ရခိုင်မုန့်တီ
ရခိုင်မုန့်တီ (၁၀ယောက်စာ)
နေ့လည်စာ လုပ်စားနိုင်ဖို့ ရခိုင် မုန့်တီပါ။ ဒီနေ့ ရခိုင်မုန့်တီချက်ဖို့ ငါးရွှေ လိုက်ရှာတာ ရှာမလို့ ဈေး၃ခုလောက် ပတ်ခဲ့ရတယ်။ ပတ်ခဲ့ရကြိုးနပ်ပါတယ်၊ အိမ်သားတွေက အားပေးကြတယ်။ လုပ်ရတာလည်း လွယ်တာမို့ ရခိုင်မုန့်တီကို ခုပဲ လုပ်စားကြည့်ရအောင်…
မုန့်တီဟင်းရည်တွင် ပါဝင်ပစ္စည်းများ
  • ငါးရွှေ – ၃၀ ကျပ်သား (၄၈၀ ဂရမ်)
  • ငါးပိ – စားပွဲတင်ဇွန်း ၂ဇွန်း
  • ကြက်သွန်ဖြူ – ၁၀ မွှာ (မညက်တညက် ထောင်းပါ)
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ
  • ကြက်သွန်နီ – ၄ဥ (၄စိပ်စိပ်ပါ)
  • ရေ – ၁၀ခွက် (Measurement ခွက်)
  • ဆား – စားပွဲတင်ဇွန်း ၂ဇွန်းခွဲ
  • ပတဲကော – ၂ပင် (မညက်တညက် ထောင်းပြီ ချည်ထားပါ)
(ငါးရွှေ နှင့် ပတဲကောပုံပါ။ ဟင်းချက်ညီအစ်မ အကူအညီနဲ့ ဒီပုံလေးကို ရရှိလို့ ကျေးဇူးပါနော်.. )
ပြင်ဆင်ရန် ပါဝင်ပစ္စည်းများ
  • မုန့်ဟင်းခါးဖတ် – ၈၀ကျပ်သား (၁၂၈၀ ဂရမ်)
  • ပဲကြော် – ၁၅ခု
  • ငရုတ်သီးစိမ်း – ၃၀ ဂရမ် (ရေနွေးဖြင့် ပြုတ်ပြီ ထောင်းပေးကာ ငရုတ်သီးပြုတ်ရည် ၁ဇွန်းခန့်ထည့်ပါ)
  • မန်ကျည်းရည် – ခွက်ဝက်
  • ကြက်သွန်နီ – ၅ခု (ပါးပါးလှီးပါ)
  • နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
  • ငါးဖယ် – ၂၀ကျပ်သား (၃၂၀ ဂရမ်)
  • ငါးငံပြာရည်
ပြင်ဆင်နည်း
၁။ အရင်ဆုံး ဒယ်အိုးတစ်ခုထဲ ငရုတ်သီးစိမ်းအညှာခွေထည့်ပြီ ၂မိနစ်ခန့် ပြုတ်ပေးပါ။
၂။ ပြီမှ ပြုတ်ထားသော ငရုတ်သီးစိမ်းများကို မညက်တညက် ထောင်းပေးပြီ ခွက်တစ်ခုထဲတွင် ထည့်ထားပါ။
၃။ ငါးဖယ်ကို (ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)) တို့ဖြင့် သမအောင် နုယ်ပြီ ငါးဖယ်ကို အပြားလေးများ လုပ်ပေးပါ။
၎။ ပြီနောက် ဒယ်ထဲ ဆီများများ ထည့်ပြီ ငါးဖယ် အညှိရောင်သန်းသည်အထိ ကြော်ပေးပါ။
၅။ ထို့နောက် ကြော်ထားသော ငါးဖယ်ကို ပါးပါးလှီးပေးကာ ပန်းကန်တစ်ခုထဲ ဖယ်ထားပါ။
မုန့်တီဟင်းရည် ချက်နည်း
၁။ အရင်ဆုံး ငါးရွှေများ ရေမြုပ်ရုံထည့်ပြီ ၃-၄မိနစ်ခန့် ပြုတ်ပေးပါ။
၂။ ပြီလျှင် ငါးကို အရိုးများမပါအောင် အသားနွှင်းပေးပြီ သက်သက်ဖယ်ထားပါ။ ငါးပြုတ်ရည်ကို သိမ်းထားပေးပါ။
၃။ မုန့်တီ ဟင်းရည် စချက်လို့ရပါပြီ။
၃။ ဒယ်အိုးကြီးထဲ မုန့်တီဟင်းရည်အတွက် ပါဝင်သည့် (ဒယ်အိုးထဲ ရေ(၁၀ခွက်)၊ ငါးပြုတ်ရည်၊ ငါးပိ၊ ကြက်သွန်ဖြူ၊ ပတဲကော၊ ဆား) တို့ကို တည်ထားပါ။
၎။ မုန့်တီဟင်းရည် ပွက်ပွက်ဆူလာလျှင် အသားနွှင်းထားသော ငါး၊ ငရုတ်ကောင်းမှုန့်များကို ဖြူးပေးပါ။
၅။ နောက်ဆုံးမှ ကြက်သွန်နီ လေးစိပ်စိပ်ထားသည်များကို ထည့်ပြီ ၁မိနစ်ခန့်တည်ကာ မီးပိတ်လိုက်ပါ။
၆။ မုန့်တီဟင်းရည် ရပြီဆိုလျှင် ပန်းကန်တစ်ခုထဲ မုန့်ဖတ်၊ ငါးဖယ်၊ ပဲကြော်၊ ကြက်သွန်နီ တို့ကို ထည့်ပြီ အပေါ်မှ မုန့်ဟင်းရည်(ယောက်ချို ၁ဇွန်း)ကို လောင်းထည့်လိုက်ပါ။
ရ။ အပေါ်မှ နံနံပင်ဖြူးပြီ အရသာအတွက် ငါးငံပြာရည်၊ ငရုတ်သီးစိမ်း၊ မန်ကျည်းရည်တို့ကို ထည့်ကာ ရခိုင်မုန့်တီကို စိတ်ကြိုက် သုံးဆောင်နိုင်ပါပြီ…
55 comments
  1. Hmone gyi says:
    khl ka lae ya khine pote tae like tal…kha lote kyi own ma or dar ma ma hote ko bae cook pay like tuu pyan lar yin 😛
  2. Thiri says:
    Good good
    Thanks sister
  3. Khin says:
    Hi Wutyee,
    Just suggestion, I am rakhaing . The true monete not add Any ngaphe or Pe kyaw. Just use nannanpin. The boil fish is add the begli ing. Of the Cooking not when it boil. I love your cook book.thanks
    • admin says:
      ဟုတ်ကဲ့ ခုလို အကြံပေးတာ ကျေးဇူးပါနော်။ မခင်က ရခိုင်ဆိုတော့ ပိုသိမှာပေါ့။ ၀တ်ရည်က မုန့်ဟင်းခါးရော၊ ရခိုင်မုန့်တီရော စားရင် ပဲကြော်နဲ့ ငါးဖယ်မပါရင် မစားတတ်လို့ ထည့်ချက်တာပါ။ ဟုတ်၊ တချို့ကလည်း ငါးသားကို သက်သက်ချက်ပြီ ထည့်တယ်။ စာအုပ်လေးလည်း အားပေးလို့ ကျေးဇူးတင်ပါတယ် sis ရေ.. 🙂
      • Rita says:
        Ma Wut yee,
        I am Rakhine. It’s totally different method from sittwe method. In Rakhine Mondee, we never put pae kyaw and nga phae’. For soup, we never put onion and fish meat too. We just boiled soup, galangal (Pa dae gaw)-just pound two or three times, pound garlic(just pound two or three times , black pepper, salt. For fish meat, we have roasted in pan. no oil. fish meat with turmeric powder, salt. after you get roasted fish meat , we put it in when we eat.
        • Rita says:
          How can I uploaded my rakhine mondee pictures?
        • I really want to make Rakhine mondee and don’t know what kinds of fish should I use? Also do you put any bean powder to make the soup thicken, for example, like mohigna. Can you please help? Your response is greatly appreciated!!!
          Thank you,
          Marina Anderson
    • သူစင် says:
      Begli ing ဆိုတာ ဘာလဲဗျ။ ငါးထဲရော ထည့်တာလား။
  4. Mi Aye Mon says:
    I love this.
  5. nyunt says:
    ငါးရွှေ မချက်ခင်ပုံလေးပါပြပါလားဟင်
    မြန်မာနေတုန်းကဈေးမ၀ယ်ခဲ့တဲ့သူမို့ပါရှင့်
    • admin says:
      Sorry sis ရေ ငါးရွှေပုံဓာတ်ပုံမရိုက်ထားမိလိုက်ဘူး။ နောက်တစ်ခါ ထပ်လုပ်စားရင် ပုံပြန်တင်ပေးပါ့မယ်.. ကျေးဇူးပါ
  6. Nyan LIn says:
    what sort of fish is that ? do you know how they call in english ?
    thanks
    • admin says:
      ငါးရွှေကို yellow pike-conger လို့ခေါ်ပါတယ်။ ငါးရွှေရှာမရရင် ငါးကြင်း(သို့)ငါးမွှေထိုးငါးနဲ့လည်း အစားထိုးချက်လို့ရပါတယ်။ ဒါပေမယ့် ငါးရွှေရရင်တော့ အကောင်းဆုံးပေါ့…
  7. SANDASOE says:
    ညီမလေးရေ
    ကိုရီးယားပဲကြာဇံသုတ်နည်းလေးလည်းပြေပြပေးပါအုံးနော်
  8. အစ်မရေ.ကြက်သားဂေါ်ရဂျီချက်နည်းလေးတင်ပေးပါလား
    • admin says:
      ကြက်သားဂေါ်ရဂျီ ချက်နည်းလေး ၀တ်ရည်လည်း စိတ်ဝင်စားတယ်။ ဟုတ် ကြိုးစားတင်ပေးမယ်နော်
  9. Aye Swe says:
    It is very simple method. Thank for your kind distribution.
  10. lattlatt says:
    ညီမ facebook မှာ အစ်မရဲ့ ဟင်ချက်နည်းတွေကို ကူးပြီး share လုပ်ထားပါတယ်.အစ်မကို အသိလည်းပေးပြီး ကျေးဇူးလည်းတင်ပါတယ်
  11. Esther Zamboih says:
    Kaung dea…
  12. susuhtwe says:
    မမ၀တ်ရည်
    ပတဲကောဆိုတာ မထည့်လို့မရဘူးလား
    ညီမရှာလို့မရလို့ပါ
    • admin says:
      ဟုတ်။ ရှာမရရင်တော့ မထည့်လည်းရပါတယ်.. ပတဲကောပါရင်တော့ ပိုကောင်းတာပေါ့.. 🙂
      • myo min says:
        ရခိုင်မုန့်တီက ပတည်းကော နဲ့ ငရုပ်ကောင်း မပါရင် ဘာမှအရသာရှိမျာမဟုတ်ဘူးလေ-
  13. Thae Thae says:
    မမ ညီမလေးက လက်ရှိမုံရွာမြို့မှာ ရောက်နေတာဆိုတော့ ပဒဲကောက လွယ်လွယ်နဲ့ဝယ်လို့မရဘူးဖြစ်နေပါတယ်။
    ပဒဲကော မပါရင်ရော ရခိုင်မုန့်တီချက်စားလို့ရနိုင်ပါ့မလားရှင့်။
    ရခိုင်သုပ်ထဲထည့်စားတဲ့ ငါးပြုတ်ချက်နည်းလေးလဲ အလျဉ်းသင့်သလိုရေးပေးပါဦးနော်။
    ကျေးဇူးအများကြီးတင်ပါတယ်။
    • admin says:
      ဟုတ်။ ပဒဲကောပါရင်တော့ ပိုကောင်းတာပေါ့။ မပါလည်း ချက်လို့ရပါတယ်။ ရခိုင်သုပ်ထဲထည့်တဲ့ ငါးပြုတ်က ရခိုင်မုန့်တီချက်တဲ့ ငါးပြုတ်နဲ့ ချက်နည်းတူတူပါပဲ။ တချို့က ငါးကိုပြုတ်ပြီ မုန့်တီအရည်ထဲ မထည့်ချက်ပဲ သက်သက်ထည့်စားတာပါ။ တူတူပါပဲ..
  14. khinsansan says:
    ကြက်သွန်နီထည့်ပြုတ်တာ ရခိုင်စတိုင် အစစ်မဟုတ်ပါဘူး။ ရခိုင်စတိုင်ဆိုရင် ကြက်သွန်နီ ကိုကြော်ပြီး စားခါနီးမှ အပေါ်ကဖြူးစားတတ်ကြပါတယ်။ (ကြိုက်တတ်ရင်ပေါ့)
    • admin says:
      ဟုတ်။ ၀တ်ရည်က ရန်ကုန်မှာရောင်းတဲ့ ရခိုင်မုန့်တီစတိုင် ချက်ထားတာပါ
  15. moon says:
    ရခိုင်မုန့်တီမှာပဒဲကောသုံးသလို ရခိုင်ငရုတ်ကောင်းလေးကို ပေါက်ပေါက်လေးဖြစ်အောင်သုံးတာပိုကောင်းပါတယ်
    ပြီးတော့ ငါးငံပြာရည်ထက် ရခိုင်မျှင်ငပိလေးသုံး တာအကောင်းဆုံးပါ။ပြီးတော့ကြက်သွန်နီဥတွေ မထည့်ပါဘူး၊ချက်နည်းလေးတင်ပေးတာကျေးဇူးပါ။အကြံပေးတာပါ၊
  16. Ma Ma Ei says:
    မမအိ လာလည်သွားတယ်…
    ရခိုင်မုန့် တီ က စားချင်စရာပဲ…
  17. သဲသဲ says:
    မမ၀တ်ရည်
    ရန်ကုန်ရောက်တုန်း ပဒဲကောအမှုန့်ရောင်းတာတွေ့လို့ဝယ်သွားလိုက်ပြီ။
    အခုလို ရန်ကုန်အလွမ်းပြေ အစားအစာကောင်းကောင်းလေးတွေ ကိုယ်တိုင်ချက်စားလို့ရတဲ့အတွက် မမ၀တ်ရည်ကို ကျးဇူးတင်ပါတယ်။
  18. Honey says:
    အစ်မရေ ပတဲကော ဆိုတာ အင်္ဂလိပ်လို ဘယ်လိုခေါ်လဲမသိဘူး။ သမီးက ခုပြည်ပရောက်နေတော့ အင်္ဂလိပ်နာမည်နဲ့ ရှာဝယ်ရမှာမို့လို့ပါ။ မုန့်တီ အရမ်းစားချင်လို့ ကိုယ့်ကိုကိုယ်ချက်စားကြည့်ချင်လို့ပါ အစ်မ။ 🙂 Thank you!
    • admin says:
      ပတဲကော = Galangal လို့ခေါ်ပါတယ်။ လုပ်စားကြည့်နော် ညီမ..
  19. Ag Ko Htwe says:
    Can I know exact measurement of water that we need to add in – ရေ ၁၀ခွက် (Measurement ခွက်)= ml???
  20. myo min says:
    ရခိုင်မုန့်တီချက်တဲ့အခါမှာ ငပိကို သပ်သပ်ဆူအောင် ကြိုပြီးမှ မုန့်တီဟင်းအိုးထဲကို ထည့်တာ ပိုကောင်းပါတယ်- ဒါမှမဟုတ်ဘူဆိုရင် ငပိနံ့ နံတတ်ပါတယ်။ မျဉ်ငပိ စစ်စစ်ဆိုရင်တော့ ပြသနာမဟုတ်ပါဘူး။
    အမှန်က ငရွှေကို အစိမ်းထက် ကင်းထားတဲ့ ငရွှေဆိုရင် ပိုအရသာရှိတယ်- ငရွှေမရရင်- ငရံ့။ ငခု နဲ့လည်းရပါတယ်-
  21. dp says:
    ကျေး ဇူး ပဲ အမ
  22. PhyuK says:
    အသေးစိတ်ရေးပေးထားတဲ့အတွက် ကျေးဇူးပါ မ၀တ်ရည် ဟင်းတွေ ကို ဖတ် တိုင်းဗိုက်ဆာလွန်းလို့ ပါ။ တခုပြီးတခုကတော့ လုပ်စားဖြစ်တယ် မ၀တ်ရည်
  23. Su Thet says:
    မ၀တ်ရည်
    ရခိုင်မုန့်တီလေး အမပြောတဲ့အတိုင်းချက်စားတာအရမ်းစားလို့ကောင်းတာပဲ။ တကယ့်ရခိုင်တွေချက်တာဘယ်လိုလည်းတော့မသိပေမဲ့ ရန်ကုန်မှာ ရခိုင်တွေရောင်းတဲ့ မုန့်တီနဲ့တော့အရသာအတူတူပဲ။ ကျေးဇူးတင်တယ်နော်။ အိမ်မှာ တပတ်တခါလောက်ကိုချက်စားဖြစ်တယ်။
  24. Htwe Htwe says:
    Dear Sis Wutyee,
    I would like to kindly thanks for your presentation various of recipe. I get alot of knowledge of cooking. I watched on MWD Doc Channel since previous time.
  25. Day Mi Yan says:
    ကျေးဇူးပါဗျ
Leave a Reply to Nyan LIn Cancel reply
Your email address will not be published. Required fields are marked *