်သန်းသည်အထိ ဖုတ်ပေးပါ.. 🙂

  6. nyunt says:

    သေချာပေါက် လုပ်စားပြီ ခင်တဲ့သူ ရယောက်လောက်ကို ဝေကျွေးလိုက်မယ်

  7. Audry says:

    Hi Wutyee,

    Could you please let me know the thickness of the rice mix? I means it should be runny or very sticky?

    Thinks

    Audry

  8. khin Pyone Nwe says:

    မ၀တ်၇ည်
    စားတော်ပဲ ပြုတ်နည်း ကျေးဇူးပြုပြီး တင်ပေးပါနော်။

  9. mawmaw naing says:

    thanks sis

  10. thida says:

    ma, what can I use insteat of htat nyat ?pls reply me. Thanks for sharing.

  11. kmn says:

    step 2က ရေ ၁ ခွက်ခွဲဆိုတာ လီတာနဲ့ပြောပေးလို့ရပါမလား။ ကျေးဇူးတင်ပါတယ်။ 🙂

  12. Zaw Zaw Myo says:

    ဘိန်းမု့အဖြူရောင် ဘယ်လိုလုပ်ရလဲ သိပါရစေ ….

  13. nandar says:

    yeast မပါရင်ကော လုပ်လို့ရလား မ၀တ်ရည်

  14. ပန်းကလေး says:

    ပြည်ပမှာ ထန်းလျက်နဲ့ဘိန်းစေ့ကိုဘယ်မှာဝယ်ရမှာလဲ

  15. Haymar says:

    ဆန်မှုန့်က rice cooker မှာပါတဲ့ခွက်လာ အမ

  16. U Than Naing says:

    မ၀တ်ရည်
    ဘိန်းမုန့် လုပ်နည်း သိရလို့ ကျေးဇူးတင်ပါတယ် ၊
    ရွှေကြည်လုပ်နည်းလေး (ဆန်နဲ့ ဂျုံ ) သိရင် ပြောပြပေးပါနော်။
    ရေတခွက် ဆန်မှု န့် ၃ခွက် ဆိုတာ ဘယ်လောက် ml လဲ ၊ ဥပမာ ၅၀၀ cc လား
    ဘယ်လောက် ဂရမ် လည်း သိချင်ပါတယ်
    ကျေးဇူးပါနော်

Leave a Reply

Your email address will not be published. Required fields are marked *